Zawgyiျဖင့္ဖတ္ရန္

 

ေၾကာ္ျငာမင္းသမီးေလး ယြန္းဝတီလြင္မိုးကေတာ့ အိမ္ေထာင္က်ၿပီးေနာက္ပိုင္းမွာလည္း အႏုပညာအလုပ္ေတြကို ဆက္လက္လုပ္ကိုင္ေနတာ ေတြ႕ရပါတယ္။ ခ်စ္စရာေကာင္းတဲ့ အျပဳအမူေလးေတြေၾကာင့္ ပရိသတ္ေတြရဲ႕အသည္းစြဲျဖစ္တဲ့ ယြန္းက ေခးေမေမျဖစ္ေပမယ့္လည္း အရင္ကလိုအလွမပ်က္ဘဲ တစ္ေန႔တစ္ျခား ပိုတိုးလွလာတာ ေတြ႕ရပါတယ္။ လတ္တေလာမွာေတာ့ ယြန္းက သူမခ်စ္ရတဲ့ Liam ေလးတို႔သားအဖနဲ႔အတူ သာယာတဲ့မိသားစုဘဝေလးကို တည္ေဆာက္ထားတာ ျဖစ္ပါတယ္။

အခုရက္ပိုင္းမွာေတာ့ ယြန္းက Cosemtic ေၾကာ္ျငာေလးေတြ ႐ိုက္ကူးေနရၿပီး ပြဲအခမ္းအနားေလးေတြလည္း တက္ေရာက္ေနရပါတယ္။ မၾကာခင္မွာေတာ့ ယြန္းက ၾသစေတးလ်မွာ ဘြဲ႕ယူဖို႔အတြက္ ေက်ာင္းသြားတက္ရေတာ့မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ သူမခ်စ္ရတဲ့သားေလးကိုေတာ့ ဘြားဘြားေမသူနဲ႔အတူ ထားခဲ့ရမွာျဖစ္ၿပီး သူမအေနနဲ႔ သားေလးေမ့သြားမွာစိတ္ပူေနရတယ္လို႔ သိရပါတယ္။ အခုလက္ရွိမွာေတာ့ ယြန္းတို႔မိသားစုေလးက စုံစုံလင္လင္နဲ႔ အားက်ခ်င္စရာေကာင္းေလာက္ေအာင္ ေပ်ာ္႐ႊင္ေနတာေတြ႕ရပါတယ္။

အခုလည္း ယြန္းက သူမရဲ႕ My Story မွာ ေခါင္းေလွ်ာ္ၿပီးကာစ သူမရဲ႕ဆံႏြယ္ေလးေတြကို ခင္ပြန္းက Hair Dryer နဲ႔ ေျခာက္ေအာင္ျပဳလုပ္ေပးေနတာကို ” When i was just thinking It’s so romantic” ဆိုၿပီး တင္ခဲ့ပါတယ္။ ဒါ့အျပင္ Liam ေလးကို ေပါင္ေပၚမွာတင္ၿပီး တစိမ့္စိမ့္ထိုင္ၾကည့္ေနတဲ့ ခင္ပြန္းကိုလည္း ယြန္းက ေဘးကေနၾကည့္ရင္း ပီတိအၿပဳံးေလးေတြ ေဝဆာေနတာလည္း ေတြ႕ရပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ ယြန္းတို႔မိသားစုေလးရဲ႕ ၾကည္ႏူးစရာေကာင္းတဲ့ ဗီဒီယိုဖိုင္ေလးကို ေအာက္မွာတင္ဆက္ေပးလိုက္ပါတယ္ေနာ္။

Source:Yun Waddy Lwin Moe;

Credit: Myanmarload

Posted by Phue Phue on Thursday, November 22, 2018

Unicodeဖြင့်ဖတ်ရန်

 

ဇနီးနဲ့သားလေးအပေါ် ဂရုတစိုက်နဲ့ တာဝန်ကျေတဲ့ ခင်ပွန်းကောင်းကိုပိုင်ဆိုင်ထားလို့ ကြည်နူးပီတိတွေဖြာနေတဲ့ ယွန်းဝတီလွင်မိုး

 

ကြော်ငြာမင်းသမီးလေး ယွန်းဝတီလွင်မိုးကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတာ တွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကြောင့် ပရိသတ်တွေရဲ့အသည်းစွဲဖြစ်တဲ့ ယွန်းက ခေးမေမေဖြစ်ပေမယ့်လည်း အရင်ကလိုအလှမပျက်ဘဲ တစ်နေ့တစ်ခြား ပိုတိုးလှလာတာ တွေ့ရပါတယ်။ လတ်တလောမှာတော့ ယွန်းက သူမချစ်ရတဲ့ Liam လေးတို့သားအဖနဲ့အတူ သာယာတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။

အခုရက်ပိုင်းမှာတော့ ယွန်းက Cosemtic ကြော်ငြာလေးတွေ ရိုက်ကူးနေရပြီး ပွဲအခမ်းအနားလေးတွေလည်း တက်ရောက်နေရပါတယ်။ မကြာခင်မှာတော့ ယွန်းက သြစတေးလျမှာ ဘွဲ့ယူဖို့အတွက် ကျောင်းသွားတက်ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် သူမချစ်ရတဲ့သားလေးကိုတော့ ဘွားဘွားမေသူနဲ့အတူ ထားခဲ့ရမှာဖြစ်ပြီး သူမအနေနဲ့ သားလေးမေ့သွားမှာစိတ်ပူနေရတယ်လို့ သိရပါတယ်။ အခုလက်ရှိမှာတော့ ယွန်းတို့မိသားစုလေးက စုံစုံလင်လင်နဲ့ အားကျချင်စရာကောင်းလောက်အောင် ပျော်ရွှင်နေတာတွေ့ရပါတယ်။

အခုလည်း ယွန်းက သူမရဲ့ My Story မှာ ခေါင်းလျှော်ပြီးကာစ သူမရဲ့ဆံနွယ်လေးတွေကို ခင်ပွန်းက Hair Dryer နဲ့ ခြောက်အောင်ပြုလုပ်ပေးနေတာကို ” When i was just thinking It’s so romantic” ဆိုပြီး တင်ခဲ့ပါတယ်။ ဒါ့အပြင် Liam လေးကို ပေါင်ပေါ်မှာတင်ပြီး တစိမ့်စိမ့်ထိုင်ကြည့်နေတဲ့ ခင်ပွန်းကိုလည်း ယွန်းက ဘေးကနေကြည့်ရင်း ပီတိအပြုံးလေးတွေ ဝေဆာနေတာလည်း တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ယွန်းတို့မိသားစုလေးရဲ့ ကြည်နူးစရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Yun Waddy Lwin Moe;

Credit: Myanmarload