Zawgyiျဖင့္ဖတ္ရန္

 

အခ်စ္အတြက္ဆို ဘယ္ေလာက္ စြန႔္စားရဲလဲ။ ကိုယ္ခ်စ္ရသူဖို႔ ကိုယ့္ရဲ႕ကိုယ္တြင္း ကလီစာထဲက တစ္ခုခုထုတ္ေပးဆို ေပးရဲပါလား။ လူတစ္ေယာက္ကေတာ့ သူခ်စ္ရတဲ့ မိန္းမတစ္ေယာက္အတြက္ ေက်ာက္ကပ္တစ္စုံထဲက တစ္ဖက္ကို တကယ္ေပးခဲ့ပါတယ္။ ဒါေပမဲ့ သူ႔အခ်စ္ကို လက္ခံဖို႔နဲ႔ လက္ထပ္ခြင့္ေတာင္းခဲ့တဲ့ အခ်ိန္မွာေတာ့ စိတ္မေကာင္းစြာနဲ႔ပဲ အျငင္းခံခံခဲ့ရပါတယ္။

ဒီဇာတ္လမ္းေလးရဲ႕အစကေတာ့ လြန္ခဲ့တဲ့ (၉၀) ျပည့္ႏွစ္ေနာက္ပိုင္းမ်ားမွာပဲျဖစ္ပါတယ္။ အဲဒီအခ်ိန္အခါတုန္းက Simon Louis ဟာ (၂၈) ႏွစ္၊ ယခု (၄၉) ႏွစ္ နဲ႔ Mary Emmanuelle, ယခု (၄၁) ႏွစ္, ဟာ အသက္ (၂၀) စြန္းစြန္းသာရွိပါေသးတယ္။ သူတို႔ႏွစ္ေယာက္က လန္ဒန္က ဘားတစ္ခုမွာ စေတြ႕ခဲ့ၾကၿပီး နမ္းျဖစ္ခဲ့ပါေသာ္လည္း နမ္းၿပီးေနာက္ပိုင္း ဘာမွဆက္မျဖစ္လာခဲ့ပါဘူး။ Mary ကအရင္တုန္းက စကၠထရီလုပ္ဖူးၿပီး Simon ကေတာ့ သူ႔ညီအစ္ကိုတစ္ေယာက္နဲ႔တြဲၿပီး music event organizer တစ္ေယာက္ျဖစ္ပါတယ္။ စေတြ႕ၿပီးေနာက္ပိုင္းကတည္းက Simon ဟာ Mary အေပၚ ခ်စ္ခင္ခဲ့ၿပီး Valentine’s Day ေတြဘာေတြဆို ေခ်ာကလတ္ေတြနဲ႔ ပန္းစည္းေတြေတာင္ တစ္ခါတေလ ပို႔ေလ့ရွိပါတယ္။

(၂၀၁၄) ခုႏွစ္တုန္းက Mary ဟာ ႐ုတ္တရက္ ၾကမ္းျပင္ေပၚ လဲက်သြားခဲ့ပါတယ္။ အန္ဖတ္ေတြနဲ႔ အသက္ရွဴပိတ္ေနတဲ့ Mary ကို သူမရဲ႕ အလုပ္ရွင္က ေတြ႕ရွိခဲ့ၿပီး ေဆး႐ုံတင္လိုက္တဲ့အခါက်မွ ေရာဂါတစ္ခုျဖစ္ေနမွန္းသိခဲ့ရပါေတာ့တယ္။ ေက်ာက္ကပ္ပ်က္စီးျခင္းရဲ႕ ေနာက္ဆုံးအဆင့္ပါ။ Mary ဟာ ေက်ာက္ကပ္အစားထိုးလႉမယ့္ အလႉရွင္ကို ရွာေစာင့္႐ုံမွတပါး ေမွ်ာ္လင့္ခ်က္မရွိေတာ့ပါဘူး။ ျဖစ္ခ်င္ေတာ့ Mary ရဲ႕ ေသြးဟာ B negative ျဖစ္ေနတဲ့အတြက္ ေသြးအမ်ိဳးအစားတူႏိုင္မယ့္သူဟာ အရမ္းကိုရွားပါးလြန္းလွပါတယ္။

ေဆး႐ုံကေနျပန္ဆင္းလာၿပီးေနာက္မွာ Simon က အိမ္လာၿပီး အစာေကြၽးတာနဲ႔ ေရခ်ိဳးေပးတာေတြကအစ ေအာက္ေျခသိမ္း ျပဳစုေပးခဲ့ၿပီး ေရာဂါစိတ္မခ်တဲ့ေန႔ေတြဆိုရင္ တစ္ညလုံးထိုင္ေစာင့္ေပးေနခဲ့ပါတယ္။ ေနာက္ေတာ့ Simon လည္း ေသြးစစ္ခဲ့ပါတယ္။ မေမွ်ာ္လင့္စြာနဲ႔ပဲ Mary နဲ႔ ေသြးအမ်ိဳးအစားခ်င္း ထပ္တူညီေနခဲ့ပါတယ္။

ေက်ာက္ကပ္လႉဖို႔မလႉဖို႔ကို လခ်ီေအာင္အျငင္းအခုံျဖစ္ၿပီးတဲ့ေနာက္မွာေတာ့ Mary ဟာ လႉတာကို လက္ခံလိုက္ၿပီး ခြဲစိတ္တဲ့အခါ ခြဲစိတ္မႈလည္း ေအာင္ျမင္ခဲ့ပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ သက္သာလာေအာင္ အျပန္အလွန္ျပဳစုေနတုန္းမွာပဲ Simon ဟာ အေရးႀကီးတဲ့ ေမးခြန္းတစ္ခုကို ေမးခဲ့ပါတယ္။ Mary ကို လက္ထပ္ခြင့္ေတာင္းတာပါ။

Mary ကလည္း ခ်က္ခ်င္းပဲ မဆိုင္းမတြ ျပန္စဥ္းစားရဦးမယ္ဆိုၿပီး ျငင္းပစ္ခဲ့ပါတယ္။ အသက္ကိုရင္းၿပီးသူမကို ကယ္တင္ခဲ့တာသိေပမယ့္ အေၾကာင္းကေတာ့ သူတို႔ႏွစ္ေယာက္ၾကားက သံေယာဇာဥ္နဲ႔အခ်စ္ေတြဟာ လက္ထပ္ျခင္းေၾကာင့္ ပ်က္စီးသြားမွာ ဆိုးတဲ့အတြက္ေၾကာင့္ပဲ ျဖစ္ပါတယ္။ ေနာက္ၿပီး သူမအေနနဲ႔ က်န္းမာေရးအရေရာ စိတ္ေရာပါ အသင့္မျဖစ္ေသးဘဲ မဂၤလာမေဆာင္ခ်င္ဘူးဆိုၿပီး ေျပာခဲ့ပါတယ္။ Simon ကေတာ့ အျငင္းခံေနရေပမယ့္ ေက်ာက္ကပ္တစ္ျခမ္းေပးလိုက္တဲ့ အတြက္ေတာ့ ဘယ္ေတာ့မွ ေနာင္တမရပါဘူးတဲ့။ “ကြၽန္ေတာ္ႏွစ္ခါေတာင္ စဥ္းစားေနစရာမလိုဘူး ဘာလို႔ေပးတာလဲဆိုတဲ့ ေမးခြန္းကေတာ့ ကိုယ္ခ်စ္တဲ့လူကို ေပးတာပဲ ေမးဖို႔လိုေသးလား” ဆိုၿပီး ခပ္ျပတ္ျပတ္ေျပာထားပါတယ္။

ေနာက္ပိုင္းမွာ Simon အခ်စ္ကို Mary လက္ခံသြားမလားဆိုတာကေတာ့ ကံတရားရဲ႕အေထာက္အပံ့ကိုပဲ ပုံေအာရေတာ့မွာပါေလ။

Source : Elite Readers

Credit:Penny

 

Unicodeဖြင့်ဖတ်ရန်

 

ကျောက်ကပ်ပေးပြီး လက်ထပ်ခွင့်တောင်းခဲ့ပေမယ့် စိတ်မကောင်းစွာနဲ့ ငြင်းပယ်ခံခဲ့ရသူ

 

အချစ်အတွက်ဆို ဘယ်လောက် စွန့်စားရဲလဲ။ ကိုယ်ချစ်ရသူဖို့ ကိုယ့်ရဲ့ကိုယ်တွင်း ကလီစာထဲက တစ်ခုခုထုတ်ပေးဆို ပေးရဲပါလား။ လူတစ်ယောက်ကတော့ သူချစ်ရတဲ့ မိန်းမတစ်ယောက်အတွက် ကျောက်ကပ်တစ်စုံထဲက တစ်ဖက်ကို တကယ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ သူ့အချစ်ကို လက်ခံဖို့နဲ့ လက်ထပ်ခွင့်တောင်းခဲ့တဲ့ အချိန်မှာတော့ စိတ်မကောင်းစွာနဲ့ပဲ အငြင်းခံခံခဲ့ရပါတယ်။

ဒီဇာတ်လမ်းလေးရဲ့အစကတော့ လွန်ခဲ့တဲ့ (၉၀) ပြည့်နှစ်နောက်ပိုင်းများမှာပဲဖြစ်ပါတယ်။ အဲဒီအချိန်အခါတုန်းက Simon Louis ဟာ (၂၈) နှစ်၊ ယခု (၄၉) နှစ် နဲ့ Mary Emmanuelle, ယခု (၄၁) နှစ်, ဟာ အသက် (၂၀) စွန်းစွန်းသာရှိပါသေးတယ်။ သူတို့နှစ်ယောက်က လန်ဒန်က ဘားတစ်ခုမှာ စတွေ့ခဲ့ကြပြီး နမ်းဖြစ်ခဲ့ပါသော်လည်း နမ်းပြီးနောက်ပိုင်း ဘာမှဆက်မဖြစ်လာခဲ့ပါဘူး။ Mary ကအရင်တုန်းက စက္ကထရီလုပ်ဖူးပြီး Simon ကတော့ သူ့ညီအစ်ကိုတစ်ယောက်နဲ့တွဲပြီး music event organizer တစ်ယောက်ဖြစ်ပါတယ်။ စတွေ့ပြီးနောက်ပိုင်းကတည်းက Simon ဟာ Mary အပေါ် ချစ်ခင်ခဲ့ပြီး Valentine’s Day တွေဘာတွေဆို ချောကလတ်တွေနဲ့ ပန်းစည်းတွေတောင် တစ်ခါတလေ ပို့လေ့ရှိပါတယ်။

(၂၀၁၄) ခုနှစ်တုန်းက Mary ဟာ ရုတ်တရက် ကြမ်းပြင်ပေါ် လဲကျသွားခဲ့ပါတယ်။ အန်ဖတ်တွေနဲ့ အသက်ရှူပိတ်နေတဲ့ Mary ကို သူမရဲ့ အလုပ်ရှင်က တွေ့ရှိခဲ့ပြီး ဆေးရုံတင်လိုက်တဲ့အခါကျမှ ရောဂါတစ်ခုဖြစ်နေမှန်းသိခဲ့ရပါတော့တယ်။ ကျောက်ကပ်ပျက်စီးခြင်းရဲ့ နောက်ဆုံးအဆင့်ပါ။ Mary ဟာ ကျောက်ကပ်အစားထိုးလှူမယ့် အလှူရှင်ကို ရှာစောင့်ရုံမှတပါး မျှော်လင့်ချက်မရှိတော့ပါဘူး။ ဖြစ်ချင်တော့ Mary ရဲ့ သွေးဟာ B negative ဖြစ်နေတဲ့အတွက် သွေးအမျိုးအစားတူနိုင်မယ့်သူဟာ အရမ်းကိုရှားပါးလွန်းလှပါတယ်။

ဆေးရုံကနေပြန်ဆင်းလာပြီးနောက်မှာ Simon က အိမ်လာပြီး အစာကျွေးတာနဲ့ ရေချိုးပေးတာတွေကအစ အောက်ခြေသိမ်း ပြုစုပေးခဲ့ပြီး ရောဂါစိတ်မချတဲ့နေ့တွေဆိုရင် တစ်ညလုံးထိုင်စောင့်ပေးနေခဲ့ပါတယ်။ နောက်တော့ Simon လည်း သွေးစစ်ခဲ့ပါတယ်။ မမျှော်လင့်စွာနဲ့ပဲ Mary နဲ့ သွေးအမျိုးအစားချင်း ထပ်တူညီနေခဲ့ပါတယ်။

ကျောက်ကပ်လှူဖို့မလှူဖို့ကို လချီအောင်အငြင်းအခုံဖြစ်ပြီးတဲ့နောက်မှာတော့ Mary ဟာ လှူတာကို လက်ခံလိုက်ပြီး ခွဲစိတ်တဲ့အခါ ခွဲစိတ်မှုလည်း အောင်မြင်ခဲ့ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် သက်သာလာအောင် အပြန်အလှန်ပြုစုနေတုန်းမှာပဲ Simon ဟာ အရေးကြီးတဲ့ မေးခွန်းတစ်ခုကို မေးခဲ့ပါတယ်။ Mary ကို လက်ထပ်ခွင့်တောင်းတာပါ။

Mary ကလည်း ချက်ချင်းပဲ မဆိုင်းမတွ ပြန်စဉ်းစားရဦးမယ်ဆိုပြီး ငြင်းပစ်ခဲ့ပါတယ်။ အသက်ကိုရင်းပြီးသူမကို ကယ်တင်ခဲ့တာသိပေမယ့် အကြောင်းကတော့ သူတို့နှစ်ယောက်ကြားက သံယောဇာဉ်နဲ့အချစ်တွေဟာ လက်ထပ်ခြင်းကြောင့် ပျက်စီးသွားမှာ ဆိုးတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ နောက်ပြီး သူမအနေနဲ့ ကျန်းမာရေးအရရော စိတ်ရောပါ အသင့်မဖြစ်သေးဘဲ မင်္ဂလာမဆောင်ချင်ဘူးဆိုပြီး ပြောခဲ့ပါတယ်။ Simon ကတော့ အငြင်းခံနေရပေမယ့် ကျောက်ကပ်တစ်ခြမ်းပေးလိုက်တဲ့ အတွက်တော့ ဘယ်တော့မှ နောင်တမရပါဘူးတဲ့။ “ကျွန်တော်နှစ်ခါတောင် စဉ်းစားနေစရာမလိုဘူး ဘာလို့ပေးတာလဲဆိုတဲ့ မေးခွန်းကတော့ ကိုယ်ချစ်တဲ့လူကို ပေးတာပဲ မေးဖို့လိုသေးလား” ဆိုပြီး ခပ်ပြတ်ပြတ်ပြောထားပါတယ်။

နောက်ပိုင်းမှာ Simon အချစ်ကို Mary လက်ခံသွားမလားဆိုတာကတော့ ကံတရားရဲ့အထောက်အပံ့ကိုပဲ ပုံအောရတော့မှာပါလေ။

Source : Elite Readers

Credit:Penny

LEAVE A REPLY