Zawgyiျဖင့္ဖတ္ရန္ငါမုန္းတဲ့အကၡရာဇာတ္ကားကို သရုပ္ေဆာင္ ေရႊမွုန္ရတီက လက္ခံရိုက္ကူးေနတာျဖစ္ျပီးေတာ့ ေရႊမွုန္ရတီ မဂၤလာေဆာင္ေတာ့မယ့္အေၾကာင္းအသိေပးျပီး ပ်ံ႕ႏွံ႔ခဲ့တဲ့ေနာက္ ဒါရိုက္တာညႊန္႔ျမန္မာညီညီေအာင္က မင္းသမီးအေျပာင္းအလဲလုပ္ခဲ့တာျဖစ္ပါတယ္။ ေရႊမွုန္ရတီနဲ႔ ဆက္လက္ရိုက္ကူးမွုမျပဳလုပ္ေတာ့ဘဲ ခင္ဝင့္ဝါကိုအစားထုိးရိုက္ကူးဖုိ႔စီစဥ္လိုက္တာေၾကာင့္ ပရိသတ္ေတြၾကားေဝဖန္စရာေတြ ျဖစ္လာခဲ့ပါတယ္။

ခင္ဝင့္ဝါကလည္း သူမကိုေပးလာတဲ့ ကာရိုက္တာအေပၚမွာ အေကာင္းဆံုးၾကိဳးစားသြားပါမယ္လို႔ မီဒီယာေတြရဲ႕အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။ သို႔ေပမယ့္လည္း ေရႊမွုန္ရတီအေနနဲ႔ သရုပ္ေဆာင္မွုပိုမိုပီျပင္တယ္ဆိုျပီး ပရိသတ္ေတြက ေဝဖန္မွတ္ခ်က္ေတြေရးသားေနျပီး ခင္ဝင့္ဝါအေပၚမွာ တုိက္ခိုက္မွုေတြရွိလာတာေၾကာင့္ ယုန္ေလးက အမွန္တရားတစ္ခုကို ခ်ျပလိုက္တာျဖစ္ပါတယ္။ ယုန္ေလးက ဒီမွတ္ခ်က္ကိုေတာ့ Myanmar Celebrity ကခင္ဝင့္ဝါကိုအင္တာဗ်ဴးထားတဲ့ ဗီဒီယုိေအာက္မွာ မွတ္ခ်က္ေရးသားခဲ့တာျဖစ္ပါတယ္။

“ဝင္ေရးဖို႔ အစီစဥ္မရိွပါဘူး ဒါေပမယ့္ ဘာေၾကာင့္လဲ ဘာလဲ အမွန္တရားတစ္ခု မသိပဲနဲ႔ တစ္စိတ္ရိွရင္ ဝင္ဆဲမယ္ မေကာင္းေျပာမယ္ဆိုတာႀကီးပဲ .ေရႊမံွဴအိုက္တင္ အရမ္းေကာင္းတာေပါ့ ဒါေပမယ့္ ေရႊထူးနဲ႔ မဂၤလာေဆာင္မယ္ဆိုၿပီး ရုတ္တရက္ႀကီး ရိုက္ရင္းတန္းလန္း မရိုက္ပဲ ဘယ္ေရာက္သြားမွန္းမသိ အားလံုးကိုဒီတိုင္းထားခဲ့တာ ဒါရိုက္တာ ဦးညီ ေအာင္ရဲလင္း မႀကီးစိုး Tyron . က်န္တဲ့သက္ဆိုင္ရာ အမ်ားႀကီးေပါ့ . ေရႊမံွဴရိုက္လက္စေတြအတြက္ အစကျပန္ေန ျပန္ရိုက္ရမွာ . ပါဝင္တဲ့သူအကုန္လံုးပဲ အခ်ိန္ ကုန္က်စရိတ္ ေနျပည္ေတာ္မွာဆိုေတာ့ လူအေယာက္၁၀၀ေက်ာ္ ေနေရးထိုင္ေရး စားစရိတ္

တစ္ရက္ဆိုတစ္ရက္သိသာပါတယ္ . အစည္းရံုးမွာလည္း ထုပ္လုပ္သူဘက္က ကုန္က်စရိတ္ နစ္နာစရိတ္ေတြအတြက္ တိုင္ထားပါတယ္ . ေရႊထူးက ညီေလးပါ သူတို႔ကိုုလည္းခ်စ္ၿပီးသားပါ . အလုပ္တစ္ခုလုပ္တာ ကိုယ္မရိုက္ခ်င္ရင္ အေစာႀကီးထဲက မရိုက္နဲ႔ေပါ့ . မဂၤလာေဆာင္လို႔ရတယ္ . အေပ်ာ္ခရီးသြားလို႔ရတယ္ ရိုက္ရင္တန္းလန္းေတာ့မသြားနဲ႔ေလ . ရိုက္ၿပီးရင္သြား . ေနာက္ဆံုး မရိုက္ခင္ စရံျပန္အမ္းၿပီး ဖ်က္လိုက္ေပါ့ . အခုလိုဝင္ေျပာေတာ့လည္း မေကာင္းပါဘူး။ ဒီလို အရူပ္ေတြၾကားထဲမွာ ဘယ္သူမွ သူမ်ားေနရာ ဝင္မရိုက္ခ်င္ဘူး .ၿပီးေတာ့ ေရႊမံွဴက အိုက္တင္ပိုေကာင္းတဲ့လူ သူအေျပာဆိုခံ အဆဲခံရမွာလဲ သိသိနဲ႔ ခင္ဝင့္ဝါက ဝင္ကူညီတာပါ အားလံုး Peace . . . ” လို႔ အေၾကာင္းရင္းအမွန္ကို ခ်ျပေျပာဆိုလိုက္တာျဖစ္ပါတယ္။

ပရိသတ္ေတြအေနနဲ႔လည္း အေၾကာင္းရင္းအမွန္ကိုသိသြားျပီျဖစ္တဲ့အတြက္ေၾကာင့္ တစ္ဖက္နဲ႔တစ္ဖက္ထိခိုက္မွုျဖစ္ေစတဲ့အေရးအသားမ်ိဳးေတြ ဆက္လက္မေရးသားၾကဖို႔ ေမတၱာရပ္ခံေတာင္းဆိုအပ္ပါတယ္။

Credit-We Love Cele

 

Unicodeဖြင့်ဖတ်ရန်

 

အကြောင်းရင်းအမှန်မသိဘဲ မကောင်းပြောနေသူများအတွက် အမှန်တရားတစ်ခုကိုချပြလိုက်တဲ့ ယုန်လေး

 

ငါမုန်းတဲ့အက္ခရာဇာတ်ကားကို သရုပ်ဆောင် ရွှေမှုန်ရတီက လက်ခံရိုက်ကူးနေတာဖြစ်ပြီးတော့ ရွှေမှုန်ရတီ မင်္ဂလာဆောင်တော့မယ့်အကြောင်းအသိပေးပြီး ပျံ့နှံ့ခဲ့တဲ့နောက် ဒါရိုက်တာညွှန့်မြန်မာညီညီအောင်က မင်းသမီးအပြောင်းအလဲလုပ်ခဲ့တာဖြစ်ပါတယ်။ ရွှေမှုန်ရတီနဲ့ ဆက်လက်ရိုက်ကူးမှုမပြုလုပ်တော့ဘဲ ခင်ဝင့်ဝါကိုအစားထိုးရိုက်ကူးဖို့စီစဉ်လိုက်တာကြောင့် ပရိသတ်တွေကြားဝေဖန်စရာတွေ ဖြစ်လာခဲ့ပါတယ်။

ခင်ဝင့်ဝါကလည်း သူမကိုပေးလာတဲ့ ကာရိုက်တာအပေါ်မှာ အကောင်းဆုံးကြိုးစားသွားပါမယ်လို့ မီဒီယာတွေရဲ့အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ သို့ပေမယ့်လည်း ရွှေမှုန်ရတီအနေနဲ့ သရုပ်ဆောင်မှုပိုမိုပီပြင်တယ်ဆိုပြီး ပရိသတ်တွေက ဝေဖန်မှတ်ချက်တွေရေးသားနေပြီး ခင်ဝင့်ဝါအပေါ်မှာ တိုက်ခိုက်မှုတွေရှိလာတာကြောင့် ယုန်လေးက အမှန်တရားတစ်ခုကို ချပြလိုက်တာဖြစ်ပါတယ်။ ယုန်လေးက ဒီမှတ်ချက်ကိုတော့ Myanmar Celebrity ကခင်ဝင့်ဝါကိုအင်တာဗျူးထားတဲ့ ဗီဒီယိုအောက်မှာ မှတ်ချက်ရေးသားခဲ့တာဖြစ်ပါတယ်။

“ဝင်ရေးဖို့ အစီစဉ်မရှိပါဘူး ဒါပေမယ့် ဘာကြောင့်လဲ ဘာလဲ အမှန်တရားတစ်ခု မသိပဲနဲ့ တစ်စိတ်ရှိရင် ဝင်ဆဲမယ် မကောင်းပြောမယ်ဆိုတာကြီးပဲ .ရွှေမံှူအိုက်တင် အရမ်းကောင်းတာပေါ့ ဒါပေမယ့် ရွှေထူးနဲ့ မင်္ဂလာဆောင်မယ်ဆိုပြီး ရုတ်တရက်ကြီး ရိုက်ရင်းတန်းလန်း မရိုက်ပဲ ဘယ်ရောက်သွားမှန်းမသိ အားလုံးကိုဒီတိုင်းထားခဲ့တာ ဒါရိုက်တာ ဦးညီ အောင်ရဲလင်း မကြီးစိုး Tyron . ကျန်တဲ့သက်ဆိုင်ရာ အများကြီးပေါ့ . ရွှေမံှူရိုက်လက်စတွေအတွက် အစကပြန်နေ ပြန်ရိုက်ရမှာ . ပါဝင်တဲ့သူအကုန်လုံးပဲ အချိန် ကုန်ကျစရိတ် နေပြည်တော်မှာဆိုတော့ လူအယောက်၁၀၀ကျော် နေရေးထိုင်ရေး စားစရိတ်

တစ်ရက်ဆိုတစ်ရက်သိသာပါတယ် . အစည်းရုံးမှာလည်း ထုပ်လုပ်သူဘက်က ကုန်ကျစရိတ် နစ်နာစရိတ်တွေအတွက် တိုင်ထားပါတယ် . ရွှေထူးက ညီလေးပါ သူတို့ကိုလည်းချစ်ပြီးသားပါ . အလုပ်တစ်ခုလုပ်တာ ကိုယ်မရိုက်ချင်ရင် အစောကြီးထဲက မရိုက်နဲ့ပေါ့ . မင်္ဂလာဆောင်လို့ရတယ် . အပျော်ခရီးသွားလို့ရတယ် ရိုက်ရင်တန်းလန်းတော့မသွားနဲ့လေ . ရိုက်ပြီးရင်သွား . နောက်ဆုံး မရိုက်ခင် စရံပြန်အမ်းပြီး ဖျက်လိုက်ပေါ့ . အခုလိုဝင်ပြောတော့လည်း မကောင်းပါဘူး။ ဒီလို အရူပ်တွေကြားထဲမှာ ဘယ်သူမှ သူများနေရာ ဝင်မရိုက်ချင်ဘူး .ပြီးတော့ ရွှေမံှူက အိုက်တင်ပိုကောင်းတဲ့လူ သူအပြောဆိုခံ အဆဲခံရမှာလဲ သိသိနဲ့ ခင်ဝင့်ဝါက ဝင်ကူညီတာပါ အားလုံး Peace . . . ” လို့ အကြောင်းရင်းအမှန်ကို ချပြပြောဆိုလိုက်တာဖြစ်ပါတယ်။

ပရိသတ်တွေအနေနဲ့လည်း အကြောင်းရင်းအမှန်ကိုသိသွားပြီဖြစ်တဲ့အတွက်ကြောင့် တစ်ဖက်နဲ့တစ်ဖက်ထိခိုက်မှုဖြစ်စေတဲ့အရေးအသားမျိုးတွေ ဆက်လက်မရေးသားကြဖို့ မေတ္တာရပ်ခံတောင်းဆိုအပ်ပါတယ်။

Credit-We Love Cele

LEAVE A REPLY