Zawgyiဖြင့်ဖတ်ရန်
Aung Bwa
Credit:MyanmarNote
Unicodeဖြင့်ဖတ်ရန်
အထပ်ပေါင်း (၅၇)ထပ်ရှိတဲ့ မိုးမျှော်တိုက်ကို (၁၉)ရက်အတွင်း ဆောက်ပြခဲ့တဲ့ တရုတ်ကုမ္ပဏီ
တရုတ်ပြည်မကြီး ယူနန်ရဲ့ မြို့တော် ချန်ရှာမှာ အထပ်ပေါင်း (၅၇)ထပ်ရှိတဲ့ မိုးမျှော်တိုက်တစ်ခုကို တစ်ရက်ကို သုံးလွှာနှုန်းနဲ့ ဆောက်လုပ်ပြီး စုစုပေါင်း (၁၉)ရ က်အတွင်း အပြီးသတ်ဆောက်လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါဆောက်လုပ်နှုန်းဟာ ဆောက်လုပ်ရေးလောကအတွက် အမြန်ဆုံးနှုန်းဖြစ်ခဲ့ပြီး လတ်တလောမှာ ယုံရခက်ခက်ဖြစ်ခဲ့ပါတယ်။
မိုးမျျှော်တိုက်ကို ဆောက်လုပ်တဲ့ ကုမ္ပဏီ The Broad Sustainable Building ရဲ့ ဥက္ကဌ Xiao Changgeng ကတော့ မှန်နဲ့ စတီးကို အဓိကထားပြီး မော်ကျုလာ ပုံသေနည်းကို အသုံးပြုတည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဥက္ကဌက ‘ရိုးရာ ဆောက်နေကျနည်းအတိုင်းဆို ရက်တွေဟာ ကြာလွန်းပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ နည်းနဲ့ဆို အလွှာတွေကို အစီအစဉ်တကျဖြစ်အောင် လုပ်ဖို့ပဲ လိုပါတယ်။’ လို့ ကြွားတာပါ။
တကယ်တည်း (၁၉)ရက်နဲ့ ဆောက်ခဲ့တယ်ဆိုပေမယ့် ဆောက်လုပ်ရေးစခဲ့တာဟာ မပြီးခင် တစ်နှစ်တည်းကဖြစ်ပြီး အောက်ခြေဖောင်ဒေးရှင်း အလွှာ(၂၀)ကိုတော့ သေချာလေး မွမ်းမံခဲ့ရပြီး ဒီဘက်နှစ်မှာ ကျန်တဲ့(၃၇)လွှာကိုတော့ တစ်နေ့ကို (၃)ခုနှုန်းနဲ့ အပြီးဆောက်ခဲ့တာပါ။ အခုအချိန်မှာတော့ ဆောက်လုပ်ရေးလောကမှာ အမြန်ဆုံး နှုန်းတစ်ရပ်ကို အဆိုပါ ကုမ္ပဏီအနေနဲ့ ချပြနိုင်ခဲ့ပါပြီ။
ဥက္ကဌကတော့ လက်ရှိမှာ အထပ်ပေါင်း (၂၂၀)ရှိတဲ့ မိုးမျှော်တိုက်တစ်ခုကို (၃)လအတွင်း ဆောက်ဖို့ ခွင်ပြုမိန့်စောင့်နေပြီး ရလာခဲ့ရင်တော့ အခုဆောက်လုပ်ခဲ့တာထက်ပိုပြီး ကြီးမားတဲ့ စိန်ခေါ်မှုနဲ့ မြန်ဆန်မှုတွေကိုတော့ နောက်ထပ် မြင်တွေ့ရဖို့ ရှိနေပါတယ်။
Aung Bwa
Credit:MyanmarNote