Zawgyiျဖင့္ဖတ္ရန္

 

မစ္ရွဲလ္အဗီလာနဲ႔ ခရစ္ရွန္ကန္႔တို႔ဟာ ကယ္လီဖိုးနီးယားျပည္နယ္ နယူးေပါ့တ္ဘိခ်္ၿမိဳ႕မွာ ၾကီးျပင္းလာခဲ့သူေတြ ျဖစ္ပါတယ္။ တစ္မနက္မွာေတာ့ မစ္ရွဲလ္နဲ႔ ခရစ္ရွန္တို႔စံုတြဲရဲ႕ အေလာင္းကို မိသားစု၀င္ေတြဟာ မစ္ရွဲလ္ရဲ႕ အခန္းအိပ္ရာထဲမွာ အတူယွဥ္တြဲၿပီး ေသဆံုးေနတာ ေတြ႔ခဲ့ၾကပါတယ္။ ႏွစ္ေယာက္စလံုးဟာ ေဆးအလြန္အကြ်ံသံုးစြဲၿပီး ေသဆံုးခဲ့တယ္လို႔ ယူဆရပါတယ္။

မစ္ရွဲလ္ဟာ ေသဆံုးခ်ိန္မွာ အသက္(၂၃) ႏွစ္သာ ရွိေသးၿပီး ခရစ္ရွန္ကေတာ့ အသက္(၂၀) ပါ။ မေမွ်ာ္လင့္ပဲ အရာရာၿပီးျပည့္စံုၿပီး ေပ်ာ္ရႊင္လ်က္ရွိေနတဲ့ စံုတြဲဟာ ရုတ္တရုတ္ၾကီး ေသဆံုးသြားတဲ့အတြက္ မိသားစု၀င္ေတြကေတာ့ ႏွေျမာတသျဖစ္လ်က္ ရွိေနပါတယ္။ ေအာက္တိုဘာ(၁၄) ရက္ေန႔ ညပိုင္း သူတို႔မေသဆံုးခင္အခ်ိန္မွာ မစ္ရွဲလ္တို႔စံုတြဲဟာ သူငယ္ခ်င္းတစ္ေယာက္ရဲ႕ ပါတီပြဲမွာ ေရာက္ရွိေနခဲ့ပါတယ္။

ႏွစ္ေယာက္စလံုးဟာ အေအးမိေနတာေၾကာင့္ ထိုညမွာ ပဋိဇီ၀ေဆးေတြလည္း ေသာက္ခဲ့ၾကပါေသးတယ္။ ပါတီပြဲၿပီးလို႔ အိမ္ျပန္လာတဲ့အခါမွာေတာ့ ညပိုင္း(၁၂း၃၀) ေလာက္ ျဖစ္ေနပါၿပီ။ မစ္ရွဲလ္ရဲ႕ မိဘေတြကေတာ့ ေသဆံုးသူ မစ္ရွဲလ္ဟာ ပါတီပြဲနဲ႔ ေပ်ာ္ပြဲရႊင္ပြဲေတြကို အရမ္းၾကီး ၾကိဳက္ႏွစ္သူမဟုတ္ပဲ သူမနဲ႔ရင္းႏွီးသူ ေဆြမ်ိဳး၊ သူငယ္ခ်င္းေတြနဲ႔သာ အခ်ိန္ကုန္ဆံုးတတ္သူျဖစ္တယ္လို႔ ေျပာျပပါတယ္။

မစ္ရွဲလ္ အိမ္ျပန္ေရာက္လာတဲ့အခါမွာ ညကတည္းကေန မနက္(၆) နာရီမွာ သူမအလုပ္ ေကာ္ဖီဆိုင္မွာဆင္းမယ့္ အလုပ္၀တ္စံုေတြကိုေတာင္ ၾကိဳထုတ္ထားတာကို မိခင္ျဖစ္သူက ျမင္ခဲ့ပါေသးတယ္။ ဒါေပမယ့္ ေနာက္တစ္ေန႔ မစ္ရွဲလ္ရဲ႕ မိခင္ အန္ဒရီယာနာဟာ အိမ္ကို (၄) နာရီေလာက္ျပန္ေရာက္လာတဲ့အခါ သမီးျဖစ္သူတို႔စံုတြဲကို အိပ္ရာေပၚမွာ ေသေနတာ အထိတ္တလန္႔နဲ႔ ေတြ႔ခဲ့ရပါတယ္။ မစ္ရွဲလ္ရဲ႕ ဖခင္ၾကီး ေပၚလိုကေတာ့ “ကေလးႏွစ္ေယာက္ဟာ အရမ္းခ်စ္စရာေကာင္းလြန္းတယ္၊ ရိုမီယိုနဲ႔ ဂ်ဴးလိယက္စံုတြဲလိုပါပဲ၊ တစ္ေယာက္ကို တစ္ေယာက္ ဖက္ၿပီး ဆံုးသြားၾကတာ။” လို႔ ေျပာျပခဲ့ပါတယ္။

Credit:လင္းလင္း (ShweMom)

Ref: Dailymail

 

Unicodeဖြင့်ဖတ်ရန်

 

ဆေးအသုံးလွန်ပြီး အိပ်ရာထဲမှာပဲ ဖက်လျက်သေဆုံးနေခဲ့တဲ့ စုံတွဲ

 

မစ်ရှဲလ်အဗီလာနဲ့ ခရစ်ရှန်ကန့်တို့ဟာ ကယ်လီဖိုးနီးယားပြည်နယ် နယူးပေါ့တ်ဘိချ်မြို့မှာ ကြီးပြင်းလာခဲ့သူတွေ ဖြစ်ပါတယ်။ တစ်မနက်မှာတော့ မစ်ရှဲလ်နဲ့ ခရစ်ရှန်တို့စုံတွဲရဲ့ အလောင်းကို မိသားစုဝင်တွေဟာ မစ်ရှဲလ်ရဲ့ အခန်းအိပ်ရာထဲမှာ အတူယှဉ်တွဲပြီး သေဆုံးနေတာ တွေ့ခဲ့ကြပါတယ်။ နှစ်ယောက်စလုံးဟာ ဆေးအလွန်အကျွံသုံးစွဲပြီး သေဆုံးခဲ့တယ်လို့ ယူဆရပါတယ်။

မစ်ရှဲလ်ဟာ သေဆုံးချိန်မှာ အသက်(၂၃) နှစ်သာ ရှိသေးပြီး ခရစ်ရှန်ကတော့ အသက်(၂၀) ပါ။ မမျှော်လင့်ပဲ အရာရာပြီးပြည့်စုံပြီး ပျော်ရွှင်လျက်ရှိနေတဲ့ စုံတွဲဟာ ရုတ်တရုတ်ကြီး သေဆုံးသွားတဲ့အတွက် မိသားစုဝင်တွေကတော့ နှမြောတသဖြစ်လျက် ရှိနေပါတယ်။ အောက်တိုဘာ(၁၄) ရက်နေ့ ညပိုင်း သူတို့မသေဆုံးခင်အချိန်မှာ မစ်ရှဲလ်တို့စုံတွဲဟာ သူငယ်ချင်းတစ်ယောက်ရဲ့ ပါတီပွဲမှာ ရောက်ရှိနေခဲ့ပါတယ်။

နှစ်ယောက်စလုံးဟာ အအေးမိနေတာကြောင့် ထိုညမှာ ပဋိဇီဝဆေးတွေလည်း သောက်ခဲ့ကြပါသေးတယ်။ ပါတီပွဲပြီးလို့ အိမ်ပြန်လာတဲ့အခါမှာတော့ ညပိုင်း(၁၂း၃၀) လောက် ဖြစ်နေပါပြီ။ မစ်ရှဲလ်ရဲ့ မိဘတွေကတော့ သေဆုံးသူ မစ်ရှဲလ်ဟာ ပါတီပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေကို အရမ်းကြီး ကြိုက်နှစ်သူမဟုတ်ပဲ သူမနဲ့ရင်းနှီးသူ ဆွေမျိုး၊ သူငယ်ချင်းတွေနဲ့သာ အချိန်ကုန်ဆုံးတတ်သူဖြစ်တယ်လို့ ပြောပြပါတယ်။

မစ်ရှဲလ် အိမ်ပြန်ရောက်လာတဲ့အခါမှာ ညကတည်းကနေ မနက်(၆) နာရီမှာ သူမအလုပ် ကော်ဖီဆိုင်မှာဆင်းမယ့် အလုပ်ဝတ်စုံတွေကိုတောင် ကြိုထုတ်ထားတာကို မိခင်ဖြစ်သူက မြင်ခဲ့ပါသေးတယ်။ ဒါပေမယ့် နောက်တစ်နေ့ မစ်ရှဲလ်ရဲ့ မိခင် အန်ဒရီယာနာဟာ အိမ်ကို (၄) နာရီလောက်ပြန်ရောက်လာတဲ့အခါ သမီးဖြစ်သူတို့စုံတွဲကို အိပ်ရာပေါ်မှာ သေနေတာ အထိတ်တလန့်နဲ့ တွေ့ခဲ့ရပါတယ်။ မစ်ရှဲလ်ရဲ့ ဖခင်ကြီး ပေါ်လိုကတော့ “ကလေးနှစ်ယောက်ဟာ အရမ်းချစ်စရာကောင်းလွန်းတယ်၊ ရိုမီယိုနဲ့ ဂျူးလိယက်စုံတွဲလိုပါပဲ၊ တစ်ယောက်ကို တစ်ယောက် ဖက်ပြီး ဆုံးသွားကြတာ။” လို့ ပြောပြခဲ့ပါတယ်။

Credit:လင်းလင်း (ShweMom)

Ref: Dailymail