Zawgyiဖြင့်ဖတ်ရန်

 

ရော်နယ်ဒိုဟာ ကစားသမားဘ၀မှာ ဝေဖန်မှုတွေ အကြိမ်ကြိမ် ခံခဲ့ရပေမယ့် အဲ့ဒီဝေဖန်မှုတွေကို အချိန်တန်ရင် တိတ်ဆိတ်သွားအောင် စွမ်းဆောင်ပြနိုင်ခဲ့သူပါ။ ဒါ့ပြင် သူ့ရဲ့မဟာပြိုင်ဘက် မက်ဆီနဲ့နှိုင်းယှဉ် ခံခဲ့ရတဲ့အခါမှာ မက်ဆီပိုကောင်းတယ်လို့ ပြောကြားခဲ့တဲ့ သူတွေကိုလဲ သူကတော့ ခြေစွမ်းတွေနဲ့သာ တုံ့ပြန်ပြသွားခဲ့ပါတယ်။

မက်ဆီပိုကောင်းတယ်လို့ မှတ်ချက်ပြုခဲ့ဖူးတဲ့ အီဗရာဟီမိုဗစ်ခ်ျကိုလဲ ပေါ်တူဂီနဲ့ဆွီဒင် ကစားခဲ့တဲ့ပွဲမှာ ရော်နယ်ဒိုက ဟက်ထရစ်သွင်းပြီး မိုဗစ်ခ်ျကို တိတ်ဆိတ်သွားအောင် လုပ်ပြနိုင်ခဲ့သလို မက်ဆီကို ချီးကျူးစကား အမြဲဆိုလေ့ရှိတဲ့ ဂွါဒီယာရဲ့ ဘိုင်ယန်မြူးနစ်နဲ့ အတွေ့မှာလဲ ရော်နယ်ဒိုက ဂိုးတွေသွင်းပြီး သက်သေပြခဲ့ပြန်ပါတယ်။

ဒါ့ပြင်ဒီလိုသက်သေပြခဲ့ဖူးတဲ့ အခြားသော ဖြစ်ရပ်တွေကလဲ ရှိနေပါသေးတယ်။ အဲ့ဒါတွေကတော့ အာစင်ဝင်းဂါး၊ ပီကေး၊ ဆီမြွန်နီတို့ကိုလဲ အဲ့လိုပုံစံမျိုးတွေနဲ့ပဲ တုံ့ပြန်ပြခဲ့တာပါ။ အောက်ကဗီဒီယိုကတော့ မက်ဆီပိုကောင်းတယ်လို့ ပြောခဲ့တဲ့သူတွေကို ရော်နယ်ဒို ဘယ်လိုတုံ့ပြန်ခဲ့လဲဆိုတာ မှတ်တမ်းတင် စုစည်းထားတဲ့ ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ၀င်ရောက်ကြည့်ရှု လိုက်ပါဦးနော်။

Credit:momolay