Zawgyiဖြင့်ဖတ်ရန်

 





Photos-Ar Gu

Credit:We Love Cele

 

Unicodeဖြင့်ဖတ်ရန်

 

ဇနီးဖြစ်သူ ကြည်လဲ့လဲ့ဦးအပေါ်ထားတဲ့ သစ္စာတရားတွေနဲ့ ချစ်ခြင်းမေတ္တာတွေကို ဖွင့်ချလိုက်တဲ့ ဇာနည်

 

တစ်ခေတ်တစ်ခါက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ ကြည်လဲ့လဲ့ဦးနဲ့ ဇာနည်တို့ဟာ ယခုအချိန်မှာတော့ အိမ်ထောင်သက်တမ်း (၁၄) နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ အိမ်ထောင်ဦးစီးဖြစ်တဲ့ ဇာနည်နဲ့ သားသမီးတွေအတွက် အိမ်ထောင်ရှင်မကောင်းတစ်ဦးအဖြစ် ရပ်တည်နေခဲ့တဲ့ ကြည်လဲ့လဲ့ဦးဟာလည်း မိသားစုကသာ ပထမဦးဆုံးအရေးကြီးဖြစ်ခဲ့ပါတယ်။

အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေ လုပ်ကိုင်တာလျော့နည်းသွားပြီးတော့ မလုပ်တော့သလောက်ဖြစ်ခဲ့တဲ့ ကြည်လဲ့လဲ့ဦးနဲ့ ဇာနည်တို့ရဲ့ အိမ်ထောင်သက်တမ်းဟာ ယခုဆိုရင်တော့ (၁၄) နှစ်ကျော်လာခဲ့ပါပြီ။ (၁၄) နှစ်အတွင်းမှာလည်း သားသမီး (၃) ဦးထွန်းကားခဲ့ပြီးတော့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးနဲ့ သာမာန်မိသားစုအသွင် နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။

ခင်ပွန်းသည်ရဲ့ အလိုလိုက်ခြင်း၊ ချစ်ခင်ခြင်းတွေကို အပြည့်အဝရရှိထားတဲ့ ကြည်လဲ့လဲ့ဦးဟာ သစ္စာတရားတွေကိုပါ အပိုထပ်ဆောင်းအနေနဲ့ရရှိခဲ့ပြန်ပါသေးတယ်။ မင်္ဂလာသက်တမ်း (၁၄) နှစ်ကျော်လာပြီးနောက်မှာတော့ ခင်ပွန်းသည်ဖြစ်သူ ဇာနည်က ဇနီးသည်အပေါ် ဘယ်လောက်သစ္စာရှိရှိနဲ့ ချစ်မြတ်နိုးကြောင်းကို ရင်ဖွင့်လာခဲ့ပါတယ်။

ဇာနည်က ” မနေ့ကလို့သာ… ထင်နေခဲ့သည်…ဒီနေ့တော့လည်း…မနေ့ကထက်ပိုချစ်နေပြန်သည်… မနက်ဖြန်တိုင်းအတွက်ကလည်း…သစ္စာတရားသည်သူ့အတွက်ဖြစ်နေပြန်သည်…ဒါကို…သူလည်းသိသည် ကျွန်တော်လည်းသိသည်…သေချာသည်က…ကျွန်တော်သည်သာသူ့ထက်သူ့ကိုပိုချစ်သည် “ဆိုတဲ့ စာသားလေးနဲ့အတူ မင်္ဂလာဓာတ်ပုံလေးတွေကိုပါ တွဲတင်ခဲ့တာဖြစ်ပါတယ်။ ကြည်လဲ့လဲ့ဦးနဲ့ ဇာနည်တို့ မင်္ဂလာသက်တမ်း (၁၄) နှစ်ကနေပြီးနောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်သော မိသားစုနဲ့အတူ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Photos-Ar Gu

Credit:We Love Cele