Zawgyiျဖင့္ဖတ္ရန္

 

အႏုပညာရွင္ေတြဆိုတာလည္း အႏုပညာအလုပ္ကိုပဲေဇာက္ခ်ၿပီးလုပ္တဲ့အႏုပညာရွင္ရွိသလို အႏုပညာအလုပ္မလုပ္ခင္ကတည္းက အသက္ေမြးဝမ္းေက်ာင္းပညာရပ္တစ္ခုကိုတက္ၿပီးမွအႏုပညာရွင္ျဖစ္ရတဲ့လမ္းေၾကာင္းကိုေ႐ြးခ်ယ္ခဲ့တဲ့ အႏုပညာရွင္ေတြလည္းရွိပါတယ္။ ဒီတစ္ခါမွာေတာ့ေျပာခ်င္လြန္းလို႔ပရိသတ္ေတြအတြက္ ဆရာဝန္ဘြဲ႕ရထားၿပီးမွအႏုပညာရွင္ျဖစ္ဖို႔ေ႐ြးခ်ယ္ခဲ့တဲ့ ဆရာဝန္ဆယ္လီအႏုပညာရွင္ေတြကိုေဖာ္ျပေပးသြားမွာပါ။

Lလြန္းဝါ

Lလြန္းဝါက ဆရာဝန္ျဖစ္တယ္ဆိုတာ ပရိသတ္ေတာ္ေတာ္မ်ားမ်ားသိၾကမယ္မထင္ပါဘူး။ ဟုတ္ပါတယ္။ သီခ်င္းေအးေအးခ်ိဳခ်ိဳေလးေတြဆိုတတ္တဲ့အဆိုေတာ္ Lလြန္းဝါက တကယ္ေတာ့ဆရာဝန္ဘြဲ႕ရထားၿပီးမွ အဆိုေတာ္ျဖစ္ဖို႔ ႐ူးသြပ္စြာႀကိဳးစားခဲ့ၿပီးတကယ္လည္းတစ္ႏိုင္ငံလုံးကအားေပးတဲ့ အဆိုေတာ္တစ္ဦးျဖစ္လာခဲ့သူပါ။ Lလြန္းဝါရဲ႕သီခ်င္းေတြကိုႀကိဳက္ၾကတဲ့ပရိသတ္ေတြေရာ ရွိေသးလား။

ခ်စ္သုေဝ

ေၾကာ္ျငာေတာ္ေတာ္မ်ားမ်ားမွာ ဆရာဝန္အျဖစ္သ႐ုပ္ေဆာင္တတ္တဲ့ခ်စ္သုေဝက အျပင္မွာလည္းတကယ္ပဲဆရာဝန္ျဖစ္ေနခဲ့တယ္ဆိုရင္ ပရိသတ္ေတြသိပ္အံ့ၾသၾကမယ္မထင္ပါဘူး။ ခ်စ္သုေဝက ဆရာဝန္မျဖစ္ခင္ကတည္းကဆရာဝန္႐ုပ္ေပါက္ေနတာကိုး။ ေခတ္နဲ႔သစ္ဆိုတဲ့ခ်စ္စရာသမီးေလးႏွစ္ေယာက္နဲ႔ ကိုလင္းလင္းနဲ႔ သာယာလွပတဲ့အိမ္ေထာင္ေရးေလးပိုင္ဆိုင္ထားတဲ့ ခ်စ္သုေဝက တကယ္ပဲ ဆရာဝန္မေလးျဖစ္ၿပီး သ႐ုပ္ေဆာင္အဆိုေတာ္လုပ္ဖို႔ေ႐ြးခ်ယ္ထားခဲ့သူျဖစ္ပါတယ္။

ျဖဴျဖဴေက်ာ္သိန္း

သိပ္မၾကာခင္က Storm ဆိုတဲ့ Album ကို ႏိုင္ငံျခားသားအဆိုေတာ္ေတြနဲ႔တြဲထုတ္ထားၿပီးေအာင္ျမင္မႈရရွိထားတဲ့ ျဖဴျဖဴေက်ာ္သိန္းဟာ လြန္ခဲ့တဲ့ႏွစ္မ်ားစြာကတည္းကပရိသတ္ခ်စ္တဲ့အဆိုေတာ္တစ္ေယာက္ျဖစ္သလိုဆရာဝန္တစ္ဦးလည္းျဖစ္တယ္ဆိုတာေတာ့ပရိသတ္ေတာ္ေတာ္မ်ားမ်ားသိၾကပါတယ္။ အစကတည္းက စာသိပ္ေတာ္တဲ့ေဆးေက်ာင္းသူေလး၊ သီခ်င္းအဆိုလည္းေကာင္းတယ္ဆိုတဲ့ ဂုဏ္သတင္းနဲ႔ေက်ာ္ၾကားလာခဲ့တာပဲေလ။

နီနီခင္ေဇာ္

နီနီခင္ေဇာ္က အခုအခ်ိန္အထိ တစ္ရွိန္ထိုးေအာင္ျမင္မႈရေနဆဲအဆိုေတာ္မေလးျဖစ္သလို ဆရာဝန္လည္းျဖစ္တယ္ဆိုတာကိုေတာ့ ဘယ္သူမွေမ့ၾကဦးမွာမဟုတ္ပါဘူး။ Melody World မွာ ဝင္ၿပိဳင္ခဲ့ဖူးတဲ့ ခ်စ္စရာအဆိုေတာ္ေကာင္မေလးငယ္ငယ္ေခ်ာေခ်ာေလးက ဆရာဝန္ျဖစ္ဖို႔ႀကိဳးစားေနတဲ့ေဆးေက်ာင္းသူေလးလည္းျဖစ္တယ္ဆိုတဲ့အခ်က္ကပဲ ပရိသတ္ေတြကိုအခ်စ္ပိုေစခဲ့တာေပါ့။ နီနီခင္ေဇာ္ဟာ ဆရာဝန္တစ္ဦးျဖစ္သည့္တိုင္အဆိုေတာ္အျဖစ္ကိုပဲ႐ူးသြပ္တပ္မက္စြာခံယူထားတဲ့အႏုပညာရွင္တစ္ဦးျဖစ္ပါေသးတယ္။

စိုးသူ

မင္းသားႀကီးစိုးသူ၊အၿပဳံးခ်ိဳခ်ိဳ၊မ်က္ဝန္းရီရီနဲ႔ တစ္ႏိုင္ငံလုံးက မိန္းမသားေတြကို ညိဳ႕တတ္တဲ့မင္းသားႀကီးစိုးသူ၊အသက္ႀကီးသြားတာေတာင္ လူငယ္ေလးလိုေခ်ာေမာႏုပ်ိဳေနႏိုင္ဆဲစိုးသူဟာ သ႐ုပ္ေဆာင္ရာမွာ အရမ္းကိုဆရာက်သလို လူေတြကိုကုသေပးႏိုင္တဲ့ ဆရာဝန္ေကာင္းတစ္ဦးလည္းျဖစ္ခဲ့ပါတယ္။ ဆရာဝန္သာဆက္လုပ္ခဲ့မယ္ဆိုရင္ အထူးကုဆရာဝန္ႀကီးပေရာ္ဖက္ဆာႀကီးျဖစ္ေနေလာက္မယ့္ စိုးသူက နာမည္ႀကီးမင္းသားတစ္ဦးအျဖစ္နဲ႔ပဲေပ်ာ္ေမြ႕သူပါ။

က်ားေပါက္

က်ားေပါက္လို႔လူေတြအသိမ်ားၾကတဲ့ ဟန္ထူးလြင္က ဘဝမွာသိတာတတ္တာေတြေတာ္ေတာ္ေလးကိုစုံလင္သူလို႔ဆိုရမွာပါ။ အဆိုေတာ္ျဖစ္သလို ပန္းခ်ီေတြဆြဲတဲ့ပန္းခ်ီဆရာလည္းျဖစ္တယ္။ ဒါ့အျပင္ ကာတြန္းေတြလည္းႀကဳံရင္ႀကဳံသလိုဆြဲေသးတာ။ ဒါတင္ပဲလားဆိုေတာ့မဟုတ္ေသး… ဆရာဝန္တစ္ဦးလည္းျဖစ္ပါေသးတယ္။ ဆရာဝန္ျဖစ္တဲ့ဟန္ထူးလြင္က အႏုပညာနယ္ပယ္ထဲမွာ အႏုပညာေတြလုပ္ရင္းစိတ္ခ်မ္းသာကိုယ္ခ်မ္းသာရွိေနသူျဖစ္ပါတယ္။

ပိုင္ၿဖိဳးသု

ေနာက္ဆုံးေတာ့..သုသုေလးပါလာပါၿပီ။ ဆရာဝန္တစ္ဦးျဖစ္ၿပီး အႏုပညာကို႐ူးသြပ္လို႔ သ႐ုပ္ေဆာင္စလုပ္ရာက အခုဆိုရင္နာမည္ရမင္းသမီးတစ္လက္ျဖစ္ေနၿပီျဖစ္တဲ့ ပိုင္ၿဖိဳးသုေလးဟာ လတ္တေလာမွာ မီ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔နာမည္ထိုးတက္လာသလို တစ္ဖက္မွာလည္း မီ ထဲမွာ ေဆးလိပ္ေသာက္မိလို႔ဆိုၿပီး စာနယ္ဇင္းရွင္းလင္းပြဲေတြလုပ္ရတဲ့အထိ ျပႆနာေတြေျဖရွင္းေနရသူေလးလည္းျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အႏုပညာေလာကသားေတြနဲ႔ပရိသတ္ေတြကေတာ့ ပိုင္ၿဖိဳးသုေလးဘက္ကရွိၿပီးသားပါ။

ပရိသတ္ႀကီးေရာ အခုေျပာျပသြားတဲ့ဆရာဝန္ဆယ္လီအႏုပညာရွင္ေတြထဲကဘယ္သူ႔ကိုအႀကိဳက္ဆုံးလဲ။ ဒီထဲမွာမပါတဲ့ဆရာဝန္အႏုပညာရွင္ေတြရွိရင္လည္း comment ထဲမွာေျပာျပခဲ့ဦးေနာ္။

Credit-everytimestory.com

 

Unicodeဖြင့်ဖတ်ရန်

 

ဆရာဝန်ဘွဲ့ရထားတဲ့ အမိုက်စားမြန်မာအနုပညာရှင်များ

 

အနုပညာရှင်တွေဆိုတာလည်း အနုပညာအလုပ်ကိုပဲဇောက်ချပြီးလုပ်တဲ့အနုပညာရှင်ရှိသလို အနုပညာအလုပ်မလုပ်ခင်ကတည်းက အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုကိုတက်ပြီးမှအနုပညာရှင်ဖြစ်ရတဲ့လမ်းကြောင်းကိုရွေးချယ်ခဲ့တဲ့ အနုပညာရှင်တွေလည်းရှိပါတယ်။ ဒီတစ်ခါမှာတော့ပြောချင်လွန်းလို့ပရိသတ်တွေအတွက် ဆရာဝန်ဘွဲ့ရထားပြီးမှအနုပညာရှင်ဖြစ်ဖို့ရွေးချယ်ခဲ့တဲ့ ဆရာဝန်ဆယ်လီအနုပညာရှင်တွေကိုဖော်ပြပေးသွားမှာပါ။

Lလွန်းဝါ

Lလွန်းဝါက ဆရာဝန်ဖြစ်တယ်ဆိုတာ ပရိသတ်တော်တော်များများသိကြမယ်မထင်ပါဘူး။ ဟုတ်ပါတယ်။ သီချင်းအေးအေးချိုချိုလေးတွေဆိုတတ်တဲ့အဆိုတော် Lလွန်းဝါက တကယ်တော့ဆရာဝန်ဘွဲ့ရထားပြီးမှ အဆိုတော်ဖြစ်ဖို့ ရူးသွပ်စွာကြိုးစားခဲ့ပြီးတကယ်လည်းတစ်နိုင်ငံလုံးကအားပေးတဲ့ အဆိုတော်တစ်ဦးဖြစ်လာခဲ့သူပါ။ Lလွန်းဝါရဲ့သီချင်းတွေကိုကြိုက်ကြတဲ့ပရိသတ်တွေရော ရှိသေးလား။

ချစ်သုဝေ

ကြော်ငြာတော်တော်များများမှာ ဆရာဝန်အဖြစ်သရုပ်ဆောင်တတ်တဲ့ချစ်သုဝေက အပြင်မှာလည်းတကယ်ပဲဆရာဝန်ဖြစ်နေခဲ့တယ်ဆိုရင် ပရိသတ်တွေသိပ်အံ့သြကြမယ်မထင်ပါဘူး။ ချစ်သုဝေက ဆရာဝန်မဖြစ်ခင်ကတည်းကဆရာဝန်ရုပ်ပေါက်နေတာကိုး။ ခေတ်နဲ့သစ်ဆိုတဲ့ချစ်စရာသမီးလေးနှစ်ယောက်နဲ့ ကိုလင်းလင်းနဲ့ သာယာလှပတဲ့အိမ်ထောင်ရေးလေးပိုင်ဆိုင်ထားတဲ့ ချစ်သုဝေက တကယ်ပဲ ဆရာဝန်မလေးဖြစ်ပြီး သရုပ်ဆောင်အဆိုတော်လုပ်ဖို့ရွေးချယ်ထားခဲ့သူဖြစ်ပါတယ်။

ဖြူဖြူကျော်သိန်း

သိပ်မကြာခင်က Storm ဆိုတဲ့ Album ကို နိုင်ငံခြားသားအဆိုတော်တွေနဲ့တွဲထုတ်ထားပြီးအောင်မြင်မှုရရှိထားတဲ့ ဖြူဖြူကျော်သိန်းဟာ လွန်ခဲ့တဲ့နှစ်များစွာကတည်းကပရိသတ်ချစ်တဲ့အဆိုတော်တစ်ယောက်ဖြစ်သလိုဆရာဝန်တစ်ဦးလည်းဖြစ်တယ်ဆိုတာတော့ပရိသတ်တော်တော်များများသိကြပါတယ်။ အစကတည်းက စာသိပ်တော်တဲ့ဆေးကျောင်းသူလေး၊ သီချင်းအဆိုလည်းကောင်းတယ်ဆိုတဲ့ ဂုဏ်သတင်းနဲ့ကျော်ကြားလာခဲ့တာပဲလေ။

နီနီခင်ဇော်

နီနီခင်ဇော်က အခုအချိန်အထိ တစ်ရှိန်ထိုးအောင်မြင်မှုရနေဆဲအဆိုတော်မလေးဖြစ်သလို ဆရာဝန်လည်းဖြစ်တယ်ဆိုတာကိုတော့ ဘယ်သူမှမေ့ကြဦးမှာမဟုတ်ပါဘူး။ Melody World မှာ ဝင်ပြိုင်ခဲ့ဖူးတဲ့ ချစ်စရာအဆိုတော်ကောင်မလေးငယ်ငယ်ချောချောလေးက ဆရာဝန်ဖြစ်ဖို့ကြိုးစားနေတဲ့ဆေးကျောင်းသူလေးလည်းဖြစ်တယ်ဆိုတဲ့အချက်ကပဲ ပရိသတ်တွေကိုအချစ်ပိုစေခဲ့တာပေါ့။ နီနီခင်ဇော်ဟာ ဆရာဝန်တစ်ဦးဖြစ်သည့်တိုင်အဆိုတော်အဖြစ်ကိုပဲရူးသွပ်တပ်မက်စွာခံယူထားတဲ့အနုပညာရှင်တစ်ဦးဖြစ်ပါသေးတယ်။

စိုးသူ

မင်းသားကြီးစိုးသူ၊အပြုံးချိုချို၊မျက်ဝန်းရီရီနဲ့ တစ်နိုင်ငံလုံးက မိန်းမသားတွေကို ညို့တတ်တဲ့မင်းသားကြီးစိုးသူ၊အသက်ကြီးသွားတာတောင် လူငယ်လေးလိုချောမောနုပျိုနေနိုင်ဆဲစိုးသူဟာ သရုပ်ဆောင်ရာမှာ အရမ်းကိုဆရာကျသလို လူတွေကိုကုသပေးနိုင်တဲ့ ဆရာဝန်ကောင်းတစ်ဦးလည်းဖြစ်ခဲ့ပါတယ်။ ဆရာဝန်သာဆက်လုပ်ခဲ့မယ်ဆိုရင် အထူးကုဆရာဝန်ကြီးပရော်ဖက်ဆာကြီးဖြစ်နေလောက်မယ့် စိုးသူက နာမည်ကြီးမင်းသားတစ်ဦးအဖြစ်နဲ့ပဲပျော်မွေ့သူပါ။

ကျားပေါက်

ကျားပေါက်လို့လူတွေအသိများကြတဲ့ ဟန်ထူးလွင်က ဘဝမှာသိတာတတ်တာတွေတော်တော်လေးကိုစုံလင်သူလို့ဆိုရမှာပါ။ အဆိုတော်ဖြစ်သလို ပန်းချီတွေဆွဲတဲ့ပန်းချီဆရာလည်းဖြစ်တယ်။ ဒါ့အပြင် ကာတွန်းတွေလည်းကြုံရင်ကြုံသလိုဆွဲသေးတာ။ ဒါတင်ပဲလားဆိုတော့မဟုတ်သေး… ဆရာဝန်တစ်ဦးလည်းဖြစ်ပါသေးတယ်။ ဆရာဝန်ဖြစ်တဲ့ဟန်ထူးလွင်က အနုပညာနယ်ပယ်ထဲမှာ အနုပညာတွေလုပ်ရင်းစိတ်ချမ်းသာကိုယ်ချမ်းသာရှိနေသူဖြစ်ပါတယ်။

ပိုင်ဖြိုးသု

နောက်ဆုံးတော့..သုသုလေးပါလာပါပြီ။ ဆရာဝန်တစ်ဦးဖြစ်ပြီး အနုပညာကိုရူးသွပ်လို့ သရုပ်ဆောင်စလုပ်ရာက အခုဆိုရင်နာမည်ရမင်းသမီးတစ်လက်ဖြစ်နေပြီဖြစ်တဲ့ ပိုင်ဖြိုးသုလေးဟာ လတ်တလောမှာ မီ ရုပ်ရှင်ဇာတ်ကားကြီးနဲ့နာမည်ထိုးတက်လာသလို တစ်ဖက်မှာလည်း မီ ထဲမှာ ဆေးလိပ်သောက်မိလို့ဆိုပြီး စာနယ်ဇင်းရှင်းလင်းပွဲတွေလုပ်ရတဲ့အထိ ပြဿနာတွေဖြေရှင်းနေရသူလေးလည်းဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အနုပညာလောကသားတွေနဲ့ပရိသတ်တွေကတော့ ပိုင်ဖြိုးသုလေးဘက်ကရှိပြီးသားပါ။

ပရိသတ်ကြီးရော အခုပြောပြသွားတဲ့ဆရာဝန်ဆယ်လီအနုပညာရှင်တွေထဲကဘယ်သူ့ကိုအကြိုက်ဆုံးလဲ။ ဒီထဲမှာမပါတဲ့ဆရာဝန်အနုပညာရှင်တွေရှိရင်လည်း comment ထဲမှာပြောပြခဲ့ဦးနော်။

Credit-everytimestory.com