Zawgiျဖင့္ဖတ္ရန္

 

မိုမိုေလးပရိသတ္ႀကီးေရ ညပိုင္းမွာ ေစ့စပ္တယ္ဆိုတဲ့သတင္းေတြထြက္ေပၚခဲ့ၿပီးတဲ့ေနာက္ပိုင္း အခုမနက္မွာေတာ့ ေရႊထူးနဲ႕ ေရႊမံႈရတီတို႕က သူတို႕ရဲ႕ facebook စာမ်က္ကေန မဂၤလာေဆာင္ဖိတ္စာနဲ႕အတူ ဆင္တူစာသားေလးေတြ ဓာတ္ပံုေလးေတြ တင္လိုက္ပါၿပီေနာ္။

မိုမိုေလးပရိသတ္ႀကီးေရ ေရႊႏွစ္ေရႊကေတာ့ “ေမး ……. ဘာ လို ႔လဲ ? ေျဖ ………… ခ်စ္ မိ သြား လို႔ … ” ဆိုတဲ့ ဆင္တူစာသားေလးနဲ႕အတူ သူတို႕ႏွစ္ဦးရဲ႕ facebook စာမ်က္ႏွာထက္မွာ ၿပိဳင္တူနီးပါးတင္ခဲ့ၾကတာပါ။

တစ္ေယာက္နဲ႕တစ္ေယာက္အရမ္းကို ခ်စ္ၾကတဲ့သူတို႕ႏွစ္ဦးက ခ်စ္သူေတြအျဖစ္ တရား၀င္ခ်ျပလိုက္ၿပီးေနာက္ပိုင္းမွာ စံုတြဲပံုေတြကို အၿမဲတမ္းတင္ေနခဲ့ၾကတာပါ။ အတူတူသြားတဲ့လာတဲ့ပံုေတြ၊ အတူတူစားေသာက္ၾကတဲ့ ခ်စ္စဖြယ္ပံုရိပ္ေလးေတြကိုလည္း ပရိသတ္ထံခ်ျပေနၾကပါ။ ဒီတစ္ခါေတာ့ ပရိသတ္ေတြထံကို တကယ့္ကို surprise အႀကီးႀကီး ျပဳလုပ္လိုက္တာပါပဲ။

မိုမိုေလးပရိသတ္ႀကီးေရ တင္ထားတဲ့ဖိတ္စာအရေတာ့ သူတို႕ရဲ႕မဂၤလာပြဲဟာ အခုႏို၀င္လာလ ၁၁ ရက္ေန႕ တနဂၤေႏြေန႕မွာ ျပဳလုပ္မွာပါ။ 11.11 ကိုေရြးခ်ယ္ခဲ့တာကလည္း ထူးထူးျခားျခားေလးပါပဲေနာ္။ ေရႊႏွစ္ေရႊရဲ႕ မဂၤလာဧည္ခံညစာစားပြဲကိုေတာ့ အင္းလ်ားလိတ္ဟိုတယ္မွာ ညေန ၆ နာရီကေန ည ၁၀ နာရီအထိ ျပဳလုပ္သြားမွာပါေနာ္။

ေရႊႏွစ္ေရႊရဲ႕ ေရႊ.. ေရႊခ်င္းထပ္ ရက္ျမတ္မဂၤလာပြဲေလးအတြက္ သူတို႕ရဲ႕ပရိသတ္ေတြကလည္း၀မ္းသာေနၾကတာပါ။ သူတို႕ႏွစ္ဦးရဲ႕ post ေအာက္မွာေတာ့ အားလံုးက ၀မ္းသာပီတိစကားေတြေျပာၾကားေနၾကတာပဲျဖစ္ပါတယ္။

မိုမိုေလးပရိသတ္ႀကီးကေရာ ေရႊထူးနဲ႕ ေရႊမံႈရတီတို႕ႏွစ္ဦးရဲ႕ မဂၤလာရက္ျမတ္အတြက္ ၀မ္းသာပီတိစကားေလးေတြ ေျပာၾကားေပးခဲ့ၾကပါဦးေနာ္။ ဖတ္ရႈအားေပးခဲ့ၾကတဲ့ မိုမိုေလးပရိသတ္ႀကီးကို ေက်းဇူးအထူးပဲ တင္ရွိပါတယ္။ ေရႊႏွစ္ေရႊရဲ႕ မဂၤလာရက္ျမတ္အတြက္လည္း ဂုဏ္ယူပါတယ္ေနာ္။

Credit:HM (မိုမိုေလး)

Unicodeဖြင့်ဖတ်ရန်

 

မင်္ဂလာဖိတ်စာကို ဆင်တူတင်ပြီး ပရိသတ်ထံချပြလိုက်တဲ့ ရွှေနှစ်ရွှေ

 

မိုမိုလေးပရိသတ်ကြီးရေ ညပိုင်းမှာ စေ့စပ်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပြီးတဲ့နောက်ပိုင်း အခုမနက်မှာတော့ ရွှေထူးနဲ့ ရွှေမှုံရတီတို့က သူတို့ရဲ့ facebook စာမျက်ကနေ မင်္ဂလာဆောင်ဖိတ်စာနဲ့အတူ ဆင်တူစာသားလေးတွေ ဓာတ်ပုံလေးတွေ တင်လိုက်ပါပြီနော်။

မိုမိုလေးပရိသတ်ကြီးရေ ရွှေနှစ်ရွှေကတော့ “မေး ……. ဘာ လို့လဲ ? ဖြေ ………… ချစ် မိ သွား လို့ … ” ဆိုတဲ့ ဆင်တူစာသားလေးနဲ့အတူ သူတို့နှစ်ဦးရဲ့ facebook စာမျက်နှာထက်မှာ ပြိုင်တူနီးပါးတင်ခဲ့ကြတာပါ။

တစ်ယောက်နဲ့တစ်ယောက်အရမ်းကို ချစ်ကြတဲ့သူတို့နှစ်ဦးက ချစ်သူတွေအဖြစ် တရားဝင်ချပြလိုက်ပြီးနောက်ပိုင်းမှာ စုံတွဲပုံတွေကို အမြဲတမ်းတင်နေခဲ့ကြတာပါ။ အတူတူသွားတဲ့လာတဲ့ပုံတွေ၊ အတူတူစားသောက်ကြတဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကိုလည်း ပရိသတ်ထံချပြနေကြပါ။ ဒီတစ်ခါတော့ ပရိသတ်တွေထံကို တကယ့်ကို surprise အကြီးကြီး ပြုလုပ်လိုက်တာပါပဲ။

မိုမိုလေးပရိသတ်ကြီးရေ တင်ထားတဲ့ဖိတ်စာအရတော့ သူတို့ရဲ့မင်္ဂလာပွဲဟာ အခုနိုဝင်လာလ ၁၁ ရက်နေ့ တနင်္ဂနွေနေ့မှာ ပြုလုပ်မှာပါ။ 11.11 ကိုရွေးချယ်ခဲ့တာကလည်း ထူးထူးခြားခြားလေးပါပဲနော်။ ရွှေနှစ်ရွှေရဲ့ မင်္ဂလာဧည်ခံညစာစားပွဲကိုတော့ အင်းလျားလိတ်ဟိုတယ်မှာ ညနေ ၆ နာရီကနေ ည ၁၀ နာရီအထိ ပြုလုပ်သွားမှာပါနော်။

ရွှေနှစ်ရွှေရဲ့ ရွှေ.. ရွှေချင်းထပ် ရက်မြတ်မင်္ဂလာပွဲလေးအတွက် သူတို့ရဲ့ပရိသတ်တွေကလည်းဝမ်းသာနေကြတာပါ။ သူတို့နှစ်ဦးရဲ့ post အောက်မှာတော့ အားလုံးက ဝမ်းသာပီတိစကားတွေပြောကြားနေကြတာပဲဖြစ်ပါတယ်။

မိုမိုလေးပရိသတ်ကြီးကရော ရွှေထူးနဲ့ ရွှေမှုံရတီတို့နှစ်ဦးရဲ့ မင်္ဂလာရက်မြတ်အတွက် ဝမ်းသာပီတိစကားလေးတွေ ပြောကြားပေးခဲ့ကြပါဦးနော်။ ဖတ်ရှုအားပေးခဲ့ကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်။ ရွှေနှစ်ရွှေရဲ့ မင်္ဂလာရက်မြတ်အတွက်လည်း ဂုဏ်ယူပါတယ်နော်။

Credit:HM (မိုမိုလေး)