Zawgyiဖြင့်ဖတ်ရန်

 





Gabriel

Credit – hlataw

 

Unicodeဖြင့်ဖတ်ရန်

 

ရွှေမှုံရတီ နဲ့ ဘယ်တော့မှဇာတ်ကားတွေမရိုက်တော့ဘူးဆိုတဲ့ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်

 

ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးတဲ့ ဧည့်သည် ဆိုတဲ့ရုပ်ရှင်ဇာတ်ကားမှာ စတွေ့ကြပြီး အခုဆိုရင် မင်္ဂလာလက်ထပ်ပွဲတောင်ကျင်းပတော့မှာဖြစ်တဲ့ ရွှေမှုံ နဲ့ ရွှေထူးတို့ဟာ အခုဆိုပရိသတ်တွေ နဲ့ အင်တာနက်ပေါ်မှာ Viral ဖြစ်နေတဲ့ couple တစ်စုံဆိုမမှားပါဘူး။

အဲ့ဒီလို trending ဖြစ်နေ၊ viral ဖြစ်နေတဲ့ကြားထဲက ပိုပြီး most viral ဖြစ်စေမယ့်အကြောင်းတစ်ခုပေါ်လာပါတယ်။ အဲ့ဒါကတော့ ဒါရိုက်တာဖြစ်သူ ညွန့်မြန်မာညီညီအောင် က နောက်ရိုက်ကူးမယ့်ဇာတ်ကားတွေမှာ ရွှေမှုံရတီ ကိုလုံးဝမသုံးတော့ဘူး ဆိုပြီးသတင်းတွေထွက်ပေါ်နေပါတယ်။ လက်ရှိမှာ ရွှေမှုံရတီ နဲ့ရိုက်ကူးနေတဲ့ ငါမုန်းတဲ့အက္ခရာ ဇာတ်ကားမှာ ရွှေမှုံရတီ အစား ခင်ဝင့်ဝါ နဲ့ပြောင်းပြီးရိုက်ကူးမှာဖြစ်တယ်လို့လည်းသိရပါတယ်။

“ကျနော် အဲ့ဒီသတင်းနဲ့ ပတ်သက်ပြီး မဖြေချင်လို့ စိတ်မရှိပါနဲ့နော်။ အခြားသတင်းနဲ့ ပတ်သက်လို့မေးရင် ဖြေပေးပါမယ့်။ ကျနော်က အသက်ကြီးတဲ့သူဆိုတော့ နောက်ပိုင်းဇာတ်ကားတွေ ရိုက်ဖို့ဆိုတာကလည်း စဉ်းစားရမယ့် ကိစ္စတွေပါ။ အခုရိုက်မယ့် “ငါမုန်းတဲ့အက္ခရာ” ဇာတ်ကားမှာတော့ ရွှေမှုံရတီနေရာမှာ ခင်ဝင့်ဝါရိုက်သွားမှာပါအခုလတ်တလောတော့ ဇာတ်ကားတကား ရိုက်ဖို့ ပြင်ဆင်နေတုန်းပါ။ ကားနာမည်က ၃၊ ၄ မျိုးဖြစ်နေတော့ ဘယ်ဟာ အတည်ပြုရမှန်းမသိ ဖြစ်နေလို့ပါ”လို့ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က အင်တာဗျုးတစ်ခု ရဲ့ မေးမြန်းချက်အပေါ်မှာဖြေ ဆိုခဲ့ပါတယ်။

ရွှေစုံတွဲ ဟာ သူတို့ရဲ့စေ့စပ်ပွဲကိုအောက်တိုဘာ ၃၀ ကပြုလုပ်ခဲ့ပြီး မင်္ဂလာဧည့်ခံပွဲကိုတော့လာမယ့် နိုဝင်ဘာ ၁၁ မှာ ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်မှာပြုလုပ်မှာဖြစ်ပါတယ်။

Gabriel

Credit – hlataw

LEAVE A REPLY