Zawgyiျဖင့္ဖတ္ရန္

 

ကၽြန္ေတာ္တို႕ ခ်စ္ခင္ရတဲ့ စမက္ေဒါင္းမင္းသားၾကီး ဂၽြန္ဆီနာအေနနဲ႔ ဇာတ္ကားရိုက္ကူးမႈေတြကို ဇာတ္တိုက္ဆိုသလို ျပဳလုပ္ေနျပီး လက္ရွိမွာေတာ့ ေခါင္းေဆာင္ဇာတ္လိုက္အျဖစ္ ထရန္စေဖာ္မာဇာတ္ကားထဲက ဇာတ္ေကာင္ ဘမ္ဘယ္ဘီးအေၾကာင္းကို ဇာတ္အိမ္တည္ရိုက္ထားတဲ့ ‘Bumblebee’ ဇာတ္ကားမွာ ပါ၀င္သရုပ္ေဆာင္ထားတယ္လို႔ သိရပါတယ္။

ဘမ္ဘယ္ဘီးဟာ ထရန္စေဖာ္မာ ဇာတ္ကားေတြ မတိုင္ခင္ ေခတ္ကာလတစ္ခုကအေျခေနကို ဇာတ္အိမ္တည္ရိုက္ထားတဲ့ science fiction action film အမ်ိဳးအစား Prequel ျဖစ္ျပီး သိပၸံအက္ရွင္ ၾကိဳက္နွစ္သက္သူေတြအတြက္ တကယ့္ကို ေကာင္းမြန္တဲ့ ဇာတ္ကားေကာင္းတစ္ခုပါ။ ဘမ္ဘယ္ဘီးအေနနဲ႔ကေတာ့ ထရန္စေဖာ္မာခ်စ္သူေတြနဲ႔ မစိမ္းေပမယ့္ သူ႔တစ္ေယာက္တည္းကို ကြက္ျပီး ဇာတ္အိမ္တည္တဲ့ အခါမွာ ျဖစ္ႏုိင္ပါမလားလို႔ေတြးခဲ့ၾကပါတယ္။

တကယ္တမ္းရိုက္ခဲ့ျပီး ထေရလာထြက္လာတဲ့အခါမွာ အံ့အားသင့္စရာေကာင္းခဲ့သလို မင္းသမီးကလည္း Pitch Perfect (2)နဲ႔(3)က Hailee Steinfeld အေကာင္းဆံုး သရုပ္ေဆာင္ခဲ့တာေၾကာင့္ ပရိသတ္ေတြ စိတ္ေအးခဲ့ရျပန္ပါတယ္။ ဒါရိုက္တာကေတာ့ Travis Andrew Knight လက္စြမ္းျပခဲ့ျပီး ပထမ ထရန္စေဖာ္မာ ဇာတ္လမ္းရဲ႕ ဒါရိုက္တာေတြ မသံုးခဲ့တာက စိတ္၀င္စားစရာပါပဲ။

(၂၀၁၇) ဇူလိုင္ (၃၁)ရက္ေန႕က စရုိက္ခဲ့တဲ့ ဘမ္ဘယ္ဘီးဟာ ရံုတင္ရက္ကိုေတာ့ ဒီဇင္ဘာလ (၂၁) (၂၀၁၈)ရက္ေန႔ အျဖစ္ ရံုတင္သြားမယ္လို႔ သိရပါတယ္။ ဂၽြန္ဆီနာအေနနဲ႔ကေတာ့ စိတ္လႈပ္ရွားေနျပီး ပထမဆံုး သိပၸံ အက္ရွင္ ဇာတ္ၾကမ္း ျဖစ္တာေၾကာင့္ ရင္ခုန္ေနမိပါတယ္လို႔ ေျပာထားပါတယ္။

Aung Bwa

Credit:MyanmarNote

 

Unicodeဖြင့်ဖတ်ရန်

 

ဂျွန်ဆီနာ အဓိကနေရာကပါဝင်ထားတဲ့ ထရန်စဖော်မာဇာတ်ကောင် ဘမ်ဘယ်ဘီးဇာတ်ကား

 

ကျွန်တော်တို့ ချစ်ခင်ရတဲ့ စမက်ဒေါင်းမင်းသားကြီး ဂျွန်ဆီနာအနေနဲ့ ဇာတ်ကားရိုက်ကူးမှုတွေကို ဇာတ်တိုက်ဆိုသလို ပြုလုပ်နေပြီး လက်ရှိမှာတော့ ခေါင်းဆောင်ဇာတ်လိုက်အဖြစ် ထရန်စဖော်မာဇာတ်ကားထဲက ဇာတ်ကောင် ဘမ်ဘယ်ဘီးအကြောင်းကို ဇာတ်အိမ်တည်ရိုက်ထားတဲ့ ‘Bumblebee’ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

ဘမ်ဘယ်ဘီးဟာ ထရန်စဖော်မာ ဇာတ်ကားတွေ မတိုင်ခင် ခေတ်ကာလတစ်ခုကအခြေနေကို ဇာတ်အိမ်တည်ရိုက်ထားတဲ့ science fiction action film အမျိုးအစား Prequel ဖြစ်ပြီး သိပ္ပံအက်ရှင် ကြိုက်နှစ်သက်သူတွေအတွက် တကယ့်ကို ကောင်းမွန်တဲ့ ဇာတ်ကားကောင်းတစ်ခုပါ။ ဘမ်ဘယ်ဘီးအနေနဲ့ကတော့ ထရန်စဖော်မာချစ်သူတွေနဲ့ မစိမ်းပေမယ့် သူ့တစ်ယောက်တည်းကို ကွက်ပြီး ဇာတ်အိမ်တည်တဲ့ အခါမှာ ဖြစ်နိုင်ပါမလားလို့တွေးခဲ့ကြပါတယ်။

တကယ်တမ်းရိုက်ခဲ့ပြီး ထရေလာထွက်လာတဲ့အခါမှာ အံ့အားသင့်စရာကောင်းခဲ့သလို မင်းသမီးကလည်း Pitch Perfect (2)နဲ့(3)က Hailee Steinfeld အကောင်းဆုံး သရုပ်ဆောင်ခဲ့တာကြောင့် ပရိသတ်တွေ စိတ်အေးခဲ့ရပြန်ပါတယ်။ ဒါရိုက်တာကတော့ Travis Andrew Knight လက်စွမ်းပြခဲ့ပြီး ပထမ ထရန်စဖော်မာ ဇာတ်လမ်းရဲ့ ဒါရိုက်တာတွေ မသုံးခဲ့တာက စိတ်ဝင်စားစရာပါပဲ။

(၂၀၁၇) ဇူလိုင် (၃၁)ရက်နေ့က စရိုက်ခဲ့တဲ့ ဘမ်ဘယ်ဘီးဟာ ရုံတင်ရက်ကိုတော့ ဒီဇင်ဘာလ (၂၁) (၂၀၁၈)ရက်နေ့ အဖြစ် ရုံတင်သွားမယ်လို့ သိရပါတယ်။ ဂျွန်ဆီနာအနေနဲ့ကတော့ စိတ်လှုပ်ရှားနေပြီး ပထမဆုံး သိပ္ပံ အက်ရှင် ဇာတ်ကြမ်း ဖြစ်တာကြောင့် ရင်ခုန်နေမိပါတယ်လို့ ပြောထားပါတယ်။

Aung Bwa

Credit:MyanmarNote

LEAVE A REPLY