Zawgyiဖြင့်ဖတ်ရန်

 


5. Bella Ranee


4. Mai Davika


3. Yaya Urassaya


2. Chompoo Araya


1. Aum Patchrapa


from thainews


 

Unicodeဖြင့်ဖတ်ရန်

 

ထိုင်းနိုင်ငံရဲ့ ဝင်ငွေအကောင်းဆုံး မင်းသမီး(၅)ယောက်

 

ထိုင်းရုပ်ရှင်ကားတွေ၊ TV ဒရမ်မာကားတွေကလည်း အခုနောက်ပိုင်းမှာ အတော်လေး နာမည်ကြီးလာပါတယ်။ ထိုင်း ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေဟာ ထိုင်းပြည်တွင်းတင်မဟုတ်ပဲ အာရှနိုင်ငံတွေကိုပါ ထိုးဖောက်ဝင်ရောက်လာတာကို တွေ့ရပါတယ်။ ထိုင်းအနုပညာရှင်တွေကို ချစ်တဲ့ ပရိသတ်တွေအတွက် ဝင်ငွေ အကောင်းဆုံး ထိုင်းမင်းသမီးတွေကို ဖော်ပြပေးချင်ပါတယ်။ ထိုင်းမင်းသမီးတွေဟာ သူတို့ရဲ့ ဝင်ငွေကို TV ဒရမ်မာကားတွေကို ရိုက်ရာကနေ ရတဲ့အပြင် တခြားပွဲတွေတက်ရောက်တာ၊ ကြော်ငြာတွေ ရိုက်ကူးပေးတာတွေကနေ လည်း ဝင်ငွေတွေ အများကြီး ရကြပါတယ်။ ထိုင်းနိုင်ငံရဲ့ ဝင်ငွေအကောင်းဆုံး မင်းသမီးတွေကတော့…………

5. Bella Ranee

Bella Ranee ကတော့ “Buppesunnivas“ဇာတ်ကားမှာ ပါဝင်ပြီးနောက်ပိုင်း အရင်ကထက်ပိုပြီး တဟုန် ထိုးနာမည်ကြီးလာခဲ့ပါတယ်။သူမဟာ ကြော်ငြာတစ်ခု ရိုက်ရင် ထိုင်းဘတ်ငွေ (၈)သန်းနဲ့ (၈) သန်းအထက် ရပြီး ပွဲတစ်ပွဲ တက်ရောက်ပေးရင်တော့ ဘတ်ငွေ (၁၅၀,၀၀၀) လောက်ရပါတယ်။

4. Mai Davika

Mai Davika ကတော့ မကြာခဏ ဆိုသလို ပြည်ပမှာ ကျင်းပတဲ့ ပွဲတွေကို တက်ရောက် ပေးနေရတဲ့ မင်းသမီး တစ်ယောက်ပါ။ ပွဲတစ်ခုအတွက် ထိုင်းဘတ်ငွေ (၂)သိန်း၊ ကြော်ငြာကတော့ ဘတ်(၈)သန်းနဲ့ (၈) သန်း အထက် ရရှိပါတယ်။

3. Yaya Urassaya

Yaya Urassaya ကတော့ လက်တလောမှာ အမေရိကနဲ့ တခြားနိုင်ငံတွေမှာပါ လူသိများတဲ့ မင်းသမီး တစ်ယောက်အဖြစ် အောင်မြင်နေပါတယ်။ international brand တွေနဲ့ လက်တွဲအလုပ်လုပ်ပြီးနောက် အခုလို ပြည်ပမှာ ပါအောင်မြင်လာတာပါ။ပွဲအတွက် ဘတ်ငွေ (၃)သိန်း၊ ကြော်ငြာ အတွက်ကတော့ ဘတ်ငွေ(၉) သန်းနဲ့ (၉)သန်း အထက်ရပါတယ်။

2. Chompoo Araya

Chompoo Araya ကတော့ လက်ထပ်ပြီးနောက်ပိုင်းမှာတော့ ဒရမ်မာ ကားတွေ ရိုက်တာကို ခဏ နားထားပါတယ်။ ပြည်ပ က ပွဲတွေကိုတော့ မကြာခဏ တက်ရောက်တာကိုတွေ့ရပါတယ်။ သူမကတော့ ပွဲတစ်ခုကနေ ဝင်ငွေ ဘတ် (၃) သိန်း၊ ကြော်ငြာ ကနေ ဘတ်ငွေ (၁၀) သန်း လောက် ရပါတယ်။

1. Aum Patchrapa

နံပါတ်တစ်နေရာမှာရှိနေသူကတော့ Aum Patchrapa ပါ။ထိုင်းအနုပညာလောကရဲ့ ဝင်ငွေအကောင်းဆုံး မင်းသမီး ပါ။ ပွဲတစ်ခုအတွက်ဆိုရင် သူမကို ဘတ်ငွေ (၃)သိန်း၊ (၄)သိန်း လောက် ပေးရပါတယ်။ကြော်ငြာ အတွက်ကတော့ ဘတ်ငွေ (၁၅)သန်းလောက် ပေးရပါတယ်။

from thainews

Credit:လင်းလင်း (ShweMom)