Zawgyiျဖင့္ဖတ္ရန္

 

သိပၸံပညာရွင္ေတြကေတာ့ အူမမွာေနထုိင္တဲ့ ကပ္ပါးေကာင္ဟာ ၀ိတ္ေလွ်ာ့လုိသူမ်ားအတြက္ အဓိကအခ်က္ ျဖစ္လာႏုိင္တယ္ လို႕ဆုိခဲ့ပါတယ္။ဒီသံေကာင္ဟာ အစားရပ္တန္႕ျခင္းနဲ႕ ေလ့က်င့္ခန္း လုပ္ျခင္းတုိ႕ လုိအပ္တဲ့ အခ်ိန္ဆုိရင္ ဦးေႏွာက္ကုိ သတင္းပုိ႕ႏုိင္တယ္လုိ႕ ေလ့လာသူေတြက ဆုိပါတယ္။ဒီေလ့လာမႈကုိ ဩစေတ်းလ်ႏုိင္ငံနဲ႕ နယ္သာလန္ႏုိင္ငံမွေလ့လာခဲ့တာ ျဖစ္ျပီး အ၀လြန္ျခင္းကုိ တုိက္ဖ်က္ႏုိင္ျပီး ေလ့က်င့္ခန္းလုပ္ခ်င္စိတ္ကုိ ဒီဗီဇက ထိန္းခ်ဳပ္ ေပးႏုိင္တယ္လုိ႕ ဆုိပါတယ္။ETS-5 လုိ႕ေခၚတဲ့ ဒီဗီဇဟာ အူအတြင္းကေန ဦးေႏွာက္ကုိ ပုိ႕လႊတ္တဲ့ အခ်က္အလက္ေတြ ကုိ ထိန္းခ်ဳပ္ႏုိင္တာ ျဖစ္ပါတယ္။

” အူနံရံေတြမွာ လုိအပ္တဲ့ အာဟာရကို စုပ္ယူျပီးျပီဆုိရင္ ထုိဗီဇက ဦးေႏွာက္ကုိ သတင္းပုိ႕လုိက္ျပီး အစားအစာခ်င္စိတ္လည္း ေပ်ာက္သြားေစတယ္” လုိ႕တြဲဖက္ပါေမာကၡ ျဖစ္သူ ဩစေတ်းလ်ႏုိင္ငံမွ ေရာ္ဂ်ာ ပုိကြတ္က ဆုိပါတယ္။

” တိရစာၦန္ေတြ အာဟာရခ်ဳိ႕တဲ့ရင္ သူတုိ႕ဟာ အစာကုိ မေတြ႕မခ်င္း ေလွ်ာက္ျပီးလုိက္လံရွာေဖြေလ့ရွိပါတယ္။သူတုိ႕ေတြအာဟာရျပည့္၀သြားတာနဲ႕ အစာေလွ်ာက္ရွာမေနေတာ့ဘဲ အိပ္စက္ၾကပါတယ္။ ” လုိ႕ ပါေမာကၡ ပိုကြတ္ ကဆုိပါေသးတယ္။ေလ့လာသူေတြဟာ လူေတြရဲ႕ အူမမွာ ကပ္ပါးေနထုိင္ႏုိင္တဲ့ သံတုတ္ေကာင္ကုိ စမ္းသပ္ေလ့လာခဲ့တာ ျဖစ္ပါတယ္။

ဘာေၾကာင့္လဲဆုိေတာ့ လူခႏၶာကုိယ္ထဲက ကပ္ပါးေကာင္ေတြဟာ သူတုိ႕ရဲ႕ မ်ဳိးရုိးဗီဇ ၈၀ % ခန္႕ကုိ လူသားေတြနဲ႕ မွ်ေ၀ၾကျပီး ထုိဗီဇေတြအားလုံးနီးပါးကလည္း လူသားေတြေရာဂါျဖစ္ရျခင္း အေၾကာင္းအရင္းေတြ ျဖစ္ပါတယ္။ဒီသံတုတ္ေကာင္ေတြမွာ အာရုံေၾကာဆဲလ္ေပါင္း ၃၀၂ ခုေလာက္ပါ၀င္ျပီး အာရုံေၾကာဆက္ အဆုံေတြကေတာ့ ၈၀၀၀ ေလာက္ရွိတာ ျဖစ္ပါတယ္။လူသားေတြရဲ႕ဦးေနွာက္မွာ အာရုံေၾကာဆဲလ္(neuron)ေတြက ဘီလ်ံမ်ားစြာရွိျပီး ဆက္သြယ္မႈအရွည္ကုိ တုိင္းတာလုိက္ရင္ ၁၆၀၀၀၀ ကီလုိမီတာ(99419 မုိင္) မွ်ရွိျပီး အာရုံေၾကာဆက္ အဆုံ ၁၀၀ ႀတီလီယံ (၁ ႀတီလီယံ = ၁၀၀၀ ဘီလီယံ) မွ်ရွိတာ ျဖစ္ပါတယ္။

” သံေကာင္လုံးေတြမွာ လူသားေတြနဲ႕ ဗီဇ မ်ားစြာတူညီၾကတဲ့ အတြက္ သံေကာင္လုံးေတြဟာ လူသားေတြရဲ႕ ေရာဂါနဲ႕ လူသားေတြရဲ႕ ဇီ၀ျဖစ္ပ်က္မႈကုိ ေလ့လာဖုိ႕အေကာင္းဆုံး အရာေတြပါပဲ ” လုိ႕ ေရာ္ဂ်ာ ပုိကြတ္က ဆုိပါတယ္။

သံတုတ္ေကာင္လုံးရဲ႕ ဦးေႏွာက္ထဲက အာရုံေၾကာဆဲလ္(neuron)ေတြကုိ ေလ့လာရာမွာ အစာအစာျခင္းကုိ ထိန္းခ်ဳပ္ေပးႏုိင္တဲ့ ပရုိတင္း ETS-5 လုိ႕ေခၚတဲ့ ဗီိဇကုိ ရွာေဖြေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။ႏုိ႕တုိက္သတၱ၀ါေတြမွာ အဆီနဲ႕ သၾကားဓာတ္မ်ားတဲ့ အစားအစာေတြကုိ လုိအပ္သည္ထပ္ပုိ၍စားသုံးျခင္းဟာ အ၀လြန္ေရာဂါကုိ ျဖစ္ေစျပီး လုံေလာက္တဲ့ အစားအစာကုိ မစားရရင္လည္း ဒီ ဗီဇဆဲလ္ကုိ ဦးေႏွာက္ကုိ အစာရွာေဖြရန္ သတင္းပုိ႕တာ ျဖစ္ပါတယ္။

ေရာ္ဂ်ာ ပုိကြတ္က ေတာ့ ” ETS မ်ဳိးႏြယ္၀င္ဗီဇေတြဟာ လူသားေတြမွာ အ၀လြန္တဲ့ အေျခအေနကုိ ထိန္းခ်ဳပ္ေပးႏုိင္တယ္ ဆိုတာ ကၽြန္ေတာ္တုိ႕ေတြ႔ခဲ့ရပါျပီ။ဒီဗီဇဟာ အစားအစာလုိအပ္လာရင္ လုိအပ္တယ္ဆုိတဲ့ သတင္းပုိ႕ခ်က္ကုိ ဦးေႏွာက္ဆီေပးပုိ႕ ႏိုင္ျပီးေတာ့ ဒီဗီဇဟာ အ၀လြန္ေရာဂါကုိ တုိက္ဖ်က္ဖုိ႕အတြက္ ယုံၾကည္စိတ္ခ်ရတဲ့ ေဆး၀ါးတစ္ခု ျဖစ္လာပါလိမ့္မယ္။” လုိ႕ေျပာခဲ့ပါတယ္။

ဒီေလ့လာမႈကုိ the Proceedings of National Academy of Sciences ဂ်ာနယ္(PNAS)မွ ပုံႏွိပ္ထုတ္ေ၀ခဲ့ ျခင္းျဖစ္ပါတယ္။

Credit:Lumos (Shwemom)

Ref : Mirror

 

Unicodeဖြင့်ဖတ်ရန်

 

ဦးနှောက်ကို အစာအစားရမယ့် အချိန် သတင်းပို့ပေးနေတဲ့ အူမကြီးကပ်ပါးကိုတွေ့ရှိ

 

သိပ္ပံပညာရှင်တွေကတော့ အူမမှာနေထိုင်တဲ့ ကပ်ပါးကောင်ဟာ ဝိတ်လျှော့လိုသူများအတွက် အဓိကအချက် ဖြစ်လာနိုင်တယ် လို့ဆိုခဲ့ပါတယ်။ဒီသံကောင်ဟာ အစားရပ်တန့်ခြင်းနဲ့ လေ့ကျင့်ခန်း လုပ်ခြင်းတို့ လိုအပ်တဲ့ အချိန်ဆိုရင် ဦးနှောက်ကို သတင်းပို့နိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ဒီလေ့လာမှုကို ဩစတျေးလျနိုင်ငံနဲ့ နယ်သာလန်နိုင်ငံမှလေ့လာခဲ့တာ ဖြစ်ပြီး အဝလွန်ခြင်းကို တိုက်ဖျက်နိုင်ပြီး လေ့ကျင့်ခန်းလုပ်ချင်စိတ်ကို ဒီဗီဇက ထိန်းချုပ် ပေးနိုင်တယ်လို့ ဆိုပါတယ်။ETS-5 လို့ခေါ်တဲ့ ဒီဗီဇဟာ အူအတွင်းကနေ ဦးနှောက်ကို ပို့လွှတ်တဲ့ အချက်အလက်တွေ ကို ထိန်းချုပ်နိုင်တာ ဖြစ်ပါတယ်။

” အူနံရံတွေမှာ လိုအပ်တဲ့ အာဟာရကို စုပ်ယူပြီးပြီဆိုရင် ထိုဗီဇက ဦးနှောက်ကို သတင်းပို့လိုက်ပြီး အစားအစာချင်စိတ်လည်း ပျောက်သွားစေတယ်” လို့တွဲဖက်ပါမောက္ခ ဖြစ်သူ ဩစတျေးလျနိုင်ငံမှ ရော်ဂျာ ပိုကွတ်က ဆိုပါတယ်။

” တိရစ္ဆာန်တွေ အာဟာရချို့တဲ့ရင် သူတို့ဟာ အစာကို မတွေ့မချင်း လျှောက်ပြီးလိုက်လံရှာဖွေလေ့ရှိပါတယ်။သူတို့တွေအာဟာရပြည့်ဝသွားတာနဲ့ အစာလျှောက်ရှာမနေတော့ဘဲ အိပ်စက်ကြပါတယ်။ ” လို့ ပါမောက္ခ ပိုကွတ် ကဆိုပါသေးတယ်။လေ့လာသူတွေဟာ လူတွေရဲ့ အူမမှာ ကပ်ပါးနေထိုင်နိုင်တဲ့ သံတုတ်ကောင်ကို စမ်းသပ်လေ့လာခဲ့တာ ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ လူခန္ဓာကိုယ်ထဲက ကပ်ပါးကောင်တွေဟာ သူတို့ရဲ့ မျိုးရိုးဗီဇ ၈၀ % ခန့်ကို လူသားတွေနဲ့ မျှဝေကြပြီး ထိုဗီဇတွေအားလုံးနီးပါးကလည်း လူသားတွေရောဂါဖြစ်ရခြင်း အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ဒီသံတုတ်ကောင်တွေမှာ အာရုံကြောဆဲလ်ပေါင်း ၃၀၂ ခုလောက်ပါဝင်ပြီး အာရုံကြောဆက် အဆုံတွေကတော့ ၈၀၀၀ လောက်ရှိတာ ဖြစ်ပါတယ်။လူသားတွေရဲ့ဦးနှောက်မှာ အာရုံကြောဆဲလ်(neuron)တွေက ဘီလျံများစွာရှိပြီး ဆက်သွယ်မှုအရှည်ကို တိုင်းတာလိုက်ရင် ၁၆၀၀၀၀ ကီလိုမီတာ(99419 မိုင်) မျှရှိပြီး အာရုံကြောဆက် အဆုံ ၁၀၀ တြီလီယံ (၁ တြီလီယံ = ၁၀၀၀ ဘီလီယံ) မျှရှိတာ ဖြစ်ပါတယ်။

” သံကောင်လုံးတွေမှာ လူသားတွေနဲ့ ဗီဇ များစွာတူညီကြတဲ့ အတွက် သံကောင်လုံးတွေဟာ လူသားတွေရဲ့ ရောဂါနဲ့ လူသားတွေရဲ့ ဇီဝဖြစ်ပျက်မှုကို လေ့လာဖို့အကောင်းဆုံး အရာတွေပါပဲ ” လို့ ရော်ဂျာ ပိုကွတ်က ဆိုပါတယ်။

သံတုတ်ကောင်လုံးရဲ့ ဦးနှောက်ထဲက အာရုံကြောဆဲလ်(neuron)တွေကို လေ့လာရာမှာ အစာအစာခြင်းကို ထိန်းချုပ်ပေးနိုင်တဲ့ ပရိုတင်း ETS-5 လို့ခေါ်တဲ့ ဗီဇကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။နို့တိုက်သတ္တဝါတွေမှာ အဆီနဲ့ သကြားဓာတ်များတဲ့ အစားအစာတွေကို လိုအပ်သည်ထပ်ပို၍စားသုံးခြင်းဟာ အဝလွန်ရောဂါကို ဖြစ်စေပြီး လုံလောက်တဲ့ အစားအစာကို မစားရရင်လည်း ဒီ ဗီဇဆဲလ်ကို ဦးနှောက်ကို အစာရှာဖွေရန် သတင်းပို့တာ ဖြစ်ပါတယ်။

ရော်ဂျာ ပိုကွတ်က တော့ ” ETS မျိုးနွယ်ဝင်ဗီဇတွေဟာ လူသားတွေမှာ အဝလွန်တဲ့ အခြေအနေကို ထိန်းချုပ်ပေးနိုင်တယ် ဆိုတာ ကျွန်တော်တို့တွေ့ခဲ့ရပါပြီ။ဒီဗီဇဟာ အစားအစာလိုအပ်လာရင် လိုအပ်တယ်ဆိုတဲ့ သတင်းပို့ချက်ကို ဦးနှောက်ဆီပေးပို့ နိုင်ပြီးတော့ ဒီဗီဇဟာ အဝလွန်ရောဂါကို တိုက်ဖျက်ဖို့အတွက် ယုံကြည်စိတ်ချရတဲ့ ဆေးဝါးတစ်ခု ဖြစ်လာပါလိမ့်မယ်။” လို့ပြောခဲ့ပါတယ်။

ဒီလေ့လာမှုကို the Proceedings of National Academy of Sciences ဂျာနယ်(PNAS)မှ ပုံနှိပ်ထုတ်ဝေခဲ့ ခြင်းဖြစ်ပါတယ်။

Credit:Lumos (Shwemom)

Ref : Mirror