Zawgyiျဖင့္ဖတ္ရန္

 

တစ္ခါတစ္ေလ လမ္းသာခြဲလိုက္တာ သူဘာလုပ္ေနမလဲ၊ သူေနေကာင္းရဲ႕လား၊ သူေနာက္တစ္ေယာက္နဲ႔ တြဲေနၿပီလား၊
သတိရတတ္ၾကပါတယ္။ သူ႔ရဲ႕Facebook Wall ေပၚကို တစ္ေန႔အႀကိမ္တစ္ရာေလာက္ ဝင္ၾကည့္တတ္ၾကပါတယ္။မိမိရဲ႕
သိကၡာေၾကာင့္သာ ျပန္မဆက္ျဖစ္ေပမယ့္ သူမ်ားတစ္ေန႔ေန႔ ျပန္လာမလားေစာင့္ေမွ်ာ္တတ္ၾကပါေသးတယ္။ ဒါေပမယ့္
မ်ားေသာအားျဖင့္ မိမိရဲ႕စိတ္ခံစားခ်က္ေတြကို အေကာင္းပကတိရွိေနခ်ိန္မွာ လူေတြဟာထိန္းထားတတ္ၾကပါတယ္။

အကယ္၍မ်ား အရက္၊ ဘီယာေလးမ်ား မူးလာၿပီဆိုရင္ေတာ့ ခ်စ္သူေဟာင္းကို သတိရတဲ့စိတ္က ငယ္ထိပ္ကိုေရာက္ေန
တတ္ပါတယ္။ ေပါက္ထြက္ေတာ့မတတ္ခံစားရပါတယ္။ အဲ့ဒိအခ်ိန္ျပင္းျပင္းထန္ထန္ သူ႔ကိုဖုန္းဆက္ခ်င္စိတ္ေတြေပၚလာ
တတ္ပါတယ္။ သူ႔ကိုလိုအပ္တဲ့စိတ္ေတြ ေပၚလာတတ္ပါတယ္။ ဒါ့ေၾကာင့္လည္း Need You Now ဆိုတဲ့ သီခ်င္းေပၚလာ
တာေပါ့။ တစ္ခါတစ္ေလ သူလည္းငါ့ကိုလြမ္းေနမွာပဲလို႔႐ူး႐ူးမိုက္မိုက္က ေတြးတတ္ပါေသးတယ္။ တကယ္ေတာ့ အရက္
ဟာ လူရဲ႕စိတ္ကို ပိုမိုခံစားေအာင္ လုပ္ေပးလိုက္လို႔ပါ။ ဒါ့ေၾကာင့္လည္း အရက္မူးတဲ့လူေတြဟာ မလိမ္တတ္ေတာ့တာပါ။
စိတ္ထဲရွိတာေတြထြက္လာၿပီး ဦးေႏွာက္က မထိန္းႏိုင္ေတာ့ပါဘူး။ ကိုယ္ေျပာေနတာေတြဟာ မေျပာသင့္တာေတြမွန္းသိ
ေနရင္ေတာင္ ဦးေႏွာက္က မထိန္းႏိုင္ေတာ့ပါဘူး။ တစ္ခါတစ္ေလ ဆိုးက်ိဳးေတြ အမ်ားႀကီးျဖစ္ေပၚတတ္ပါတယ္။

အကယ္၍ သင္ဟာ ခ်စ္သူနဲ႔လမ္းခြဲတာ မၾကာေသးဘူး သို႔မဟုတ္ ခ်စ္သူကို အရမ္းလြမ္းေနေသးတယ္ဆိုရင္

(၁) အရက္၊ဘီယာ မေသာက္သင့္ပါဘူး။

(၂) သင့္ရဲ႕အဆက္ေဟာင္းက သင့္ကိုလြမ္းေနမလားလို႔ သင္သိခ်င္ရင္ သင္ကိုယ္တိုင္က လူတစ္ေယာက္လြမ္းေလာက္
တဲ့လူလားဆိုတာ အရင္ျပန္ေမးပါ။ သင္ကမူးမူးၿပဲၿပဲပုံစံနဲ႔ဆိုရင္ေတာ့ သင့္ရဲ႕အဆက္ေဟာင္းက သင့္ကိုလြမ္းဖို႔ဆိုတာမျဖစ္
ႏိုင္ပါဘူး။ သင္က မလြမ္းသေယာင္ဟန္ေဆာင္ၿပိးအရင္ကထက္ေတာင္ လန္းဆန္း၊လွပေနရင္ေတာ့ တစ္မ်ိဳးေပါ့။

(၃) မေနႏိုင္လို႔ေသာက္ရင္ သင့္ကိုတကယ္ထိန္းႏိုင္တဲ့ သူငယ္ခ်င္းေဘးမွာရွိပါေစ။

(၄) မေသာက္ခင္ကတည္းက ဒီတစ္ခုကိုသိထားပါ။ သင္ဟာမူးၿပီးသူ႔ကိုဖုန္းဆက္ရင္ “ကြၽန္မ/ကြၽန္ေတာ့္ကို မင္းလမ္းခြဲ
သြားတာမွန္ပါတယ္။ ဘာလို႔လည္း ဆိုေတာ့ ကြၽန္မ/ကြၽန္ေတာ္ဟာ Self-respectေတာင္မရွိတဲ့သူပါ”လို႔ေျပာတာနဲ႔
အတူတူပါပဲ။

Ref:postmale

Credit:Shwemom

 

Unicodeဖြင့်ဖတ်ရန်

 

မူးလာရင်ဘာလို့ရည်စားဟောင်းကို ပိုသတိရတတ်ကြတာလဲ

 

တစ်ခါတစ်လေ လမ်းသာခွဲလိုက်တာ သူဘာလုပ်နေမလဲ၊ သူနေကောင်းရဲ့လား၊ သူနောက်တစ်ယောက်နဲ့ တွဲနေပြီလား၊
သတိရတတ်ကြပါတယ်။ သူ့ရဲ့Facebook Wall ပေါ်ကို တစ်နေ့အကြိမ်တစ်ရာလောက် ဝင်ကြည့်တတ်ကြပါတယ်။မိမိရဲ့
သိက္ခာကြောင့်သာ ပြန်မဆက်ဖြစ်ပေမယ့် သူများတစ်နေ့နေ့ ပြန်လာမလားစောင့်မျှော်တတ်ကြပါသေးတယ်။ ဒါပေမယ့်
များသောအားဖြင့် မိမိရဲ့စိတ်ခံစားချက်တွေကို အကောင်းပကတိရှိနေချိန်မှာ လူတွေဟာထိန်းထားတတ်ကြပါတယ်။

အကယ်၍များ အရက်၊ ဘီယာလေးများ မူးလာပြီဆိုရင်တော့ ချစ်သူဟောင်းကို သတိရတဲ့စိတ်က ငယ်ထိပ်ကိုရောက်နေ
တတ်ပါတယ်။ ပေါက်ထွက်တော့မတတ်ခံစားရပါတယ်။ အဲ့ဒိအချိန်ပြင်းပြင်းထန်ထန် သူ့ကိုဖုန်းဆက်ချင်စိတ်တွေပေါ်လာ
တတ်ပါတယ်။ သူ့ကိုလိုအပ်တဲ့စိတ်တွေ ပေါ်လာတတ်ပါတယ်။ ဒါ့ကြောင့်လည်း Need You Now ဆိုတဲ့ သီချင်းပေါ်လာ
တာပေါ့။ တစ်ခါတစ်လေ သူလည်းငါ့ကိုလွမ်းနေမှာပဲလို့ရူးရူးမိုက်မိုက်က တွေးတတ်ပါသေးတယ်။ တကယ်တော့ အရက်
ဟာ လူရဲ့စိတ်ကို ပိုမိုခံစားအောင် လုပ်ပေးလိုက်လို့ပါ။ ဒါ့ကြောင့်လည်း အရက်မူးတဲ့လူတွေဟာ မလိမ်တတ်တော့တာပါ။
စိတ်ထဲရှိတာတွေထွက်လာပြီး ဦးနှောက်က မထိန်းနိုင်တော့ပါဘူး။ ကိုယ်ပြောနေတာတွေဟာ မပြောသင့်တာတွေမှန်းသိ
နေရင်တောင် ဦးနှောက်က မထိန်းနိုင်တော့ပါဘူး။ တစ်ခါတစ်လေ ဆိုးကျိုးတွေ အများကြီးဖြစ်ပေါ်တတ်ပါတယ်။

အကယ်၍ သင်ဟာ ချစ်သူနဲ့လမ်းခွဲတာ မကြာသေးဘူး သို့မဟုတ် ချစ်သူကို အရမ်းလွမ်းနေသေးတယ်ဆိုရင်

(၁) အရက်၊ဘီယာ မသောက်သင့်ပါဘူး။

(၂) သင့်ရဲ့အဆက်ဟောင်းက သင့်ကိုလွမ်းနေမလားလို့ သင်သိချင်ရင် သင်ကိုယ်တိုင်က လူတစ်ယောက်လွမ်းလောက်
တဲ့လူလားဆိုတာ အရင်ပြန်မေးပါ။ သင်ကမူးမူးပြဲပြဲပုံစံနဲ့ဆိုရင်တော့ သင့်ရဲ့အဆက်ဟောင်းက သင့်ကိုလွမ်းဖို့ဆိုတာမဖြစ်
နိုင်ပါဘူး။ သင်က မလွမ်းသယောင်ဟန်ဆောင်ပြိးအရင်ကထက်တောင် လန်းဆန်း၊လှပနေရင်တော့ တစ်မျိုးပေါ့။

(၃) မနေနိုင်လို့သောက်ရင် သင့်ကိုတကယ်ထိန်းနိုင်တဲ့ သူငယ်ချင်းဘေးမှာရှိပါစေ။

(၄) မသောက်ခင်ကတည်းက ဒီတစ်ခုကိုသိထားပါ။ သင်ဟာမူးပြီးသူ့ကိုဖုန်းဆက်ရင် “ကျွန်မ/ကျွန်တော့်ကို မင်းလမ်းခွဲ
သွားတာမှန်ပါတယ်။ ဘာလို့လည်း ဆိုတော့ ကျွန်မ/ကျွန်တော်ဟာ Self-respectတောင်မရှိတဲ့သူပါ”လို့ပြောတာနဲ့
အတူတူပါပဲ။

Ref:postmale

Credit:Shwemom