Zawgyiဖြင့်ဖတ်ရန်

 







Credit:Burmese Asia

 

Unicodeဖြင့်ဖတ်ရန်

 

အနုပညာပျိုးခင်းရဲ့ မင်းသမီးတွေထဲက မကြာခင်မှာ မင်္ဂလာပွဲကျင်းပတော့မယ့် ထိပ်တန်းမင်းသမီး (၂) ဦး

 

အနုပညာပျိုးခင်းဟာ မင်းသား (၅) ဦးက ဦးဆောင်ပြီးတော့ မင်းသမီးအသစ်လေးတွေကို အနုပညာလောကမှာ အောင်မြင်အောင် လက်တွဲခေါ်ဆောင်လာတဲ့ အစီအစဉ်လေးပဲဖြစ်ပါတယ်။ ယခုလို အနုပညာရှင်အသစ်လေးတွေကို လက်တွဲခေါ်ဆောင်လာတဲ့ အနုပညာပျိုးခင်းအစီအစဉ်ဟာ

အောင်မြင်မှုရရှိတယ်လို့ ဆိုရမှာပါ။ ယခုဆိုရင် အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတွေဟာ အနုပညာလောကမှာ ထိပ်တန်းတွေရောက်ရှိနေကြပြီးတော့ အောင်မြင်မှုတွေကိုပါ ပိုင်ဆိုင်ရရှိထားပြီဖြစ်ပါတယ်။ အနုပညာပျိုးခင်းရဲ့ မင်းသမီးတစ်ဦးဟာဆိုရင် ယခုအချိန်မှာ အကယ်ဒမီဆုတစ်ဆုကိုပါ သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

အနုပညာပျိုးခင်းရဲ့ သရုပ်ဆောင်သစ်ခေါ်ယူပွဲကို (၂) ကြိမ်ပြုလုပ်ခဲ့ပြီးတော့ ဦးဆောင်ရွေးချယ်သူတွေက မင်းသား (၅) ဦးဖြစ်ကြတဲ့ ခန့်စည်သူ၊ နေတိုး၊ လူမင်း၊ ပြေတီဦး နဲ့ မြင့်မြတ်တို့ပဲဖြစ်ပါတယ်။

ပထမတစ်ကြိမ်မှာတော့ မင်းသမီး (၃) ဦးကိုရွေးချယ်ခဲ့ပြီးတော့ အိချောပို၊ ရွှေမှုန်ရတီနဲ့ ယုသန္တာတင်တို့ပဲဖြစ်ပါတယ်။ ဒုတိယတစ်ကြိမ် အနုပညာပျိုးခင်းမှာတော့ ရွှေသမီး၊ ပိုင်ဖြိုးသုနဲ့ ရတနာဗိုတို့ကအရွေးချယ်ခံခဲ့ရတာဖြစ်ပြီး ပိုင်ဖြိုးသုဟာ ယခုဆိုရင် အကယ်ဒမီဆုရှင်အဖြစ်ရပ်တည်နေခဲ့ပါပြီ။

ယခုဖော်ပြပေးသွားမှာကတော့ အနုပညာပျိုးခင်းကနေ တက်လာတဲ့မင်းသမီးတွေထဲမှာ သိပ်မကြာခင် မင်္ဂလာဆောင်ကြတော့မယ့် မင်းသမီး (၂) လက်ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

သူတို့ နှစ်ယောက်ကတော့ ရွှေမှုန်ရတီနဲ့ အကယ်ဒမီ ပိုင်ဖြိုးသုတို့ပဲဖြစ်ကြပါတယ်။ ရွှေမှုန်ရတီကတော့ လာမယ့် နိုဝင်ဘာ ၁၁ မှာ အင်းယားလိတ်ဟိုတယ်မှာ မင်္ဂလာဧည့်ခံပွဲကျင်းပမှာဖြစ်ပြီးတော့ ပိုင်ဖြိုးသုကတော့ 2019 နှစ်ဆန်းပိုင်းလောက်မှာ ဒါရိုက်တာဏကြီးနဲ့ မင်္ဂလာပွဲကျင်းပတော့မှာဖြစ်ပါတယ်။

Credit:Burmese Asia