Zawgyiျဖင့္ဖတ္ရန္

 

တကယ္ေတာ့ ျမန္မာ့ရာဇဝင္ထဲမွာ အမ်ိဳးသားေတြပဲ ရာႏႈန္းျပည့္ ေနရာယူထားခဲ့တာ မဟုတ္ပါဘူး။ ထူးခြၽန္ထင္ရွားတဲ့ အမ်ိဳးသမီးေခါင္းေဆာင္ေတြလည္း ေပၚေပါက္ခဲ့ပါတယ္။ သူတို႔ထဲကမွ ျမန္မာ့သမိုင္းရဲ႕ အေစာပိုင္းကာလ ျဖစ္တဲ့ ပ်ဳေခတ္မွာ ေပၚေပါက္ခဲ့တဲ့ ဗိႆႏိုးဘုရင္မ ပန္ထြာဧကရီ ဆိုတဲ့ အမ်ိဳးသမီးပေဒသရာဇ္ ေခါင္းေဆာင္ အေၾကာင္းကို က်ေနာ္သိသေလာက္ ေျပာျပခ်င္ပါတယ္..။

သေရေခတၱရာျပည္တြင္ ဒြတၱေပါင္မင္းႀကီး အုပ္စိုးေနစဥ္ကာလအတြင္း ထီးၿပိဳင္နန္းၿပိဳင္အျဖစ္ ဗိႆႏိုးျပည္တြင္ ပန္ထြာဘုရင္မက အုပ္ခ်ဳပ္ေနခဲ့သည္။ ( ရာဇဝင္က်မ္းမ်ားအရ “ျပည္” ဟုသုံးႏႈန္းရေသာ္လည္း အမွန္မွာ ၿမိဳ႕ျပႏိုင္ငံ ( city-state) အဆင့္မွ်သာျဖစ္ပါသည္။)ပန္ထြာဘုရင္မသည္ လူသာမန္မဟုတ္ေခ်။ ခမည္းေတာ္မွာ တေကာင္းမင္းႀကီး၏သားေတာ္အရင္း မဟာသမၻ၀ ျဖစ္ၿပီး မယ္ေတာ္မွာ စႏၵမုခိဘီလူးမ ျဖစ္သည္။ ( တေကာင္းမင္းႀကီးက မ်က္မျမင္သမၻဝညီေနာင္ကို ဧရာဝတီျမစ္အတိုင္းေမွ်ာလိုက္ရာ လမ္းခရီး၌ စႏၵမုခိဘီလူးမက ထမင္းခိုးစားသည့္အခါ သမၻဝညီေနာင္က ရိပ္မိၿပီး သတ္မည္ဟု ဘီလူးမလက္ကို ဆြဲသည္တြင္ ဘီလူးမက မဟာသမၻဝကို တပ္မက္စိတ္ျဖင့္ သာယာမိသည့္အတြက္ ပဋိသေႏၶ ခသည္ဟုဆို၏။ အံ့ဖြယ္ပင္။)စႏၵမုခိဘီလူးမသည္ သမီးေလးကို ေမြးၿပီးသည့္အခါ ပ်ဴ႐ြာတစ္႐ြာအနီးရွိ ဆရာရေသ့ထံ ပညာသင္ေစခဲ့သည္။ မိပန္ထြာေလး၏ ထက္ျမက္မႈကို အနီးအပါးရွိ ႐ြာမ်ားကပါ သိရွိလာၿပီးေနာက္ အ႐ြယ္ေရာက္သည့္အခါ သူမကိုသာ ေခါင္းေဆာင္အျဖစ္ တစ္ညီတစ္ၫြတ္တည္း တင္ေျမာက္ခဲ့ၾကသည္။ပန္ထြာသည္ ထို႐ြာအေပါင္းတို႔ကို စုစည္းကာ ဗိႆႏိုးၿမိဳ႕ျပႏိုင္ငံအျဖစ္ က်ဳံး၊ၿမိဳ႕႐ိုးတို႔ျဖင့္ အကြက္ခ်ကာ ဖြဲ႕စည္းတည္ေထာင္ခဲ့သည္။

( ပန္ထြာဘုရင္မမွာ အတိတ္ဘဝက ဗိႆႏိုးနတ္မင္း၏ ႏွမ ေတာ္စပ္ခဲ့သျဖင့္ ဗိႆႏိုးနတ္မင္း၏ ခ်ီးေျမႇာက္မႈျဖင့္ ၿမိဳ႕တည္ခဲ့ရာမွ ဗိႆႏိုးၿမိဳ႕ဟု ေခၚတြင္ခဲ့သည္။ ၿမိဳ႕အတြင္းတြင္ ဗိႆႏိုးနတ္မင္းကို နတ္နန္းျဖင့္ အႀကီးအက်ယ္ ပူေဇာ္ၾကသည္။ နတ္နန္း အနီးရွိ အင္ၾကင္းပင္တို႔မွာ ယေန႔အခ်ိန္ထိ ဆယ့္ႏွစ္ရာသီမေ႐ြးဖူးပြင့္ၾကသည္ ဟုဆိုသည္။ ဘုရင္မသည္ ၿမိဳ႕အနီးရွိ ရန္ပယ္ ေခ်ာင္းေရကို စနစ္တက် အသုံးခ်ကာ ႏိုင္ငံေတာ္ကာကြယ္ေရးအတြက္ စီမံခဲ့သည္။စီမံပုံမွာ- ရန္ပယ္ေခ်ာင္း အထက္တြင္ ေရတားတံခါး အဆင့္ဆင့္တည္ေဆာက္ေစၿပီး ဗိႆႏိုးမွ စည္တီးကာ အခ်က္ျပသည္ႏွင့္ ေရတံခါးမ်ားကို ဖြင့္ခ်ေစကာ ၿမိဳ႕ပတ္လည္ကို ေရလႊမ္းမိုးေစျခင္း ျဖစ္သည္။ ( တံခါးမ်ားကို တစ္ဆက္တည္း ဖြင့္ခ်ျခင္းမဟုတ္ဘဲ တစ္ခ်ပ္ၿပီးမွ တစ္ခ်ပ္ အခ်ိန္ယူကာ ဖြင့္ေစျခင္းျဖစ္သျဖင့္ ေၾကာက္မက္ဖြယ္ ေရစီးအားကို ျဖစ္ေပၚေစသည္။)

ထိုသို႔ ဗိႆႏိုးတြင္ ဧကရီအျဖစ္ တစ္ထီးတစ္နန္းရပ္တည္ေနစဥ္ သေရေခတၱရာျပည္မွ ဒြတၱေပါင္မင္းႀကီးသည္ ပန္ထြာဘုရင္မႏွင့္တကြ ၿမိဳ႕ကိုပါ သိမ္းပိုက္လိုသျဖင့္ အင္အားအလုံးအရင္းျဖင့္ ခ်ီတက္တိုက္ခိုက္လာခဲ့သည္။သို႔ရာတြင္ ၿမိဳ႕တံခါးကို အလုံပိတ္ထားေသာ ဗိႆႏိုးမွ စည္တီးသံက်ယ္က်ယ္ တစ္ခ်က္သာ ၾကားလိုက္ရၿပီး ခဏအၾကာတြင္ နတ္ဆိုးေအာ္သံကဲ့သို႔ အသံေပးကာ တစ္ဟုန္ထိုးဝင္လာသည့္ ေရလုံးႀကီးေအာက္တြင္ သေရေခတၱရာစစ္သည္တို႔ ဖ႐ိုဖရဲျဖစ္ကုန္ၾကသည္။ေရေမ်ာသူေမ်ာ ကမ္းတင္သူတင္ ျဖစ္ေနစဥ္ ဗိႆႏိုးဘက္မွ ေလးသည္ေတာ္မ်ားက ေပၚလာသမွ်ေသာ မည္းမည္းျမင္ရာတို႔ကို ျမားျဖင့္ ပစ္သျဖင့္ သေရေခတၱရာရဲမက္မ်ား အထိအရွမ်ားခဲ့ရသည္။ ဒြတၱေပါင္မင္းႀကီးလည္း အံကိုႀကိတ္ကာ ေနာက္ျပန္ဆုတ္ရေတာ့သည္။သို႔ေသာ္ ဒြတၱေပါင္မင္းႀကီးသည္ ရန္ပယ္ေခ်ာင္းေရတံခါးမ်ားသည္ စည္သံအေပၚရပ္တည္ေနေၾကာင္း သိသည့္အခါ ထိုစည္ကို ဖ်က္ဆီးရန္ သူလွ်ိဳတစ္ဦးကို ေစလႊတ္ခဲ့သည္။

ထိုသူလွ်ိဳသည္ ရေသ့အျဖစ္ ဗိႆႏိုးျပည္သို႔ ဝင္ေရာက္ၿပီး ပန္ထြာဧကရီ၏ ဆရာရေသ့ထံ ဆည္းကပ္ကာ ယုံၾကည္မႈ ရယူရန္ႀကိဳးစားခဲ့သည္။သုံးေလးလခန႔္ ၾကာသည့္အခါ သူလွ်ိဳရေသ့က သူ႔တပည့္မ်ားကို ဗိႆႏိုးၿမိဳ႕တြင္းမွ ေ႐ႊ၊ ေငြ၊ ကြၽဲ၊ ႏြားမ်ားကို ခိုးယူေစၿပီး သင့္ရာေနရာတြင္ ဝွက္ထားေစသည္။ ပစၥည္းေပ်ာက္သူက သူလွ်ိဳရေသ့ကိုေမးသည့္အခါမွ ရွိရာေနရာကို အတပ္ေဟာၿပီး ပစၥည္းျပန္ရေစသည္။ ထိုအခါ သူလွ်ိဳရေသ့ကို ယုံၾကည္ ဆည္းကပ္သူမ်ား တိုးပြားလာခဲ့သည္။

ဆရာရေသ့ေရာ ပန္ထြာဘုရင္မပါ ထိုသူလွ်ိဳကို ယုံၾကည္လာၿပီးသည့္အခါ ၎က ဗိႆႏိုးကာကြယ္ေရးအတြက္ထားေသာ စည္ေတာ္ႀကီးကို ယခုထက္ပိုမိုအက်ိဳးထူးေအာင္ ေလာကီအစီအရင္မ်ားျဖင့္ သိဒၶိတင္ေပးလိုေၾကာင္း ေတာင္းဆိုလာခဲ့သည္။ပန္ထြာဧကရီလည္း ယုံၾကည္ကာ စည္ေတာ္ႀကီးကို သူလွ်ိဳရေသ့ထံ စိတ္ခ်လက္ခ် အပ္ႏွင္းလိုက္သည္။ေနာက္ေန႔မနက္တြင္မူ နန္းေတာ္ဦးရွိ စည္ေတာ္ႀကီးကို အေပါက္ႀကီးႏွစ္ေပါက္ျဖင့္ တုန္လႈပ္ဖြယ္ ေတြ႕ၾကရၿပီး သူလွ်ိဳရေသ့မွာလည္း ေျခရာေပ်ာက္ ထြက္ေျပးသြားခဲ့သည္။

(ထို႔ေၾကာင့္ ပန္ထြာဘုရင္မ မွာ ရေသ့ရဟန္း အတုအေယာင္မ်ားကို မုန္းတီးၿပီး သူမပိုင္နက္မဟာၿမိဳင္ေတာအတြင္း၌ ေရာက္လာသမွ် ရေသ့ရဟန္းဟူသမွ်၏ သီလသမာဓိကို အစမ္းအသပ္ၾကမ္းသည္ဟု နာမည္ႀကီးေလသည္။ပန္ထြာဧကရီ အသည္းဆတ္ဆတ္တုန္ ေဒါသထြက္ေနစဥ္ မွာပင္ ၿမိဳ႕႐ိုးတံခါးမ်ားပိတ္သံကို ၾကားရကာ ၿမိဳ႕႐ိုးျပင္ဘက္မွ ဆင္သံ ျမင္းသံမ်ားကိုပါ ၾကားလိုက္ရသည္။ ဒြတၱေပါင္မင္းႀကီး လာေရာက္တိုက္ခိုက္ေပၿပီ။

စည္တီး၍ အသံမထြက္။ အသံမထြက္သည့္အခါ ေရမက်။ ေရမက်သည့္အခါ အင္အားႀကီးမားေသာ ရန္သူ၏ျပင္းထန္ေသာ တိုက္စစ္ကို ဗိႆႏိုးသားတို႔ အလူးအလဲ ခံၾကရသည္။ မခံႏိုင္သည့္အဆုံးတြင္ ဗိႆႏိုးနန္းဦးသို႔ ဒြတၱေပါင္မင္းႀကီး၏ ဆင္ေတာ္ေရာက္ရွိလာခဲ့သည္။ ဗိႆႏိုးသားတို႔၏ေသြးစက္မ်ား အေလာင္းမ်ား ျပန႔္က်ဲေနသည္ကို ၾကည့္ကာ ပန္ထြာဧကရီ အံႀကိတ္ထားမိသည္။

-” သေရေခတၱရာျပည္ဟာ ႀကီးက်ယ္ခမ္းနားလွပါတယ္ အစ္မေတာ္။ ကြၽန္ုပ္ႏွင့္အတူ စံျမန္းေစလိုတဲ့ေစတနာ၊ ကြၽန္ုပ္ရဲ႕ေမတၱာ ေတြေၾကာင့္ ပင္ပန္းႀကီးစြာ စစ္ခ်ီခဲ့ရပါတယ္။”
ဒြတၱေပါင္မင္းႀကီး၏စကားတို႔ကို ပန္ထြာဧကရီ မည္သို႔မွ် မတုံ႔ျပန္ခဲ့ေပ။ မိမိက စစ္ရႈံးသူမဟုတ္လား။ စစ္ရႈံးသူပီပီ သူျပဳသမွ် ႏုရေပေတာ့မည္ေလ။ဤသို႔ျဖင့္ သေရေခတၱရာျပည္သို႔ ဒြတၱေပါင္မင္းႀကီး၏ မိဖုရားအျဖစ္ ပန္ထြာေရာက္ရွိခဲ့သည္။ ဒြတၱေပါင္မင္းႀကီးသည္ ပန္ထြာဧကရီကို လြန္စြာျမတ္ႏိုးေတာ္မူသည္ ဆို၏။

သို႔ေသာ္ သားေတာ္တစ္ပါးရသည့္တိုင္ ပန္ထြာဘုရင္မ၏ အမုန္းက မေျပႏိုင္ခဲ့ေပ။ ထို႔ေၾကာင့္ ဒြတၱေပါင္မင္းႀကီးကို လုပ္ႀကံရန္ အတြင္းလူမ်ားျဖင့္ တိတ္တဆိတ္ စီစဥ္ခဲ့သည္။ သို႔ရာတြင္ အတြင္းလူမ်ားက မင္းႀကီးသည္ ဘုန္းႀကီးလြန္းသျဖင့္ တိုက္႐ိုက္လုပ္ႀကံရန္ မလြယ္ေၾကာင္း၊ ဘုန္းနိမ့္ေစရန္ စီစဥ္ၿပီးမွ လုပ္ႀကံေစလိုေၾကာင္း ေလွ်ာက္ၾကသည္။

ထိုအခါ ပန္ထြာဧကရီက မိမိ၏ ထဘီေအာက္နားစ ( အခ်ိဳ႕က သုႆန္မွ အဝတ္ဟု ဆိုၾကသည္။) ကိုျဖတ္ကာ မ်က္ႏွာသုတ္ပဝါ အျဖစ္ ဆက္သၿပီး ထို႔ေနာက္မွ အဆိပ္ခပ္ထားေသာ ေဖ်ာ္ရည္ကို ဆက္ကပ္ရန္ စီမံခဲ့သည္။

ဒြတၱေပါင္မင္းႀကီးသည္ ပန္ထြာဧကရီဆက္သေသာ မ်က္ႏွာသုတ္ပဝါကို အသုံးျပဳလိုက္သည္ႏွင့္ တၿပိဳင္နက္ နဖူးမွ မွဲ႔ရွင္ေတာ္ ကြယ္ေပ်ာက္ျခင္း၊ လွံမ်ား ဓါးမ်ား အေရာင္မထြက္ေတာ့ျခင္း တို႔ ႀကဳံေတြ႕ခဲ့ရသည္။ မင္းႀကီး ဘုန္းနိမ့္သြားေခ်ၿပီ။

တုန္လႈပ္သြားေသာ မင္းႀကီးသည္ ပန္ထြာဧကရီကို နားမလည္ဟန္ျဖင့္ ၾကည့္ေနစဥ္မွာပင္ ပန္ထြာဧကရီက မဲ့ၿပဳံးတစ္ခ်က္ ၿပဳံးျပလိုက္သည္။ မင္းႀကီးသည္ သူမ၏လက္ခ်က္မွန္း သိသည္ႏွင့္ သူမဆက္သည့္ ေဖ်ာ္ရည္ကိုလည္း မေသာက္ေတာ့ဘဲ အရင္ ျမည္းစမ္းျပရန္ ေတာင္းဆိုခဲ့သည္။ပန္ထြာဧကရီသည္ လက္ထဲမွ ေဖ်ာ္ရည္ခြက္ ကို ေျမႇာက္ကာ ေအာက္ပါက်ိန္စာကို ႐ြတ္ဆိုခဲ့သည္။

-” ကြၽန္ုပ္သည္ မိမိ၏ ဗိႆႏိုးျပည္ကို တရားသျဖင့္ စီမံအုပ္ခ်ဳပ္ေနသူျဖစ္ပါသည္။ ဤသေရေခတၱရာ ဒြတၱေပါင္မင္းက ႏိုင့္ထက္စီးနင္း က်ဴးေက်ာ္သိမ္းပိုက္ခဲ့ပါသည္။ ယခုဘဝတြင္ သူ႔အား သတ္ရန္ ႀကိဳးပမ္းမႈ မေအာင္ျမင္ေတာ့ပါ။ ထို႔ေၾကာင့္ ေနာက္ဘဝမ်ားတြင္သာ လက္စားေခ်ရန္ ႀကိဳးပမ္းပါေတာ့မည္။ ဒြတၱေပါင္မင္းကို ကြၽန္ုပ္လက္ျဖင့္ လက္စားမေခ်ရေသးမျခင္း သေရေခတၱရာျပည္အနီးရွိ ေပပင္ငယ္ တို႔သည္ ယခုအ႐ြယ္မွ ဆက္လက္ႀကီးထြားျခင္း မရွိဘဲ ရပ္တန႔္ေနပါေစ”
ထို႔ေနာက္တြင္မူ လက္ထဲမွ ေဖ်ာ္ရည္ခြက္ကို ေမာ့ကာ ကံေတာ္ကုန္ေလသည္။

(မူကြဲတြင္ ဒြတၱေပါင္မင္းႀကီးသည္ ဘုန္းကံနိမ့္ပါးသြားေသာ္လဲ ပန္ထြာမိဖုရားအား ခ်စ္ျမတ္ႏိုးလွသျဖင့္ အျပစ္မယူသည္ကို မင္းႀကီး၏ ေမာင္းမမိဖုရားမ်ားက မေက်မနပ္ျဖစ္ကာ အဆိပ္ခတ္ထားေသာ ဝက္ေျမစာဥကို ပန္ထြာမိဖုရားအား ဆက္သၾကရာမွ မိဖုရား အဆိပ္မိကာ နတ္႐ြာစံသည္။ ေသအံ့ဆဲ အခ်ိန္တြင္မွ က်ိန္စာစကားဆိုခဲ့သည္ ဟု ဆိုၾကသည္။)

ဒြတၱေပါင္မင္းႀကီးလည္း ဘုန္းကံနိမ့္ပါးရသည့္အျပင္ ခ်စ္စြာေသာ မိဖုရား၏အမုန္းက်ိန္စာကိုပါ ၾကားရသည္တြင္ မ်ားစြာ ေၾကကြဲေတာ္မူသည္။ပန္ထြာဧကရီသည္ ဒြတၱေပါင္မင္းႀကီးကို လက္စားေခ်ရန္ အခြင့္ရေသးဟန္မတူေခ်။ အဘယ့္ေၾကာင့္ဆိုေသာ္ သေရေခတၱရာၿမိဳ႕အနီးမွ ေပပင္ငယ္တို႔သည္ ယေန႔ထက္တိုင္ အပင္ငယ္မ်ား အျဖစ္မွ ဆက္လက္ႀကီးထြားျခင္းမရွိဘဲ ရပ္တည္လ်က္ရွိေသးသည္ ဆို၏။ အမုန္းက်ိန္စာကား အံ့ဖြယ္ပင္။ရာဇဝင္ထဲက ပန္ထြာဘုရင္မကို သတိရမိလို႔ ဒီပို႔စ္ကို စာစီပါတယ္။ သိၿပီးသား အေၾကာင္းအရာဆိုရင္လည္း အခုလို အခ်ိန္ေပးဖတ္ရႈတာ ေက်းဇူးတင္ပါတယ္။

Credit:Nanmalgyi

 

Unicodeဖြင့်ဖတ်ရန်

 

ပျုခေတ်မှာ ပေါ်ပေါက်ခဲ့တဲ့ ပန်ထွာဧကရီ ခေါ် ယောက်ျားတွေကိုမုန်းတဲ့ ဘုရင်မ အကြောင်း

 

တကယ်တော့ မြန်မာ့ရာဇဝင်ထဲမှာ အမျိုးသားတွေပဲ ရာနှုန်းပြည့် နေရာယူထားခဲ့တာ မဟုတ်ပါဘူး။ ထူးချွန်ထင်ရှားတဲ့ အမျိုးသမီးခေါင်းဆောင်တွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။ သူတို့ထဲကမှ မြန်မာ့သမိုင်းရဲ့ အစောပိုင်းကာလ ဖြစ်တဲ့ ပျုခေတ်မှာ ပေါ်ပေါက်ခဲ့တဲ့ ဗိဿနိုးဘုရင်မ ပန်ထွာဧကရီ ဆိုတဲ့ အမျိုးသမီးပဒေသရာဇ် ခေါင်းဆောင် အကြောင်းကို ကျနော်သိသလောက် ပြောပြချင်ပါတယ်..။

သရေခေတ္တရာပြည်တွင် ဒွတ္တပေါင်မင်းကြီး အုပ်စိုးနေစဉ်ကာလအတွင်း ထီးပြိုင်နန်းပြိုင်အဖြစ် ဗိဿနိုးပြည်တွင် ပန်ထွာဘုရင်မက အုပ်ချုပ်နေခဲ့သည်။ ( ရာဇဝင်ကျမ်းများအရ “ပြည်” ဟုသုံးနှုန်းရသော်လည်း အမှန်မှာ မြို့ပြနိုင်ငံ ( city-state) အဆင့်မျှသာဖြစ်ပါသည်။)ပန်ထွာဘုရင်မသည် လူသာမန်မဟုတ်ချေ။ ခမည်းတော်မှာ တကောင်းမင်းကြီး၏သားတော်အရင်း မဟာသမ္ဘ၀ ဖြစ်ပြီး မယ်တော်မှာ စန္ဒမုခိဘီလူးမ ဖြစ်သည်။ ( တကောင်းမင်းကြီးက မျက်မမြင်သမ္ဘဝညီနောင်ကို ဧရာဝတီမြစ်အတိုင်းမျှောလိုက်ရာ လမ်းခရီး၌ စန္ဒမုခိဘီလူးမက ထမင်းခိုးစားသည့်အခါ သမ္ဘဝညီနောင်က ရိပ်မိပြီး သတ်မည်ဟု ဘီလူးမလက်ကို ဆွဲသည်တွင် ဘီလူးမက မဟာသမ္ဘဝကို တပ်မက်စိတ်ဖြင့် သာယာမိသည့်အတွက် ပဋိသန္ဓေ ခသည်ဟုဆို၏။ အံ့ဖွယ်ပင်။)စန္ဒမုခိဘီလူးမသည် သမီးလေးကို မွေးပြီးသည့်အခါ ပျူရွာတစ်ရွာအနီးရှိ ဆရာရသေ့ထံ ပညာသင်စေခဲ့သည်။ မိပန်ထွာလေး၏ ထက်မြက်မှုကို အနီးအပါးရှိ ရွာများကပါ သိရှိလာပြီးနောက် အရွယ်ရောက်သည့်အခါ သူမကိုသာ ခေါင်းဆောင်အဖြစ် တစ်ညီတစ်ညွတ်တည်း တင်မြောက်ခဲ့ကြသည်။ပန်ထွာသည် ထိုရွာအပေါင်းတို့ကို စုစည်းကာ ဗိဿနိုးမြို့ပြနိုင်ငံအဖြစ် ကျုံး၊မြို့ရိုးတို့ဖြင့် အကွက်ချကာ ဖွဲ့စည်းတည်ထောင်ခဲ့သည်။

( ပန်ထွာဘုရင်မမှာ အတိတ်ဘဝက ဗိဿနိုးနတ်မင်း၏ နှမ တော်စပ်ခဲ့သဖြင့် ဗိဿနိုးနတ်မင်း၏ ချီးမြှောက်မှုဖြင့် မြို့တည်ခဲ့ရာမှ ဗိဿနိုးမြို့ဟု ခေါ်တွင်ခဲ့သည်။ မြို့အတွင်းတွင် ဗိဿနိုးနတ်မင်းကို နတ်နန်းဖြင့် အကြီးအကျယ် ပူဇော်ကြသည်။ နတ်နန်း အနီးရှိ အင်ကြင်းပင်တို့မှာ ယနေ့အချိန်ထိ ဆယ့်နှစ်ရာသီမရွေးဖူးပွင့်ကြသည် ဟုဆိုသည်။ ဘုရင်မသည် မြို့အနီးရှိ ရန်ပယ် ချောင်းရေကို စနစ်တကျ အသုံးချကာ နိုင်ငံတော်ကာကွယ်ရေးအတွက် စီမံခဲ့သည်။စီမံပုံမှာ- ရန်ပယ်ချောင်း အထက်တွင် ရေတားတံခါး အဆင့်ဆင့်တည်ဆောက်စေပြီး ဗိဿနိုးမှ စည်တီးကာ အချက်ပြသည်နှင့် ရေတံခါးများကို ဖွင့်ချစေကာ မြို့ပတ်လည်ကို ရေလွှမ်းမိုးစေခြင်း ဖြစ်သည်။ ( တံခါးများကို တစ်ဆက်တည်း ဖွင့်ချခြင်းမဟုတ်ဘဲ တစ်ချပ်ပြီးမှ တစ်ချပ် အချိန်ယူကာ ဖွင့်စေခြင်းဖြစ်သဖြင့် ကြောက်မက်ဖွယ် ရေစီးအားကို ဖြစ်ပေါ်စေသည်။)

ထိုသို့ ဗိဿနိုးတွင် ဧကရီအဖြစ် တစ်ထီးတစ်နန်းရပ်တည်နေစဉ် သရေခေတ္တရာပြည်မှ ဒွတ္တပေါင်မင်းကြီးသည် ပန်ထွာဘုရင်မနှင့်တကွ မြို့ကိုပါ သိမ်းပိုက်လိုသဖြင့် အင်အားအလုံးအရင်းဖြင့် ချီတက်တိုက်ခိုက်လာခဲ့သည်။သို့ရာတွင် မြို့တံခါးကို အလုံပိတ်ထားသော ဗိဿနိုးမှ စည်တီးသံကျယ်ကျယ် တစ်ချက်သာ ကြားလိုက်ရပြီး ခဏအကြာတွင် နတ်ဆိုးအော်သံကဲ့သို့ အသံပေးကာ တစ်ဟုန်ထိုးဝင်လာသည့် ရေလုံးကြီးအောက်တွင် သရေခေတ္တရာစစ်သည်တို့ ဖရိုဖရဲဖြစ်ကုန်ကြသည်။ရေမျောသူမျော ကမ်းတင်သူတင် ဖြစ်နေစဉ် ဗိဿနိုးဘက်မှ လေးသည်တော်များက ပေါ်လာသမျှသော မည်းမည်းမြင်ရာတို့ကို မြားဖြင့် ပစ်သဖြင့် သရေခေတ္တရာရဲမက်များ အထိအရှများခဲ့ရသည်။ ဒွတ္တပေါင်မင်းကြီးလည်း အံကိုကြိတ်ကာ နောက်ပြန်ဆုတ်ရတော့သည်။သို့သော် ဒွတ္တပေါင်မင်းကြီးသည် ရန်ပယ်ချောင်းရေတံခါးများသည် စည်သံအပေါ်ရပ်တည်နေကြောင်း သိသည့်အခါ ထိုစည်ကို ဖျက်ဆီးရန် သူလျှိုတစ်ဦးကို စေလွှတ်ခဲ့သည်။

ထိုသူလျှိုသည် ရသေ့အဖြစ် ဗိဿနိုးပြည်သို့ ဝင်ရောက်ပြီး ပန်ထွာဧကရီ၏ ဆရာရသေ့ထံ ဆည်းကပ်ကာ ယုံကြည်မှု ရယူရန်ကြိုးစားခဲ့သည်။သုံးလေးလခန့် ကြာသည့်အခါ သူလျှိုရသေ့က သူ့တပည့်များကို ဗိဿနိုးမြို့တွင်းမှ ရွှေ၊ ငွေ၊ ကျွဲ၊ နွားများကို ခိုးယူစေပြီး သင့်ရာနေရာတွင် ဝှက်ထားစေသည်။ ပစ္စည်းပျောက်သူက သူလျှိုရသေ့ကိုမေးသည့်အခါမှ ရှိရာနေရာကို အတပ်ဟောပြီး ပစ္စည်းပြန်ရစေသည်။ ထိုအခါ သူလျှိုရသေ့ကို ယုံကြည် ဆည်းကပ်သူများ တိုးပွားလာခဲ့သည်။

ဆရာရသေ့ရော ပန်ထွာဘုရင်မပါ ထိုသူလျှိုကို ယုံကြည်လာပြီးသည့်အခါ ၎င်းက ဗိဿနိုးကာကွယ်ရေးအတွက်ထားသော စည်တော်ကြီးကို ယခုထက်ပိုမိုအကျိုးထူးအောင် လောကီအစီအရင်များဖြင့် သိဒ္ဓိတင်ပေးလိုကြောင်း တောင်းဆိုလာခဲ့သည်။ပန်ထွာဧကရီလည်း ယုံကြည်ကာ စည်တော်ကြီးကို သူလျှိုရသေ့ထံ စိတ်ချလက်ချ အပ်နှင်းလိုက်သည်။နောက်နေ့မနက်တွင်မူ နန်းတော်ဦးရှိ စည်တော်ကြီးကို အပေါက်ကြီးနှစ်ပေါက်ဖြင့် တုန်လှုပ်ဖွယ် တွေ့ကြရပြီး သူလျှိုရသေ့မှာလည်း ခြေရာပျောက် ထွက်ပြေးသွားခဲ့သည်။

(ထို့ကြောင့် ပန်ထွာဘုရင်မ မှာ ရသေ့ရဟန်း အတုအယောင်များကို မုန်းတီးပြီး သူမပိုင်နက်မဟာမြိုင်တောအတွင်း၌ ရောက်လာသမျှ ရသေ့ရဟန်းဟူသမျှ၏ သီလသမာဓိကို အစမ်းအသပ်ကြမ်းသည်ဟု နာမည်ကြီးလေသည်။ပန်ထွာဧကရီ အသည်းဆတ်ဆတ်တုန် ဒေါသထွက်နေစဉ် မှာပင် မြို့ရိုးတံခါးများပိတ်သံကို ကြားရကာ မြို့ရိုးပြင်ဘက်မှ ဆင်သံ မြင်းသံများကိုပါ ကြားလိုက်ရသည်။ ဒွတ္တပေါင်မင်းကြီး လာရောက်တိုက်ခိုက်ပေပြီ။

စည်တီး၍ အသံမထွက်။ အသံမထွက်သည့်အခါ ရေမကျ။ ရေမကျသည့်အခါ အင်အားကြီးမားသော ရန်သူ၏ပြင်းထန်သော တိုက်စစ်ကို ဗိဿနိုးသားတို့ အလူးအလဲ ခံကြရသည်။ မခံနိုင်သည့်အဆုံးတွင် ဗိဿနိုးနန်းဦးသို့ ဒွတ္တပေါင်မင်းကြီး၏ ဆင်တော်ရောက်ရှိလာခဲ့သည်။ ဗိဿနိုးသားတို့၏သွေးစက်များ အလောင်းများ ပြန့်ကျဲနေသည်ကို ကြည့်ကာ ပန်ထွာဧကရီ အံကြိတ်ထားမိသည်။

-” သရေခေတ္တရာပြည်ဟာ ကြီးကျယ်ခမ်းနားလှပါတယ် အစ်မတော်။ ကျွန်ုပ်နှင့်အတူ စံမြန်းစေလိုတဲ့စေတနာ၊ ကျွန်ုပ်ရဲ့မေတ္တာ တွေကြောင့် ပင်ပန်းကြီးစွာ စစ်ချီခဲ့ရပါတယ်။”
ဒွတ္တပေါင်မင်းကြီး၏စကားတို့ကို ပန်ထွာဧကရီ မည်သို့မျှ မတုံ့ပြန်ခဲ့ပေ။ မိမိက စစ်ရှုံးသူမဟုတ်လား။ စစ်ရှုံးသူပီပီ သူပြုသမျှ နုရပေတော့မည်လေ။ဤသို့ဖြင့် သရေခေတ္တရာပြည်သို့ ဒွတ္တပေါင်မင်းကြီး၏ မိဖုရားအဖြစ် ပန်ထွာရောက်ရှိခဲ့သည်။ ဒွတ္တပေါင်မင်းကြီးသည် ပန်ထွာဧကရီကို လွန်စွာမြတ်နိုးတော်မူသည် ဆို၏။

သို့သော် သားတော်တစ်ပါးရသည့်တိုင် ပန်ထွာဘုရင်မ၏ အမုန်းက မပြေနိုင်ခဲ့ပေ။ ထို့ကြောင့် ဒွတ္တပေါင်မင်းကြီးကို လုပ်ကြံရန် အတွင်းလူများဖြင့် တိတ်တဆိတ် စီစဉ်ခဲ့သည်။ သို့ရာတွင် အတွင်းလူများက မင်းကြီးသည် ဘုန်းကြီးလွန်းသဖြင့် တိုက်ရိုက်လုပ်ကြံရန် မလွယ်ကြောင်း၊ ဘုန်းနိမ့်စေရန် စီစဉ်ပြီးမှ လုပ်ကြံစေလိုကြောင်း လျှောက်ကြသည်။

ထိုအခါ ပန်ထွာဧကရီက မိမိ၏ ထဘီအောက်နားစ ( အချို့က သုဿန်မှ အဝတ်ဟု ဆိုကြသည်။) ကိုဖြတ်ကာ မျက်နှာသုတ်ပဝါ အဖြစ် ဆက်သပြီး ထို့နောက်မှ အဆိပ်ခပ်ထားသော ဖျော်ရည်ကို ဆက်ကပ်ရန် စီမံခဲ့သည်။

ဒွတ္တပေါင်မင်းကြီးသည် ပန်ထွာဧကရီဆက်သသော မျက်နှာသုတ်ပဝါကို အသုံးပြုလိုက်သည်နှင့် တပြိုင်နက် နဖူးမှ မှဲ့ရှင်တော် ကွယ်ပျောက်ခြင်း၊ လှံများ ဓါးများ အရောင်မထွက်တော့ခြင်း တို့ ကြုံတွေ့ခဲ့ရသည်။ မင်းကြီး ဘုန်းနိမ့်သွားချေပြီ။

တုန်လှုပ်သွားသော မင်းကြီးသည် ပန်ထွာဧကရီကို နားမလည်ဟန်ဖြင့် ကြည့်နေစဉ်မှာပင် ပန်ထွာဧကရီက မဲ့ပြုံးတစ်ချက် ပြုံးပြလိုက်သည်။ မင်းကြီးသည် သူမ၏လက်ချက်မှန်း သိသည်နှင့် သူမဆက်သည့် ဖျော်ရည်ကိုလည်း မသောက်တော့ဘဲ အရင် မြည်းစမ်းပြရန် တောင်းဆိုခဲ့သည်။ပန်ထွာဧကရီသည် လက်ထဲမှ ဖျော်ရည်ခွက် ကို မြှောက်ကာ အောက်ပါကျိန်စာကို ရွတ်ဆိုခဲ့သည်။

-” ကျွန်ုပ်သည် မိမိ၏ ဗိဿနိုးပြည်ကို တရားသဖြင့် စီမံအုပ်ချုပ်နေသူဖြစ်ပါသည်။ ဤသရေခေတ္တရာ ဒွတ္တပေါင်မင်းက နိုင့်ထက်စီးနင်း ကျူးကျော်သိမ်းပိုက်ခဲ့ပါသည်။ ယခုဘဝတွင် သူ့အား သတ်ရန် ကြိုးပမ်းမှု မအောင်မြင်တော့ပါ။ ထို့ကြောင့် နောက်ဘဝများတွင်သာ လက်စားချေရန် ကြိုးပမ်းပါတော့မည်။ ဒွတ္တပေါင်မင်းကို ကျွန်ုပ်လက်ဖြင့် လက်စားမချေရသေးမခြင်း သရေခေတ္တရာပြည်အနီးရှိ ပေပင်ငယ် တို့သည် ယခုအရွယ်မှ ဆက်လက်ကြီးထွားခြင်း မရှိဘဲ ရပ်တန့်နေပါစေ”
ထို့နောက်တွင်မူ လက်ထဲမှ ဖျော်ရည်ခွက်ကို မော့ကာ ကံတော်ကုန်လေသည်။

(မူကွဲတွင် ဒွတ္တပေါင်မင်းကြီးသည် ဘုန်းကံနိမ့်ပါးသွားသော်လဲ ပန်ထွာမိဖုရားအား ချစ်မြတ်နိုးလှသဖြင့် အပြစ်မယူသည်ကို မင်းကြီး၏ မောင်းမမိဖုရားများက မကျေမနပ်ဖြစ်ကာ အဆိပ်ခတ်ထားသော ဝက်မြေစာဥကို ပန်ထွာမိဖုရားအား ဆက်သကြရာမှ မိဖုရား အဆိပ်မိကာ နတ်ရွာစံသည်။ သေအံ့ဆဲ အချိန်တွင်မှ ကျိန်စာစကားဆိုခဲ့သည် ဟု ဆိုကြသည်။)

ဒွတ္တပေါင်မင်းကြီးလည်း ဘုန်းကံနိမ့်ပါးရသည့်အပြင် ချစ်စွာသော မိဖုရား၏အမုန်းကျိန်စာကိုပါ ကြားရသည်တွင် များစွာ ကြေကွဲတော်မူသည်။ပန်ထွာဧကရီသည် ဒွတ္တပေါင်မင်းကြီးကို လက်စားချေရန် အခွင့်ရသေးဟန်မတူချေ။ အဘယ့်ကြောင့်ဆိုသော် သရေခေတ္တရာမြို့အနီးမှ ပေပင်ငယ်တို့သည် ယနေ့ထက်တိုင် အပင်ငယ်များ အဖြစ်မှ ဆက်လက်ကြီးထွားခြင်းမရှိဘဲ ရပ်တည်လျက်ရှိသေးသည် ဆို၏။ အမုန်းကျိန်စာကား အံ့ဖွယ်ပင်။ရာဇဝင်ထဲက ပန်ထွာဘုရင်မကို သတိရမိလို့ ဒီပို့စ်ကို စာစီပါတယ်။ သိပြီးသား အကြောင်းအရာဆိုရင်လည်း အခုလို အချိန်ပေးဖတ်ရှုတာ ကျေးဇူးတင်ပါတယ်။

Credit:Nanmalgyi

LEAVE A REPLY