Zawgyiျဖင့္ဖတ္ရန္

 

ထီဖြင့္ရက္မွာ ထီသည္ဖုန္းဆက္တာကိုေစာင့္ေနၾကသူမ်ားနဲ႔ ထီေပါက္စဥ္ကိုယ္တိုင္ မတိုက္ၾကသူမ်ား အထူးသတိျပဳရန္

ေျမာက္ဥကၠလာပၿမိဳ႕နယ္ေန အသက္(၅၀)အ႐ြယ္ရွိ ေဒၚေအးဝင္းအဖို႔ လြန္ခဲ့သည့္ ႏွစ္(၃၀)ခန႔္ကစ၍ လစဥ္ေအာင္ဘာေလထီကို ႀကဳံသည့္ေနရာတိုင္း၌

ဝယ္ယူကံစမ္းေလ့ ရွိသည္။ထီထိုးၿပီး၍ လဆန္းတစ္ ရက္ေရာက္တိုင္း ထီဆိုင္မွ ထီေပါက္ေၾကာင္း

လာေရာက္အ ေၾကာင္းၾကားမည့္အခ်ိန္ကို ေစာင့္ေမွ်ာ္ရသည္မွာ ေဒၚေအးဝင္းအတြက္ ပုံမွန္အလုပ္တစ္ခုလို ျဖစ္ ေနသည္။

ထီထိုးခဲ့သည့္ သက္တမ္း ဆယ္စုႏွစ္သုံးစု ၾကာၿပီျဖစ္ေသာ္ လည္း ကိုယ္တိုင္တစ္ႀကိမ္မွ် ထီ မတိုက္ခဲ့ဖူးေပ။

‘‘ထီတိုက္လည္း မတိုက္ တတ္ဘူး’’ဟု ေဒၚေအးဝင္းက ဖြင့္ဟသည္။ထို႔ေၾကာင့္ ထီေပါက္၊ မ ေပါက္မွာ ထီဆိုင္က အေၾကာင္း ၾကားမႈအေပၚတြင္ မူတည္ေန သည္။

သို႔ေသာ္ ယခုအခ်ိန္ထိ ထီဆိုင္ထံမွ ဆက္သြယ္ျခင္းမခံရ

ေပ။ေဒၚေအးဝင္းကဲ့သို႔ပင္ တာေမြၿမိဳ႕နယ္ေန ကိုေအာင္ထက္လည္း သူေဌးေလာင္း ေမွ်ာ္လင့္ခ်က္ျဖင့္ လစဥ္ထီကံစမ္းေလ့ရွိၿပီး ထီေပါက္စဥ္ျဖင့္ ကိုယ္တိုင္ထီ တိုက္ဖူးျခင္း မရွိေပ။

‘‘ထီဆိုင္ကေန ဖုန္းနံပါတ္ ေတာင္းထားေတာ့ သူတို႔ဖုန္း ဆက္ရင္ ေပါက္တယ္၊

မဆက္ ရင္ မေပါက္ဘူးလို႔ သတ္မွတ္ လိုက္တာပဲ’’ဟု ကိုေအာင္ထက္ က ေျပာသည

္။ထိုသို႔ ကိုယ္တိုင္ထီတိုက္ ျခင္းမရွိဘဲ ထီဆိုင္၏ အေၾကာင္း ၾကားမႈကိုသာ ေစာင့္ေမွ်ာ္ေလ့ရွိ သည့္ ထီကံစမ္းသူအေရအတြက္ မည္မွ်ရွိသည္ကို

ကိန္းဂဏန္း အတိအက်ျပဳစုထားျခင္း မရွိ ေသာ္လည္း ထီေပါက္မဲဆုေငြ လာေရာက္ထုတ္ယူျခင္း မရွိ၍

ႏိုင္ငံ့ဘ႑ာအျဖစ္ သိမ္းယူေနရ သည့္ ထီလက္မွတ္အမ်ားစုသည္ အဆိုပါလူမ်ား၏

ထီလက္မွတ္ မ်ား ျဖစ္ေလ့ရွိသည္ဟု ေအာင္ ဘာေလသိန္းဆုဌာနခြဲ ၫႊန္ၾကား ေရးမႉး ဦးေက်ာ္သန႔္လြင္က ေျပာ သည္။

‘‘ဆိုင္က အေၾကာင္းၾကားမွာ ပဲကြာဆိုၿပီး ထိုင္ေစာင့္ေနတာ။ ဆိုင္ကလည္း ထီဆုေတြကမ်ား ေနေတာ့ အေၾကာင္းမၾကားျဖစ္ ဘူး။

အဲဒီေတာ့ သူ႔ကိုယ္သူ ထီ မေပါက္ဘူးထင္ၿပီး လာမထုတ္ ျဖစ္ေတာ့ဘူး’’ဟု ၎က ေျပာ သည္။

ထို႔ေၾကာင့္ ေအာင္ဘာေလ သိန္းဆုဌာနသည္ လစဥ္ဆုေငြ လာေရာက္ထုတ္ယူျခင္းမရွိ၍ ႏိုင္ ငံေတာ္ဘ႑ာအျဖစ္ သိမ္းယူေန

ရမႈမ်ားလစဥ္ရွိေန၍ ထီကံစမ္းသူ မ်ားအား ပုံမွန္ထီတိုက္ရန္ မၾကာ ခဏ ႏႈိးေဆာ္ထားသည္။

ေအာင္ဘာေလသိန္းဆုဌာန သည္ လစဥ္ေရာင္းခ်ရသည့္ ထီ လက္မွတ္တန္ဖိုး၏ ၄၀ ရာခိုင္ႏႈန္း ကို ႏိုင္ငံေတာ္အခြန္ဘ႑ာအျဖစ္ ရယူ၍

၆၀ ရာခိုင္ႏႈန္းကို ဆုေငြအ ျဖစ္ ခြဲေဝေပးေနျခင္းျဖစ္သည္။ေငြတန္ဖိုးအားျဖင့္ လစဥ္ ေရာင္းခ်ရသည့္

ထီလက္မွတ္ တန္ဖိုး က်ပ္သန္း ၁၈,၀၀၀ ခန႔္ရွိ ၿပီး က်ပ္သန္း ၇,၀၀၀ ေက်ာ္ကို ႏိုင္ငံေတာ္အခြန္ေငြအျဖစ္ ရယူ ၿပီး

က်န္ေငြကို ဆုေငြအျဖစ္ ခြဲေ၀ ေပးျခင္းျဖစ္သည္။ဆုမဲလက္မွတ္မ်ားကို ထီဖြင့္လွစ္ၿပီး တစ္ႏွစ္အတြင္း ထုတ္ ယူျခင္းမရွိပါ

က ႏိုင္ငံေတာ္ ဘ႑ာအျဖစ္ သိမ္းယူသျဖင့္ ထိုမွ ရရွိသည့္ ဝင္ေငြသည္လည္း လစဥ္ အစိုးရအတြက္ မနည္းေပ။

ျပည္တြင္းအခြန္မ်ားဦးစီးဌာနက ထုတ္ျပန္ထားသည့္ စာရင္းမ်ားအရ က်ပ္ ၅၀၀ တန္ ထီဖြင့္လွစ္သည့္ (၁)ႀကိမ္ေျမာက္မွ (၆)ႀကိမ္ေျမာက္အထ

ိ ေျခာက္လ အတြင္း လာေရာက္ထုတ္ယူျခင္း မရွိ၍ ႏိုင္ငံေတာ္ဘ႑ာအျဖစ္ သိမ္းယူခဲ့ရသည့္ ဆုေငြပမာဏ သည္ က်ပ္သန္း ၆,၀၀၀ ေက်ာ္ရွိခဲ့သည္။

ထို႔ေၾကာင့္ တစ္လလွ်င္ ပ်မ္းမွ် က်ပ္သန္း ၁,၀၀၀ ရွိေန ျခင္းျဖစ္သည္။ထီေပါက္မဲလက္မွတ္မ်ား ကို သတ္မွတ္ကာလအတြင္း ထုတ္ယူရန္

ေအာင္ဘာေလသိန္း ဆုဌာနက မၾကာခဏသတိေပး ေၾကညာေလ့ရွိေသာ္လည္း ထီ ေပါက္မဲဆုေငြ လာေရာက္ထုတ္ ယူျခင္းမရွိသည့္ ျဖစ္ရပ္မ်ားက လစဥ္ရွိေနဆဲျဖစ္သည

္။ထိုသို႔ လာေရာက္ထုတ္ယူ ျခင္းမရွိသည့္ ဆုမဲလက္မွတ္သည္ လစဥ္ေစာင္ေရ ၁၀,၀၀၀ မွ ၁၅,၀၀၀ ခန႔္အထိရွိေၾကာင္း ျပည္ တြင္းအခြန္မ်ားဦးစီးဌာန ထုတ္ ျပန္ခ်က္၌ ေဖာ္ျပထားသည္။

လစဥ္ဆုေငြလာေရာက္ ထုတ္ယူျခင္းမရွိသည့္ ထီလက္ မွတ္ေစာင္ေရ ၁၀,၀၀၀ ေက်ာ္ ရွိေသာ္လည္း (၁)ႀကိမ္ေျမာက္မွ (၆)ႀကိမ္ေျမာက္အထိ

ယင္း လက္မွတ္အေရအတြက္သည္ အ နည္းငယ္စီ ေလ်ာ့က်ခဲ့သည္ကို လည္း ေတြ႕ရသည္။(၁)ႀကိမ္ေျမာက္၌

ဆုေငြ ထုတ္ယူျခင္းမရွိသည့္ ထီလက္ မွတ္ေစာင္ေရသည္ ၁၅,၀၀၀ ေက်ာ္၊ (၂)ႀကိမ္ေျမာက္၌ ေစာင္ ေရ ၁၁,၀၀၀ ေက်ာ္၊ (၃)ႀကိမ္ ေျမာက္

၌ ေစာင္ေရ ၁၂,၀၀၀ ေက်ာ္၊ (၄)ႀကိမ္ေျမာက္၌ ေစာင္ ေရ ၁၁,၀၀၀ ေက်ာ္၊ (၅)ႀကိမ္ ေျမာက္၌ ေစာင္ေရ ၁၀,၀၀၀ ေက်ာ္ႏွင့္

(၆)ႀကိမ္ေျမာက္၌ လည္း ေစာင္ေရ ၁၀,၀၀၀ ေက်ာ္ရွိခဲ့သည္။

ဆုေငြထုတ္ယူျခင္းမရွိသည့္ ထီလက္မွတ္အမ်ားစုသည္ က်ပ္ ၅၀,၀၀၀ ႏွင့္ က်ပ္ ၁၀၀,၀၀၀ ဆု မဲလက္မွတ္မ်ားျဖစ္သည္

။ျပည္တြင္းအခြန္မ်ားဦးစီးဌာန၏ ထုတ္ျပန္ခ်က္၌ လစဥ္က်ပ္ ၅၀,၀၀၀ ဆုေငြလာေရာက္ထုတ္ယူျခင္းမရွိသည့္ ထီလက္မွတ္ေစာင္ေရ ၉,၀၀၀ ခန႔္ရွိၿပီး

က်ပ္တစ္သိန္းဆုသည္ လစဥ္ေစာင္ေရ ၁,၀၀၀ မွ ၅,၀၀၀ ခန႔္အထိရွိေၾကာင္း ေဖာ္ျပထားသည္။

‘‘ထီဆိုင္ေတြက ထီဆုႀကီး ေလာက္ကိုေတာ့ အေလးထားၿပီး ဆက္သြယ္ၾကေလ့ရွိတယ္။

ဆုအ ေသးက်ေတာ့ ဆက္ေတာ့ဆက္ သြယ္တယ္။ ဖုန္းကဆက္သြယ္မႈ ျပင္ပျဖစ္တာတို႔၊

ဖုန္းနံပါတ္အ မွတ္မွားတာမ်ိဳးဆိုရင္ ဆက္သြယ္ လို႔ မရႏိုင္ဘူး’’ဟု သားေကာင္း ရတနာထီဆိုင္ပိုင္ရွင္ ဦးေစာျမင့္ သိန္းက ေျပာသည္။

ထီအေရာင္းကိုယ္စားလွယ္ တစ္ဦးက ထီေပါက္မဲလက္မွတ္ ကို အခက္အခဲမ်ားရွိ၍ ဆက္သြယ္ႏိုင္ျခင္းမရွိဘဲ လြတ္သြားျခင္းမ်ား မၾကာခဏ ျဖစ္ေပၚေလ့ ရွိသည္ဟုဆိုသည္

။ထီေပါက္ေၾကာင္း ဆိုင္မွ လာအေၾကာင္းၾကားမည္ဟု ထင္ မွတ္ကာ ကိုယ္တိုင္တိုက္မစစ္ဘဲ ထီဖြင့္ၿပီး ရက္အနည္းငယ္ၾကာၿပီး ေနာက္

ထီတိုက္ၾကည့္ရာမွ က်ပ္ ၅၀,၀၀၀ ဆု ငါးဆုေပါက္ေနသည္ ကို သိခဲ့ရေၾကာင္း ကိုယ္တိုင္ႀကဳံ ခဲ့ရသည့္ ကုမၸဏီဝန္ထမ္း မဥမၼာ ကေျပာသည္။

‘‘အဲဒီထီဆိုင္ကို ေနာက္တစ္ ေခါက္ထီသြားထိုးေတာ့ ထီတိုက္ ေပးလားေမးေတာ့ တိုက္ေပး တယ္တဲ့ ညီမလည္း ျပန္ေမးလိုက္ တယ္။

အဲဒါဆိုရင္ အရင္တစ္ ေခါက္က ဒီဆိုင္မွာ ၅၀,၀၀၀ ဆု ငါးဆုေပါက္တာ ဘာလို႔အ ေၾကာင္း မၾကားတာလဲေမးေတာ့ ျပန္မေျဖႏိုင္ဘူး’’ဟု ၎ကေျပာ သည္။

ထိုသို႔ ထီလက္မွတ္ကို တိုက္စစ္ႏိုင္ရန္ ထီဖြင့္ၿပီးေနာက္တစ္ ရက္၌ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ ထီေပါက္စဥ္ကို ထည့္သြင္းေပး ျခင္း၊

အြန္လိုင္းစနစ္ျဖင့္ ထီတိုက္ စစ္ေဆးႏိုင္ရန္ စီစဥ္ေပးျခင္း၊ ၿမိဳ႕ နယ္အခြန္ဦးစီးဌာန႐ုံးမ်ား၌ ထီ ေပါက္စဥ္ကို

အခမဲ့ထုတ္ယူႏိုင္ ရန္ စီစဥ္ေပးထားေၾကာင္း ျပည္ တြင္းအခြန္မ်ားဦးစီးဌာန ၫႊန္ ၾကားေရးမႉး ဦးထြန္းထြန္းေအာင္ ကေျပာသည္။

‘‘အရင္ေခတ္ကာလေတြ ထက္စာရင္ ထီတိုက္ၾကည့္လို႔ရ ႏိုင္မယ့္ အခြင့္အလမ္းေတြပိုမ်ား ေနၿပီ။

တိုက္ရလြယ္ေအာင္လို႔ လည္း ထီေပါက္မဲဂဏန္းေတြကို ႀကီးစဥ္ငယ္လိုက္ စီေပးထား တယ္။

ကိုယ္တိုင္ တကယ္တိုက္ ၾကည့္ရင္ မခက္ပါဘူး’’ဟု ၎က မွတ္ခ်က္ျပဳသည္

။ထီေပါက္မဲ ဆုေငြလာ ေရာက္ထုတ္ယူျခင္းမရွိသည့္ျဖစ္ စဥ္အမ်ားစုသည္ ကိုယ္တိုင္ထီ တိုက္စစ္ျခင္း မရွိျခင္းေၾကာင့္အ ျပင္

ထီလက္မွတ္ေပ်ာက္ဆုံးေသာ ေၾကာင့္လည္းရွိေၾကာင္း ထီ ေရာင္းဝယ္ေရးလုပ္ငန္းလုပ္ကိုင္ ေနသူမ်ားက ဆိုသည္။

ထို႔အျပင္ ထီေပါက္စဥ္ျဖင့္ ကိုယ္တိုင္ ထီလက္မွတ္တိုက္မစစ္ျခင္းေၾကာင့္ ဆုေငြဆုံးရႈံးမႈ သာမက ထီေပါက္မဲ၊ ထီလက္ မွတ္ကို လိမ္လည္ယူေဆာင္ခံရ သည့္ျဖစ္စဥ္မ်ားစြာလည္း

မၾကာ ခဏျဖစ္ေပၚေလ့ရွိသည္။စက္တင္ဘာ ၁ ရက္က ဖြင့္ လွစ္သည့္ ေအာင္ဘာေလထီမွ က်ပ္သိန္း ၃,၀၀၀ ဆုလက္မွတ္ ကို ထီတိုက္ေပးမည္ဆိုကာ

လိမ္ လည္ ယူေဆာင္ခဲ့သည့္ျဖစ္စဥ္ မေကြးတိုင္းတြင္ ေလာေလာ လတ္လတ္ျဖစ္ေပၚခဲ့သည္။အမွန္တကယ္ ထီထိုးထား

သူအမ်ိဳးသမီးက ၎ထီလက္မွတ္ သည္ က်ပ္သိန္း ၃,၀၀၀ ဆုရရွိ ထားသည္ကို ထီဖြင့္ၿပီး ေျခာက္ ရက္အၾကာအထိ မသိရွိခဲ့ဘဲ

သူ စိမ္းတစ္ဦးက ထီတိုက္ေပးမည္ ဆိုကာ ေရာက္ရွိလာၿပီး ေပါက္မဲ ထီလက္မွတ္ကို လိမ္လည္ယူ ေဆာင္ခဲ့ျခင္းျဖစ္သည္။

ထို႔အျပင္ ၂၀၁၄ ခန႔္က က်ပ္ ၂၀၀ တန္ ထီ၏ အျမင့္ဆုံး က်ပ္သိန္း ၁,၅၀၀ ဆု ထီလက္မွတ္ကို ကိုယ္တိုင္တိုက္စစ္ခဲ့ျခင္း မရွိ၍

ထီေပါက္သည္ကိုမသိဘဲ ေက်း႐ြာမ်ားတြင္ ထီလွည့္လည္ေရာင္း သူမ်ားက အဆိုပါထီလက္မွတ္ ကို လိမ္လည္ယူခဲ့သည့္ ျဖစ္ရပ္ လည္းရွိခဲ့ဖူးသည္။

‘‘႐ြာေတြမွာက ထီထိုးၿပီးရင္ အလြယ္ပဲ ေနလိုက္ၾကတယ္။ ေပါက္ရင္ လာအေၾကာင္းၾကား မယ္ေပါ့။

ထီဖြင့္ၿပီး ရက္ေတာ္ ေတာ္ၾကာေတာ့ ထီလွည့္ေရာင္း သူေတြ အိမ္ေရာက္လာၿပီး ထီ တိုက္ေပးမယ္ေျပာတယ္။

ခဏ ေနေတာ့ သူတို႔ျပန္သြားၾကတယ္။ မသကၤာလို႔ ထီလက္မွတ္ ျပန္ၾကည့္ေတာ့ လက္မွတ္တစ္ေစာင္ ေပ်ာက္ေနတယ္။

အဲဒါနဲ႔ ထီ ေပါက္စဥ္ရွာၿပီး တိုက္ၾကည့္တဲ့အခါ က်ပ္ ၅၀,၀၀၀ ဆုေပါက္တဲ့ လက္မွတ္ျဖစ္ေနတယ္’’ ဟု ကိုယ္ တိုင္

ထီလက္မွတ္လိမ္ယူခံရဖူးသူ ပဲခူးတိုင္း ကဝၿမိဳ႕နယ္ ေငြေတာင္ ႐ြာေန ေဒၚအုန္းျမင့္က ေျပာၾကားသည္။

ထို႔ေၾကာင့္ ထီလက္မွတ္ကို ကိုယ္တိုင္တိုက္စစ္ရန္ ထီကံစမ္း သူအားလုံးတာဝန္ရွိၿပီး ထီေပါက္ စဥ္မ်ားကို ေက်း႐ြာေဒသမ်ားအ ထိ

အလြယ္တကူရရွိေအာင္သက္ ဆိုင္ရာက စီစဥ္ေပးသင့္ေၾကာင္း ထီလုပ္ငန္းရွင္အခ်ိဳ႕က အႀကံျပဳ သည္။တြန္းလွည္းျဖင့္ ထီေရာင္းခ် သူ ေျမာက္ဥကၠလာပၿမိဳ႕နယ္မွ

ကိုခ်စ္ေဆြက ထီေရာင္းသူမ်ား၏ အခက္အခဲကို ေအာက္ပါအတိုင္း ေျပာသည္။ ‘‘တိုက္တာေတာ့ အ တတ္ႏိုင္ဆုံးတိုက္ေပးတယ္။

ထီ ထိုးတဲ့သူတခ်ိဳ႕က ဆုေပါက္ၿပီဆို ရင္ ေပးထားတဲ့ဖုန္းက အမွတ္မွား တာလား၊ ဘာလားမသိဘူး။

ဆက္မရတာေတြရွိတယ္။ အစ္ကိုဆို ဆုေသးပဲျဖစ္ျဖစ္ပါ ရသ ေလာက္ေတာ့ အေၾကာင္းၾကားေပးတယ္။

ဆိုင္အေသထိုင္ေရာင္း တဲ့သူေတြဆိုရင္ေတာ့ ဆက္သြယ္ မရလည္း ဆိုင္ေရွ႕မွာ ဘုတ္နဲ႔ ေၾကညာေပးၾကတယ္။ တြန္း လွည္းသမား၊

ကားသမားေတြက် အဲဒီလို ဘယ္လိုလုပ္လို႔ရမလဲ။ ဒီထီထြက္ၿပီး ေနာက္လအတြက္ ထပ္ေရာင္းဖို႔ လုပ္ရေသးတာ ေလ။

တစ္ခါ၊ ႏွစ္ခါ ဆက္မရရင္ သူက ကိုယ့္ကို လက္ဖက္ရည္ဖိုး မေပးခ်င္လို႔ေနမွာဆိုၿပီး ထား လိုက္တာပဲ’’ဟု ေျပာသည္။

လက္ရွိတြင္ ကိုယ္တိုင္ထီ ေပါက္စဥ္ျဖင့္ ထီတိုက္စစ္ျခင္းမရွိ၍ လစဥ္ဆုေငြမ်ားသည္ ထီကံစမ္းသူမ်ားမခံစားရဘဲ ႏိုင္ငံေတာ္ဘ႑ာအတြင္း ဝင္ေရာက္ေနၿပီး

မသမာသူမ်ားအတြက္ ယင္းအေျခအေနကို အသုံးခ် ေကာင္းေနဆဲျဖစ္သည္။‘‘ကိုယ့္အားကိုယ္ကိုးၿပီး ကိုယ္တိုင္ထီတိုက္တာ အေကာင္း ဆုံးပဲ။ စိတ္အခ်ရဆုံးပဲ’’ဟု

ဦး ေစာျမင့္သိန္းက အႀကံျပဳသည္။သို႔ေသာ္ ေဒၚေအးဝင္းကမူ ကိုယ္တိုင္ထီတိုက္ရန္ စိတ္ဝင္စား မႈ နည္းပါးေနဆဲျဖစ္ၿပီး

ဆိုင္က ဆက္သြယ္လာမည့္အခ်ိန္ကိုသာ ေမွ်ာ္လင့္ေနဦးမည္ဟုဆိုသည္။

‘‘ကိုယ္နဲ႔ထိုက္ရင္ ကိုယ္ရ မွာေပါ့’’။ ။

Credit-7Day News Journal

 

Unicodeဖြင့်ဖတ်ရန်

 

ရက်မှာ ထီပေါက်စဉ် ကိုယ်တိုင် မတိုက်ကြသူများ အထူးသတိပြုရန်

 

ထီဖွင့်ရက်မှာ ထီသည်ဖုန်းဆက်တာကိုစောင့်နေကြသူများနဲ့ ထီပေါက်စဉ်ကိုယ်တိုင် မတိုက်ကြသူများ အထူးသတိပြုရန်

မြောက်ဥက္ကလာပမြို့နယ်နေ အသက်(၅၀)အရွယ်ရှိ ဒေါ်အေးဝင်းအဖို့ လွန်ခဲ့သည့် နှစ်(၃၀)ခန့်ကစ၍ လစဉ်အောင်ဘာလေထီကို ကြုံသည့်နေရာတိုင်း၌

ဝယ်ယူကံစမ်းလေ့ ရှိသည်။ထီထိုးပြီး၍ လဆန်းတစ် ရက်ရောက်တိုင်း ထီဆိုင်မှ ထီပေါက်ကြောင်း

လာရောက်အ ကြောင်းကြားမည့်အချိန်ကို စောင့်မျှော်ရသည်မှာ ဒေါ်အေးဝင်းအတွက် ပုံမှန်အလုပ်တစ်ခုလို ဖြစ် နေသည်။

ထီထိုးခဲ့သည့် သက်တမ်း ဆယ်စုနှစ်သုံးစု ကြာပြီဖြစ်သော် လည်း ကိုယ်တိုင်တစ်ကြိမ်မျှ ထီ မတိုက်ခဲ့ဖူးပေ။

‘‘ထီတိုက်လည်း မတိုက် တတ်ဘူး’’ဟု ဒေါ်အေးဝင်းက ဖွင့်ဟသည်။ထို့ကြောင့် ထီပေါက်၊ မ ပေါက်မှာ ထီဆိုင်က အကြောင်း ကြားမှုအပေါ်တွင် မူတည်နေ သည်။

သို့သော် ယခုအချိန်ထိ ထီဆိုင်ထံမှ ဆက်သွယ်ခြင်းမခံရ

ပေ။ဒေါ်အေးဝင်းကဲ့သို့ပင် တာမွေမြို့နယ်နေ ကိုအောင်ထက်လည်း သူဌေးလောင်း မျှော်လင့်ချက်ဖြင့် လစဉ်ထီကံစမ်းလေ့ရှိပြီး ထီပေါက်စဉ်ဖြင့် ကိုယ်တိုင်ထီ တိုက်ဖူးခြင်း မရှိပေ။

‘‘ထီဆိုင်ကနေ ဖုန်းနံပါတ် တောင်းထားတော့ သူတို့ဖုန်း ဆက်ရင် ပေါက်တယ်၊

မဆက် ရင် မပေါက်ဘူးလို့ သတ်မှတ် လိုက်တာပဲ’’ဟု ကိုအောင်ထက် က ပြောသည

်။ထိုသို့ ကိုယ်တိုင်ထီတိုက် ခြင်းမရှိဘဲ ထီဆိုင်၏ အကြောင်း ကြားမှုကိုသာ စောင့်မျှော်လေ့ရှိ သည့် ထီကံစမ်းသူအရေအတွက် မည်မျှရှိသည်ကို

ကိန်းဂဏန်း အတိအကျပြုစုထားခြင်း မရှိ သော်လည်း ထီပေါက်မဲဆုငွေ လာရောက်ထုတ်ယူခြင်း မရှိ၍

နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းယူနေရ သည့် ထီလက်မှတ်အများစုသည် အဆိုပါလူများ၏

ထီလက်မှတ် များ ဖြစ်လေ့ရှိသည်ဟု အောင် ဘာလေသိန်းဆုဌာနခွဲ ညွှန်ကြား ရေးမှူး ဦးကျော်သန့်လွင်က ပြော သည်။

‘‘ဆိုင်က အကြောင်းကြားမှာ ပဲကွာဆိုပြီး ထိုင်စောင့်နေတာ။ ဆိုင်ကလည်း ထီဆုတွေကများ နေတော့ အကြောင်းမကြားဖြစ် ဘူး။

အဲဒီတော့ သူ့ကိုယ်သူ ထီ မပေါက်ဘူးထင်ပြီး လာမထုတ် ဖြစ်တော့ဘူး’’ဟု ၎င်းက ပြော သည်။

ထို့ကြောင့် အောင်ဘာလေ သိန်းဆုဌာနသည် လစဉ်ဆုငွေ လာရောက်ထုတ်ယူခြင်းမရှိ၍ နိုင် ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူနေ

ရမှုများလစဉ်ရှိနေ၍ ထီကံစမ်းသူ များအား ပုံမှန်ထီတိုက်ရန် မကြာ ခဏ နှိုးဆော်ထားသည်။

အောင်ဘာလေသိန်းဆုဌာန သည် လစဉ်ရောင်းချရသည့် ထီ လက်မှတ်တန်ဖိုး၏ ၄၀ ရာခိုင်နှုန်း ကို နိုင်ငံတော်အခွန်ဘဏ္ဍာအဖြစ် ရယူ၍

၆၀ ရာခိုင်နှုန်းကို ဆုငွေအ ဖြစ် ခွဲဝေပေးနေခြင်းဖြစ်သည်။ငွေတန်ဖိုးအားဖြင့် လစဉ် ရောင်းချရသည့်

ထီလက်မှတ် တန်ဖိုး ကျပ်သန်း ၁၈,၀၀၀ ခန့်ရှိ ပြီး ကျပ်သန်း ၇,၀၀၀ ကျော်ကို နိုင်ငံတော်အခွန်ငွေအဖြစ် ရယူ ပြီး

ကျန်ငွေကို ဆုငွေအဖြစ် ခွဲေ၀ ပေးခြင်းဖြစ်သည်။ဆုမဲလက်မှတ်များကို ထီဖွင့်လှစ်ပြီး တစ်နှစ်အတွင်း ထုတ် ယူခြင်းမရှိပါ

က နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူသဖြင့် ထိုမှ ရရှိသည့် ဝင်ငွေသည်လည်း လစဉ် အစိုးရအတွက် မနည်းပေ။

ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ ကျပ် ၅၀၀ တန် ထီဖွင့်လှစ်သည့် (၁)ကြိမ်မြောက်မှ (၆)ကြိမ်မြောက်အထ

ိ ခြောက်လ အတွင်း လာရောက်ထုတ်ယူခြင်း မရှိ၍ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူခဲ့ရသည့် ဆုငွေပမာဏ သည် ကျပ်သန်း ၆,၀၀၀ ကျော်ရှိခဲ့သည်။

ထို့ကြောင့် တစ်လလျှင် ပျမ်းမျှ ကျပ်သန်း ၁,၀၀၀ ရှိနေ ခြင်းဖြစ်သည်။ထီပေါက်မဲလက်မှတ်များ ကို သတ်မှတ်ကာလအတွင်း ထုတ်ယူရန်

အောင်ဘာလေသိန်း ဆုဌာနက မကြာခဏသတိပေး ကြေညာလေ့ရှိသော်လည်း ထီ ပေါက်မဲဆုငွေ လာရောက်ထုတ် ယူခြင်းမရှိသည့် ဖြစ်ရပ်များက လစဉ်ရှိနေဆဲဖြစ်သည

်။ထိုသို့ လာရောက်ထုတ်ယူ ခြင်းမရှိသည့် ဆုမဲလက်မှတ်သည် လစဉ်စောင်ရေ ၁၀,၀၀၀ မှ ၁၅,၀၀၀ ခန့်အထိရှိကြောင်း ပြည် တွင်းအခွန်များဦးစီးဌာန ထုတ် ပြန်ချက်၌ ဖော်ပြထားသည်။

လစဉ်ဆုငွေလာရောက် ထုတ်ယူခြင်းမရှိသည့် ထီလက် မှတ်စောင်ရေ ၁၀,၀၀၀ ကျော် ရှိသော်လည်း (၁)ကြိမ်မြောက်မှ (၆)ကြိမ်မြောက်အထိ

ယင်း လက်မှတ်အရေအတွက်သည် အ နည်းငယ်စီ လျော့ကျခဲ့သည်ကို လည်း တွေ့ရသည်။(၁)ကြိမ်မြောက်၌

ဆုငွေ ထုတ်ယူခြင်းမရှိသည့် ထီလက် မှတ်စောင်ရေသည် ၁၅,၀၀၀ ကျော်၊ (၂)ကြိမ်မြောက်၌ စောင် ရေ ၁၁,၀၀၀ ကျော်၊ (၃)ကြိမ် မြောက်

၌ စောင်ရေ ၁၂,၀၀၀ ကျော်၊ (၄)ကြိမ်မြောက်၌ စောင် ရေ ၁၁,၀၀၀ ကျော်၊ (၅)ကြိမ် မြောက်၌ စောင်ရေ ၁၀,၀၀၀ ကျော်နှင့်

(၆)ကြိမ်မြောက်၌ လည်း စောင်ရေ ၁၀,၀၀၀ ကျော်ရှိခဲ့သည်။

ဆုငွေထုတ်ယူခြင်းမရှိသည့် ထီလက်မှတ်အများစုသည် ကျပ် ၅၀,၀၀၀ နှင့် ကျပ် ၁၀၀,၀၀၀ ဆု မဲလက်မှတ်များဖြစ်သည်

။ပြည်တွင်းအခွန်များဦးစီးဌာန၏ ထုတ်ပြန်ချက်၌ လစဉ်ကျပ် ၅၀,၀၀၀ ဆုငွေလာရောက်ထုတ်ယူခြင်းမရှိသည့် ထီလက်မှတ်စောင်ရေ ၉,၀၀၀ ခန့်ရှိပြီး

ကျပ်တစ်သိန်းဆုသည် လစဉ်စောင်ရေ ၁,၀၀၀ မှ ၅,၀၀၀ ခန့်အထိရှိကြောင်း ဖော်ပြထားသည်။

‘‘ထီဆိုင်တွေက ထီဆုကြီး လောက်ကိုတော့ အလေးထားပြီး ဆက်သွယ်ကြလေ့ရှိတယ်။

ဆုအ သေးကျတော့ ဆက်တော့ဆက် သွယ်တယ်။ ဖုန်းကဆက်သွယ်မှု ပြင်ပဖြစ်တာတို့၊

ဖုန်းနံပါတ်အ မှတ်မှားတာမျိုးဆိုရင် ဆက်သွယ် လို့ မရနိုင်ဘူး’’ဟု သားကောင်း ရတနာထီဆိုင်ပိုင်ရှင် ဦးစောမြင့် သိန်းက ပြောသည်။

ထီအရောင်းကိုယ်စားလှယ် တစ်ဦးက ထီပေါက်မဲလက်မှတ် ကို အခက်အခဲများရှိ၍ ဆက်သွယ်နိုင်ခြင်းမရှိဘဲ လွတ်သွားခြင်းများ မကြာခဏ ဖြစ်ပေါ်လေ့ ရှိသည်ဟုဆိုသည်

။ထီပေါက်ကြောင်း ဆိုင်မှ လာအကြောင်းကြားမည်ဟု ထင် မှတ်ကာ ကိုယ်တိုင်တိုက်မစစ်ဘဲ ထီဖွင့်ပြီး ရက်အနည်းငယ်ကြာပြီး နောက်

ထီတိုက်ကြည့်ရာမှ ကျပ် ၅၀,၀၀၀ ဆု ငါးဆုပေါက်နေသည် ကို သိခဲ့ရကြောင်း ကိုယ်တိုင်ကြုံ ခဲ့ရသည့် ကုမ္ပဏီဝန်ထမ်း မဥမ္မာ ကပြောသည်။

‘‘အဲဒီထီဆိုင်ကို နောက်တစ် ခေါက်ထီသွားထိုးတော့ ထီတိုက် ပေးလားမေးတော့ တိုက်ပေး တယ်တဲ့ ညီမလည်း ပြန်မေးလိုက် တယ်။

အဲဒါဆိုရင် အရင်တစ် ခေါက်က ဒီဆိုင်မှာ ၅၀,၀၀၀ ဆု ငါးဆုပေါက်တာ ဘာလို့အ ကြောင်း မကြားတာလဲမေးတော့ ပြန်မဖြေနိုင်ဘူး’’ဟု ၎င်းကပြော သည်။

ထိုသို့ ထီလက်မှတ်ကို တိုက်စစ်နိုင်ရန် ထီဖွင့်ပြီးနောက်တစ် ရက်၌ နိုင်ငံပိုင်သတင်းစာများတွင် ထီပေါက်စဉ်ကို ထည့်သွင်းပေး ခြင်း၊

အွန်လိုင်းစနစ်ဖြင့် ထီတိုက် စစ်ဆေးနိုင်ရန် စီစဉ်ပေးခြင်း၊ မြို့ နယ်အခွန်ဦးစီးဌာနရုံးများ၌ ထီ ပေါက်စဉ်ကို

အခမဲ့ထုတ်ယူနိုင် ရန် စီစဉ်ပေးထားကြောင်း ပြည် တွင်းအခွန်များဦးစီးဌာန ညွှန် ကြားရေးမှူး ဦးထွန်းထွန်းအောင် ကပြောသည်။

‘‘အရင်ခေတ်ကာလတွေ ထက်စာရင် ထီတိုက်ကြည့်လို့ရ နိုင်မယ့် အခွင့်အလမ်းတွေပိုများ နေပြီ။

တိုက်ရလွယ်အောင်လို့ လည်း ထီပေါက်မဲဂဏန်းတွေကို ကြီးစဉ်ငယ်လိုက် စီပေးထား တယ်။

ကိုယ်တိုင် တကယ်တိုက် ကြည့်ရင် မခက်ပါဘူး’’ဟု ၎င်းက မှတ်ချက်ပြုသည်

။ထီပေါက်မဲ ဆုငွေလာ ရောက်ထုတ်ယူခြင်းမရှိသည့်ဖြစ် စဉ်အများစုသည် ကိုယ်တိုင်ထီ တိုက်စစ်ခြင်း မရှိခြင်းကြောင့်အ ပြင်

ထီလက်မှတ်ပျောက်ဆုံးသော ကြောင့်လည်းရှိကြောင်း ထီ ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင် နေသူများက ဆိုသည်။

ထို့အပြင် ထီပေါက်စဉ်ဖြင့် ကိုယ်တိုင် ထီလက်မှတ်တိုက်မစစ်ခြင်းကြောင့် ဆုငွေဆုံးရှုံးမှု သာမက ထီပေါက်မဲ၊ ထီလက် မှတ်ကို လိမ်လည်ယူဆောင်ခံရ သည့်ဖြစ်စဉ်များစွာလည်း

မကြာ ခဏဖြစ်ပေါ်လေ့ရှိသည်။စက်တင်ဘာ ၁ ရက်က ဖွင့် လှစ်သည့် အောင်ဘာလေထီမှ ကျပ်သိန်း ၃,၀၀၀ ဆုလက်မှတ် ကို ထီတိုက်ပေးမည်ဆိုကာ

လိမ် လည် ယူဆောင်ခဲ့သည့်ဖြစ်စဉ် မကွေးတိုင်းတွင် လောလော လတ်လတ်ဖြစ်ပေါ်ခဲ့သည်။အမှန်တကယ် ထီထိုးထား

သူအမျိုးသမီးက ၎င်းထီလက်မှတ် သည် ကျပ်သိန်း ၃,၀၀၀ ဆုရရှိ ထားသည်ကို ထီဖွင့်ပြီး ခြောက် ရက်အကြာအထိ မသိရှိခဲ့ဘဲ

သူ စိမ်းတစ်ဦးက ထီတိုက်ပေးမည် ဆိုကာ ရောက်ရှိလာပြီး ပေါက်မဲ ထီလက်မှတ်ကို လိမ်လည်ယူ ဆောင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ၂၀၁၄ ခန့်က ကျပ် ၂၀၀ တန် ထီ၏ အမြင့်ဆုံး ကျပ်သိန်း ၁,၅၀၀ ဆု ထီလက်မှတ်ကို ကိုယ်တိုင်တိုက်စစ်ခဲ့ခြင်း မရှိ၍

ထီပေါက်သည်ကိုမသိဘဲ ကျေးရွာများတွင် ထီလှည့်လည်ရောင်း သူများက အဆိုပါထီလက်မှတ် ကို လိမ်လည်ယူခဲ့သည့် ဖြစ်ရပ် လည်းရှိခဲ့ဖူးသည်။

‘‘ရွာတွေမှာက ထီထိုးပြီးရင် အလွယ်ပဲ နေလိုက်ကြတယ်။ ပေါက်ရင် လာအကြောင်းကြား မယ်ပေါ့။

ထီဖွင့်ပြီး ရက်တော် တော်ကြာတော့ ထီလှည့်ရောင်း သူတွေ အိမ်ရောက်လာပြီး ထီ တိုက်ပေးမယ်ပြောတယ်။

ခဏ နေတော့ သူတို့ပြန်သွားကြတယ်။ မသင်္ကာလို့ ထီလက်မှတ် ပြန်ကြည့်တော့ လက်မှတ်တစ်စောင် ပျောက်နေတယ်။

အဲဒါနဲ့ ထီ ပေါက်စဉ်ရှာပြီး တိုက်ကြည့်တဲ့အခါ ကျပ် ၅၀,၀၀၀ ဆုပေါက်တဲ့ လက်မှတ်ဖြစ်နေတယ်’’ ဟု ကိုယ် တိုင်

ထီလက်မှတ်လိမ်ယူခံရဖူးသူ ပဲခူးတိုင်း ကဝမြို့နယ် ငွေတောင် ရွာနေ ဒေါ်အုန်းမြင့်က ပြောကြားသည်။

ထို့ကြောင့် ထီလက်မှတ်ကို ကိုယ်တိုင်တိုက်စစ်ရန် ထီကံစမ်း သူအားလုံးတာဝန်ရှိပြီး ထီပေါက် စဉ်များကို ကျေးရွာဒေသများအ ထိ

အလွယ်တကူရရှိအောင်သက် ဆိုင်ရာက စီစဉ်ပေးသင့်ကြောင်း ထီလုပ်ငန်းရှင်အချို့က အကြံပြု သည်။တွန်းလှည်းဖြင့် ထီရောင်းချ သူ မြောက်ဥက္ကလာပမြို့နယ်မှ

ကိုချစ်ဆွေက ထီရောင်းသူများ၏ အခက်အခဲကို အောက်ပါအတိုင်း ပြောသည်။ ‘‘တိုက်တာတော့ အ တတ်နိုင်ဆုံးတိုက်ပေးတယ်။

ထီ ထိုးတဲ့သူတချို့က ဆုပေါက်ပြီဆို ရင် ပေးထားတဲ့ဖုန်းက အမှတ်မှား တာလား၊ ဘာလားမသိဘူး။

ဆက်မရတာတွေရှိတယ်။ အစ်ကိုဆို ဆုသေးပဲဖြစ်ဖြစ်ပါ ရသ လောက်တော့ အကြောင်းကြားပေးတယ်။

ဆိုင်အသေထိုင်ရောင်း တဲ့သူတွေဆိုရင်တော့ ဆက်သွယ် မရလည်း ဆိုင်ရှေ့မှာ ဘုတ်နဲ့ ကြေညာပေးကြတယ်။ တွန်း လှည်းသမား၊

ကားသမားတွေကျ အဲဒီလို ဘယ်လိုလုပ်လို့ရမလဲ။ ဒီထီထွက်ပြီး နောက်လအတွက် ထပ်ရောင်းဖို့ လုပ်ရသေးတာ လေ။

တစ်ခါ၊ နှစ်ခါ ဆက်မရရင် သူက ကိုယ့်ကို လက်ဖက်ရည်ဖိုး မပေးချင်လို့နေမှာဆိုပြီး ထား လိုက်တာပဲ’’ဟု ပြောသည်။

လက်ရှိတွင် ကိုယ်တိုင်ထီ ပေါက်စဉ်ဖြင့် ထီတိုက်စစ်ခြင်းမရှိ၍ လစဉ်ဆုငွေများသည် ထီကံစမ်းသူများမခံစားရဘဲ နိုင်ငံတော်ဘဏ္ဍာအတွင်း ဝင်ရောက်နေပြီး

မသမာသူများအတွက် ယင်းအခြေအနေကို အသုံးချ ကောင်းနေဆဲဖြစ်သည်။‘‘ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်တိုင်ထီတိုက်တာ အကောင်း ဆုံးပဲ။ စိတ်အချရဆုံးပဲ’’ဟု

ဦး စောမြင့်သိန်းက အကြံပြုသည်။သို့သော် ဒေါ်အေးဝင်းကမူ ကိုယ်တိုင်ထီတိုက်ရန် စိတ်ဝင်စား မှု နည်းပါးနေဆဲဖြစ်ပြီး

ဆိုင်က ဆက်သွယ်လာမည့်အချိန်ကိုသာ မျှော်လင့်နေဦးမည်ဟုဆိုသည်။

‘‘ကိုယ်နဲ့ထိုက်ရင် ကိုယ်ရ မှာပေါ့’’။ ။

Credit-7Day News Journal