Zawgyiျဖင့္ဖတ္ရန္

 

Myanmar Idol ျပိဳင္ပြဲၾကီးကေနတစ္ဆင့္ပရိသတ္ရင္ထဲေရာက္လာခဲ့တဲ့ အဆိုေတာ္ပုိးမီဟာ တစ္နုိ္င္ငံလံုးမွာ ပရိသတ္အခိုင္အမာရထားသူတစ္ဦးျဖစ္သလိုေျဖာင့္မတ္တယ္လို႔နာမည္ၾကီးသူလည္းျဖစ္ပါတယ္။ ပုိးမိီက သိပ္မၾကာခင္က ကုိရီးယားနုိင္ငံက ေဆးရံုတစ္ခုက Sponsored ေပးတာေၾကာင့္ ေက်ာ္ထက္ေအာင္နဲ႔အတူ သြားေရာက္ျပီးမ်က္နွာကုိခြဲစိတ္ကုသခံခဲ့တယ္လို႔သိရပါတယ္။ ခြဲစိတ္တဲ့အေတြ႕အၾကံဳေတြကုိ ပုိးမီက MC နဲ႔ Interview မွာေျပာၾကားထားပါတယ္။

ပုိးမီက ခြဲစိတ္ျပီးတဲ့ေနာက္အတူတူခဲြစိတ္ခံတဲ့ ကိုေက်ာ္ထက္ေအာင္ကုိ ေခ်ာ့ခဲ့ရေၾကာင္းကုိ “ခြဲစိတ္ခံျပီးေတာ့ ခ်ဳပ္ရိုးေတြဘာေတြျဖည္တယ္ေပါ့။ နွာေခါင္းခ်ဳပ္ရိုးေတြဘာေတြျဖည္တဲ့အခါက်ေတာ့ ကုိေက်ာ္ထက္ေအာင္လည္းေျပာထားပါတယ္။ သူက မ်က္နွာနဲ႔အလုပ္လုပ္ရတဲ့လူဆိုေတာ့ မ်က္နွာက ခ်က္ခ်င္းၾကီးက်ေတာ့ ခြဲထားရတာေယာင္ေနတာေတြရွိတာကုိး အဲ့ဒါကုိ သူ႔မ်က္နွာေပ်ာက္သြားပါျပီ။သူ႔အျပံဳးေပ်ာက္သြားပါျပီဆိုျပီး ထုိ္္င္ငိုလို႔သူ႔ကုိေခ်ာ့ခဲ့ရေသးတယ္”လို႔ ရယ္ေမာျပီးေျပာျပထားပါတယ္။

ပုိးမီက နွာေခါင္းတင္မဟုတ္ပဲ မ်က္ရစ္ပါခဲြျဖစ္တဲ့အေတြ႕အၾကံဳကုိလည္း “မ်က္ရစ္ကုိပါခြဲတဲ့အခါက် မ်က္လံုးက ပိတ္တယ္ေပါ့ေနာ္။ ေယာင္ေနေတာ့။အဲ့ဒီမွာ ငါ့မ်က္လံုးေတာ့သြားပါျပီဆိုျပီး ကန္းျပီလားမသိဘူးဆိုျပီးထင္ခဲ့တာေပါ့။ ပတ္တီးေတြခြာလိုက္တဲ့အခါမွာလည္း မ်က္နွာက ေဖာင္းကားျပီးေတာ့ ေယာင္ေနတယ္ေပါ့။ သြားျပီ ငါ့မ်က္နွာၾကီးေတာ့လံုးဝေျပာင္းသြားျပီ ငါ့ကုိပိုးမီဆိုျပီးမသိၾကရင္ဒုကၡပဲဆိုုျပီး စုိးရိမ္စိတ္ေတာ့ျဖစ္တာေပါ့” လို႔ ရင္ဖြင့္ထားပါတယ္။

ေနာက္ထပ္ ထပ္ျပီးခြဲျဖစ္ဦးမလားဆိုတာကုိလည္း ပုိးမီက “ေသခ်ာတာကေတာ့ ထပ္ခြဲျဖစ္မယ္ဆိုရင္ စပြန္ဆာရမွပဲခဲြမွာ ပုိးမီက မရဘူး ကုိယ့္ပုိက္ဆံကုန္မယ့္အလုပ္ဆိုရင္မလုပ္ဘူး။ ပုိးမီက ကုိယ္ရွာထားတဲ့ပုိက္ဆံကုိ Needs and Wants ဆိုျပီးေတာ့ ခြဲထားတယ္။ ဒါဆိုရင္ပိုးမီလိုခ်င္တာေလ။ လိုအပ္တာမဟုတ္ေတာ့ဘူး။ ပုိးမီက လိုခ်င္တာထက္လိုအပ္တာကုိပိုသံုးဖုိ႔ဆံုးျဖတ္ထားပါတယ္”လို႔ေျပာျပထားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ခြဲစိတ္လိုက္တဲ့ပိုးမီကုိ ပုိခ်စ္ၾကလား။ အရင္တုန္းကပုိးမီကုိ ပုိသေဘာက်လား။ ဘယ္လိုပဲျဖစ္ျဖစ္ ပုိးမီရဲ႕အသံကေတာ့အရင္အတိုင္းပဲမုိ႔အဆိုေတာ္ပုိးမီကုိဆက္လက္အားေပးၾကမွာလား။ ေျပာခဲ့ၾကဦးေနာ္။

Credit:Can’t Wait To Say

Unicodeဖြင့်ဖတ်ရန်

 

မျက်နှာခွဲစိတ်ပြီး ကိုယ့်ကိုယ်ကိုယ်တောင်မမှတ်မိဘူးဆိုတဲ့ ပိုးမီ

 

Myanmar Idol ပြိုင်ပွဲကြီးကနေတစ်ဆင့်ပရိသတ်ရင်ထဲရောက်လာခဲ့တဲ့ အဆိုတော်ပိုးမီဟာ တစ်နိုင်ငံလုံးမှာ ပရိသတ်အခိုင်အမာရထားသူတစ်ဦးဖြစ်သလိုဖြောင့်မတ်တယ်လို့နာမည်ကြီးသူလည်းဖြစ်ပါတယ်။ ပိုးမီက သိပ်မကြာခင်က ကိုရီးယားနိုင်ငံက ဆေးရုံတစ်ခုက Sponsored ပေးတာကြောင့် ကျော်ထက်အောင်နဲ့အတူ သွားရောက်ပြီးမျက်နှာကိုခွဲစိတ်ကုသခံခဲ့တယ်လို့သိရပါတယ်။ ခွဲစိတ်တဲ့အတွေ့အကြုံတွေကို ပိုးမီက MC နဲ့ Interview မှာပြောကြားထားပါတယ်။

ပိုးမီက ခွဲစိတ်ပြီးတဲ့နောက်အတူတူခွဲစိတ်ခံတဲ့ ကိုကျော်ထက်အောင်ကို ချော့ခဲ့ရကြောင်းကို “ခွဲစိတ်ခံပြီးတော့ ချုပ်ရိုးတွေဘာတွေဖြည်တယ်ပေါ့။ နှာခေါင်းချုပ်ရိုးတွေဘာတွေဖြည်တဲ့အခါကျတော့ ကိုကျော်ထက်အောင်လည်းပြောထားပါတယ်။ သူက မျက်နှာနဲ့အလုပ်လုပ်ရတဲ့လူဆိုတော့ မျက်နှာက ချက်ချင်းကြီးကျတော့ ခွဲထားရတာယောင်နေတာတွေရှိတာကိုး အဲ့ဒါကို သူ့မျက်နှာပျောက်သွားပါပြီ။သူ့အပြုံးပျောက်သွားပါပြီဆိုပြီး ထို်င်ငိုလို့သူ့ကိုချော့ခဲ့ရသေးတယ်”လို့ ရယ်မောပြီးပြောပြထားပါတယ်။

ပိုးမီက နှာခေါင်းတင်မဟုတ်ပဲ မျက်ရစ်ပါခွဲဖြစ်တဲ့အတွေ့အကြုံကိုလည်း “မျက်ရစ်ကိုပါခွဲတဲ့အခါကျ မျက်လုံးက ပိတ်တယ်ပေါ့နော်။ ယောင်နေတော့။အဲ့ဒီမှာ ငါ့မျက်လုံးတော့သွားပါပြီဆိုပြီး ကန်းပြီလားမသိဘူးဆိုပြီးထင်ခဲ့တာပေါ့။ ပတ်တီးတွေခွာလိုက်တဲ့အခါမှာလည်း မျက်နှာက ဖောင်းကားပြီးတော့ ယောင်နေတယ်ပေါ့။ သွားပြီ ငါ့မျက်နှာကြီးတော့လုံးဝပြောင်းသွားပြီ ငါ့ကိုပိုးမီဆိုပြီးမသိကြရင်ဒုက္ခပဲဆိုပြီး စိုးရိမ်စိတ်တော့ဖြစ်တာပေါ့” လို့ ရင်ဖွင့်ထားပါတယ်။

နောက်ထပ် ထပ်ပြီးခွဲဖြစ်ဦးမလားဆိုတာကိုလည်း ပိုးမီက “သေချာတာကတော့ ထပ်ခွဲဖြစ်မယ်ဆိုရင် စပွန်ဆာရမှပဲခွဲမှာ ပိုးမီက မရဘူး ကိုယ့်ပိုက်ဆံကုန်မယ့်အလုပ်ဆိုရင်မလုပ်ဘူး။ ပိုးမီက ကိုယ်ရှာထားတဲ့ပိုက်ဆံကို Needs and Wants ဆိုပြီးတော့ ခွဲထားတယ်။ ဒါဆိုရင်ပိုးမီလိုချင်တာလေ။ လိုအပ်တာမဟုတ်တော့ဘူး။ ပိုးမီက လိုချင်တာထက်လိုအပ်တာကိုပိုသုံးဖို့ဆုံးဖြတ်ထားပါတယ်”လို့ပြောပြထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ခွဲစိတ်လိုက်တဲ့ပိုးမီကို ပိုချစ်ကြလား။ အရင်တုန်းကပိုးမီကို ပိုသဘောကျလား။ ဘယ်လိုပဲဖြစ်ဖြစ် ပိုးမီရဲ့အသံကတော့အရင်အတိုင်းပဲမို့အဆိုတော်ပိုးမီကိုဆက်လက်အားပေးကြမှာလား။ ပြောခဲ့ကြဦးနော်။

Credit:Can’t Wait To Say