Zawgyiျဖင့္ဖတ္ရန္
မၾကာေသးခင္ကမွ FA ဂိုဏ္းခ်ဳပ္ၾကီးက်ဆံုးျပီဆိုတဲ့ စာသားနဲ႔အတူ အတြဲပံုရိပ္ေတြ လူမွုကြန္ယက္ေပၚပလူပ်ံလာရာမွ အၾကည္ေတာ္တစ္ေယာက္အမွန္တကယ္ပဲ FA ဘဝကို စြန္႔လႊတ္လိုက္ျပီလားလို႔ သူ႔ရဲ႕ ပရိသတ္ေတြစိတ္ပူခဲ့ရျပန္ပါတယ္။ သို႔ေသာ္လည္း ထိုပံုကေတာ့ ပြဲတစ္ခုမွာ ေတြ႔ဆံုရာမွ အမွတ္တရ ရိုက္ကူးထားခဲ့တဲ့ပံုတစ္ပံုျဖစ္ျပီးေတာ့ ကာယကံရွင္မိန္းကေလးနဲ႔လည္း ဘာပတ္သက္မွုမွမရွိဘူးလို႔ သိရပါတယ္။
ထိုကဲ့သို႔ စံုတြဲပံုေတြ လူမွုကြန္ယက္ေပၚ ပ်ံ႕ႏွံ႔သြားတဲ့အတြက္ေၾကာင့္ အၾကည္ေတာ္တစ္ေယာက္ လက္ရွိ ရွိေနတဲ့ ခ်စ္သူေလးက လမ္းခြဲသြားခဲ့တာလည္း ၾကံဳလုိက္ရပါတယ္။ ယခုအခ်ိန္မွာေတာ့ ခ်စ္သူနဲ႔ျပတ္ဆဲျပီး FA ဘဝကို အစစ္အမွန္ခံယူလိုက္ျပီျဖစ္တဲ့ အၾကည္ေတာ္ကေတာ့ ပရိသတ္ေတြကို ရွာၾကံေနာက္လိုက္ပါေသးတယ္။ အဲဒါကေတာ့ ဒီေန႔မွာပဲ ေကာင္မေလးတစ္ေယာက္နဲ႔ တရားရံုးမွာလက္မွတ္ထိုးလိုက္ရတယ္ဆိုတဲ့ စာေလးပါပဲ။
“ပရိသတ္မ်ား ခင္ဗ်ား” ဒီေန႔မွာပဲ က်ေနာ္ ေကာင္မေလးနဲ႔တရားရံုးမွာလက္မွတ္ထိုးလိုက္ပါၿပီ အက်ယ္အက်ယ္ မျဖစ္ခ်င္တဲ့အတြက္ ႏွစ္ဖက္မိဘ စံုညီနီနဲ႔ ရပ္ကြက္ရံုးမွာပဲအက်ဥ္းခ်ံဳးလက္မွတ္ထိုးျဖစ္ပါတယ္ ပကာသနမပါတဲ့ ဒီပြဲေလးဟာ အခ်ိန္ဘယ္ေလာက္မွမၾကာပဲ ၿပီးသြားခဲ့ပါၿပီ လက္မွတ္ထိုးေတာ့ ေကာင္မေလးကေတာင္႐ွက္ေနပါေသးတယ္ စိတ္ပူေပးၾကတဲ့ ပရိသတ္မ်ားကိုလဲ ဒီကပဲ အႏူးအၫြတ္ေတာင္းပန္ပါတယ္ တရားရံုးမွာ လက္မွတ္ထိုးတဲ့အဆင့္ ေနာက္ အဆင့္ေတြက်ရင္ေတာ့ ဖိတ္ၾကားပါ့မယ္ အခုေတာ့ရပ္ကြက္လူႀကီးဦးစီး အက်ဥ္းခ်ံဳးရံုးျပီး႐ိုေသေလးစားရေသာႏွစ္ဖက္မိဘေ႐ွ႕လက္မွတ္ထိုးလိုက္ ပါၿပီ ရပ္ကြက္လူႀကီးကပဲဆုေပးခဲ့ပါတယ္
“ကဲ ႏွစ္ဖက္မိဘေ႐ွ႕လက္မွတ္လဲ ထိုးၿပီးၿပီ ” “ေစာၾကည္ျဖဴ” “ခင္ဗ်” “ေနာက္တစ္ခါေကာင္မေလးကိုထပ္ေႏွာင့္ယွက္ရင္ ရဲေခၚၿပီးဖမ္းခိုင္းရလိမ့္မယ္ နားလည္လား” “နားလည္ပါတယ္ခင္ဗ်” “ေရာ့ ဒီမွာ မေႏွာင့္ယွက္ေတာ့ဘူးဆိုတဲ့ခံဝန္ကတိ” “ဟုတ္ဟုတ္” လက္မွတ္ထိုးၿပီးေၾကာင္းအသိေပးလိုက္ရပါတယ္ခင္ဗ်ား ေလးစားစြာျဖင့္ ေစာၾကည္ျဖဴ ” ဆိုျပီး ေရးသားထားခဲ့တာပါ။ ဒီတေခါက္ေတာ့ FA ဂိုဏ္းခ်ဳပ္ၾကီးတကယ္ပဲ က်ဆံုးသြားျပီလားလို႔ ေတြးျပီးစိတ္ေမာလိုက္ရတာေတာ့အမွန္ပါပဲေနာ္။
Credit:We Love Cele
Unicodeဖြင့်ဖတ်ရန်
အကျယ်အကျယ် မဖြစ်ချင်လို့ ကောင်မလေးနဲ့ တရားရုံးမှာ လက်မှတ်ထိုးလိုက်ပြီဆိုတဲ့ စာရေးဆရာအကြည်တော်
မကြာသေးခင်ကမှ FA ဂိုဏ်းချုပ်ကြီးကျဆုံးပြီဆိုတဲ့ စာသားနဲ့အတူ အတွဲပုံရိပ်တွေ လူမှုကွန်ယက်ပေါ်ပလူပျံလာရာမှ အကြည်တော်တစ်ယောက်အမှန်တကယ်ပဲ FA ဘဝကို စွန့်လွှတ်လိုက်ပြီလားလို့ သူ့ရဲ့ ပရိသတ်တွေစိတ်ပူခဲ့ရပြန်ပါတယ်။ သို့သော်လည်း ထိုပုံကတော့ ပွဲတစ်ခုမှာ တွေ့ဆုံရာမှ အမှတ်တရ ရိုက်ကူးထားခဲ့တဲ့ပုံတစ်ပုံဖြစ်ပြီးတော့ ကာယကံရှင်မိန်းကလေးနဲ့လည်း ဘာပတ်သက်မှုမှမရှိဘူးလို့ သိရပါတယ်။
ထိုကဲ့သို့ စုံတွဲပုံတွေ လူမှုကွန်ယက်ပေါ် ပျံ့နှံ့သွားတဲ့အတွက်ကြောင့် အကြည်တော်တစ်ယောက် လက်ရှိ ရှိနေတဲ့ ချစ်သူလေးက လမ်းခွဲသွားခဲ့တာလည်း ကြုံလိုက်ရပါတယ်။ ယခုအချိန်မှာတော့ ချစ်သူနဲ့ပြတ်ဆဲပြီး FA ဘဝကို အစစ်အမှန်ခံယူလိုက်ပြီဖြစ်တဲ့ အကြည်တော်ကတော့ ပရိသတ်တွေကို ရှာကြံနောက်လိုက်ပါသေးတယ်။ အဲဒါကတော့ ဒီနေ့မှာပဲ ကောင်မလေးတစ်ယောက်နဲ့ တရားရုံးမှာလက်မှတ်ထိုးလိုက်ရတယ်ဆိုတဲ့ စာလေးပါပဲ။
“ပရိသတ်များ ခင်ဗျား” ဒီနေ့မှာပဲ ကျနော် ကောင်မလေးနဲ့တရားရုံးမှာလက်မှတ်ထိုးလိုက်ပါပြီ အကျယ်အကျယ် မဖြစ်ချင်တဲ့အတွက် နှစ်ဖက်မိဘ စုံညီနီနဲ့ ရပ်ကွက်ရုံးမှာပဲအကျဉ်းချုံးလက်မှတ်ထိုးဖြစ်ပါတယ် ပကာသနမပါတဲ့ ဒီပွဲလေးဟာ အချိန်ဘယ်လောက်မှမကြာပဲ ပြီးသွားခဲ့ပါပြီ လက်မှတ်ထိုးတော့ ကောင်မလေးကတောင်ရှက်နေပါသေးတယ် စိတ်ပူပေးကြတဲ့ ပရိသတ်များကိုလဲ ဒီကပဲ အနူးအညွတ်တောင်းပန်ပါတယ် တရားရုံးမှာ လက်မှတ်ထိုးတဲ့အဆင့် နောက် အဆင့်တွေကျရင်တော့ ဖိတ်ကြားပါ့မယ် အခုတော့ရပ်ကွက်လူကြီးဦးစီး အကျဉ်းချုံးရုံးပြီးရိုသေလေးစားရသောနှစ်ဖက်မိဘရှေ့လက်မှတ်ထိုးလိုက် ပါပြီ ရပ်ကွက်လူကြီးကပဲဆုပေးခဲ့ပါတယ်
“ကဲ နှစ်ဖက်မိဘရှေ့လက်မှတ်လဲ ထိုးပြီးပြီ ” “စောကြည်ဖြူ” “ခင်ဗျ” “နောက်တစ်ခါကောင်မလေးကိုထပ်နှောင့်ယှက်ရင် ရဲခေါ်ပြီးဖမ်းခိုင်းရလိမ့်မယ် နားလည်လား” “နားလည်ပါတယ်ခင်ဗျ” “ရော့ ဒီမှာ မနှောင့်ယှက်တော့ဘူးဆိုတဲ့ခံဝန်ကတိ” “ဟုတ်ဟုတ်” လက်မှတ်ထိုးပြီးကြောင်းအသိပေးလိုက်ရပါတယ်ခင်ဗျား လေးစားစွာဖြင့် စောကြည်ဖြူ ” ဆိုပြီး ရေးသားထားခဲ့တာပါ။ ဒီတခေါက်တော့ FA ဂိုဏ်းချုပ်ကြီးတကယ်ပဲ ကျဆုံးသွားပြီလားလို့ တွေးပြီးစိတ်မောလိုက်ရတာတော့အမှန်ပါပဲနော်။
Credit:We Love Cele