Zawgyiဖြင့်ဖတ်ရန်

 




သူ(မ)ဟာ လုပ်ငန်းအများအပြားနဲ့စာချုပ်ချုပ်ခဲ့ပြီး အိမ်ထဲမှာပဲ ဓါတ်ပုံ အရိုက်ခံခဲ့ပါတယ်။ အင်ဂျလီကာရဲ့မိဘတွေဟာ သူ(မ)ကို လှောင်ပိတ်ထားခဲ့တဲ့အတွက် တစ်ခါတစ်လေတော့ဖောက်ထွက်ချင်စိတ်ဖြစ်မိတယ်လို့ အင်တာဗျုးတစ်ခုမှာ ၀န်ခံခဲ့ပါတယ်။သူ(မ)ဟာ အိမ်မှာပဲ နေနေတာမိဘကို စိတ်ချမ်းသာစေချင်လို့ ဖြစ်ပါတယ်။လှောင်အိမ်ထဲက ဘ၀ကိုလည်း ပျော်ပိုက်နေပါပြီ။မိဘတွေကိုဒီလှောင်အိမ်ကထွက်ပြီးတော့ တောင်ပံဖြန့်ပျံသန်းချင်ပြီလို့ ပြောခဲ့ရင် မိဘတွေကလည်း ခွင့်ပြုနိုင်ပေမယ့်မိဘတွေ ဖြစ်စေချင်သလိုပုံမျိုး နေဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မိုးစက်လေး

Credit:MyanmarNote

Unicodeဖြင့်ဖတ်ရန်

 

ရုပ်လှလွန်းလို့ အိမ်ထဲမှာပဲ လှောင်ပိတ်ခံထားရတဲ့ သက်ရှိ ဘာဘီမလေး

 

ဘာဘီရုပ်လေးတွေဆိုတာ သိပ်ကိုချစ်စရာကောင်းပါတယ်။ အပြာရောင် မျက်လုံး၊ရွှေအိုရောင် ဆံပင်၊သေးသွယ်တဲ့ ခါး၊သေးသွယ်တဲ့ ခြေတောက် စတဲ့ကိုယ်အင်္ဂါအစိတ်ပိုင်းတွေက ဘာဘီတွေရဲ့အမှတ်သားလို့ ပြောလို့ရပါတယ်။ဒီလို ဘာဘီနဲ့တကယ်တူတဲ့ အန်ဂျလီကာ အမည်ရ သက်ရှိဘာ ဘီမလေးတစ်ယောက် ဒီကမ္ဘာမှာ အမှန်တကယ် ရှိနေပါတယ်။ သက်ရှိဘာဘီမလေးဟာ ချောမောလှပလွန်းတဲ့ အတွက်အပြင်ထွက်ခွင့်မရရှာပါဘူး။သူ(မ)ဟာ ရုရှားသူလေးဖြစ်ပြီး ကမ္ဘာ့အလှဆုံး မိန်းကလေးတစ်ယောက်ပါ။

သူ(မ)ဟာ ခုဆိုရင် အသက် (၂၉)နှစ်ရှိပြီဖြစ်ပြီး Insatagram မှာ Follower (၁၂၅ ၀၀၀) ကျော်ရှိပါတယ်။ သူ(မ)မိဘတွေကလည်း သူ(မ)ကို တကယ့်ဘာဘီမင်းသမီးလေးလို ဆက်ဆံခဲ့ပါတယ်။ သူလေးကို ရုရှားရဲ့နာမည်ကျော် ကျောင်းမှာထားပေးပြီး သူ(မ)လိုသမျှကို လိုလေသေးမရှိအောင် မိဘတွေက ဖြည့်ဆည်းပေးခဲ့ပါတယ်။အဝတ်အစားတွေကိုလည်း ဘာဘီမလေးလိုဖြစ်အောင် ပြင်ဆင်ပေးတက်ပါတယ်။အသက်ကြီးလာတာနဲ့အမျှ သူ(မ)ရဲ့ပုံစံက ဘာဘီအရုပ်မနဲ့ပိုပို တူလာခဲ့ပါတယ်။သူ(မ)ရဲ့ ထရိန်နာကလည်း ဘာဘီကိုယ်လုံးဖြစ်အောင် သူ(မ)ကိုလေ့ကျင့်ပေးပါတယ်။

အန်ဂျလီကာ ဟာသဘာဝအတိုင်း လှပနေတဲ့ အလှအပ လျို့ဝှက်ချက်ကို ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပါဘူး။လူသိများလာတာနဲ့အမျှ သူ(မ)အပြင်သွားတိုင်း လွတ်လပ်မှု မရှိတော့ဘဲ လူတွေရဲ့ မျက်စိဒေါက်ထောက်ကြည့်တာ ခံခဲ့ရပါတယ်။ဒါကြောင့် မိဘတွေက သူ(မ)ရဲ့ လုံခြုံရေးအတွက် အိမ်အပြင်ထွက်ခွင့် ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။အန်ဂျလီကာ ဟာ အမေရိကန်မှာ မော်ဒယ်တစ်ယောက်ဖြစ်ချင်ပေမယ့်မိဘတွေရဲ့ ဆန္ဒအရ အိမ်ထဲမှာပဲ နေနေရပါတယ်။ သူ(မ)မှာ ချစ်သူလည်း မရှိခဲ့ပါဘူး။လူမှုမီဒီယာ မှာတော့ သူ(မ)ဟာ စတားတစ်ယောက်ဖြစ်နေပါပြီ။ဒါပေမယ့် သူ(မ)ဖြစ်ချင်တဲ့ မော်ဒယ်တစ်ယောက်ဖြစ်ဖို့ အခွင့်ရေးရှိလာမှာပါလို့ ပြောခဲ့ပါတယ်။

LEAVE A REPLY