Zawgyiျဖင့္ဖတ္ရန္

 

လက္႐ွိအခ်ိန္မွာ ေအာင္ျမင္ေနတဲ့ မင္းသားတစ္လတ္ျဖစ္ၿပီး ထိပ္တန္းမင္းသားတစ္ေယာက္ျဖစ္တဲ့ ေဇရဲထက္ကေတာ့ Cele Yatkwatရဲ႕ အင္တာဗ်ဴးတစ္ခုမွာ မၾကာခင္အခ်ိန္မွာ မဂၤလာေဆာင္ၾကေတာ့မယ့္ေရႊထူးနဲ႔ေရႊမႈံရတီတုိ႔အတြက္ ဆုေတာင္းစကားေတြေျပာခဲ့ၿပီး ေရႊထူးအေနနဲ႔ ေရႊမႈံရတီကုိ ဒီထက္ပုိခ်စ္ေပးပါလုိ႔ ေျပာသြားခဲ့ပါတယ္။ ေဇရဲထက္နဲ႔ ေရႊမႈံရတီတုိ႔ဟာ ေတာ္ေတာ္ေလးကုိ ခင္မင္ရင္းႏွီးၾကတဲ့ သူငယ္ခ်င္းေတြျဖစ္ၿပီး ေရႊမႈံရတီမဂၤလာေဆာင္ေတာ့မွာ ျဖစ္တာေၾကာင့္ ေဇရဲထက္က အခုလုိပဲ ေျပာျပသြားခဲ့ပါတယ္။

ေရႊမႈံရတီကမဂၤလာေဆာင္ေတာ့မွာ ျဖစ္တာေၾကာင့္ ေနာက္ကားေက်ာ္တက္တယ္လုိ႔ခံစားရလားလုိ႔ ေမးျမန္းရာ ေဇရဲထက္က” မခံစားရပါဘူးဘာလုိ႔လဲဆုိေတာ့ သူ႔ဆုံးျဖတ္ခ်က္သူ႔ရဲ႕ ခံစားမႈအတုိင္းသူ လုပ္ေဆာင္တာပဲေလ လူ႔ဘဝအခ်ိန္တုိတုိေလးမွာ ကိုယ္စိတ္မပါဘဲ ဘယ္အရာမွ မလုပ္ေစခ်င္ဘူး ကြၽန္ေတာ္လည္း မလုပ္ခ်င္ဘူး ကြၽန္ေတာ္လည္း ကြၽန္ေတာ္ စိတ္မပါရင္ ဘယ္အရာမွ ေကာင္းထဲ မထည့္ဘူး လုပ္လဲ မလုပ္ဘူး ပတ္လဲမပတ္သက္ဘူး။”လုိ႔ ေျဖခဲ့ပါတယ္။

ေရႊမႈံရတီက မဂၤလာေဆာင္တာ ေစာတယ္လုိ႔ မထင္မိဘူးလားလုိ႔ ေမးျမန္းရာ “သူ႔အေနနဲ႔ဆုိရင္ေတာ့ တကယ္အိမ္ေထာင္ရပ္သားျပဳၿပီး ကေလးေတြဘာေတြယူမယ္ဆုိရင္ အဆင္ေျပပါတယ္ မငယ္ေတာ့ဘူးေပါ့ အသက္၃၀ေက်ာ္မွ ကေလးယူမယ္ဆုိရင္ ကြၽန္ေတာ္အခု ၃၁နွစ္ကေလးကုိ ေနာက္ထပ္ကြၽန္ေတာ္အသက္နဲ႔၁၆ႏွစ္နဲ႔ ေပါင္းလုိက္မယ္ဆုိရင္ ၄၀ေက်ာ္၅၀ျဖစ္ေနၿပီ ကေလးကုိ အုပ္ခ်ဳပ္ႏုိင္ခြင့္သိပ္႐ွိမွာ မဟုတ္ေတာ့ဘူး ကေလးေတြကလည္း သိပ္နားေထာင္မွာ မဟုတ္ေတာ့ဘူး ၅၀နီးပါးဆုိေတာ့ အုိသြားၿပီ အဲ့ေတာ့ယူမယ္ဆုိရင္လည္း ဆယ္ေက်ာ္သက္က အဆင္ေျပတာ ၂၂ ၂၃ ၂၄ ၂၅ေပါ့ေနာ္ အဲ့ဒီ၂၀ေက်ာ္ေလးမွာ ယူမယ္ဆုိရင္ေတာ့ အဆင္ေျပတယ္။

ဘာလုိ႔လဲဆုိေတာ့ ကေလးေတြကုိလည္း ထိန္းေက်ာင္း ႏုိင္စြမ္း႐ွိတယ္ ကေလးေတြကုိလည္း controlလုပ္ေပးႏုိင္တယ္ေပါ့ေနာ္ အဲ့တာေလးေတြေၾကာင့္ သူလည္း ယူသင့္တဲ့အခ်ိန္ေလာက္ေတာ့႐ွိပါတယ္ ယူသင့္လုိ႔ရပါၿပီ သူကေလးေတြဘာေတြ ယူမယ္ဆုိရင္ေျပာတာေပါ့ ကေလးေတြဘာေတြယူမယ္ သူမိသားစုနဲ႔ အတူတူေနခ်င္တဲ့ စိတ္႐ွိလုိ႔လည္း သူယူသြားတာျဖစ္မွာေပါ့ေနာ္။”လုိ႔ ေျဖသြားခဲ့ပါတယ္။

သူတုိ႔မဂၤလာေဆာင္အတြက္ ဘာေတြကူညီေပးသြားဖုိ႔႐ွိလဲဆုိတဲ့ ေမးခြန္းကုိ ေဇရဲထက္က”ကြၽန္ေတာ့္ကုိေတာ့ အခုထိ မကမ္းလွမ္းေသးဘူး ကမ္းလွမ္းရင္ေတာ့ လုပ္ေပးမွာေပါ့ အဆက္အသြယ္လည္း မရဘူး သူသာယာေနမွာေပါ့။သူေပ်ာ္ေနမွာ ခံစားမိပါတယ္ လူတုိင္း လူတုိင္းက ကုိယ္ခ်စ္တဲ့သူနဲ႔သာဆုိရင္ ဘယ္လုိပဲ ဒုကၡေရာက္ ဘယ္လုိပဲ စိတ္ဆင္းရဲစရာေတြ႐ွိ႐ွိ ေပ်ာ္ေနတာေလ ကုိယ္လည္း ခံစားဖူးတာေလ ကုိယ္လည္း ကုိယ္ခ်စ္တဲ့သူေတြနဲ႔ သူမ်ားေျပာမွာလည္း မေၾကာက္ဘူး စုိးလည္း မစုိးရိမ္ဘူး ကုိယ္လုပ္ခ်င္တာလုပ္မွာပဲေလ သူလည္း အဲ့သေဘာေပါ့ သူခ်စ္တဲ့သူနဲ႔ သူေနဖုိ႔အတြက္ ဘာမွသူေခါင္းထဲ ထည့္မွာ မဟုတ္ဘူး

အဲ့ေတာ့ တစ္ခုက ေကာင္းတယ္ဆုိတာ သူရဲ႕ ခံစားခ်က္တုိင္း လုပ္တဲ့အတြက္ သူသည္ သတၱိ႐ွိတယ္ သူရယ္ ကြၽန္ေတာ္ရယ္ တူတယ္ ကြၽန္ေတာ္လည္း သတၱိ႐ွိတယ္ ကြၽန္ေတာ္တုိ႔ ႏွစ္ေယာက္လုံးသည္ သူငယ္ခ်င္းေတြ ျဖစ္ေနေတာ့ေလ ခံစားခ်က္ခ်င္းလည္း တူတယ္ ဘာလုိ႔လဲ ဆုိေတာ့ သူလုပ္ခ်င္တာကုိ ဘာမွ ေခါင္းထဲ မထည့္ဘဲ သူလုပ္တတ္တယ္ ကြၽန္ေတာ္လည္း အဲ့လုိပဲ ကြၽန္ေတာ္မွန္တယ္ထင္ရင္ လုပ္တတ္တယ္ ေျပာတတ္တယ္ ဆုိတတ္တယ္ အမုန္းမ်ားတာေပါ့ အမုန္းခံရတာမ်ားတယ္ဒါေပမဲ့ သူလုပ္တဲ့ အလုပ္ေတြေရာ ကြၽန္ေတာ္လုပ္တဲ့အလုပ္ေတြေရာ ႏွစ္ေယာက္လုံးသည္ သူမ်ားကုိေတာ့ ေစာ္ကားတာတစ္ခုမွ မ႐ွိဘူး အခု သူ႔commentေတြဖတ္ၾကည့္တယ္ေျပာခံရတယ္ အဆဲခံရတယ္ အမ်ားႀကီးပဲ ဒါေပမဲ့ သူလုပ္ခဲ့တဲ့ အလုပ္ကေလးက အားလုံး ၿငိမ္းၿပီးမွ သူလုပ္သြားတာကုိ အဲ့ေတာ့ သူ႔ကုိလည္း ကြၽန္ေတာ္ စာနာမိပါတယ္ ေနာက္ၿပီးေတာ့ သူနဲ႔ ကြၽန္ေတာ္နဲ႔ တူတဲ့ အခ်က္က ေခါင္းအရမ္းမာေသာသူကုိယ္ခ်စ္ၿပီၾကဳိက္ၿပီ ဆုိရင္ကြၽန္ေတာ္ မွန္တယ္ထင္ရင္ ေခါင္းထဲ သိပ္မထည့္တတ္ဘူး လုပ္ခ်င္တာကုိ တစ္ဇြတ္ထုိး လုပ္တဲ့သူ လူစားမ်ဳိးေတြ သူ႔ကုိေတာ့ေတာ္ေတာ္ ေလးစားတယ္။”လုိ႔ ေျပာခဲ့ပါတယ္။

ေရႊမႈံရတီနဲ႔ ခင္မင္ရင္းႏွီးမႈအေၾကာင္းနဲ႔ ပတ္သက္ၿပီး ေဇရဲထက္က “သူနဲ႔ကုိယ္နဲ႔က ေတြ႔ရင္သတ္တယ္ လည္ပင္းညႇစ္ၿပီး သတ္ေနၾကတာ ဟုိတစ္ခါလည္း သူတုိ႔အိမ္ေရာက္တယ္ ေနၾကာေစ့သြားေရာင္းတာ သူတုိ႔အိမ္ကုိ ေနၾကာေစ့ေရာင္းတာ ဝယ္တယ္ အဲ့မွာလည္း ရန္ျဖစ္ၿပီး ျပန္လာခဲ့တာပဲ။

ေရႊထူးက ေရႊမႈံရတီကုိ လက္ထပ္ခြင့္ေတာင္းတာ အရမ္းRo တာနဲ႔ ပတ္သက္ၿပီး “ေအာ္ Ro စရာေပါ့ အရမ္းပုိက္ဆံ႐ွိမွ Ro ႏုိင္တာေလေနာ္ သူတုိ႔ Roပုံႀကီးက ပုိက္ဆံ႐ွိမွာ Roႏုိင္တာေလ အားက်စရာေကာင္းတာေပါ့ ေဘာလုံးကြင္းႀကီးေတာင္ သူတုိ႔ငွါးၿပီး Roတာကုိ။ အားက်ပါတယ္ ေရႊမႈံရတီနဲ႔ ေရႊထူး ေရႊထူးကလည္း ေရႊမႈံရတီကုိ အရမ္းခ်စ္ အရမ္းျမတ္ႏုိးၿပီးေတာ့ ေရႊမႈံရတီကလည္း အရမ္းမဆုိးဘဲနဲ႔ ကုိယ့္ရဲ႕ ေယာက္်ားျဖစ္တဲ့ ေရႊထူးအေပၚကုိ မယားဝတၱရားငါးပါးနဲ႔ အညီ မိန္းမေကာင္း မိန္းမျမတ္တစ္ေယာက္ အိမ္ေထာင္မႈကုိ ထိမ္းသိန္းႏုိင္တဲ့ မိန္းမတစ္ေယာက္ ျဖစ္ပါေစ ေရႊထူးကလည္း ေရႊမႈံရတီအေပၚမွာ လင့္ဝတၱရားငါးပါးနဲ႔ ညီၿပီးေတာ့ ေယာက္်ားေကာင္းေယာက္်ားျမတ္တစ္ေယာက္ ျဖစ္ၿပီးေတာ့ ေရႊမႈံရတီဆုိးတာေတြကုိလည္း ခံႏုိင္ပါေစ ေရႊမႈံရတီကုိလည္း အရမ္းခ်စ္ပါေစ ဒီထက္ပုိၿပီးေတာ့လည္း ခ်စ္ေပးပါလုိ႔ ေျပာခ်င္ပါတယ္။ ေနာက္တစ္ခုက သူတုိ႔ ဇနီးေမာင္ႏွံႏွစ္ေယာက္ ယခုမွသည္ေပါ့ ေနာင္ႏွစ္ေပါင္းရာေက်ာ္တုိင္ေအာင္ ေအးေအးခ်မ္းခ်မ္းနဲ႔ ဘဝတစ္ခုကုိ လက္တြဲႏုိင္ၾကပါေစ။”လုိ႔ ေျပာခဲ့ပါတယ္။

Credit :Cantwait2say

 

Unicodeဖြင့်ဖတ်ရန်

 

ရွှေထူးအနေနဲ့ ရွှေမှုံရတီကိုဒီထက်ပိုချစ်ပေးပါလို့ ပြောလိုက်တဲ့ ဇေရဲထက်

 

လက်ရှိအချိန်မှာ အောင်မြင်နေတဲ့ မင်းသားတစ်လတ်ဖြစ်ပြီး ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်တဲ့ ဇေရဲထက်ကတော့ Cele Yatkwatရဲ့ အင်တာဗျူးတစ်ခုမှာ မကြာခင်အချိန်မှာ မင်္ဂလာဆောင်ကြတော့မယ့်ရွှေထူးနဲ့ရွှေမှုံရတီတို့အတွက် ဆုတောင်းစကားတွေပြောခဲ့ပြီး ရွှေထူးအနေနဲ့ ရွှေမှုံရတီကို ဒီထက်ပိုချစ်ပေးပါလို့ ပြောသွားခဲ့ပါတယ်။ ဇေရဲထက်နဲ့ ရွှေမှုံရတီတို့ဟာ တော်တော်လေးကို ခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး ရွှေမှုံရတီမင်္ဂလာဆောင်တော့မှာ ဖြစ်တာကြောင့် ဇေရဲထက်က အခုလိုပဲ ပြောပြသွားခဲ့ပါတယ်။

ရွှေမှုံရတီကမင်္ဂလာဆောင်တော့မှာ ဖြစ်တာကြောင့် နောက်ကားကျော်တက်တယ်လို့ခံစားရလားလို့ မေးမြန်းရာ ဇေရဲထက်က” မခံစားရပါဘူးဘာလို့လဲဆိုတော့ သူ့ဆုံးဖြတ်ချက်သူ့ရဲ့ ခံစားမှုအတိုင်းသူ လုပ်ဆောင်တာပဲလေ လူ့ဘဝအချိန်တိုတိုလေးမှာ ကိုယ်စိတ်မပါဘဲ ဘယ်အရာမှ မလုပ်စေချင်ဘူး ကျွန်တော်လည်း မလုပ်ချင်ဘူး ကျွန်တော်လည်း ကျွန်တော် စိတ်မပါရင် ဘယ်အရာမှ ကောင်းထဲ မထည့်ဘူး လုပ်လဲ မလုပ်ဘူး ပတ်လဲမပတ်သက်ဘူး။”လို့ ဖြေခဲ့ပါတယ်။

ရွှေမှုံရတီက မင်္ဂလာဆောင်တာ စောတယ်လို့ မထင်မိဘူးလားလို့ မေးမြန်းရာ “သူ့အနေနဲ့ဆိုရင်တော့ တကယ်အိမ်ထောင်ရပ်သားပြုပြီး ကလေးတွေဘာတွေယူမယ်ဆိုရင် အဆင်ပြေပါတယ် မငယ်တော့ဘူးပေါ့ အသက်၃၀ကျော်မှ ကလေးယူမယ်ဆိုရင် ကျွန်တော်အခု ၃၁နှစ်ကလေးကို နောက်ထပ်ကျွန်တော်အသက်နဲ့၁၆နှစ်နဲ့ ပေါင်းလိုက်မယ်ဆိုရင် ၄၀ကျော်၅၀ဖြစ်နေပြီ ကလေးကို အုပ်ချုပ်နိုင်ခွင့်သိပ်ရှိမှာ မဟုတ်တော့ဘူး ကလေးတွေကလည်း သိပ်နားထောင်မှာ မဟုတ်တော့ဘူး ၅၀နီးပါးဆိုတော့ အိုသွားပြီ အဲ့တော့ယူမယ်ဆိုရင်လည်း ဆယ်ကျော်သက်က အဆင်ပြေတာ ၂၂ ၂၃ ၂၄ ၂၅ပေါ့နော် အဲ့ဒီ၂၀ကျော်လေးမှာ ယူမယ်ဆိုရင်တော့ အဆင်ပြေတယ်။

ဘာလို့လဲဆိုတော့ ကလေးတွေကိုလည်း ထိန်းကျောင်း နိုင်စွမ်းရှိတယ် ကလေးတွေကိုလည်း controlလုပ်ပေးနိုင်တယ်ပေါ့နော် အဲ့တာလေးတွေကြောင့် သူလည်း ယူသင့်တဲ့အချိန်လောက်တော့ရှိပါတယ် ယူသင့်လို့ရပါပြီ သူကလေးတွေဘာတွေ ယူမယ်ဆိုရင်ပြောတာပေါ့ ကလေးတွေဘာတွေယူမယ် သူမိသားစုနဲ့ အတူတူနေချင်တဲ့ စိတ်ရှိလို့လည်း သူယူသွားတာဖြစ်မှာပေါ့နော်။”လို့ ဖြေသွားခဲ့ပါတယ်။

သူတို့မင်္ဂလာဆောင်အတွက် ဘာတွေကူညီပေးသွားဖို့ရှိလဲဆိုတဲ့ မေးခွန်းကို ဇေရဲထက်က”ကျွန်တော့်ကိုတော့ အခုထိ မကမ်းလှမ်းသေးဘူး ကမ်းလှမ်းရင်တော့ လုပ်ပေးမှာပေါ့ အဆက်အသွယ်လည်း မရဘူး သူသာယာနေမှာပေါ့။သူပျော်နေမှာ ခံစားမိပါတယ် လူတိုင်း လူတိုင်းက ကိုယ်ချစ်တဲ့သူနဲ့သာဆိုရင် ဘယ်လိုပဲ ဒုက္ခရောက် ဘယ်လိုပဲ စိတ်ဆင်းရဲစရာတွေရှိရှိ ပျော်နေတာလေ ကိုယ်လည်း ခံစားဖူးတာလေ ကိုယ်လည်း ကိုယ်ချစ်တဲ့သူတွေနဲ့ သူများပြောမှာလည်း မကြောက်ဘူး စိုးလည်း မစိုးရိမ်ဘူး ကိုယ်လုပ်ချင်တာလုပ်မှာပဲလေ သူလည်း အဲ့သဘောပေါ့ သူချစ်တဲ့သူနဲ့ သူနေဖို့အတွက် ဘာမှသူခေါင်းထဲ ထည့်မှာ မဟုတ်ဘူး

အဲ့တော့ တစ်ခုက ကောင်းတယ်ဆိုတာ သူရဲ့ ခံစားချက်တိုင်း လုပ်တဲ့အတွက် သူသည် သတ္တိရှိတယ် သူရယ် ကျွန်တော်ရယ် တူတယ် ကျွန်တော်လည်း သတ္တိရှိတယ် ကျွန်တော်တို့ နှစ်ယောက်လုံးသည် သူငယ်ချင်းတွေ ဖြစ်နေတော့လေ ခံစားချက်ချင်းလည်း တူတယ် ဘာလို့လဲ ဆိုတော့ သူလုပ်ချင်တာကို ဘာမှ ခေါင်းထဲ မထည့်ဘဲ သူလုပ်တတ်တယ် ကျွန်တော်လည်း အဲ့လိုပဲ ကျွန်တော်မှန်တယ်ထင်ရင် လုပ်တတ်တယ် ပြောတတ်တယ် ဆိုတတ်တယ် အမုန်းများတာပေါ့ အမုန်းခံရတာများတယ်ဒါပေမဲ့ သူလုပ်တဲ့ အလုပ်တွေရော ကျွန်တော်လုပ်တဲ့အလုပ်တွေရော နှစ်ယောက်လုံးသည် သူများကိုတော့ စော်ကားတာတစ်ခုမှ မရှိဘူး အခု သူ့commentတွေဖတ်ကြည့်တယ်ပြောခံရတယ် အဆဲခံရတယ် အများကြီးပဲ ဒါပေမဲ့ သူလုပ်ခဲ့တဲ့ အလုပ်ကလေးက အားလုံး ငြိမ်းပြီးမှ သူလုပ်သွားတာကို အဲ့တော့ သူ့ကိုလည်း ကျွန်တော် စာနာမိပါတယ် နောက်ပြီးတော့ သူနဲ့ ကျွန်တော်နဲ့ တူတဲ့ အချက်က ခေါင်းအရမ်းမာသောသူကိုယ်ချစ်ပြီကြိုက်ပြီ ဆိုရင်ကျွန်တော် မှန်တယ်ထင်ရင် ခေါင်းထဲ သိပ်မထည့်တတ်ဘူး လုပ်ချင်တာကို တစ်ဇွတ်ထိုး လုပ်တဲ့သူ လူစားမျိုးတွေ သူ့ကိုတော့တော်တော် လေးစားတယ်။”လို့ ပြောခဲ့ပါတယ်။

ရွှေမှုံရတီနဲ့ ခင်မင်ရင်းနှီးမှုအကြောင်းနဲ့ ပတ်သက်ပြီး ဇေရဲထက်က “သူနဲ့ကိုယ်နဲ့က တွေ့ရင်သတ်တယ် လည်ပင်းညှစ်ပြီး သတ်နေကြတာ ဟိုတစ်ခါလည်း သူတို့အိမ်ရောက်တယ် နေကြာစေ့သွားရောင်းတာ သူတို့အိမ်ကို နေကြာစေ့ရောင်းတာ ဝယ်တယ် အဲ့မှာလည်း ရန်ဖြစ်ပြီး ပြန်လာခဲ့တာပဲ။

ရွှေထူးက ရွှေမှုံရတီကို လက်ထပ်ခွင့်တောင်းတာ အရမ်းRo တာနဲ့ ပတ်သက်ပြီး “အော် Ro စရာပေါ့ အရမ်းပိုက်ဆံရှိမှ Ro နိုင်တာလေနော် သူတို့ Roပုံကြီးက ပိုက်ဆံရှိမှာ Roနိုင်တာလေ အားကျစရာကောင်းတာပေါ့ ဘောလုံးကွင်းကြီးတောင် သူတို့ငှါးပြီး Roတာကို။ အားကျပါတယ် ရွှေမှုံရတီနဲ့ ရွှေထူး ရွှေထူးကလည်း ရွှေမှုံရတီကို အရမ်းချစ် အရမ်းမြတ်နိုးပြီးတော့ ရွှေမှုံရတီကလည်း အရမ်းမဆိုးဘဲနဲ့ ကိုယ့်ရဲ့ ယောက်ျားဖြစ်တဲ့ ရွှေထူးအပေါ်ကို မယားဝတ္တရားငါးပါးနဲ့ အညီ မိန်းမကောင်း မိန်းမမြတ်တစ်ယောက် အိမ်ထောင်မှုကို ထိမ်းသိန်းနိုင်တဲ့ မိန်းမတစ်ယောက် ဖြစ်ပါစေ ရွှေထူးကလည်း ရွှေမှုံရတီအပေါ်မှာ လင့်ဝတ္တရားငါးပါးနဲ့ ညီပြီးတော့ ယောက်ျားကောင်းယောက်ျားမြတ်တစ်ယောက် ဖြစ်ပြီးတော့ ရွှေမှုံရတီဆိုးတာတွေကိုလည်း ခံနိုင်ပါစေ ရွှေမှုံရတီကိုလည်း အရမ်းချစ်ပါစေ ဒီထက်ပိုပြီးတော့လည်း ချစ်ပေးပါလို့ ပြောချင်ပါတယ်။ နောက်တစ်ခုက သူတို့ ဇနီးမောင်နှံနှစ်ယောက် ယခုမှသည်ပေါ့ နောင်နှစ်ပေါင်းရာကျော်တိုင်အောင် အေးအေးချမ်းချမ်းနဲ့ ဘဝတစ်ခုကို လက်တွဲနိုင်ကြပါစေ။”လို့ ပြောခဲ့ပါတယ်။

Credit :Cantwait2say

LEAVE A REPLY