Zawgyi ျဖင့္ဖတ္ရန္

 

အခ်စ္ ဆိုတာ လူတိုင္း မျဖစ္မေနထိေတြ႕ခံစားဖူးရမယ့္ အလွပဆံုးနဲ႔ အဓိပၸါယ္အရွိဆံုးအရာပါ။ ဒါေၾကာင့္ ရည္းစားမထားဖူးေသးတဲ့ ဒါမွမဟုတ္ ရည္းစား မထားေတာ့တာ ၾကာေနျပီျဖစ္တဲ့ Single နဲ႔ FA ပ်ိဳေမေလးတို႔အတြက္ ရညး္စားျမန္ျမန္ရႏိုင္မယ့္ နည္းလမး္ေကာင္းေလးေတြရွိပါတယ္။ ဒီနည္းလမ္းေတြကိုလိုက္နာျပီး သင့္ကိုတကယ္ အခ်စ္စစ္ အခ်စ္မွန္ နဲ႔ ခ်စ္ႏိုင္မယ့္ အနာဂတ္လက္တြဲေဖာ္ကို ရရွိပါေစလို႔ ဆုေတာင္းေပးပါတယ္ေနာ္။

(၁) ခ်ဥ္းကပ္ရလြယ္ေအာင္ေနပါ

 

ပထမဆံုးအေနနဲ႔ သင္လုပ္ရမွာက ခ်ဥး္ကပ္ရလြယ္ေအာင္ေနဖို႔ပါပဲ။ ေယာက်္ားေလးေတြ ဒါမွမဟုတ္ သင္ၾကိဳက္တဲ့ ေကာင္ေလးေရွ႕ေရာက္ရင္ ျပံဳးျပံဳးေလးေနတာ၊ စကားကို ခ်ိဳခ်ိဳသာသာ ယဥ္ယဥ္ေက်းေက်းေလးေျပာတာ၊ ရႊင္ရႊင္ပ်ပ်ေလးေနတာမ်ိဳးေတြ လုပ္ေပးရမွာပါ။ ဒါမွသူ႔စိတ္ထဲမွာ သင္ဟာ ခင္မင္စရာအရမ္းေကာင္းတယ္လို႔ ျမင္ျပီး သင့္ကုိ ခ်ဥ္းကပ္ဖို႔ၾကိဳးစားလာၾကမွာျဖစ္ပါတယ္
(၂) ေျမာက္ၾကြေျမာက္ၾကြမလုပ္ပါနဲ႔

 

တစ္ခါတေလ မိနး္ကေလးေတာ္ေတာ္မ်ားမ်ား ျပဳလုပ္မိတတ္တဲ့ အမွားေလးေတြကေတာ့ ကိုယ္သေဘာက်တဲ့ ေကာင္ေလးေရွ႕မွာပဲျဖစ္ျဖစ္၊ ေယာက်ာ္းေလးအမ်ားစုေရွ႕မွာပဲျဖစ္ျဖစ္ ေရာက္သြားတဲ့အခါမွာ စိတ္လႈပ္ရွားျပီး တလြဲေတြ လုပ္ေနမိတာပါပဲ။ ဒါေၾကာင့္သင္သတိထားရမွာက ေယာက်ား္ေလးေတြေရွ႕မွာ ေျမာက္ၾကြေျမာက္ၾကြပံုစံ မလုပ္မိဖို႕ရယ္၊ စြာေတးလန္ပံုစံမလုပ္မိဖို႔ရယ္၊ ႏႈတ္ၾကမ္းအာၾကမ္း နဲ႔ လက္ပါတတ္တဲ့ပံုစံမ်ိဳးမလုပ္မိဖို႔ရယ္၊ စပ္စလူးထတဲ့ပံုစံမလုပ္မိဖို႔ရယ္ အထူးသတိထားပါေနာ္။

(၃) ျပည့္စံုတဲ့သူမရွိပါဘူး

 

သင္သိထားရမွာက ေလာကမွာ ျပည့္စံုတဲ့သူ တစ္ေယာက္မွမရွိပါဘူး။ ဒါေၾကာင့္မို႔လို႔ ႏွဖူးေျပာင္တာ၊ အရပ္ပုတာ၊ ဝက္ျခံေပါက္တာ၊ အသားမည္းတာေတြကအစ လိုက္ျပီး စိတ္တိုင္းမက်ျဖစ္ေနရင္ေတာ့ ဒီတစ္သက္ အခ်စ္စစ္နဲ႔ေတြ႕ရဖုိ႔ မလြယ္ကူပါဘူး။ ဒါေၾကာင့္ အခ်စ္စစ္ဆိုတာ ရုပ္ေခ်ာတာ၊ ဆိုးတာနဲ႔မဆိုင္ဘဲ သင့္ကို စိတ္ရင္းအမွန္နဲ႔ ခ်စ္တဲ့သူျဖစ္ဖို႔သာ တကယ္လိုအပ္ေၾကာင္း သိထားရမွာပါ။ ဒါေၾကာင့္ အေသးအမႊားကအစ အျပစ္မျမင္ပါနဲ႔။ လူတိုင္းမွာ အားနညး္ခ်က္ကိုယ္စီရွိတယ္ဆိုတာ အမွတ္ရပါ။

(၄) သင့္ဖက္ကစသင့္ရင္စရပါမယ္

 

မိန္းကေလးတစ္ေယာက္ကို ေယာက်္ားေလးဖက္ကပဲစလိုက္ရမယ္လို႔ ဘယ္သူက အစျပဳလိုက္လဲေတာ့မသိေပမယ့္ မိန္းကေလးေတာ္ေတာ္မ်ားမာ်းရဲ႕ စိတ္ထဲမွာ အဲဒီ့အယူအဆၾကီးက စြဲေနပါတယ္။ တကယ္ေတာ့ သင္ခ်စ္တဲ့သူ၊ သင္ႏွစ္သက္တဲ့သူရဲ႕ အခ်စ္ကိုရရွိဖို႔ သင့္ဖက္က စသင့္ရင္လညး္ စရပါမယ္။ အိေျႏၵသိကၡာပ်က္ယြင္းျပီး လူေျပာစရာ၊ အထင္ေသးစရာမျဖစ္ရင္ လံုေလာက္ပါျပီ။ သင့္ဖက္က ေျမာင္းသာေကာင္းေကာင္းေဖာက္တတ္ရင္ ေရမစီးမွာေတာ့ မပူပါနဲ႔ေနာ္။

(၅) ကိုယ့္အားကိုယ္ကိုးပါ

လူတစ္ေယာက္ကို ခ်စ္မိျပီဆိုရင္ အရင္ဦးဆံုးေတြးတတ္ၾကတာ ဘယ္သူေအာင္သြယ္ေပးမလဲဆိုတာပါပဲ။ ဒါဟာ တကယ္ကိုမွားတဲ့ အေတြးအေခၚျဖစ္ပါတယ္။ အမွန္တကယ္ေတာ့ သင္ခ်စ္တဲ့သူကို ရေအာင္လုပ္ရမွာ သင့္တာဝန္ပါ။ သင့္ေလာက္ ဘယ္သူမွ စိတ္မခ်ရပါဘူး။ ဒါေၾကာင့္မို႕လို႔ သူမ်ားကိုအားကိုးျပီး သတင္းတေမွ်ာ္ေမွ်ာ္လုပ္ေနမွာထက္စာရင္ေတာ့ ကိုယ့္အားကိုယ္ကိုးျပီး နည္းလမ္းေကာင္းရွာ၊ ျပီးရင္ ခ်ဥ္းကပ္လိုက္တာ အသင့္ေတာ္ဆံုးပါပဲ။

 

Credit-ShweMom

 

Unicode ဖြင့်ဖတ်ရန်

 

အချစ်ဆိုတာ လူတိုင်း မဖြစ်မနေထိတွေ့ခံစားဖူးရမယ့် အလှပဆုံးနဲ့ အဓိပ္ပါယ်အရှိဆုံးအရာပါ။ ဒါကြောင့် ရည်းစားမထားဖူးသေးတဲ့ ဒါမှမဟုတ် ရည်းစားမထားတော့တာ ကြာနေပြီဖြစ်တဲ့ Single နဲ့ FA ပျိုမေလေးတို့အတွက် ရည်းစားမြန်မြန်ရနိုင်မယ့် နည်းလမ်းကောင်းလေးတွေရှိပါတယ်။ ဒီနည်းလမ်းတွေကိုလိုက်နာပြီး သင့်ကိုတကယ်အချစ်စစ် အချစ်မှန်နဲ့ ချစ်နိုင်မယ့် အနာဂတ်လက်တွဲဖော်ကို ရရှိပါစေလို့ ဆုတောင်းပေးပါတယ်နော်။
(၁) ချဉ်းကပ်ရလွယ်အောင်နေပါ

ပထမဆုံးအနေနဲ့ သင်လုပ်ရမှာက ချဥ်းကပ်ရလွယ်အောင်နေဖို့ပါပဲ။ ယောကျ်ားလေးတွေ ဒါမှမဟုတ် သင်ကြိုက်တဲ့ ကောင်လေးရှေ့ရောက်ရင် ပြုံးပြုံးလေးနေတာ၊ စကားကို ချိုချိုသာသာ ယဉ်ယဉ်ကျေးကျေးလေးပြောတာ၊ ရွှင်ရွှင်ပျပျလေးနေတာမျိုးတွေ လုပ်ပေးရမှာပါ။ ဒါမှသူ့စိတ်ထဲမှာ သင်ဟာ ခင်မင်စရာအရမ်းကောင်းတယ်လို့ မြင်ပြီး သင့်ကို ချဉ်းကပ်ဖို့ကြိုးစားလာကြမှာဖြစ်ပါတယ်
(၂) မြောက်ကြွမြောက်ကြွမလုပ်ပါနဲ့

တစ်ခါတလေ မိန်းကလေးတော်တော်များများ ပြုလုပ်မိတတ်တဲ့ အမှားလေးတွေကတော့ ကိုယ်သဘောကျတဲ့ ကောင်လေးရှေ့မှာပဲဖြစ်ဖြစ်၊ ယောကျာ်းလေးအများစုရှေ့မှာပဲဖြစ်ဖြစ် ရောက်သွားတဲ့အခါမှာ စိတ်လှုပ်ရှားပြီး တလွဲတွေ လုပ်နေမိတာပါပဲ။ ဒါကြောင့်သင်သတိထားရမှာက ယောကျာ်းလေးတွေရှေ့မှာ မြောက်ကြွမြောက်ကြွပုံစံ မလုပ်မိဖို့ရယ်၊ စွာတေးလန်ပုံစံမလုပ်မိဖို့ရယ်၊ နှုတ်ကြမ်းအာကြမ်း နဲ့ လက်ပါတတ်တဲ့ပုံစံမျိုးမလုပ်မိဖို့ရယ်၊ စပ်စလူးထတဲ့ပုံစံမလုပ်မိဖို့ရယ် အထူးသတိထားပါနော်။

(၃) ပြည့်စုံတဲ့သူမရှိပါဘူး

သင်သိထားရမှာက လောကမှာ ပြည့်စုံတဲ့သူ တစ်ယောက်မှမရှိပါဘူး။ ဒါကြောင့်မို့လို့ နှဖူးပြောင်တာ၊ အရပ်ပုတာ၊ ဝက်ခြံပေါက်တာ၊ အသားမည်းတာတွေကအစ လိုက်ပြီး စိတ်တိုင်းမကျဖြစ်နေရင်တော့ ဒီတစ်သက် အချစ်စစ်နဲ့တွေ့ရဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် အချစ်စစ်ဆိုတာ ရုပ်ချောတာ၊ ဆိုးတာနဲ့မဆိုင်ဘဲ သင့်ကို စိတ်ရင်းအမှန်နဲ့ ချစ်တဲ့သူဖြစ်ဖို့သာ တကယ်လိုအပ်ကြောင်း သိထားရမှာပါ။ ဒါကြောင့် အသေးအမွှားကအစ အပြစ်မမြင်ပါနဲ့။ လူတိုင်းမှာ အားနည်းချက်ကိုယ်စီရှိတယ်ဆိုတာ အမှတ်ရပါ။
(၄) သင့်ဖက်ကစသင့်ရင်စရပါမယ်

မိန်းကလေးတစ်ယောက်ကို ယောကျ်ားလေးဖက်ကပဲစလိုက်ရမယ်လို့ ဘယ်သူက အစပြုလိုက်လဲတော့မသိပေမယ့် မိန်းကလေးတော်တော်များမာျးရဲ့ စိတ်ထဲမှာ အဲဒီ့အယူအဆကြီးက စွဲနေပါတယ်။ တကယ်တော့ သင်ချစ်တဲ့သူ၊ သင်နှစ်သက်တဲ့သူရဲ့ အချစ်ကိုရရှိဖို့ သင့်ဖက်က စသင့်ရင်လည်း စရပါမယ်။ အိန္ဒြေသိက္ခာပျက်ယွင်းပြီး လူပြောစရာ၊ အထင်သေးစရာမဖြစ်ရင် လုံလောက်ပါပြီ။ သင့်ဖက်က မြောင်းသာကောင်းကောင်းဖောက်တတ်ရင် ရေမစီးမှာတော့ မပူပါနဲ့နော်။

(၅) ကိုယ့်အားကိုယ်ကိုးပါ

လူတစ်ယောက်ကို ချစ်မိပြီဆိုရင် အရင်ဦးဆုံးတွေးတတ်ကြတာ ဘယ်သူအောင်သွယ်ပေးမလဲဆိုတာပါပဲ။ ဒါဟာ တကယ်ကိုမှားတဲ့ အတွေးအခေါ်ဖြစ်ပါတယ်။ အမှန်တကယ်တော့ သင်ချစ်တဲ့သူကို ရအောင်လုပ်ရမှာ သင့်တာဝန်ပါ။ သင့်လောက် ဘယ်သူမှ စိတ်မချရပါဘူး။ ဒါကြောင့်မို့လို့ သူများကိုအားကိုးပြီး သတင်းတမျှော်မျှော်လုပ်နေမှာထက်စာရင်တော့ ကိုယ့်အားကိုယ်ကိုးပြီး နည်းလမ်းကောင်းရှာ၊ ပြီးရင် ချဉ်းကပ်လိုက်တာ အသင့်တော်ဆုံးပါပဲ။

Credit-ShweMom