Zawgyiဖြင့်ဖတ်ရန်
(၂) Strong ဖြစ်တာ
(၅) ပျော်ပျော်နေတတ်တာ
(၆) ပြတ်သားတာ
Credit:Aunty may
Unicodeဖြင့်ဖတ်ရန်
ပုရိသတို့ချစ်မိသွားရင် လွယ်လွယ်နဲ့မေ့ဖို့မဖြစ်နိုင်တာ ဒီလိုမိန်းကလေးမျိုးပါ
သင့်ဘဝမှာ လွယ်လွယ်နဲ့မမေ့နိုင်ဘဲ အမြဲအမှတ်ရနေတဲ့သူတချို့ ရှိကောင်းရှိနိုင်ပါတယ်။ မေ့ဖို့ခက်တဲ့သူတွေထဲတဲ့ ဒီလို အရည်အချင်းတွေ ပိုင်ဆိုင်ထားတဲ့ မိန်းကလေးမျိုးကို ယောကျာ်းလေးတွေ ချစ်မိသွားရင် လွယ်လွယ်နဲ့မေ့လို့မရဘဲ တသသဖြစ်နေတတ်ပါတယ်။
(၁) ကိုယ့်ဘဝကိုယ်ချစ်တတ်တာ
ကိုယ့်ရဲ့ ရုပ်ရည်သွင်ပြင်၊ အလုပ်အကိုင်၊ လက်ရှိရောက်နေတဲ့ အနေအထားနဲ့ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုအသေးအမွှားလေးတွေကအစ ချစ်တတ်တဲ့သူလေးတွေဟာ လူတစ်ဖက်သားရဲ့ အမြင်မှာ အလိုလို ချစ်ဖို့ကောင်းနေတတ်ပြီး ဒီလိုမိန်းကလေးမျိုးကို ချစ်မိပြီးရင် လွယ်လွယ်နဲ့မေ့လို့မရပါဘူး။
(၂) Strong ဖြစ်တာ
စိတ်ဓာတ်ကြံ့ခိုင်တဲ့ မိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတယ်၊ ပြဿနာတွေ ကြုံလာရင် အိမ်မှာ ထိုင်ပြီး ငိုမနေဘဲ ကိုယ်တိုင်ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာတယ်။ တစ်ဖက်သားကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေတဲ့အပြင် ဘေးက လူကိုပါ ကျေနပ်မှုကိုဖြစ်စေပါတယ်။ တစ်ဖက်သားကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေတဲ့ ဒီလိုမိန်းကလေးမျိုးကို လွယ်လွယ်နဲ့ မမေ့နိုင်ကြပါဘူး။
(၃) မျှတတဲ့အတွေးအခေါ်မျိုးရှိတာ
ကိစ္စတစ်ခုကို တစ်ဖက်သတ်တည်းတွေးပြီး တစ်ယူသန် တဇွတ်ထိုးစိတ်မရှိတဲ့ မျှတတဲ့ အတွေးအခေါ်ရှိတဲ့ မိန်းကလေးမျိုးကိုလည်း ယောကျာ်းလေးတွေက မမေ့နိုင်ကြပါဘူး။
(၄) စိတ်ရင်းအတိုင်းနေတတ်တာ
ရိုးသားတဲ့သူ၊ စိတ်ရင်းအတိုင်း နေတတ်တဲ့သူဆိုတာ တော်တော်ရှားပါတယ်။ ဆိုးရင်လည်း ဆိုးတဲ့ပုံစံအတိုင်းလေးပဲ နေတတ်ပြီး အတင်းကြီးမလိမ္မာပြတတ်တဲ့သူမျိုးပေါ့။ လိမ်ညာတာကို မုန်းပြီး တစ်ဖက်သားအပေါ်မှာ ရိုးသားတဲ့မိန်းကလေးမျိုး၊ အရှိကိုအရှိအတိုင်း ပြောဆိုနေထိုင်တတ်တဲ့ မိန်းကလေးမျိုးကိုလည်း မေ့ဖို့ မလွယ်ပါဘူး။
(၅) ပျော်ပျော်နေတတ်တာ
ပျော်ပျော်နေတတ်တာဟာ ပိုက်ဆံချမ်းသာတာ၊ တော်တာ၊ အလုပ်အကိုင်ကောင်းကောင်းရှိတာတွေနဲ့ မဆိုင်ပါဘူး။ လူတစ်ယောက်ရဲ့ ခံယူချက်၊ စိတ်ဓာတ်တို့နဲ့ပဲ ဆိုင်ပါတယ်။ ပောျ်တတ်တဲ့သူလေးတွေဟာ ပတ်ဝန်းကျင်က လူတွေကိုလည်း ပျော်စေတာကြောင့် သူတို့ကို ချစ်မိတဲ့သူဟာလည်း အချိန်တိုအတွင်း မေ့လို့ရမှာမဟုတ်ပါဘူး။
(၆) ပြတ်သားတာ
Relationship တစ်ခုဟာ တည်ဆောက်ဖို့ မလွယ်သလို ရပ်တန့်ဖို့လည်း မလွယ်ပါဘူး။ လူနှစ်ယောက်ကြားက သံယောဇဉ်အမျှင်တန်းတွေကြောင့် မပြတ်သားမှုတွေ ဖြစ်ရပြီး နှစ်ယောက်လုံးနာကျင်ရပါတယ်။ တကယ်ပြတ်သားတဲ့မိန်းကလေးတွေကတော့ ဒီလိုမဟုတ်ပါဘူး၊ ကိုယ့်ကို မပျော်ရွှင်စေတဲ့ Relationship တစ်ခုကို ဘာအကြောင်းနဲ့မှ ဖက်တွယ်မနေဘဲ ပြတ်ပြတ်သားသား လွှတ်ချခဲ့နိုင်ပါတယ်။ ဒီလိုပြတ်သားလွန်းသူမို့ မေ့လို့မရ တသသပိုဖြစ်ရတာပါ။
Credit:Aunty may