Zawgyiဖြင့်ဖတ်ရန်

 


#သဘောထားသေးသိမ်






#ကတိမတည်




#အမြဲဆင်ခြေပေး


#အမြဲရန်ဖြစ်




Credit:Em Em(Auntymay)

 

Unicodeဖြင့်ဖတ်ရန်

 

ဒီလိုအမူအကျင့်ရှိတဲ့ ယောက်ျားမျိုးကို လုံး၀ လက်မထပ်သင့်..

 

ချစ်သူထားတော့မယ်ဆိုရင်ပဲ ဖြစ်ဖြစ်၊လက်ရှိကိုယ်တွဲနေတဲ့သူကို လက်ထပ်ဖို့ သင့်၊မသင့်စဉ်းစားနေတဲ့ပျိုမေတို့အတွက်စဉ်းစားရလွယ်ဖို့အတွက်ကူညီပေး ချင်ပါတယ်။ဒီလူဟာ ကိုယ့်အတွက်အဆင်ပြေတဲ့ လက်တွဲဖော် ဖြစ်နိုင်၊မနိုင်ကို သိနိုင်ဖို့အတွက်သူ့ရဲ့အမူအကျင့်နဲ့စရိုက်ကို လေ့လာပါ။အောက်မှာ ဖော်ပြထား တဲ့အချက်တွေကိုဒီလူ့မှာ တွေ့နေပြီဆိုရင်တော့. ရွေးချယ်ဖို့ သင့်၊မသင့်.သေ ချာပြန်စဉ်းစားသင့်ပါတယ်။

#သဘောထားသေးသိမ်

တစ်ခုခုဆိုရင် တင်းကြပ်ချုပ်ချယ်လွန်းတာဟာ အနုတ်လက္ခဏာပြနေတဲ့ အပြုအမှုတစ်ခုပါ။ဟိုဟာ လုပ်မယ်ဆို ချုပ်ချယ်၊ဒီဟာလုပ်မယ်ဆိုရင် ခွင့်မပြုတာမျိုး တကယ်တော့မ ဖြစ်သင့်ပါဘူး။တကယ်လို့ လိုတာထက် ပိုလွန်ကဲတဲ့ ချုပ်ချယ်မှုတွေ၊သဘောထား သေးသိမ်မှုတွေကို တွေ့နေပြီဆိုရင်တော့ ဒီလူ့အနားကနေဝေးဝေးကို ထွက်သွားတာအကောင်းဆုံးပါ။

#တိရစ္ဆာန်တွေကို မုန်းတာ

တိရစ္ဆာန်တွေကို မုန်းတဲ့ ယောက်ျားအများစုဟာ ကိုယ်ချင်းစာတရား ကင်းမဲ့တတ်တာကို တွေ့ရပြီး ချစ်တတ်တဲ့ အမျိုးသား တော်တော်များများကတော့ ကြင်နာတတ်တဲ့ ယောက်ျားမျိုးတွေ ဖြစ်နေတာကို တွေ့ရပါတယ်။တိရစ္တာန်တွေကို ခါးခါးသီးသီးမုန်းနေတဲ့ ယောက်ျားမျိုးဆိုရင် ဒီလူ့ရဲ့ ကြင်နာတတ်တဲ့ စိတ် နေစိတ်ထားက မေးခွန်းထုတ်စရာပါ။

#relationship စည်းမျဉ်းတွေကို ဂရုမစိုက်တာ

relationship တိုင်းမှာ အခြေခံလိုက်နာသင့်တဲ့ စည်းမျဉ်းစည်းကမ်းတွေရှိပါတယ်။မိတ်ဆွေ ဆက်ဆံရေးပဲဖြစ်ဖြစ်၊သမီးရည်းစားဆက်ဆံရေးပဲ ဖြစ်ဖြစ် လိုက်နာသင့်တဲ့ လိုက်နာရမယ့် အချက်တွေကို အမြဲတမ်း မျက်ကွယ်ပြုနေတတ်တဲ့ သူမျိုးဆိုရင်တော့ ဒီလူလိုမျိုးကို လက်ခံပေးဖို့ နောက်တစ်ခေါက်လောက် သေချာပြန်စဉ်းစားပါ။

#ကတိမတည်

ကတိကိုပါးစပ်နဲ့ပေးရုံလောက်ပဲ ပေးပြီးမတည်တတ်တဲ့သူမျိုးကိုဆိုရင်လုံး၀ မရွေးသေးပါဘူး။ေ ပးထားတဲ့ကတိတွေကိုချိုးဖောက်တာ၊အလေးအနက်မထားတာတွေများလာပြီဆိုရင်တော့ ဒီလိုလူ မျိုးကို မရွေးပါနဲ့။

#နေရာတကာကို သူပဲ အမှန်လို့ ထင်တဲ့သူ

သူပြောသမျှ၊သူလုပ်သမျှကပဲအကောင်း၊အမှန်လို့ မြင်တတ်တဲ့သူမျိုးကိုလည်း မရွေးချယ်သင့်ပါဘူး။ သူပဲ အမှန်လို့ထင်နေတာကြီးဟာ ဒီလူဟာ အတ္တကြီးသူတစ်ယောက်ဆိုတာကို တစ်ဖက်လှည့်နည်းနဲ့ ဖော်ပြနေတာပါ။ ဒီလိုလူမျိုးနဲ့ လက်တွဲမိရင် သေချာပေါက် သင်နာကျင်ခံစားရပါလိမ့်မယ်။

#အမြဲဆင်ခြေပေး

အမြဲတမ်းလိုလို သူကတိမတည်ခဲ့တဲ့အရာ၊ပျက်ကွက်ခဲ့တဲ့ အရာတွေ အတွက် ဆင်ခြေတွေချည်းပဲ ပေးနေတတ်သူဆိုရင်တော့ ဒီလူကို လက်ခံဖို့ ပြန်စဉ်းစားပါအုံးလို့ ပြောပါရစေ။အဓိပ္ပါယ်မရှိတဲ့ ဆင်ခြေတွေကိုပဲ တစ်မျိုးပြီး တစ်မျိုး မရိုးအောင် ပေးနေမယ်ဆိုရင် ဒီလိုလူမျိုးအတွက် အချိန် ကုန်မခံပါနဲ့။

#အမြဲရန်ဖြစ်

တစ်ခါတစ်လေမှာ ရန်ဖြစ်တာမျိုးက relationships ကို ပိုခိုင်မြဲစေတယ်ဆိုပေမယ့် အမြဲတမ်း ရန်ပဲဖြစ်နေမယ်ဆိုရင်တော့မကောင်းပါဘူး။ရန်ဖြစ်တယ်ဆိုတာဟာ နှစ်ယောက်သားကြားက နား လည်မှုတွေ နည်းပါးနေတယ်ဆိုတာကို ပြနေတာပါ။သင်ပြောတာကို သူနားတော့ ထောင်ပေးေ ပမယ့် ဒါပေမယ့် သင်ဆိုလိုတာကို နားမလည်ဘူးဆိုတာကို ပြနေတာပါ။တစ်ယောက်ကို တစ်ယောက် နားလည်မှုမရှိတဲ့ relationships ကို ရှေ့ဆက်ဖို့ ဆိုတာ တကယ်တော့ ခက်ခဲပါတယ်။နောက်တစ်ချက်ကတော့ စကားပြောတဲ့ အခါမျိုးမှာ သူပြောချင်တာတွေကိုပဲ ပြောပြီး သင်စကားစဖို့ ကြိုးစားလိုက်တာနဲ့ ကြားဖြတ်တတ်တာမျိုးပါ။ဒီလိုလူမျိုးဟာ သူပြောတာကိုပဲ နားထောင်ရမယ်ဆိုတဲ့ အတ္တကြီးတဲ့သူမျိုးပါ။

#တွယ်ကပ်လွန်းတဲ့ ယောက်ျားမျိုး

လူတစ်ယောက်နဲ့ တစ်ယောက်နဲ့ ဘယ်လောက်ပဲ ချစ်ချစ် နောက်ဆုံး လင်မယားဖြစ်နေရင်တောင်မှ သူ့စည်းကိုယ့်စည်း personal spaceတစ်ခုတော့ ခြားထားသင့်ပါတယ်။ကိုယ့်အပေါ်မှာလိုတာထက်ပိုပြီးတွယ်ကပ်နေတာ၊မှီခိုနေ တာတွေ သိပ်များနေရင်တော့ ဒါဟာ ပုံမှန် normal မဟုတ်တဲ့ အခြေအနေပါ။တခြားဖြည့်စွက်ချက် အနေနဲ့ကတော့အနိုင်ကျင့်တာ၊တစ်ခုခုဆိုရင်လက်ပါတတ်တဲ့သူမျိုး၊ပြောလိုက်တဲ့ စကားနဲ့လုပ်ရပ်ေ တွ တိုင်းဟာ မရင့်ကျက်တဲ့ သူမျိုးကိုလည်း ရှောင်သင့်ပါတယ်။

Credit:Em Em(Auntymay)