Zawgyiျဖင့္ဖတ္ရန္

 

မိုက္ကယ္ဂ်က္ဆန္နဲ႔ ဇနီးေဟာင္း ဒက္ဘီ ရို၀ီတို႔ရဲ႕ အသက္(၂၀) ႏွစ္အရြယ္ သမီးျဖစ္သူ ပဲရစ္ဂ်က္ဆန္ဟာ သူမအသက္(၁၁)ႏွစ္ အရြယ္ကတည္းက ဖခင္ျဖစ္သူကို ဆံုးရံႈးခဲ့ရတာပါ။ ပဲရစ္ရဲ႕ အင္တာဗ်ဴးတစ္ခုမွာ ေျဖဆိုထားပံုအရလည္း သူမဟာ မိုက္ကယ္ရဲ႕ သမီးရင္း မဟုတ္ဘူးလို႔ ေ၀ဖန္ခံခဲ့ရပါတယ္။ သူမရဲ႕ ျဖဴေဖြးတဲ့ အသားအေရ၊ ေရႊေရာင္ဆံႏြယ္ေတြနဲ႔ ျဖဴေဖ်ာ့တဲ့မ်က္လံုးေတြဟာ မုိုက္ကယ္ရဲ႕ မိသားစုနဲ႔ တစ္ခုမွကို နီးစပ္မႈ မရွိတာပါ။ ဒါေၾကာင့္ မိုက္ကယ္ဂ်က္ဆန္ရဲ႕ သမီးဆိုတာ ယံုရခက္ခက္ပါပဲ။ ဒါေပမယ့္လည္း ပဲရစ္က သူမဟာ ဘာပဲျဖစ္ျဖစ္ မုိက္ကယ္ရဲ႕ သမီးသာျဖစ္တယ္လို႔ ဆိုပါတယ္။

ဖခင္ျဖစ္သူ မိုက္ကယ္ဂ်က္ဆန္ဟာ သူမကို “သမီးက လူမည္းေနာ္။ ကိုယ့္အမ်ိဳးအႏြယ္ကို ဂုဏ္ယူတတ္ရမယ္။” လို႔ မၾကာခဏ ေျပာေလ့ရွိေၾကာငး္ ပဲရစ္က ေျပာျပပါတယ္။ “သူက ကြ်န္မရဲ႕ ေဖေဖပါ။ အျမဲတမ္းကြ်န္မရဲ႕ အေဖျဖစ္ေနမွာပါ။ အရင္တုန္းကေရာ အခုေရာ ေနာက္ေရာပဲ ကြ်န္မေဖေဖက သူပါပဲ။ ေဖေဖ့ကို ေကာင္းေကာင္းသိတဲ့သူတိုင္းကေတာ့ ကြ်န္မဆီမွာ ေဖေဖ့ရဲ႕ အရိပ္အေယာင္ေတြကို ျမင္ရတတ္တယ္လို႔ ေျပာၾကပါတယ္။” လို႔ သူမက ဆိုပါေသးတယ္။

ပဲရစ္က သူမဟာ မိုက္ကယ္ဂ်က္ဆန္ရဲ႕ သမီးျဖစ္ေသာ္ျငားလည္း သူမရဲ႕ ကေလးဘ၀ကေတာ့ သာမန္ပါပဲလို႔ ဆိုပါတယ္။ ေက်ာင္းစာေတာ္ဖို႔ လိုအပ္တဲ့အျပင္ စာရတဲ့အခါမွ အိမ္မွာ ရုပ္ရွင္ၾကည့္ခြင့္ေပးတာ၊ တိရစာၦန္ရံု လိုက္ျပတာေတြကို လုပ္ေပးတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ သူမအသက္(၈) ႏွစ္မွာ မဂၢဇင္းမ်က္ႏွာဖံုးတစ္ခုက အမ်ိဳးသမီးတစ္ဦးကို အသည္းအသန္ၾကိဳက္ေနခဲ့ရာ ဖခင္က တျခားမိဘေတြလို ဆူတာ ပူတာမ်ိဳးမရွိပဲ သူမကို စေနာက္ခဲ့ေၾကာင္း၊ ဖခင္ဟာ သေဘာထားၾကီးသူျဖစ္ေၾကာင္း ပဲရစ္က ဆိုပါတယ္။

“ေဖေဖ့ရဲ႕ အဓိကရည္ရြယ္ခ်က္က ကြ်န္မတုိ႔ကို ပညာတတ္ေအာင္ သင္ေပးမယ္၊ အစြမ္းကုန္ခ်စ္ေပးမယ္။ ဒါပါပဲ။” လို႔ဆိုခဲ့တဲ့အျပင္ သူမဟာ ေဆးသံုးခဲ့ဖူးေၾကာင္းနဲ႔ ကိုယ့္ကိုကိုယ္ေသေၾကာင္းၾကံစည္ဖို႔ကိုပါ အၾကိမ္ေပါင္းမ်ားစြာ ၾကိဳးစားခဲ့ဖူးေၾကာင္းတို႔ကိုပါ ဖြင့္ဟသြားခဲ့ပါတယ္။

Credit:လင္းလင္း (ShweMom)

Ref: thebuddy

 

Unicodeဖြင့်ဖတ်ရန်

 

ကိုယ်တိုင် လူမည်းလို့ခံယူထားကြောင်း ပြောပြလိုက်တဲ့ မိုက်ကယ်ဂျက်ဆန်ရဲ့ သမီး

 

မိုက်ကယ်ဂျက်ဆန်နဲ့ ဇနီးဟောင်း ဒက်ဘီ ရိုဝီတို့ရဲ့ အသက်(၂၀) နှစ်အရွယ် သမီးဖြစ်သူ ပဲရစ်ဂျက်ဆန်ဟာ သူမအသက်(၁၁)နှစ် အရွယ်ကတည်းက ဖခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရတာပါ။ ပဲရစ်ရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုထားပုံအရလည်း သူမဟာ မိုက်ကယ်ရဲ့ သမီးရင်း မဟုတ်ဘူးလို့ ဝေဖန်ခံခဲ့ရပါတယ်။ သူမရဲ့ ဖြူဖွေးတဲ့ အသားအရေ၊ ရွှေရောင်ဆံနွယ်တွေနဲ့ ဖြူဖျော့တဲ့မျက်လုံးတွေဟာ မိုက်ကယ်ရဲ့ မိသားစုနဲ့ တစ်ခုမှကို နီးစပ်မှု မရှိတာပါ။ ဒါကြောင့် မိုက်ကယ်ဂျက်ဆန်ရဲ့ သမီးဆိုတာ ယုံရခက်ခက်ပါပဲ။ ဒါပေမယ့်လည်း ပဲရစ်က သူမဟာ ဘာပဲဖြစ်ဖြစ် မိုက်ကယ်ရဲ့ သမီးသာဖြစ်တယ်လို့ ဆိုပါတယ်။

ဖခင်ဖြစ်သူ မိုက်ကယ်ဂျက်ဆန်ဟာ သူမကို “သမီးက လူမည်းနော်။ ကိုယ့်အမျိုးအနွယ်ကို ဂုဏ်ယူတတ်ရမယ်။” လို့ မကြာခဏ ပြောလေ့ရှိကြောင်း ပဲရစ်က ပြောပြပါတယ်။ “သူက ကျွန်မရဲ့ ဖေဖေပါ။ အမြဲတမ်းကျွန်မရဲ့ အဖေဖြစ်နေမှာပါ။ အရင်တုန်းကရော အခုရော နောက်ရောပဲ ကျွန်မဖေဖေက သူပါပဲ။ ဖေဖေ့ကို ကောင်းကောင်းသိတဲ့သူတိုင်းကတော့ ကျွန်မဆီမှာ ဖေဖေ့ရဲ့ အရိပ်အယောင်တွေကို မြင်ရတတ်တယ်လို့ ပြောကြပါတယ်။” လို့ သူမက ဆိုပါသေးတယ်။

ပဲရစ်က သူမဟာ မိုက်ကယ်ဂျက်ဆန်ရဲ့ သမီးဖြစ်သော်ငြားလည်း သူမရဲ့ ကလေးဘဝကတော့ သာမန်ပါပဲလို့ ဆိုပါတယ်။ ကျောင်းစာတော်ဖို့ လိုအပ်တဲ့အပြင် စာရတဲ့အခါမှ အိမ်မှာ ရုပ်ရှင်ကြည့်ခွင့်ပေးတာ၊ တိရစ္ဆာန်ရုံ လိုက်ပြတာတွေကို လုပ်ပေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူမအသက်(၈) နှစ်မှာ မဂ္ဂဇင်းမျက်နှာဖုံးတစ်ခုက အမျိုးသမီးတစ်ဦးကို အသည်းအသန်ကြိုက်နေခဲ့ရာ ဖခင်က တခြားမိဘတွေလို ဆူတာ ပူတာမျိုးမရှိပဲ သူမကို စနောက်ခဲ့ကြောင်း၊ ဖခင်ဟာ သဘောထားကြီးသူဖြစ်ကြောင်း ပဲရစ်က ဆိုပါတယ်။

“ဖေဖေ့ရဲ့ အဓိကရည်ရွယ်ချက်က ကျွန်မတို့ကို ပညာတတ်အောင် သင်ပေးမယ်၊ အစွမ်းကုန်ချစ်ပေးမယ်။ ဒါပါပဲ။” လို့ဆိုခဲ့တဲ့အပြင် သူမဟာ ဆေးသုံးခဲ့ဖူးကြောင်းနဲ့ ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်ဖို့ကိုပါ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ဖူးကြောင်းတို့ကိုပါ ဖွင့်ဟသွားခဲ့ပါတယ်။

Credit:လင်းလင်း (ShweMom)

Ref: thebuddy