Zawgyiျဖင့္ဖတ္ရန္

 

ကြၽန္ေတာ္တို႔အားလုံး တစ္ျခားတစ္ေယာက္ရဲ႕ဘီး ဒါမွမဟုတ္ သြားတိုက္တံကို အတူတူ ေဝငွအသုံးမျပဳသင့္ဘူး ဆိုတာကိုေတာ့ လူတိုင္းသိၾကမွာပါ။ သြားတိုက္တံသာမက ေဝမွ်မသုံးစြဲသင့္တဲ့ တျခားေသာပစၥည္းေတြလည္းရွိပါေသးတယ္။ အခုဒီမွာေတာ့ Yoyarlay ပရိတ္သတ္ေတြအတြက္ တစ္ကိုယ္ရည္သာသုံးသင့္ၿပီး မိမိရဲ႕အခ်စ္ဆုံးေသာသူႏွင့္ပင္လွ်င္ ေဝမွ် မသုံးစြဲသင့္ေသာပစၥည္း ၈ မ်ိဳးကိုေဖာ္ျပေပးလိုက္ပါတယ္။

၈။ ႏႈတ္ခမ္းနီ။

တကယ္ကို သင့္သူငယ္ခ်င္းတစ္ေယာက္ရဲ႕အလွျပင္မိတ္ကပ္ပစၥည္းေတြက အိမ္မွာက်န္ခဲ့မယ္ဆိုရင္ သင့္အေနနဲ႔သူ႔ကို ႏႈတ္ခမ္းနီ ခဏငွားသင့္တယ္ လို႔ထင္ပါသလား။ သူငယ္ခ်င္းအခ်င္းခ်င္း ႏႈတ္ခမ္းနီခဏေပးဆိုးလိုက္တာက ဘာမွမျဖစ္ေပမဲ့ ေရယုန္ကဲ့သို႔ေသာေရာဂါမ်ားဟာ ႏႈတ္ခမ္းနီကိုအတူတကြေဝမွ်သုံးစြဲျခင္းကေန အလြယ္တကူ ကူးစက္ႏိုင္ပါတယ္။ တကယ္လို႔ေရယုန္ကူးေနသူတစ္ေယာက္ဟာ သိသာတဲ့ ေရာဂါလကၡဏာမျပေသးေပမဲ့ ႏႈတ္ခမ္းနဲ႔အက်ိအခြၽဲေတြနဲ႔ တံေတြးတို႔မွာဗိုင္းရပ္စ္ပိုးက ရွိေနႏိုင္ပါေသးတယ္။ လတ္တေလာအခ်ိန္မွာေတာ့ ေရယုန္ကို ထိထိေရာက္ေရာက္ ကုသေပးႏိုင္တဲ့ေဆးဝါးမရွိေသးပါဘူး။ တကယ္လို႔ေရယုန္ကူးစက္ခံရတယ္ဆိုရင္ အဲ့ဒီႏႈတ္ခမ္းနီကိုဆက္လက္အသုံးမျပဳပါနဲ႔ေတာ့။ ဒါ့အျပင္ သင့္အေနနဲ႔ႏႈတ္ခမ္းနီမွာ ဗိုင္းရပ္စ္ပိုးမ်ားနဲ႔ အညစ္အေၾကးမ်ားမရွိေစခ်င္ဘူးဆိုရင္ သန႔္ရွင္းတဲ့တစ္ရႈးနဲ႔ ႏႈတ္ခမ္းနီရဲ႕ ထိပ္ပိုင္းကို ဖုံးအုပ္ထားၿပီး အခ်ိန္မွန္လဲလွယ္ေပးသင့္ပါတယ္။

၇။ နားက်ပ္။

လူတစ္ေယာက္စီရဲ႕ နားဖာေခ်းထဲမွာ ဘတ္တီးရီးယားပိုးမ်ား ထူးျခားစြာကိုယ္စီရွိၾကပါတယ္။ သူငယ္ခ်င္းနဲ႔ပဲျဖစ္ျဖစ္၊ ခ်စ္သူနဲ႔ ႐ိုမန္တစ္ဆန္ခ်င္လို႔နားၾကပ္တူတူနားေထာင္တာပဲျဖစ္ျဖစ္ နားၾကပ္ေဝမွ်ၿပီးသုံးစြဲမယ္ဆိုရင္ ဒီလိုသုံးစြဲျခင္းဟာ ဗိုင္းရပ္စ္အခ်င္းခ်င္းကူးစက္ေစၿပီး နားကိုေရာဂါကူးစက္ႏိုင္ပါတယ္။ ဒါေၾကာင့္ မျဖစ္မေနသုံးစြဲရမယ္ဆိုရင္ သင့္အေနနဲ႔ပိုးသတ္ေဆး သုတ္ထားတဲ့ ဂြမ္းနဲ႔သန႔္ရွင္းၿပီးသုံးစြဲႏိုင္ပါတယ္။ ဒါ့ေပမဲ့ သန႔္ရွင္းမယ္ဆိုရင္လည္း နားစည္ကိုမထိခိုက္ေစဖို႔ ပိုးသတ္ေဆးအမ်ားႀကီးနဲ႔မသန႔္ရွင္းသင့္ဘဲ နားၾကပ္ကို အၿမဲတမ္းအသုံးျပဳေနသူတစ္ေယာက္ဆိုရင္ တစ္ပတ္တစ္ခါေလာက္ နားၾကပ္ကိုေသခ်ာ သန႔္ရွင္းေပးသင့္ပါတယ္။

၆။ ဆံပင္ေကာက္ဘီးလိပ္မ်ား ။

လူေတာ္ေတာ္မ်ားမ်ားက ဘီးကိုေဝမွ်မသုံးစြဲသင့္ဘူးဆိုတာသိၾကေပမဲ့ တျခားေသာဆံပင္ဆိုင္ရာ အသုံးအေဆာင္မ်ားကိုေတာ့ ေဝမွ်သုံးစြဲတတ္ၾကပါေသးတယ္။ ဒါေပမဲ့ သန္းမ်ားနဲ႔မႈိမ်ားဟာ ဦးရည္ျပားမွာ ရွိေနႏိုင္တဲ့အတြက္ ဦးေရနဲ႔ထိေတြ႕ေနရတဲ့ ဘယ္အသုံးအေဆာင္ကို မဆိုေဝမွ် မသုံးစြဲသင့္ပါဘူး။ တကယ္လို႔ မျဖစ္မေနေဝမွ်သုံးစြဲရမယ္ဆိုရင္ အရင္ဆုံးဆပ္ျပာနဲ႔ ေရစင္ေအာင္ေဆးၿပီး ေျခာက္ေအာင္သုတ္ကာေဝမွ်သုံးစြဲသင့္ပါတယ္။

၅။ ခ်ိဳင္းလိမ္းေတာင့္၊ ေခြၽးနံ႔ေပ်ာက္ေဆး။

ေခြၽးနံ႔ေပ်ာက္ေဆးေတြ၊ ခ်ိဳင္းလိမ္းေတာင့္ေတြမွာ ဘတ္တီးရီးယားပိုးမ်ားကို သတ္ေပးႏိုင္တဲ့ ပါဝင္ပစၥည္းမ်ားပါဝင္ေနေပမဲ့ အေရျပားနဲ႔ထိေတြ႕ရတဲ့အတြက္ ဘတ္တီးရီးယားပိုးမ်ား ရွိေနႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ခ်ိဳင္းလိမ္းေတာင့္မ်ားကိုသုံးမယ္ဆိုရင္ ေရခ်ိဳးၿပီးကာစပဲ သုံးသင့္ၿပီး ေန႔တစ္ဝက္တာေလာက္မွ ထပ္အသုံးျပဳရေတာ့မယ္ဆိုရင္ သင့္ရဲ႕ခ်ိဳင္းကို စိုစြတ္တဲ့တစ္ရႈးနဲ႔ သုတ္ၿပီးမွ သုံးစြဲသင့္ပါတယ္။

၄။ မ်က္ႏွာသုတ္ပုဝါ၊ ကိုယ္သုတ္ပုဝါ။

ပုဝါေတြရဲ႕ အဓိကလုပ္ငန္းကေတာ့ သင့္ခႏၶာကိုယ္မ်က္ႏွာျပင္ေပၚကေန ေရမ်ားကို အတတ္ႏိုင္ဆုံး စုပ္ယူေပးဖို႔ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင္ဟာ လုံးဝေဒါင္ေဒါင္ျမည္ေအာင္ က်န္းမာသူတစ္ေယာက္ျဖစ္ေနတယ္ဆိုရင္ေတာင္မွ ပုဝါမ်ားဟာ စိုထိုင္းေနတဲ့အတြက္ ဘတ္တီးရီးယားပိုးမ်ား၊ မႈိမ်ားေပါက္ဖြားရာ အေကာင္းဆုံးေနရာတစ္ခု ျဖစ္ေနပါတယ္။ တစ္ကိုယ္ရည္သန႔္ရွင္းေရး ဆိုင္ရာကြၽမ္းက်င္သူမ်ားကေတာ့ ပုဝါမ်ားကို ၃၊ ၄ ရက္တစ္ႀကိမ္လဲေပးဖို႔ အႀကံျပဳထားၾကၿပီး မလဲႏိုင္ရင္လည္း ပုဝါကိုအသုံးၿပီးတိုင္း ပုံမထားပဲ ေျခာက္ေသြ႕ေစရန္ လွမ္းထားသင့္ပါတယ္။ ပုဝါကိုလည္း ပုံမွန္ေလွ်ာ္သင့္ၿပီး ေလွ်ာ္ၿပီးရင္လည္း မီးပူတိုက္ၿပီးမွ အသုံးျပဳသင့္ပါတယ္။

၃။ လက္သည္းဆိုးေဆးမ်ားႏွင့္ အျခားအလွကုန္အသုံးအေဆာင္ပစၥည္းမ်ား။

ဇာဂနာမ်ား၊ လက္သည္းညႇပ္မ်ား၊ ဘလိတ္ဓားမ်ားနဲ႔ အျခားေသာ အလွကုန္အသုံးေဆာင္ပစၥည္းမ်ားက သင့္တစ္ကိုယ္ရည္သာ သုံးစြဲသင့္တဲ့ ပစၥည္းမ်ားျဖစ္ၾကပါတယ္။ ဒီပစၥည္းမ်ားကို ၾကာရွည္သုံးစြဲတဲ့အခါ ထိုပစၥည္းမ်ားရဲ႕ မ်က္ႏွာျပင္ေပၚမွာ မ်က္စိျဖင့္ မျမင္ရႏိုင္တဲ့ ဘတ္တီးရီးယားပိုးမ်ားစြာ စုပုံေနႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သင့္အေနနဲ႔ မႈိေရာဂါအမ်ိဳးမ်ိဳးနဲ႔ ေရယုန္ေရာဂါတို႔ မကူးစက္ခ်င္ဘူးဆိုရင္ ဒီပစၥည္းမ်ားကို ဘယ္သူနဲ႔မွ ေဝမွ်မသုံးစြဲသင့္ပါဘူး။ တစ္ကိုယ္ရည္သုံးစြဲမယ္ဆိုရင္လည္း သုံးစြဲၿပီးတိုင္း အရက္ပ်ံနဲ႔ တိုက္ခြၽတ္ေဆးေၾကာသင့္ပါတယ္။

၂။ မ်က္ႏွာအေရျပားသန႔္ရွင္းေရးပစၥည္းမ်ား။

မ်က္ႏွာသန႔္ရွင္းေရး ဘရပ္ရွ္ေတြ၊ မိတ္ကပ္လိမ္းရင္းသုံးတဲ့ ေရျမႇပ္ေတြဟာ ႐ုတ္တရက္ၾကည့္လိုက္ရင္ သန႔္ရွင္းမလိုလိုပါပဲ။ ဒါေပမဲ့ သုံးစြဲလာတဲ့အခ်ိန္ၾကာလာတာနဲ႔ အမွ် အသုံးအေဆာင္ေတြရဲ႕မ်က္ႏွာျပင္ေပၚမွာ ဘတ္တီးရီးယားမ်ားစြာ စုပုံလာပါေတာ့တယ္။ ဒီလိုဘတ္တီးရီးယားေတြဟာ ဝက္ၿခံျဖစ္ပြားေစႏိုင္ၿပီးမ်က္ႏွာကို ေျခာက္ေသြ႕ေစႏိုင္ပါတယ္။ ဒါေၾကာင့္ သင့္အေနနဲ႔ ဒီလိုေရျမႇပ္မ်ိဳးကိုသုံးစြဲၿပီးတိုင္း ဆပ္ျပာနဲ႔ေသခ်ာေဆးေၾကာသင့္ၿပီး ၂ လ မွ ၃ လအၾကားမွာ ပုံမွန္လဲလွယ္ေပးသင့္ပါတယ္။

၁။ အိမ္အတြင္း ဝတ္ဆင္သည့္ဖိနပ္မ်ား။

အိမ္ကို ဧည္သည့္မ်ားလာတဲ့အခါ သူတို႔ကိုဖိနပ္ေပးစီးတာက သဘာဝက်ပါတယ္။ ဒါေပမဲ့ သင့္အေနနဲ႔ အဲ့လိုကမ္းလွမ္းခ်င္တယ္ဆိုရင္ ဖိနပ္အပိုတစ္စုံ၊ ႏွစ္စုံေလာက္ ဝယ္ထားတာ ပိုေကာင္းပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သင္ဖိနပ္ဝတ္ဆင္ထားတဲ့အခါမွာ ေျခဆီျပန္လာပါတယ္။ ဒီလိုေျခဆီျပန္တာဟာ မႈိမ်ားႀကီးထြားေပါက္ေရာက္ဖို႔အတြက္ အေကာင္းဆုံး ေနရာတစ္ခုျဖစ္လာႏိုင္ၿပီး ဒါ့ေၾကာင္ သင့္အေနနဲ႔ မႈိမ်ားႀကီးထြားေပါက္ေရာက္ႏိုင္တဲ့ ဖိနပ္မ်ားကို ေဝမွ်မသုံးစြဲသင့္ပါဘူး။ သင့္ရဲ႕ အႀကိဳက္ဆုံးဖိနပ္ဆိုရင္ေတာင္ ၆ လတစ္ႀကိမ္ေလာက္လွဲလွယ္သင့္ၿပီး ရွာလကာရည္စတဲ့ ပိုးသတ္ႏိုင္တဲ့အရည္မ်ားနဲ႔ သင့္အိမ္တြင္းစီးဖိနပ္မ်ားကို ပုံမွန္ေဆးေၾကာေပးသင့္ပါတယ္။

Ref : Bright Side me : 8 Things You Should Never Lend, Even to Your Nearest and Dearest

Credit – လူမို (႐ိုးရာေလး)

 

Unicodeဖြင့်ဖတ်ရန်

 

သင့်ရဲ့အချစ်ဆုံးသောသူများနှင့်ပင် ဝေမျှအသုံးမပြုသင့်သောပစ္စည်း (၈) မျိုး

 

ကျွန်တော်တို့အားလုံး တစ်ခြားတစ်ယောက်ရဲ့ဘီး ဒါမှမဟုတ် သွားတိုက်တံကို အတူတူ ဝေငှအသုံးမပြုသင့်ဘူး ဆိုတာကိုတော့ လူတိုင်းသိကြမှာပါ။ သွားတိုက်တံသာမက ဝေမျှမသုံးစွဲသင့်တဲ့ တခြားသောပစ္စည်းတွေလည်းရှိပါသေးတယ်။ အခုဒီမှာတော့ Yoyarlay ပရိတ်သတ်တွေအတွက် တစ်ကိုယ်ရည်သာသုံးသင့်ပြီး မိမိရဲ့အချစ်ဆုံးသောသူနှင့်ပင်လျှင် ဝေမျှ မသုံးစွဲသင့်သောပစ္စည်း ၈ မျိုးကိုဖော်ပြပေးလိုက်ပါတယ်။

၈။ နှုတ်ခမ်းနီ။

တကယ်ကို သင့်သူငယ်ချင်းတစ်ယောက်ရဲ့အလှပြင်မိတ်ကပ်ပစ္စည်းတွေက အိမ်မှာကျန်ခဲ့မယ်ဆိုရင် သင့်အနေနဲ့သူ့ကို နှုတ်ခမ်းနီ ခဏငှားသင့်တယ် လို့ထင်ပါသလား။ သူငယ်ချင်းအချင်းချင်း နှုတ်ခမ်းနီခဏပေးဆိုးလိုက်တာက ဘာမှမဖြစ်ပေမဲ့ ရေယုန်ကဲ့သို့သောရောဂါများဟာ နှုတ်ခမ်းနီကိုအတူတကွဝေမျှသုံးစွဲခြင်းကနေ အလွယ်တကူ ကူးစက်နိုင်ပါတယ်။ တကယ်လို့ရေယုန်ကူးနေသူတစ်ယောက်ဟာ သိသာတဲ့ ရောဂါလက္ခဏာမပြသေးပေမဲ့ နှုတ်ခမ်းနဲ့အကျိအချွဲတွေနဲ့ တံတွေးတို့မှာဗိုင်းရပ်စ်ပိုးက ရှိနေနိုင်ပါသေးတယ်။ လတ်တလောအချိန်မှာတော့ ရေယုန်ကို ထိထိရောက်ရောက် ကုသပေးနိုင်တဲ့ဆေးဝါးမရှိသေးပါဘူး။ တကယ်လို့ရေယုန်ကူးစက်ခံရတယ်ဆိုရင် အဲ့ဒီနှုတ်ခမ်းနီကိုဆက်လက်အသုံးမပြုပါနဲ့တော့။ ဒါ့အပြင် သင့်အနေနဲ့နှုတ်ခမ်းနီမှာ ဗိုင်းရပ်စ်ပိုးများနဲ့ အညစ်အကြေးများမရှိစေချင်ဘူးဆိုရင် သန့်ရှင်းတဲ့တစ်ရှုးနဲ့ နှုတ်ခမ်းနီရဲ့ ထိပ်ပိုင်းကို ဖုံးအုပ်ထားပြီး အချိန်မှန်လဲလှယ်ပေးသင့်ပါတယ်။

၇။ နားကျပ်။

လူတစ်ယောက်စီရဲ့ နားဖာချေးထဲမှာ ဘတ်တီးရီးယားပိုးများ ထူးခြားစွာကိုယ်စီရှိကြပါတယ်။ သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ်၊ ချစ်သူနဲ့ ရိုမန်တစ်ဆန်ချင်လို့နားကြပ်တူတူနားထောင်တာပဲဖြစ်ဖြစ် နားကြပ်ဝေမျှပြီးသုံးစွဲမယ်ဆိုရင် ဒီလိုသုံးစွဲခြင်းဟာ ဗိုင်းရပ်စ်အချင်းချင်းကူးစက်စေပြီး နားကိုရောဂါကူးစက်နိုင်ပါတယ်။ ဒါကြောင့် မဖြစ်မနေသုံးစွဲရမယ်ဆိုရင် သင့်အနေနဲ့ပိုးသတ်ဆေး သုတ်ထားတဲ့ ဂွမ်းနဲ့သန့်ရှင်းပြီးသုံးစွဲနိုင်ပါတယ်။ ဒါ့ပေမဲ့ သန့်ရှင်းမယ်ဆိုရင်လည်း နားစည်ကိုမထိခိုက်စေဖို့ ပိုးသတ်ဆေးအများကြီးနဲ့မသန့်ရှင်းသင့်ဘဲ နားကြပ်ကို အမြဲတမ်းအသုံးပြုနေသူတစ်ယောက်ဆိုရင် တစ်ပတ်တစ်ခါလောက် နားကြပ်ကိုသေချာ သန့်ရှင်းပေးသင့်ပါတယ်။

၆။ ဆံပင်ကောက်ဘီးလိပ်များ ။

လူတော်တော်များများက ဘီးကိုဝေမျှမသုံးစွဲသင့်ဘူးဆိုတာသိကြပေမဲ့ တခြားသောဆံပင်ဆိုင်ရာ အသုံးအဆောင်များကိုတော့ ဝေမျှသုံးစွဲတတ်ကြပါသေးတယ်။ ဒါပေမဲ့ သန်းများနဲ့မှိုများဟာ ဦးရည်ပြားမှာ ရှိနေနိုင်တဲ့အတွက် ဦးရေနဲ့ထိတွေ့နေရတဲ့ ဘယ်အသုံးအဆောင်ကို မဆိုဝေမျှ မသုံးစွဲသင့်ပါဘူး။ တကယ်လို့ မဖြစ်မနေဝေမျှသုံးစွဲရမယ်ဆိုရင် အရင်ဆုံးဆပ်ပြာနဲ့ ရေစင်အောင်ဆေးပြီး ခြောက်အောင်သုတ်ကာဝေမျှသုံးစွဲသင့်ပါတယ်။

၅။ ချိုင်းလိမ်းတောင့်၊ ချွေးနံ့ပျောက်ဆေး။

ချွေးနံ့ပျောက်ဆေးတွေ၊ ချိုင်းလိမ်းတောင့်တွေမှာ ဘတ်တီးရီးယားပိုးများကို သတ်ပေးနိုင်တဲ့ ပါဝင်ပစ္စည်းများပါဝင်နေပေမဲ့ အရေပြားနဲ့ထိတွေ့ရတဲ့အတွက် ဘတ်တီးရီးယားပိုးများ ရှိနေနိုင်ပါတယ်။ ဒါ့ကြောင့် ချိုင်းလိမ်းတောင့်များကိုသုံးမယ်ဆိုရင် ရေချိုးပြီးကာစပဲ သုံးသင့်ပြီး နေ့တစ်ဝက်တာလောက်မှ ထပ်အသုံးပြုရတော့မယ်ဆိုရင် သင့်ရဲ့ချိုင်းကို စိုစွတ်တဲ့တစ်ရှုးနဲ့ သုတ်ပြီးမှ သုံးစွဲသင့်ပါတယ်။

၄။ မျက်နှာသုတ်ပုဝါ၊ ကိုယ်သုတ်ပုဝါ။

ပုဝါတွေရဲ့ အဓိကလုပ်ငန်းကတော့ သင့်ခန္ဓာကိုယ်မျက်နှာပြင်ပေါ်ကနေ ရေများကို အတတ်နိုင်ဆုံး စုပ်ယူပေးဖို့ဖြစ်ပါတယ်။ ဒါ့ကြောင့် သင်ဟာ လုံးဝဒေါင်ဒေါင်မြည်အောင် ကျန်းမာသူတစ်ယောက်ဖြစ်နေတယ်ဆိုရင်တောင်မှ ပုဝါများဟာ စိုထိုင်းနေတဲ့အတွက် ဘတ်တီးရီးယားပိုးများ၊ မှိုများပေါက်ဖွားရာ အကောင်းဆုံးနေရာတစ်ခု ဖြစ်နေပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေး ဆိုင်ရာကျွမ်းကျင်သူများကတော့ ပုဝါများကို ၃၊ ၄ ရက်တစ်ကြိမ်လဲပေးဖို့ အကြံပြုထားကြပြီး မလဲနိုင်ရင်လည်း ပုဝါကိုအသုံးပြီးတိုင်း ပုံမထားပဲ ခြောက်သွေ့စေရန် လှမ်းထားသင့်ပါတယ်။ ပုဝါကိုလည်း ပုံမှန်လျှော်သင့်ပြီး လျှော်ပြီးရင်လည်း မီးပူတိုက်ပြီးမှ အသုံးပြုသင့်ပါတယ်။

၃။ လက်သည်းဆိုးဆေးများနှင့် အခြားအလှကုန်အသုံးအဆောင်ပစ္စည်းများ။

ဇာဂနာများ၊ လက်သည်းညှပ်များ၊ ဘလိတ်ဓားများနဲ့ အခြားသော အလှကုန်အသုံးဆောင်ပစ္စည်းများက သင့်တစ်ကိုယ်ရည်သာ သုံးစွဲသင့်တဲ့ ပစ္စည်းများဖြစ်ကြပါတယ်။ ဒီပစ္စည်းများကို ကြာရှည်သုံးစွဲတဲ့အခါ ထိုပစ္စည်းများရဲ့ မျက်နှာပြင်ပေါ်မှာ မျက်စိဖြင့် မမြင်ရနိုင်တဲ့ ဘတ်တီးရီးယားပိုးများစွာ စုပုံနေနိုင်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ မှိုရောဂါအမျိုးမျိုးနဲ့ ရေယုန်ရောဂါတို့ မကူးစက်ချင်ဘူးဆိုရင် ဒီပစ္စည်းများကို ဘယ်သူနဲ့မှ ဝေမျှမသုံးစွဲသင့်ပါဘူး။ တစ်ကိုယ်ရည်သုံးစွဲမယ်ဆိုရင်လည်း သုံးစွဲပြီးတိုင်း အရက်ပျံနဲ့ တိုက်ချွတ်ဆေးကြောသင့်ပါတယ်။

၂။ မျက်နှာအရေပြားသန့်ရှင်းရေးပစ္စည်းများ။

မျက်နှာသန့်ရှင်းရေး ဘရပ်ရှ်တွေ၊ မိတ်ကပ်လိမ်းရင်းသုံးတဲ့ ရေမြှပ်တွေဟာ ရုတ်တရက်ကြည့်လိုက်ရင် သန့်ရှင်းမလိုလိုပါပဲ။ ဒါပေမဲ့ သုံးစွဲလာတဲ့အချိန်ကြာလာတာနဲ့ အမျှ အသုံးအဆောင်တွေရဲ့မျက်နှာပြင်ပေါ်မှာ ဘတ်တီးရီးယားများစွာ စုပုံလာပါတော့တယ်။ ဒီလိုဘတ်တီးရီးယားတွေဟာ ဝက်ခြံဖြစ်ပွားစေနိုင်ပြီးမျက်နှာကို ခြောက်သွေ့စေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဒီလိုရေမြှပ်မျိုးကိုသုံးစွဲပြီးတိုင်း ဆပ်ပြာနဲ့သေချာဆေးကြောသင့်ပြီး ၂ လ မှ ၃ လအကြားမှာ ပုံမှန်လဲလှယ်ပေးသင့်ပါတယ်။

၁။ အိမ်အတွင်း ဝတ်ဆင်သည့်ဖိနပ်များ။

အိမ်ကို ဧည်သည့်များလာတဲ့အခါ သူတို့ကိုဖိနပ်ပေးစီးတာက သဘာဝကျပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ အဲ့လိုကမ်းလှမ်းချင်တယ်ဆိုရင် ဖိနပ်အပိုတစ်စုံ၊ နှစ်စုံလောက် ဝယ်ထားတာ ပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်ဖိနပ်ဝတ်ဆင်ထားတဲ့အခါမှာ ခြေဆီပြန်လာပါတယ်။ ဒီလိုခြေဆီပြန်တာဟာ မှိုများကြီးထွားပေါက်ရောက်ဖို့အတွက် အကောင်းဆုံး နေရာတစ်ခုဖြစ်လာနိုင်ပြီး ဒါ့ကြောင် သင့်အနေနဲ့ မှိုများကြီးထွားပေါက်ရောက်နိုင်တဲ့ ဖိနပ်များကို ဝေမျှမသုံးစွဲသင့်ပါဘူး။ သင့်ရဲ့ အကြိုက်ဆုံးဖိနပ်ဆိုရင်တောင် ၆ လတစ်ကြိမ်လောက်လှဲလှယ်သင့်ပြီး ရှာလကာရည်စတဲ့ ပိုးသတ်နိုင်တဲ့အရည်များနဲ့ သင့်အိမ်တွင်းစီးဖိနပ်များကို ပုံမှန်ဆေးကြောပေးသင့်ပါတယ်။

Ref : Bright Side me : 8 Things You Should Never Lend, Even to Your Nearest and Dearest

Credit – လူမို (ရိုးရာလေး)

LEAVE A REPLY