Zawgyiဖြင့်ဖတ်ရန်

 





Source: Daily Mail

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

 

ကလေးစိတ်မကုန်သေးတဲ့ နေမာရဲ့ နောက်ကျောက တက်တူးအသစ်

 

နေမာဟာ ဘရာဇီး နိုင်ငံနဲ့ လက်ရှိ ကျင်လည်နေတဲ့ ပဲရစ်မြို့က သန်းပေါင်းများစွာသော ကလေးတွေရဲ့ ဟီးရိုးတစ်ယောက်ပါ။

ဒီ စွမ်းဆောင်ရည် မြင့်တဲ့ တောင်ပံကစားသမားမှာလည်း အခုချိန်ထိ လေးစားနေတဲ့ အိုင်ဒေါတွေ ရှိနေတဲ့ပုံပါပဲ။ ဒါကို အခုနောက်ဆုံးထိုးလိုက်တဲ့ တက်တူးတွေကို ကြည့်ပြီး သိနိုင်တယ်။

နေမာက နာပိုလီနဲ့ ကစားမယ့် ပွဲမတိုင်ခင် ကျောမှာ ပုံအသစ်တွေ ထပ်တင်ခဲ့တာပါ။ သူကိုယ်တိုင်ပဲ ဒီလူစွမ်းကောင်းတွေလို ဖြစ်ချင်ခဲ့တာလား၊ သဘောကျတာလားတော့ မသိပေမယ့် Marvel နဲ့ DC က ဇာတ်ကောင် နှစ်ကောင်ရဲ့ ပုံတွေကို ကျော တစ်ဖက် တစ်ချက်စီမှာ ထိုးလိုက်တာပါ။

ဟီးရိုးတွေ အများကြီးထဲကမှ စပိုက်ဒါမန်းနဲ့ ဘတ်မန်းကို နေမာက နှစ်သက်တဲ့ပုံပါပဲ။ ဒါ သူအတွက် ပြောင်းလဲမှု တစ်ခုရဲ့ အမှတ်သားလည်း ဖြစ်နိုင်ပါတယ်။ အနာဂတ်မှာ ဘာကာကို ပြန်သွားမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် နေခဲ့ပေမယ့် ဒါနဲ့ ပတ်သက်ပြီး ဘာကာ ဥက္ကဌကတော့ ဒါဟာ ကောလာဟလတွေသာ ဖြစ်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

Source: Daily Mail

Credit:Shwemom