Zawgyiျဖင့္ဖတ္ရန္

 

အတၱႀကီးတဲ့ တစ္ကိုယ္ေကာင္းသမားေတြနဲ႔ ခ်စ္မိရင္ ခ်စ္ေနတုန္းမွာလည္း ေပ်ာ္႐ႊင္ရမွာမဟုတ္သလို ၊ ကိုယ္မေပ်ာ္ေတာ့လို႔ ျဖတ္မယ္ဆိုရင္လည္း ျဖတ္ဖို႔အရမ္းခက္ၿပီး စိတ္ဒုကၡအမ်ိဳးမ်ိး ေပးတတ္ၾကပါတယ္။ ဒါတင္မကေသးပါဘူး၊ ျပတ္ၿပီးသြားရင္ေတာင္ သူတို႔အတြက္ ကိုယ့္ေလာက္ေကာင္းတဲ့သူ မေတြ႕ရင္ သူတို႔နဲ႔ျပန္ဆက္ဖို႔ ဒီလိုစကားေတြ သုံးၿပီး ႀကိဳးစားတတ္ၾကပါတယ္။

(၁) ငါကမျပတ္ႏိုင္ပါဘူး၊ မင္းအဆင္ေျပဖို႔ ျဖတ္ေပးလိုက္ရတာ

သူတို႔က ကိုယ့္ဆီျပန္လာခ်င္တဲ့အခါ ကိုယ့္ကို ဇေဝဇဝါျဖစ္သြားေအာင္ ဒီလိုစကားမ်ိဳး ေျပာတတ္ၾကပါတယ္။ ႐ုတ္တရက္ဆို သူကိုယ့္ကို တကယ္မျပတ္ခ်င္ဘူး၊ ကိုယ့္ကို အဆင္ေျပေစခ်င္လို႔ေတာင္ ရင္အကြဲခံၿပီး ျဖတ္ေပးလိုက္ရသလိုလိုပါ။ တကယ္ေတာ့ ျဖတ္ခ်င္တာလည္း ကိုယ့္အျပစ္၊ ျပတ္သြားတာဟာလည္း သူ႔ေၾကာင့္မဟုတ္၊ ကိုယ့္ေၾကာင့္ ဆိုတဲ့ အဓိပၸါယ္ေတာင္ ျဖစ္ေနပါေသးတယ္။ ဒီလိုစကားေျပာတဲ့သူေတြကို ျပန္လက္ခံမယ္ဆို ေသခ်ာျပန္စဥ္းစားပါဦး။

(၂) သူငယ္ခ်င္းေတာင္ျဖစ္ခြင့္မရွိေတာ့ဘူးလား

သူက ကိုယ့္ကိုေပ်ာ္႐ႊင္ေစခဲ့လို႔ ဒီစကားမ်ိဳးေျပာတယ္ဆိုရင္ ေတာ္ပါေသးတယ္။ တြဲေနတုန္းကေတာ့ အခ်ိဳးတစ္စက္မွ မေျပဘဲ ျပတ္သြားမွ သူငယ္ခ်င္းေတာင္ ျဖစ္ခြင့္မရွိေတာ့ဘူးလားဆိုၿပီး လာေမးရင္ေတာ့၊ “ေအး မရွိဘူး” လို႔သာ ျပတ္ျပတ္သားသားေျပာလိုက္ပါေတာ့။

(၃) ငါက မင္းနဲ႔ မတန္မွန္းသိပါတယ္

မတန္မွန္းသိရင္ အစတည္းက ခ်စ္တယ္ ဘာညာ လာမေျပာသင့္ပါ။ အဆင္မေျပလို႔ ျပတ္ၿပီးေတာ့မွ ငါက မင္းနဲ႔မတန္မွန္းသိပါတယ္ ဆိုတဲ့ စကားမ်ိဳးလာေျပာရင္ လက္မခံသင့္ပါေနာ္။

(၄) မင္းကိုနာက်င္ေအာင္လုပ္မိတာ တကယ္စိတ္မေကာင္းျဖစ္မိတယ္
အမွန္တကယ္သာ စိတ္မေကာင္းျဖစ္တယ္ဆိုရင္ နာက်င္ေအာင္ လုပ္ခဲ့မွာေတာင္မဟုတ္ပါဘူး။ ကိုယ့္ဘက္က အဆင္ေျပေအာင္ ႀကိဳးစားခဲ့တုန္းက၊ သူကိုယ့္ဘက္ကို ၾကည့္မလားလို႔ ေမွ်ာ္လင့္ခဲ့တုန္းက ဒီစကားမ်ိဳးေျပာခဲ့သင့္တာပါ။ သူကေတာ့ ငါ့အတြက္ စဥ္းစားေပးသားပဲ ဆိုၿပီး ျပန္လက္မခံမိပါေစနဲ႔။ စိတ္ညစ္စရာေတြ အစကေန ျပန္ႀကဳံေနရပါလိမ့္မယ္။

(၅) တျခားဘယ္သူ႔ကိုမွခ်စ္လို႔မရဘူး

အဲ့ဒီစကားကို လာေျပာတာ တကယ္ပဲ အဲ့လိုျဖစ္ေနလို႔ပါ။ တျခားဘယ္သူ႔ကိုမွခ်စ္လို႔မရဘူးဆိုတာ သူ႔ဘက္ကခ်စ္လို႔မရတာမဟုတ္ပါဘူး၊ သူ႔ကိုဘယ္သူမွလက္မခံတာပါ။ တစ္ေယာက္ေယာက္ကသာ သူ႔ကိုလက္ခံတယ္ဆို ဒီစကားေျပာဖို႔သင့္အနားကိုျပန္လာေနမွာမဟုတ္ပါဘူးေနာ္။

(၆) ငါတို႔ႏွစ္ေယာက္ရဲ႕အမွတ္တရေတြကိုတကယ္ေမ့ၿပီလား

သူ႔ဘက္ကသာ ေမ့ခ်င္ေမ့မယ္၊ ကိုယ့္ဘက္က ဒါေတြကိုေမ့ႏိုင္သြားမွာ သိပ္ေၾကာက္ေနတာပါ။ အမွတ္တရေတြကို ေမ့ႏိုင္သြားရင္ သူ႔ကိုပါ တကယ္ေမ့ႏိုင္သြားမွာစိုးလို႔ပါ။ အဲ့ဒီလို ေႏွာင့္ယွက္ခ်င္ေနတဲ့ သူမ်ိဳးကို ျပန္လက္ခံဖို႔ စဥ္းစားေနဦးမွာလား။

Credit:Aunty May

 

Unicodeဖြင့်ဖတ်ရန်

 

တစ်ကိုယ်ကောင်းသမား Ex က သင့်ကိုပြန်ဆက်ချင်တဲ့အခါ ပြောတတ်တဲ့စကား (၆)မျိုး

 

အတ္တကြီးတဲ့ တစ်ကိုယ်ကောင်းသမားတွေနဲ့ ချစ်မိရင် ချစ်နေတုန်းမှာလည်း ပျော်ရွှင်ရမှာမဟုတ်သလို ၊ ကိုယ်မပျော်တော့လို့ ဖြတ်မယ်ဆိုရင်လည်း ဖြတ်ဖို့အရမ်းခက်ပြီး စိတ်ဒုက္ခအမျိုးမျိး ပေးတတ်ကြပါတယ်။ ဒါတင်မကသေးပါဘူး၊ ပြတ်ပြီးသွားရင်တောင် သူတို့အတွက် ကိုယ့်လောက်ကောင်းတဲ့သူ မတွေ့ရင် သူတို့နဲ့ပြန်ဆက်ဖို့ ဒီလိုစကားတွေ သုံးပြီး ကြိုးစားတတ်ကြပါတယ်။

(၁) ငါကမပြတ်နိုင်ပါဘူး၊ မင်းအဆင်ပြေဖို့ ဖြတ်ပေးလိုက်ရတာ

သူတို့က ကိုယ့်ဆီပြန်လာချင်တဲ့အခါ ကိုယ့်ကို ဇဝေဇဝါဖြစ်သွားအောင် ဒီလိုစကားမျိုး ပြောတတ်ကြပါတယ်။ ရုတ်တရက်ဆို သူကိုယ့်ကို တကယ်မပြတ်ချင်ဘူး၊ ကိုယ့်ကို အဆင်ပြေစေချင်လို့တောင် ရင်အကွဲခံပြီး ဖြတ်ပေးလိုက်ရသလိုလိုပါ။ တကယ်တော့ ဖြတ်ချင်တာလည်း ကိုယ့်အပြစ်၊ ပြတ်သွားတာဟာလည်း သူ့ကြောင့်မဟုတ်၊ ကိုယ့်ကြောင့် ဆိုတဲ့ အဓိပ္ပါယ်တောင် ဖြစ်နေပါသေးတယ်။ ဒီလိုစကားပြောတဲ့သူတွေကို ပြန်လက်ခံမယ်ဆို သေချာပြန်စဉ်းစားပါဦး။

(၂) သူငယ်ချင်းတောင်ဖြစ်ခွင့်မရှိတော့ဘူးလား

သူက ကိုယ့်ကိုပျော်ရွှင်စေခဲ့လို့ ဒီစကားမျိုးပြောတယ်ဆိုရင် တော်ပါသေးတယ်။ တွဲနေတုန်းကတော့ အချိုးတစ်စက်မှ မပြေဘဲ ပြတ်သွားမှ သူငယ်ချင်းတောင် ဖြစ်ခွင့်မရှိတော့ဘူးလားဆိုပြီး လာမေးရင်တော့၊ “အေး မရှိဘူး” လို့သာ ပြတ်ပြတ်သားသားပြောလိုက်ပါတော့။

(၃) ငါက မင်းနဲ့ မတန်မှန်းသိပါတယ်

မတန်မှန်းသိရင် အစတည်းက ချစ်တယ် ဘာညာ လာမပြောသင့်ပါ။ အဆင်မပြေလို့ ပြတ်ပြီးတော့မှ ငါက မင်းနဲ့မတန်မှန်းသိပါတယ် ဆိုတဲ့ စကားမျိုးလာပြောရင် လက်မခံသင့်ပါနော်။

(၄) မင်းကိုနာကျင်အောင်လုပ်မိတာ တကယ်စိတ်မကောင်းဖြစ်မိတယ်
အမှန်တကယ်သာ စိတ်မကောင်းဖြစ်တယ်ဆိုရင် နာကျင်အောင် လုပ်ခဲ့မှာတောင်မဟုတ်ပါဘူး။ ကိုယ့်ဘက်က အဆင်ပြေအောင် ကြိုးစားခဲ့တုန်းက၊ သူကိုယ့်ဘက်ကို ကြည့်မလားလို့ မျှော်လင့်ခဲ့တုန်းက ဒီစကားမျိုးပြောခဲ့သင့်တာပါ။ သူကတော့ ငါ့အတွက် စဉ်းစားပေးသားပဲ ဆိုပြီး ပြန်လက်မခံမိပါစေနဲ့။ စိတ်ညစ်စရာတွေ အစကနေ ပြန်ကြုံနေရပါလိမ့်မယ်။

(၅) တခြားဘယ်သူ့ကိုမှချစ်လို့မရဘူး

အဲ့ဒီစကားကို လာပြောတာ တကယ်ပဲ အဲ့လိုဖြစ်နေလို့ပါ။ တခြားဘယ်သူ့ကိုမှချစ်လို့မရဘူးဆိုတာ သူ့ဘက်ကချစ်လို့မရတာမဟုတ်ပါဘူး၊ သူ့ကိုဘယ်သူမှလက်မခံတာပါ။ တစ်ယောက်ယောက်ကသာ သူ့ကိုလက်ခံတယ်ဆို ဒီစကားပြောဖို့သင့်အနားကိုပြန်လာနေမှာမဟုတ်ပါဘူးနော်။

(၆) ငါတို့နှစ်ယောက်ရဲ့အမှတ်တရတွေကိုတကယ်မေ့ပြီလား

သူ့ဘက်ကသာ မေ့ချင်မေ့မယ်၊ ကိုယ့်ဘက်က ဒါတွေကိုမေ့နိုင်သွားမှာ သိပ်ကြောက်နေတာပါ။ အမှတ်တရတွေကို မေ့နိုင်သွားရင် သူ့ကိုပါ တကယ်မေ့နိုင်သွားမှာစိုးလို့ပါ။ အဲ့ဒီလို နှောင့်ယှက်ချင်နေတဲ့ သူမျိုးကို ပြန်လက်ခံဖို့ စဉ်းစားနေဦးမှာလား။

Credit:Aunty May