Zawgyiျဖင့္ဖတ္ရန္

 

ေက်ာင္းေလ့လာေရး ခရီးစဥ္တစ္ခုဟာ မေမွ်ာ္လင့္ပဲ သားအဖႏွစ္ေယာက္ရဲ႕ ေၾကကြဲ၀မ္းနည္းဖြယ္ ဆံုစည္းမႈတစ္ခုျဖစ္ခဲ့တာကို ထိုင္းႏိုင္ငံမွာ အခုလိုသိရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေက်ာင္းေလ့လာေရးခရီးစဥ္ထဲမွာ လိုက္ပါလာတဲ့ ေက်ာင္းသားေလးတစ္ဦးဟာ မေမွ်ာ္လင့္ပဲ ဖခင္ျဖစ္သူကို ေထာင္ထဲမွာ ေတြ႔ခဲ့ၿပီး သားအဖႏွစ္ေယာက္စလံုး ၀မ္းနည္း၀မ္းသာစြာနဲ႔ ငိုေၾကြးခဲ့ၾကတာပါ။ ေက်ာင္းေတြနဲ႔ ကုမၸဏီအဖြဲ႕အစည္းေတြအတြက္ ဗဟုသုတျဖစ္ဖြယ္ ခရီးစဥ္ေတြကို စီစဥ္ေပးေနတဲ့ Jam Banjeud Rayong အမည္ရွိ အဖြဲ႔အစည္းဟာ ေထာင္တြင္းေက်ာင္းေလ့လာေရး ခရီးစဥ္တစ္ခုကို ဦးေဆာင္ခဲ့ပါတယ္။ ေလ့လာေရးခရီးရဲ႕ ေခါင္းေဆာင္ကေတာ့ Arom Khunmoung ဆိုသူပါ။

Arom ဟာ ေက်ာင္းသားေလးေတြကို ဦးေဆာင္ၿပီး ေထာင္ထဲ လွည့္ပတ္ၾကည့္ေနတဲ့ အခိုက္မွာပဲ အဖြဲ႕ထဲက ေက်ာင္းသားေလးတစ္ဦးဟာ အက်ဥ္းသားတစ္ဦးကို ေတြေ၀ ၀မ္းနည္းစြာနဲ႔ စိုက္ၾကည့္ေနတာကို ေတြ႔လိုက္ရပါတယ္။ ၿပီးေနာက္မွာေတာ့ ထူးထူးဆန္းဆန္းပဲ ေက်ာင္းသားေလးဟာ မ်က္ရည္ေတြ သြင္သြင္စီးက်လာတဲ့အျပင္ အက်ဥ္းသားၾကီးဟာလည္း စၿပီး ငိုပါေတာ့တယ္။ Arom က “ကြ်န္ေတာ္က ကေလးကို သြားေမးတယ္။ ဘာျဖစ္တာလဲဆိုေတာ့..ကေလးက အဲဒီအက်ဥ္းသားၾကီးဟာ သူ႔အေဖတဲ့။ သူ႔အေဖကို အခုလိုျမင္ရတာ အရမ္းလန္႔သြားတယ္လို႔ ကေလးက ေျပာပါတယ္။ ကြ်န္ေတာ္လည္း ပထမစဥ္းစားေသးတယ္။ ကေလးကို သူ႔အေဖနဲ႔ ေပးေတြ႔ရေကာင္းမလားေပါ့။” လို႔ဆိုပါတယ္။

Arom ဟာ သူကိုယ္တိုင္ ေထာင္အာဏာပိုင္ေတြဆီသြားၿပီး သားအဖႏွစ္ဦးကို ဆံုစည္းခြင့္ေပးဖို႔အတြက္ ခြင့္ေတာင္းလိုက္ပါတယ္။ သားအဖႏွစ္ေယာက္ရဲ႕ ေၾကကြဲစရာအျဖစ္ကို အနီးနားမွ မ်က္ျမင္ေတြ႔သူေတြကလည္း မခံစားႏိုင္တာေၾကာင့္ လိုက္ငိုၾကပါေတာ့တယ္။ အာဏာပိုင္ေတြက ေတြ႔ခြင့္ျပဳတဲ့အခါ သားအဖႏွစ္ေယာက္ဟာ မ်က္ရည္ေတြနဲ႔ တစ္ေယာက္ကို တစ္ေယာက္ ေျပးဖက္လိုက္ၾကပါတယ္။ ဖခင္ျဖစ္သူက ေက်ာင္းသားေလးကို “အေဖ..သားကို လြမ္းေနတာ။ ေတာင္းပန္ပါတယ္ သားရယ္။ ေထာင္ကထြက္လာရင္ အေဖမမိုက္ေတာ့ပါဘူး။ လိမ္လိမ္မာမာေနေနာ္ ..သား” လို႔တတြတ္တြတ္ေျပာၿပီး သူ႕သားေလးကို နမ္းရံႈ႕ေနခဲ့ပါတယ္။

ထို႔ေနာက္ အက်ဥ္းသားၾကီးက သူေထာင္က်ေနေတာ့ သားတစ္ေယာက္အေနနဲ႔ ရွက္သလားလို႔ ေက်ာင္းသားေလးကို ေမးလိုက္တဲ့အခါ ေက်ာင္းသားေလးက သူမရွက္ပါဘူးဆိုၿပီး ထိုင္းရိုးရာအရ မိဘကို ရိုေသေလးစားေၾကာင္း ျပသတဲ့အေနနဲ႔ ဖခင္ရဲ႕ ေျခေထာက္ကို ဦးခိုက္ၿပီး ကန္ေတာ့ခဲ့တယ္လို႔ သိရပါတယ္။

Credit:လင္းလင္း (ShweMom)

Ref: Dailymail

 

Unicodeဖြင့်ဖတ်ရန်

 

ထောင်ထဲမှာ မမျှော်လင့်ပဲ ပြန်လည်ဆုံတွေ့ခဲ့တဲ့ သားအဖနှစ်ယောက်ရဲ့ ကြေကွဲဖွယ်အဖြစ်

 

ကျောင်းလေ့လာရေး ခရီးစဉ်တစ်ခုဟာ မမျှော်လင့်ပဲ သားအဖနှစ်ယောက်ရဲ့ ကြေကွဲဝမ်းနည်းဖွယ် ဆုံစည်းမှုတစ်ခုဖြစ်ခဲ့တာကို ထိုင်းနိုင်ငံမှာ အခုလိုသိရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျောင်းလေ့လာရေးခရီးစဉ်ထဲမှာ လိုက်ပါလာတဲ့ ကျောင်းသားလေးတစ်ဦးဟာ မမျှော်လင့်ပဲ ဖခင်ဖြစ်သူကို ထောင်ထဲမှာ တွေ့ခဲ့ပြီး သားအဖနှစ်ယောက်စလုံး ဝမ်းနည်းဝမ်းသာစွာနဲ့ ငိုကြွေးခဲ့ကြတာပါ။ ကျောင်းတွေနဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေအတွက် ဗဟုသုတဖြစ်ဖွယ် ခရီးစဉ်တွေကို စီစဉ်ပေးနေတဲ့ Jam Banjeud Rayong အမည်ရှိ အဖွဲ့အစည်းဟာ ထောင်တွင်းကျောင်းလေ့လာရေး ခရီးစဉ်တစ်ခုကို ဦးဆောင်ခဲ့ပါတယ်။ လေ့လာရေးခရီးရဲ့ ခေါင်းဆောင်ကတော့ Arom Khunmoung ဆိုသူပါ။

Arom ဟာ ကျောင်းသားလေးတွေကို ဦးဆောင်ပြီး ထောင်ထဲ လှည့်ပတ်ကြည့်နေတဲ့ အခိုက်မှာပဲ အဖွဲ့ထဲက ကျောင်းသားလေးတစ်ဦးဟာ အကျဉ်းသားတစ်ဦးကို တွေေ၀ ဝမ်းနည်းစွာနဲ့ စိုက်ကြည့်နေတာကို တွေ့လိုက်ရပါတယ်။ ပြီးနောက်မှာတော့ ထူးထူးဆန်းဆန်းပဲ ကျောင်းသားလေးဟာ မျက်ရည်တွေ သွင်သွင်စီးကျလာတဲ့အပြင် အကျဉ်းသားကြီးဟာလည်း စပြီး ငိုပါတော့တယ်။ Arom က “ကျွန်တော်က ကလေးကို သွားမေးတယ်။ ဘာဖြစ်တာလဲဆိုတော့..ကလေးက အဲဒီအကျဉ်းသားကြီးဟာ သူ့အဖေတဲ့။ သူ့အဖေကို အခုလိုမြင်ရတာ အရမ်းလန့်သွားတယ်လို့ ကလေးက ပြောပါတယ်။ ကျွန်တော်လည်း ပထမစဉ်းစားသေးတယ်။ ကလေးကို သူ့အဖေနဲ့ ပေးတွေ့ရကောင်းမလားပေါ့။” လို့ဆိုပါတယ်။

Arom ဟာ သူကိုယ်တိုင် ထောင်အာဏာပိုင်တွေဆီသွားပြီး သားအဖနှစ်ဦးကို ဆုံစည်းခွင့်ပေးဖို့အတွက် ခွင့်တောင်းလိုက်ပါတယ်။ သားအဖနှစ်ယောက်ရဲ့ ကြေကွဲစရာအဖြစ်ကို အနီးနားမှ မျက်မြင်တွေ့သူတွေကလည်း မခံစားနိုင်တာကြောင့် လိုက်ငိုကြပါတော့တယ်။ အာဏာပိုင်တွေက တွေ့ခွင့်ပြုတဲ့အခါ သားအဖနှစ်ယောက်ဟာ မျက်ရည်တွေနဲ့ တစ်ယောက်ကို တစ်ယောက် ပြေးဖက်လိုက်ကြပါတယ်။ ဖခင်ဖြစ်သူက ကျောင်းသားလေးကို “အဖေ..သားကို လွမ်းနေတာ။ တောင်းပန်ပါတယ် သားရယ်။ ထောင်ကထွက်လာရင် အဖေမမိုက်တော့ပါဘူး။ လိမ်လိမ်မာမာနေနော် ..သား” လို့တတွတ်တွတ်ပြောပြီး သူ့သားလေးကို နမ်းရှုံ့နေခဲ့ပါတယ်။

ထို့နောက် အကျဉ်းသားကြီးက သူထောင်ကျနေတော့ သားတစ်ယောက်အနေနဲ့ ရှက်သလားလို့ ကျောင်းသားလေးကို မေးလိုက်တဲ့အခါ ကျောင်းသားလေးက သူမရှက်ပါဘူးဆိုပြီး ထိုင်းရိုးရာအရ မိဘကို ရိုသေလေးစားကြောင်း ပြသတဲ့အနေနဲ့ ဖခင်ရဲ့ ခြေထောက်ကို ဦးခိုက်ပြီး ကန်တော့ခဲ့တယ်လို့ သိရပါတယ်။

Credit:လင်းလင်း (ShweMom)

Ref: Dailymail

LEAVE A REPLY