Zawgyiျဖင့္ဖတ္ရန္

 

ေက်ာက္ကပ္ေ၀ဒနာကို ျပင္းထန္စြာခံစားေနရတဲ့ ဟာသသရုပ္ေဆာင္ကစ္ကစ္ဟာ အေရးေပၚအေျခအေနနဲ႕ ေဆးရံုႏွစ္ၾကိမ္တင္ခဲ့ရၿပီး ယခုထပ္မံ တင္ခဲ့ရတဲ့အခ်ိန္မွာေတာ့ သူမရဲ႕

ေက်ာက္ကပ္ဟာ လံုး၀ပ်က္ဆီးေနခဲ့ၿပီး ေက်ာက္ကပ္ေဆးေနရတဲ့ အေျခအေနထိ ျဖစ္ေနခဲ့ပါတယ္။ အဆိုပါ ေက်ာက္ကပ္ေဆးျခင္းဟာ တစ္ရက္ႏွစ္ရက္မဟုတ္ဘဲ

ရာသက္ပန္ေဆးရမွာျဖစ္ၿပီး အဲ့လိုမွ မဟုတ္ရင္ ေက်ာက္ကပ္အစားထိုးကုသမွသာ အရွင္းျပန္လည္ေပ်ာက္ကင္းမွာ ျဖစ္တယ္လို႔ သိရပါတယ္။ အဲ့ဒီလို အစားထိုးကုသမႈေတြ၊

ရာသက္ပန္ ေက်ာက္ကပ္ေဆးေၾကာဖို႔ေတြက သူမအတြက္ ေငြေၾကးအခက္အခဲျဖစ္ေနတာေၾကာင့္ တက္ႏိုင္တဲ့ဘက္ ကူညီေပးလိုက္ၾကပါဦးေနာ္။

လက္တေလာေနာက္ရရွိတဲ့သတင္းအရကေတာ့ အစားထိုးေပးမယ့္ အလွဴရွင္ေတြရွိေနၿပီး မၾကာခင္ အစားထိုးကုသခြင့္ရရွိႏို္င္ေတာ့မွာလဲ ျဖစ္ပါတယ္။

အဆိုပါ ကစ္ကစ္နဲ႕ ပတ္သက္တဲ့ သတင္းေတြကိုတင္ေပးေနသလို၊ကိုယ္တိုင္လည္း ပါ၀င္ကူညီေနသလို တဲ့ ေတးေရး မင္းကိုကေတာ့ အေၾကာင္းစံုကို ခုလိုဘဲ ေျပာျပလာပါတယ္။

” ကြၽန္ေတာ့္အေနနဲ႔ မကစ္ကို အေရးေပၚေဆးရံုတင္ေပးရတာ ႏွစ္ႀကိမ္႐ွိသြားပါၿပီ။ တင္ေပးတိုင္းလည္းအခက္ခဲေလးေတြ လိုအပ္ခ်က္ေလးေတြ ႐ွိတာေၾကာင့္အကူညီေတာင္းတဲ့

Postေလးေတြ အျမဲတင္ျဖစ္တယ္။ မကစ္ကစ္ရဲ႕ခံစားေနရတဲ့ေဝဒနာကို မၾကည့္ရက္ေတာ့တာနဲ႔ ေက်ာက္ကပ္အလွဴ႐ွင္ျဖစ္ျဖစ္ ေက်ာက္ကပ္ကိုရာသက္ပန္ေဆးေပးမယ့္အလွဴ႐ွင္ျဖစ္ျဖစ္္

ဖိတ္ေခၚပါတယ္ဆိုၿပီး share တစ္ခ်က္နဲ႔ အသက္ဆက္ေပးၾကဖို႔ ေတာင္းဆိုလိုက္မိတယ္။ သရုပ္ေဆာင္ ညီမေလးခင္သဇင္က ကြၽန္ေတာ္တင္တဲ့Postေလးေတြ႔ၿပီး

သူ့သူငယ္ခ်င္းဆရာဝန္နွစ္ေယာက္နဲ့အတူ မကစ္ကိုလာေတြ႔တယ္ ”

“မကစ္ကိုေတြ႔ၿပီး အစ္ကိုေဆးရံုမတင္ေသးဘူးလားတဲ့ မနက္ျဖန္တင္မွာ ညီမေလးေသြးအေျဖက အခုမွရတာၿပီးေတာ့ ကုတင္ငါးရာကတင္ခ်င္တဲ့ရက္တင္လို႔မရဘူး။

သူ႔ရက္ နဲ႔ သူတင္ရတာဆိုၿပီးညီမေလးေရၾကည့္လိုက္ ေဆးစစ္ခ်က္အေျဖကေတာ္ေတာ္ဆိုးေနတယ္ ဆိုၿပီးျပေတာ့ သူတို႔ေတြမ်က္လံုးျပဴးသြားၾကတယ္

ေက်ာက္ကပ္လဲရင္ပိုေကာင္းမယ္ဆိုၿပီးတိုင္ပင္ၾကတယ္ ဒါနဲ႔ညီမေလးခင္သဇင္တို႔ျပန္သြားၿပီးကြၽန္ေတာ္လည္းျပန္လာခဲ့တယ္။ေနာက္မနက္ ေဆးရံုတင္ၿပီးခ်ိန္မွာပဲ

ညီမေလးခင္သဇင္က စိတ္ပူျခင္းမ်ားစြာနဲ႔ အေလာတႀကီး ဖုန္းဆက္လာပါေလေရာ အစ္ကိုေရ မကစ္ကိုေဆးရံုအျမန္တင္မွရမယ္ နိုင္ငံျခားက သူ႔သူငယ္ခ်င္းဆရာဝန္ေတြက

ဒီလူုနာကိုအခ်ိန္မီေဆးရံုမတင္ရင္ အသက္ဆံုး႐ွံုးႏိုင္တယ္။ ေက်ာက္ကပ္လည္းအျမန္အစားထိုးမွ ပိုေကာင္းမယ္ဆိုၿပီး စိတ္မေကာင္းႀကီးစြာနဲ႔ ဖုန္းဆက္လာတယ္။

သူမ ကစ္ကစ္အတြက္ စိုးရိမ္လြန္ၿပီး ေတာ္ေတာ္တုန္လွဳပ္ေနဟန္ ႐ွိတယ္

ညီမေလးေရေဆးရံုေတာ့ဒီမနက္ငါးနာရီတည္းကတင္ၿပီးသြားၿပီလို႔ေျပာေတာ့မွ သူစိတ္အနည္းငယ္ေအးသြားတယ္ ညီမေလးခင္သဇင္ရယ္ကြၽန္ေတာ္ရယ္

သူ႔သူငယ္ခ်င္းဆရာဝန္ေလးရယ္မကစ္ကစ္ကိုေက်ာက္ကပ္စတင္ၿပီးေဆးေပးၾကတယ္ ညီမေလးခင္သဇင္ နဲ႔ သူငယ္ခ်င္းဆရာဝန္ေလးကဆယ္သိန္းစီမတည္ၿပီး

ေဆးေပးၾကတယ္ အနီးအေဝးကအလွဴ႐ွင္ေတြနဲ႔ ယုန္ေလး ျမင့္ျမတ္ ရဲေလးတို႔အႏုပညာ႐ွင္ေတြကလာလွဴၾကတယ္ မကစ္အေျခေနကေတာ္ေတာ္ဆိုးေနတာေၾကာင့္

တပတ္ႏွစ္ႀကိမ္ေဆးရမယ့္ေက်ာက္ကပ္ကတရက္ျခားတခါကိုေဆးေနရေတာ့တယ္

ညီမေလးခင္သဇင္ကေက်ာက္ကပ္အထူးကုဆရာဝန္ႀကီးနဲ႔ေဆြးေႏြးတိုင္ပင္ၿပီး ေက်ာက္ကပ္အစားထိုးေပးဖို႔စီစဥ္ပါေလေရာ အစ္ကိုေရ အစ္ကိုနာမည္နဲ႔ ဖုန္းနံပါတ္ေလးကိုတင္ၿပီးေက်ာက္ကပ္

အလွဴ႐ွင္႐ွာလိုက္မယ္ေနာ္တဲ့ ရတယ္ညီမေလးေရလို႔ေျပာလိုက္တယ္ အဲ့ဒီကေနစေတာ့တာပါပဲ မကစ္ကစ္ကိုသနားၿပီးေက်ာက္ကပ္လွဴေပးမယ့္အလွဴ႐ွင္ေတြေကာေသြးလွဴေပးမယ့္အလွဴ႐ွင္ေတြေကာ

ညတစ္နာရီေလာက္ထိမနားတမ္းဆက္ၾကပါေလေရာ မနက္ငါးနာရီဆိုတာနဲ႔ဖုန္းေတြစတင္ဝင္ေတာ့တာပါပဲ FaceBook ကတစ္ဖုန္ Viberကတစ္ဖုန္

Messageကတစ္ဖုန္ စာေတြလည္းလွမ္းပို႔ၿပီးေမးၾကတယ္

အခုအေျခေနက မကစ္ကစ္ကိုအစားထိုးခြဲစိတ္ဖို႔ သိန္းႏွစ္ရာဝန္းက်င္ေလာက္ကုန္မွာဆိုေတာ့ အလွဴေငြေလးေတြစုေဆာင္းေနရပါတယ္ မနက္ျဖန္ေက်ာက္ကပ္အလွဴ႐ွင္ေတြကိုေခၚေတြ႔ပါ့မယ္

ေခၚေတြ႔မယ့္အခ်ိန္နဲ႔ေနရာေလးကိုျပန္ေျပာပါ့မယ္ခင္ဗ် မကစ္ကစ္ရဲ႕ပရိသတ္မ်ားျပံဳးေပ်ာ္ေစခ်င္လို႔ဒီစာစုေလးကိုတင္ေပးလိုက္ရပါတယ္

ဖတ္ရႈ႕ေပးၾကတဲ့ မိုမိုေလးခ်စ္ပရိသတ္ၾကီး ေက်းဇူးအထူးတင္ရွိပါတယ္။ အလွဴေငြေတြလွဴတန္းႏို္င္ဖို႔ မွ်ေ၀ေပးလိုက္ၾကပါဦးေနာ္။

Credit:KKK(momolay)

Source – Minnko’s fb

 

Unicodeဖြင့်ဖတ်ရန်

 

ကျောက်ကပ်အစားထိုး ကုသခွင့်ရတော့မယ့် သရုပ်ဆောင် ကစ်ကစ်

 

ကျောက်ကပ်ဝေဒနာကို ပြင်းထန်စွာခံစားနေရတဲ့ ဟာသသရုပ်ဆောင်ကစ်ကစ်ဟာ အရေးပေါ်အခြေအနေနဲ့ ဆေးရုံနှစ်ကြိမ်တင်ခဲ့ရပြီး ယခုထပ်မံ တင်ခဲ့ရတဲ့အချိန်မှာတော့ သူမရဲ့

ကျောက်ကပ်ဟာ လုံးဝပျက်ဆီးနေခဲ့ပြီး ကျောက်ကပ်ဆေးနေရတဲ့ အခြေအနေထိ ဖြစ်နေခဲ့ပါတယ်။ အဆိုပါ ကျောက်ကပ်ဆေးခြင်းဟာ တစ်ရက်နှစ်ရက်မဟုတ်ဘဲ

ရာသက်ပန်ဆေးရမှာဖြစ်ပြီး အဲ့လိုမှ မဟုတ်ရင် ကျောက်ကပ်အစားထိုးကုသမှသာ အရှင်းပြန်လည်ပျောက်ကင်းမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို အစားထိုးကုသမှုတွေ၊

ရာသက်ပန် ကျောက်ကပ်ဆေးကြောဖို့တွေက သူမအတွက် ငွေကြေးအခက်အခဲဖြစ်နေတာကြောင့် တက်နိုင်တဲ့ဘက် ကူညီပေးလိုက်ကြပါဦးနော်။

လက်တလောနောက်ရရှိတဲ့သတင်းအရကတော့ အစားထိုးပေးမယ့် အလှူရှင်တွေရှိနေပြီး မကြာခင် အစားထိုးကုသခွင့်ရရှိနိုင်တော့မှာလဲ ဖြစ်ပါတယ်။

အဆိုပါ ကစ်ကစ်နဲ့ ပတ်သက်တဲ့ သတင်းတွေကိုတင်ပေးနေသလို၊ကိုယ်တိုင်လည်း ပါဝင်ကူညီနေသလို တဲ့ တေးရေး မင်းကိုကတော့ အကြောင်းစုံကို ခုလိုဘဲ ပြောပြလာပါတယ်။

” ကျွန်တော့်အနေနဲ့ မကစ်ကို အရေးပေါ်ဆေးရုံတင်ပေးရတာ နှစ်ကြိမ်ရှိသွားပါပြီ။ တင်ပေးတိုင်းလည်းအခက်ခဲလေးတွေ လိုအပ်ချက်လေးတွေ ရှိတာကြောင့်အကူညီတောင်းတဲ့

Postလေးတွေ အမြဲတင်ဖြစ်တယ်။ မကစ်ကစ်ရဲ့ခံစားနေရတဲ့ဝေဒနာကို မကြည့်ရက်တော့တာနဲ့ ကျောက်ကပ်အလှူရှင်ဖြစ်ဖြစ် ကျောက်ကပ်ကိုရာသက်ပန်ဆေးပေးမယ့်အလှူရှင်ဖြစ်ဖြစ်

ဖိတ်ခေါ်ပါတယ်ဆိုပြီး share တစ်ချက်နဲ့ အသက်ဆက်ပေးကြဖို့ တောင်းဆိုလိုက်မိတယ်။ သရုပ်ဆောင် ညီမလေးခင်သဇင်က ကျွန်တော်တင်တဲ့Postလေးတွေ့ပြီး

သူ့သူငယ်ချင်းဆရာဝန်နှစ်ယောက်နဲ့အတူ မကစ်ကိုလာတွေ့တယ် ”

“မကစ်ကိုတွေ့ပြီး အစ်ကိုဆေးရုံမတင်သေးဘူးလားတဲ့ မနက်ဖြန်တင်မှာ ညီမလေးသွေးအဖြေက အခုမှရတာပြီးတော့ ကုတင်ငါးရာကတင်ချင်တဲ့ရက်တင်လို့မရဘူး။

သူ့ရက် နဲ့ သူတင်ရတာဆိုပြီးညီမလေးရေကြည့်လိုက် ဆေးစစ်ချက်အဖြေကတော်တော်ဆိုးနေတယ် ဆိုပြီးပြတော့ သူတို့တွေမျက်လုံးပြူးသွားကြတယ်

ကျောက်ကပ်လဲရင်ပိုကောင်းမယ်ဆိုပြီးတိုင်ပင်ကြတယ် ဒါနဲ့ညီမလေးခင်သဇင်တို့ပြန်သွားပြီးကျွန်တော်လည်းပြန်လာခဲ့တယ်။နောက်မနက် ဆေးရုံတင်ပြီးချိန်မှာပဲ

ညီမလေးခင်သဇင်က စိတ်ပူခြင်းများစွာနဲ့ အလောတကြီး ဖုန်းဆက်လာပါလေရော အစ်ကိုရေ မကစ်ကိုဆေးရုံအမြန်တင်မှရမယ် နိုင်ငံခြားက သူ့သူငယ်ချင်းဆရာဝန်တွေက

ဒီလူုနာကိုအချိန်မီဆေးရုံမတင်ရင် အသက်ဆုံးရှုံးနိုင်တယ်။ ကျောက်ကပ်လည်းအမြန်အစားထိုးမှ ပိုကောင်းမယ်ဆိုပြီး စိတ်မကောင်းကြီးစွာနဲ့ ဖုန်းဆက်လာတယ်။

သူမ ကစ်ကစ်အတွက် စိုးရိမ်လွန်ပြီး တော်တော်တုန်လှုပ်နေဟန် ရှိတယ်

ညီမလေးရေဆေးရုံတော့ဒီမနက်ငါးနာရီတည်းကတင်ပြီးသွားပြီလို့ပြောတော့မှ သူစိတ်အနည်းငယ်အေးသွားတယ် ညီမလေးခင်သဇင်ရယ်ကျွန်တော်ရယ်

သူ့သူငယ်ချင်းဆရာဝန်လေးရယ်မကစ်ကစ်ကိုကျောက်ကပ်စတင်ပြီးဆေးပေးကြတယ် ညီမလေးခင်သဇင် နဲ့ သူငယ်ချင်းဆရာဝန်လေးကဆယ်သိန်းစီမတည်ပြီး

ဆေးပေးကြတယ် အနီးအဝေးကအလှူရှင်တွေနဲ့ ယုန်လေး မြင့်မြတ် ရဲလေးတို့အနုပညာရှင်တွေကလာလှူကြတယ် မကစ်အခြေနေကတော်တော်ဆိုးနေတာကြောင့်

တပတ်နှစ်ကြိမ်ဆေးရမယ့်ကျောက်ကပ်ကတရက်ခြားတခါကိုဆေးနေရတော့တယ်

ညီမလေးခင်သဇင်ကကျောက်ကပ်အထူးကုဆရာဝန်ကြီးနဲ့ဆွေးနွေးတိုင်ပင်ပြီး ကျောက်ကပ်အစားထိုးပေးဖို့စီစဉ်ပါလေရော အစ်ကိုရေ အစ်ကိုနာမည်နဲ့ ဖုန်းနံပါတ်လေးကိုတင်ပြီးကျောက်ကပ်

အလှူရှင်ရှာလိုက်မယ်နော်တဲ့ ရတယ်ညီမလေးရေလို့ပြောလိုက်တယ် အဲ့ဒီကနေစတော့တာပါပဲ မကစ်ကစ်ကိုသနားပြီးကျောက်ကပ်လှူပေးမယ့်အလှူရှင်တွေကောသွေးလှူပေးမယ့်အလှူရှင်တွေကော

ညတစ်နာရီလောက်ထိမနားတမ်းဆက်ကြပါလေရော မနက်ငါးနာရီဆိုတာနဲ့ဖုန်းတွေစတင်ဝင်တော့တာပါပဲ FaceBook ကတစ်ဖုန် Viberကတစ်ဖုန်

Messageကတစ်ဖုန် စာတွေလည်းလှမ်းပို့ပြီးမေးကြတယ်

အခုအခြေနေက မကစ်ကစ်ကိုအစားထိုးခွဲစိတ်ဖို့ သိန်းနှစ်ရာဝန်းကျင်လောက်ကုန်မှာဆိုတော့ အလှူငွေလေးတွေစုဆောင်းနေရပါတယ် မနက်ဖြန်ကျောက်ကပ်အလှူရှင်တွေကိုခေါ်တွေ့ပါ့မယ်

ခေါ်တွေ့မယ့်အချိန်နဲ့နေရာလေးကိုပြန်ပြောပါ့မယ်ခင်ဗျ မကစ်ကစ်ရဲ့ပရိသတ်များပြုံးပျော်စေချင်လို့ဒီစာစုလေးကိုတင်ပေးလိုက်ရပါတယ်

ဖတ်ရှု့ပေးကြတဲ့ မိုမိုလေးချစ်ပရိသတ်ကြီး ကျေးဇူးအထူးတင်ရှိပါတယ်။ အလှူငွေတွေလှူတန်းနိုင်ဖို့ မျှဝေပေးလိုက်ကြပါဦးနော်။

Credit:KKK(momolay)

Source – Minnko’s fb