Zawgyiဖြင့်ဖတ်ရန်

 



တကယ့်ကို အကြမ်းနော်…







Credit:Myint Myat


 

Unicodeဖြင့်ဖတ်ရန်

 

ထင်ထားတာထက်ပိုကြမ်းခဲ့တဲ့ နေရွှေသွေးအောင်ရဲ့သီချင်းဗီဒီယို

 

Cover song တွေကို အလန်းစား သီဆိုတတ်တဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ နေရွှေသွေးအောင်ကတော့ သူဖန်တီးတဲ့ သီချင်းဗီဒီယိုတိုင်းကို အမိုက်စားရိုက်ချက်တွေနဲ့ စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးတတ်သူတစ်ဦးပါ။ လတ်တလောမှာလည်း မင်းသမီးချောလေး သင်ဇာဝင့်ကျော်၊ ထိုင်းမင်းသမီးလေး Kaew Korravee တို့နဲ့အတူ အကြမ်းစားရိုက်ကူးထားတဲ့ Cover သီချင်းလေးကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးခဲ့ပါတယ်။ ပရိသတ်တွေထင်ထားတာထက်ကို ပိုပြီးထိမိတဲ့ ရိုက်ချက်တွေနဲ့ ရိုက်ကူးထားတဲ့ နေရွှေသွေးအောင်ရဲ့သီချင်းဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

သင်ဇာဝင့်ကျော်ကတော့ ညှို့အားပြင်းတဲ့ မိန်းမပျိုလေးတစ်ဦးအနေနဲ့ ပါဝင်သရုပ်ဆောင်ထားခဲ့တာပါ။

တကယ့်ကို အကြမ်းနော်…

နေရွှေသွေးအောင်ကတော့ အဆိုတော်ကြီး Enrique Iglesiasရဲ့ သီချင်းကောင်းတစ်ပုဒ်ဖြစ်တဲ့ Tonight (I’m Loving You) သီချင်းကို cover သီဆိုပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

ထိုင်းမင်းသမီးလေးကလည်း ဒီဗီဒီယိုလေးထဲမှာ ဆွဲဆောင်မှုရှိလွန်းစွာ ပါဝင်ထားခဲ့ပါသေးတယ်။

မချောနှစ်ယောက် ကိုတစ်ယောက်

နေရွှေသွေးအောင်ရဲ့ အမိုက်စားသီချင်းဗီဒီယို

ဝါရင့်သရုပ်ဆောင်ကြီးတွေအပြင် အလန်းစားမိန်းမပျိုလေးနှစ်ဦးပါ ပါဝင်သရုပ်ဆောင်ထားတဲ့ နေရွှေသွေးအောင်ရဲ့ သီချင်းဗီဒီယိုအသစ်လေးကတော့ ပရိသတ်တွေရဲ့ရင်ထဲကို ထိထိမိမိရောက်လိမ့်မယ်လို့ ထင်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း နေရွှေသွေးအောင်ရဲ့သီချင်းဗီဒီယိုလေးကို သဘောကျတယ်ဆိုရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Credit:Myint Myat

Source;Nay Shwe Thway Aung’s Facebook

LEAVE A REPLY