Zawgyiျဖင့္ဖတ္ရန္

 

ျဖဴေဖြးဝင္းမြတ္တဲ့ အသားအေရေလးနဲ႔ ဘိုဆန္တဲ့ မ်က္ႏွာလွလွေလးကို ပိုင္ဆိုင္ထားတဲ့ မင္းသမီးေခ်ာေလး ဝတ္မႈန္ေ႐ႊရည္ကေတာ့ ပရိသတ္ေတြရဲ႕ႏွလုံးသားကို သိမ္းပိုက္ထားႏိုင္သူေလး ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေကာင္းၿပီး ထိပ္တန္းမင္းသမီးတစ္ဦးျဖစ္တဲ့ ကစ္က သူမရဲ႕အႏုပညာေၾကာင့္ ေအာင္ျမင္မႈမ်ားစြာ ရရွိထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ကစ္က အမ်ားနဲ႔မတူတဲ့ အမိုက္စားဖက္ရွင္ေတြကို ေ႐ြးခ်ယ္ဝတ္ဆင္တတ္တာေၾကာင့္ ဖက္ရွင္ဘုရင္မေလးလို႔လည္း အမည္ေပးျခင္းခံထားရပါေသးတယ္။

လတ္တေလာမွာ ကစ္တစ္ေယာက္ ေၾကာ္ျငာနဲ႔ ဇာတ္ကားေတြ ႐ိုက္ကူးေနရၿပီး ပြဲအခမ္းအနားေတြလည္း တက္ေရာက္ေနရပါတယ္။ ကစ္က အလုပ္ေတြနဲ႔ မအားမလပ္ေပမယ့္လည္း သူမရဲ႕မိသားစုအေပၚ အၿမဲအခ်ိန္ေပးတတ္သူေလး ျဖစ္ပါတယ္ ။ အခုလည္း ကစ္က တန္ေဆာင္လျပည့္ေန႔ မနက္ေစာေစာမွာ မိဘႏွစ္ပါးကို လက္ေဆာင္ျခင္းေလးနဲ႔ ဂါဝရျပဳကန္ေတာ့လိုက္တာ ေတြ႕ရပါတယ္။

ကစ္က ” ဒီႏွစ္ တန္ေဆာင္တိုင္ေတာ့ ကစ္က ေမေမနဲ႔ ေဖေဖကို Mytel ရဲ႕ My Gar Ya Wa ျခင္းေလးနဲ႔ ကန္ေတာ့ လိုက္ပါတယ္ေနာ္။ ကာယကံ ဝစီကံ မေနာကံ နဲ႔ျပစ္မွားခဲ့တဲ့ အျပစ္ေလးေတြရွိရင္လဲ ခြင့္လႊတ္ေပးပါေနာ္။ ကစ္ရဲ႕ အခ်စ္ေတြလဲ ကိုယ့္မိဘကို ကန္ေတာ့ဖို႔ မေမ့ၾကနဲ႔ေနာ္။” ဆိုၿပီး ပရိသတ္ေတြကို ေျပာျပထားတာပဲ ျဖစ္ပါတယ္။ သမီးအလိမၼာေလးျဖစ္တဲ့ ကစ္ေၾကာင့္ ေဖေဖနဲ႔ေမေမလည္း ဝမ္းသာဂုဏ္ယူမဆုံးျဖစ္ေနရတာ ျဖစ္ပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ မိဘႏွစ္ပါးကို ကန္ေတာ့ေနတဲ့ ကစ္ရဲ႕ခ်စ္စဖြယ္ပုံေလးေတြကို တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

Source: Wutt Hmone Shwe Yi;

Credit:Myanmarload

Unicodeဖြင့်ဖတ်ရန်

 

တန်ဆောင်မုန်းလပြည့်နေ့မှာ မိဘနှစ်ပါးကို ဂါဝရပြုရင်း အပြစ်တွေကို ခွင့်လွှတ်ပေးဖို့တောင်းဆိုလိုက်တဲ့ ရွှေကစ်လေး

 

ဖြူဖွေးဝင်းမွတ်တဲ့ အသားအရေလေးနဲ့ ဘိုဆန်တဲ့ မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ ပရိသတ်တွေရဲ့နှလုံးသားကို သိမ်းပိုက်ထားနိုင်သူလေး ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းပြီး ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်တဲ့ ကစ်က သူမရဲ့အနုပညာကြောင့် အောင်မြင်မှုများစွာ ရရှိထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကစ်က အများနဲ့မတူတဲ့ အမိုက်စားဖက်ရှင်တွေကို ရွေးချယ်ဝတ်ဆင်တတ်တာကြောင့် ဖက်ရှင်ဘုရင်မလေးလို့လည်း အမည်ပေးခြင်းခံထားရပါသေးတယ်။

လတ်တလောမှာ ကစ်တစ်ယောက် ကြော်ငြာနဲ့ ဇာတ်ကားတွေ ရိုက်ကူးနေရပြီး ပွဲအခမ်းအနားတွေလည်း တက်ရောက်နေရပါတယ်။ ကစ်က အလုပ်တွေနဲ့ မအားမလပ်ပေမယ့်လည်း သူမရဲ့မိသားစုအပေါ် အမြဲအချိန်ပေးတတ်သူလေး ဖြစ်ပါတယ် ။ အခုလည်း ကစ်က တန်ဆောင်လပြည့်နေ့ မနက်စောစောမှာ မိဘနှစ်ပါးကို လက်ဆောင်ခြင်းလေးနဲ့ ဂါဝရပြုကန်တော့လိုက်တာ တွေ့ရပါတယ်။

ကစ်က ” ဒီနှစ် တန်ဆောင်တိုင်တော့ ကစ်က မေမေနဲ့ ဖေဖေကို Mytel ရဲ့ My Gar Ya Wa ခြင်းလေးနဲ့ ကန်တော့ လိုက်ပါတယ်နော်။ ကာယကံ ဝစီကံ မနောကံ နဲ့ပြစ်မှားခဲ့တဲ့ အပြစ်လေးတွေရှိရင်လဲ ခွင့်လွှတ်ပေးပါနော်။ ကစ်ရဲ့ အချစ်တွေလဲ ကိုယ့်မိဘကို ကန်တော့ဖို့ မမေ့ကြနဲ့နော်။” ဆိုပြီး ပရိသတ်တွေကို ပြောပြထားတာပဲ ဖြစ်ပါတယ်။ သမီးအလိမ္မာလေးဖြစ်တဲ့ ကစ်ကြောင့် ဖေဖေနဲ့မေမေလည်း ဝမ်းသာဂုဏ်ယူမဆုံးဖြစ်နေရတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မိဘနှစ်ပါးကို ကန်တော့နေတဲ့ ကစ်ရဲ့ချစ်စဖွယ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Wutt Hmone Shwe Yi;

Credit:Myanmarload