Zawgyiျဖင့္ဖတ္ရန္

 

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ေတာ္ရွိ နာမည္ေက်ာ္ လတ္ဖေရာင္ခ႐ိုင္မွ ႏိုက္ကလပ္တစ္ခုကို ရဲတပ္ဖြဲ႕က ဝင္ေရာက္စီးနင္းခဲ့ၿပီး ကလပ္တက္သူ ၁၀၀ ေက်ာ္ကို ဖမ္းဆီးအေရးယူခဲ့သည္။

ကလပ္တက္သူမ်ားကို ခ်က္ခ်င္းပင္ ေဆးစစ္မႈမ်ားျပဳလုပ္ရာ မူးယစ္ေဆးဝါးသုံးစြဲထားသည့္ အေျဖရရွိခဲ့သည္ဟု ဆိုသည္။

ဒုစ႐ိုက္ႏွိမ္နင္းေရးတပ္ဖြဲ႕ (CSD) ႏွင့္ မူးယစ္ေဆးဝါးထိန္းခ်ဳပ္ေရးဘုတ္အဖြဲ႕တို႔ ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ Naza Pub ကလပ္ကို ဝင္ေရာက္စီးနင္းခဲ့ၿပီး ကလပ္ကို ပိတ္သိမ္းေစခဲ့သည္ဟု ဆိုသည္။

ကလပ္အတြင္းတြင္ပင္ ဆီးစစ္ျခင္းမ်ားျပဳလုပ္ခဲ့ၿပီး ကလပ္တြင္ ေရာက္ရွိေနသူ ၅၀၀ ဦးလုံးကို မည္သူမည္ဝါျဖစ္သည္ စစ္ေဆးခဲ့ၾကသည္ဟု ဆိုသည္။

ပါတီပြဲတက္သူ အမ်ားစု၏ ဆီးအေျဖမွာ မူးယစ္ေဆးဝါးသုံးစြဲထားသည္ဟု အေျဖထြက္ေသာေၾကာင့္ ေခ်ာ့ကရမ္ရဲစခန္းသို႔ ဖမ္းဆီးေခၚေဆာင္သြားခဲ့သည္။

ကလပ္အတြင္းစစ္ေဆးရာတြင္ ၾကမ္းျပင္ေပၚ၌ အိုက္စ္ (ခရစၥတယ္ မီသာဖက္တမင္း)၊ ကီတာမင္းႏွင့္ အက္ခ္တက္စီေဆးမ်ား ထည့္ထားသည့္ အိတ္ေပါင္းမ်ားစြာ ျပန႔္က်ဲေနသည္ကို ေတြ႕ရသည္ဟု ဆိုသည္။

ေခ်ာ့ကရမ္ ရဲစခန္းမွ စခန္းမႉး အပီဝပ္ ခ်ိဳင္းစရိစြပ္က ေျပာၾကားရာတြင္ ယခုကဲ့သို႔ လူေပါင္းမ်ားစြာ ဖမ္းဆီးရျခင္း၏ အေၾကာင္းရင္းမွာ ပါတီပြဲ၌ မည္သည့္မူးယစ္ေဆးဝါးအမ်ိဳးအစားမ်ား သုံးစြဲၾကသည္ကို သိရွိႏိုင္ရန္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ဆီးနမူနာမ်ားကို ရဲတပ္ဖြဲ႕အေထြေထြေဆး႐ုံႀကီးသို႔ ေပးပို႔ကာ စစ္ေဆးမႈမ်ား ဆက္လက္ျပဳလုပ္သြားမည္ဟု ဆိုသည္။

လက္ရွိအားျဖင့္ ကလပ္မွ ဖမ္းဆီးလာသူမ်ားကို ျပန္လႊတ္ေပးထားေသာ္လည္း အျပစ္ရွိေၾကာင္းေတြ႕ရွိပါက ဆင့္ေခၚကာ တရားစြဲဆိုသြားမည္ျဖစ္ေၾကာင္းလည္း အပီဝပ္က ေျပာၾကားသည္။

Naza Pub ႏိုက္ကလပ္၏ လိုင္စင္ကို စစ္ေဆးေနၿပီး ရဲတပ္ဖြဲ႕က စစ္ေဆးေနခ်ိန္တြင္ ယာယီပိတ္ပင္ထားရန္ ၫႊန္ၾကားထားသည္။

မၾကာမီရက္ပိုင္းအတြင္း ကလပ္ပိုင္ရွင္ကိုလည္း ဆင့္ေခၚစစ္ေဆးသြားမည္ဟု သိရသည္။

Credit:Wigwam(shweinnlay)

 

Unicodeဖြင့်ဖတ်ရန်

 

ဘန်ကောက်ရှိ နိုက်ကလပ်တစ်ခုကို ရဲကဝင်စီးပြီး ကလပ်တက်သူ ၁၀၀ ကျော်ကို ဖမ်းဆီး

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရှိ နာမည်ကျော် လတ်ဖရောင်ခရိုင်မှ နိုက်ကလပ်တစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး ကလပ်တက်သူ ၁၀၀ ကျော်ကို ဖမ်းဆီးအရေးယူခဲ့သည်။

ကလပ်တက်သူများကို ချက်ချင်းပင် ဆေးစစ်မှုများပြုလုပ်ရာ မူးယစ်ဆေးဝါးသုံးစွဲထားသည့် အဖြေရရှိခဲ့သည်ဟု ဆိုသည်။

ဒုစရိုက်နှိမ်နင်းရေးတပ်ဖွဲ့ (CSD) နှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် Naza Pub ကလပ်ကို ဝင်ရောက်စီးနင်းခဲ့ပြီး ကလပ်ကို ပိတ်သိမ်းစေခဲ့သည်ဟု ဆိုသည်။

ကလပ်အတွင်းတွင်ပင် ဆီးစစ်ခြင်းများပြုလုပ်ခဲ့ပြီး ကလပ်တွင် ရောက်ရှိနေသူ ၅၀၀ ဦးလုံးကို မည်သူမည်ဝါဖြစ်သည် စစ်ဆေးခဲ့ကြသည်ဟု ဆိုသည်။

ပါတီပွဲတက်သူ အများစု၏ ဆီးအဖြေမှာ မူးယစ်ဆေးဝါးသုံးစွဲထားသည်ဟု အဖြေထွက်သောကြောင့် ချော့ကရမ်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ကလပ်အတွင်းစစ်ဆေးရာတွင် ကြမ်းပြင်ပေါ်၌ အိုက်စ် (ခရစ္စတယ် မီသာဖက်တမင်း)၊ ကီတာမင်းနှင့် အက်ခ်တက်စီဆေးများ ထည့်ထားသည့် အိတ်ပေါင်းများစွာ ပြန့်ကျဲနေသည်ကို တွေ့ရသည်ဟု ဆိုသည်။

ချော့ကရမ် ရဲစခန်းမှ စခန်းမှူး အပီဝပ် ချိုင်းစရိစွပ်က ပြောကြားရာတွင် ယခုကဲ့သို့ လူပေါင်းများစွာ ဖမ်းဆီးရခြင်း၏ အကြောင်းရင်းမှာ ပါတီပွဲ၌ မည်သည့်မူးယစ်ဆေးဝါးအမျိုးအစားများ သုံးစွဲကြသည်ကို သိရှိနိုင်ရန်ဖြစ်ကြောင်း ပြောကြားသည်။

ဆီးနမူနာများကို ရဲတပ်ဖွဲ့အထွေထွေဆေးရုံကြီးသို့ ပေးပို့ကာ စစ်ဆေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဟု ဆိုသည်။

လက်ရှိအားဖြင့် ကလပ်မှ ဖမ်းဆီးလာသူများကို ပြန်လွှတ်ပေးထားသော်လည်း အပြစ်ရှိကြောင်းတွေ့ရှိပါက ဆင့်ခေါ်ကာ တရားစွဲဆိုသွားမည်ဖြစ်ကြောင်းလည်း အပီဝပ်က ပြောကြားသည်။

Naza Pub နိုက်ကလပ်၏ လိုင်စင်ကို စစ်ဆေးနေပြီး ရဲတပ်ဖွဲ့က စစ်ဆေးနေချိန်တွင် ယာယီပိတ်ပင်ထားရန် ညွှန်ကြားထားသည်။

မကြာမီရက်ပိုင်းအတွင်း ကလပ်ပိုင်ရှင်ကိုလည်း ဆင့်ခေါ်စစ်ဆေးသွားမည်ဟု သိရသည်။

Credit:Wigwam(shweinnlay)