Zawgyi ျဖင့္ဖတ္ရန္

 

လြန္ခဲ့တဲ့တစ္ပတ္ေလာက္က နယ္သာလန္ ႏိုင္ငံ၊ သည္ေဟ့ဂ္ ( The Hague ) ၿမိဳ႕က ပန္းၿခံနဲ႔လမ္းမေတြေပၚမွာ ရာနဲ႔ခ်ီတဲ့ ဌက္အေသေလးေတြကို ေဒသခံေတြျမင္ေတြ႕ခဲ့ၾကရပါတယ္။

လက္ရွိစာရင္းေတြအရ ေသဆုံးရတဲ့ ဌက္ အေရအတြက္ဟာ ၁၅၀ ေက်ာ္ေက်ာ္ထိရွိၿပီး ေနာက္ထပ္ေသဆုံးမႈေတြလည္းရွိလာႏိုင္တယ္လို႔သိရပါတယ္။ ေနာက္ထပ္ေသဆုံးမႈေတြနဲ႔ေပါင္းလိုက္ရင္ စုစုေပါင္းေသဆုံးမႈအေရအတြက္ဟာ ၂၉၇ က ေန ၃၀၀ နီးနီးထိရွိလာႏိုင္တယ္လို႔သိရပါတယ္။

မ်ားျပားတဲ့ဌက္ေတြေသဆုံးမႈကို ေဒသခံေတြစတင္သတိထားမိလာၾကၿပီး အေၾကာင္းရင္းကိုရွာေဖြၾကတဲ့အခါမွာ က်ယ္ျပန႔္တဲ့ 5G အင္တာနက္ကြန္ယက္ကိုစမ္းသပ္မႈေၾကာင့္ျဖစ္တယ္လို႔ေတြ႕ရွိခဲ့ၾကပါတယ္။ 5G ကြန္ယက္စမ္းသပ္ရာ ၿမိဳ႕လယ္ကေန ဒတ္ခ်္ဘူတာ႐ုံအထိ ဌက္အေသရာနဲ႔ခ်ီေတြ႕ရွိခဲ့ရၿပီး အနီးအနားေရအိုင္ထဲက ငန္းေတြဟာ သူတို႔ရဲ႕ေခါင္းေတြကို ေရထဲမွာအခ်ိန္ေတာ္ေတာ္ၾကာျမႇဳပ္ထားတာ၊ ေဆာက္တည္ရာမရပဲ ေအာ္ဟစ္ေနၾကတာ စတဲ့ ထူးထူးဆန္းဆန္းအျပဳအမူေတြကို ေတြ႕ခဲ့ရတယ္လို႔ လက္ေတြ႕စမ္းသပ္မႈမွာပါဝင္တဲ့ အမည္မေဖာ္သူတစ္ေယာက္က ဆိုပါတယ္။

5G ကြန္ယက္စမ္းသပ္ရာကေန ထြက္ရွိလာတဲ့ ေရဒီယိုလႈိင္းအလ်ားတိုေတြ၊ ဒက္ဆီဘယ္လ္ပမာဏေလာက္သာရွိတဲ့ အသံလႈိင္းေတြဟာ ေလထဲမွာရွိေနတဲ့ သတၱဝါေတြကို ဆိုးဆိုးဝါးဝါးထိခိုက္မႈျဖစ္ေပၚေစၿပီး၊ သူတို႔ရဲ႕အျမင္အာ႐ုံ နဲ႔ ပ်ံသန္းမႈမွာ ဇေဝဇဝါေတြျဖစ္ေစပါတယ္။ အနီးစပ္ဆုံးနားလည္ေအာင္ေျပာရမယ္ဆိုရင္ အျမင့္ေပသုံးေသာင္းေလာက္မွာ လူတစ္ေယာက္ကို ေအာက္ဆီဂ်င္ဘူးမပါပဲ ေလယာဥ္ေမာင္းခန္းထဲထိုင္ခိုင္းထားသလို၊ အဆက္မျပတ္အထက္ေအာက္လူးလွိမ့္ေနတဲ့ ( Do a barrel roll ) ေလယာဥ္ေမာင္းခန္းထဲမွာ ဝင္ထိုင္ေနရသလိုမ်ိဳးပါပဲ။

ေသဆုံးေနတဲ့ဌက္ေတြကို စစ္ေဆးတဲ့အခါမွာ ျပင္ပေရာဂါေတြျဖစ္တဲ့ အေအးမိတာ၊ ဗိုင္းရပ္စ္ နဲ႔ ဘက္တီးရီးယားတြယ္ကပ္တဲ့လကၡဏာေတြကိုမေတြ႕ရပါဘူး။ ခႏၶာကိုယ္အတြင္းအစိတ္အပိုင္းေတြလည္းအေကာင္းပကတိရွိေနတာကိုေတြ႕ရတယ္လို႔ဆိုပါတယ္။ ဒါေပမယ့္ျဖစ္ႏိုင္ေခ်ရွိတဲ့ သာဓကတစ္ခုကေတာ့ 5G မိုက္ခ႐ိုေဝ့ဗ္လႈိင္းေတြဟာ ဌက္ေတြရဲ႕ ႏွလုံး၊ ဦးေႏွာက္၊ အျမင္အာ႐ုံ နဲ႔ နားစည္ေတြကို ျပင္းျပင္းထန္ထန္သက္ေရာက္မႈရွိခဲ့တယ္လို႔သိရပါတယ္။

တစ္ခ်ိဳ႕လူေတြကေတာ့ မိုက္ခ႐ိုေဝ့ဗ္လႈိင္းေတြနဲ႔ထိေတြ႕ရတာက ဘာသက္ေရာက္မႈမွမျဖစ္ေစဘူးလို႔ဆိုၾကတယ္။ ဒါေပမယ့္ အဲဒီမိုက္ခ႐ိုေဝ့ဗ္လႈိင္းေတြနဲ႔ နာရီတိုင္း၊ ေန႔တိုင္း အဆက္မျပတ္ထိေတြ႕မႈေတြျဖစ္လာတဲ့အခါမွာ ခႏၶာကိုယ္ေပၚသက္ေရာက္မႈႀကီးႀကီးမားမားတစ္ခုေတာ့ျဖစ္လာမွာပါပဲ။ ဥပမာတစ္ခုေျပာရမယ္ဆိုရင္ ဖုန္းကိုနာရီနဲ႔ခ်ီၿပီးၾကည့္ေနတာ၊ နာရီနဲ႔ခ်ီၿပီးဖုန္းေျပာတာေတြလုပ္ရင္ လူရဲ႕မ်က္လုံး၊ ဦးေႏွာက္ေတြကိုဆိုးဆိုး႐ြား႐ြားထိခိုက္တယ္ဆိုတာ ျငင္းမရသလိုေပါ့။

ေသဆုံးရတဲ့ဌက္ကေလးေတြထဲမွာ က်ီးကန္း၊ ေရစစၥလီ၊ စာကေလး၊ ခိုေတြအျပင္ Raven ( သပိတ္လြယ္ ) နဲ႔ Kingfisher ( ပိန္ညင္း ) လို ေရစပ္၊ ျမစ္ကမ္းနားေဘးမွာ ေနထိုင္တဲ့ဌက္မ်ိဳးစိတ္ေတြပါ ပါဝင္ခဲ့တယ္လို႔သိရပါတယ္။

အဲ့ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး သည္ေဟ့ဂ္ ရဲ႕ သဘာဝပတ္ဝန္းက်င္ေစာင့္ေရွာက္ေရးနဲ႔တိရစာၦန္အခြင့္အေရးကာကြယ္သူအဖြဲ႕အစည္းေတြစုေပါင္းၿပီး နယ္သာလန္ရဲ႕ ဆက္သြယ္ေရးကုမၸဏီႀကီးျဖစ္တဲ့ FCC ကိုတရားစြဲဖို႔ျပင္ဆင္ေနၿပီျဖစ္ပါတယ္။

Source : captain-planet.net

Unicode ဖြင့်ဖတ်ရန်

5G ကွန်ယက် စမ်းသပ်မှုကြောင့် ရာနဲ့ချီတဲ့ ဌက်ကလေးများသေဆုံးခဲ့ရ

လွန်ခဲ့တဲ့တစ်ပတ်လောက်က နယ်သာလန် နိုင်ငံ၊ သည်ဟေ့ဂ် ( The Hague ) မြို့က ပန်းခြံနဲ့လမ်းမတွေပေါ်မှာ ရာနဲ့ချီတဲ့ ဌက်အသေလေးတွေကို ဒေသခံတွေမြင်တွေ့ခဲ့ကြရပါတယ်။

လက်ရှိစာရင်းတွေအရ သေဆုံးရတဲ့ ဌက် အရေအတွက်ဟာ ၁၅၀ ကျော်ကျော်ထိရှိပြီး နောက်ထပ်သေဆုံးမှုတွေလည်းရှိလာနိုင်တယ်လို့သိရပါတယ်။ နောက်ထပ်သေဆုံးမှုတွေနဲ့ပေါင်းလိုက်ရင် စုစုပေါင်းသေဆုံးမှုအရေအတွက်ဟာ ၂၉၇ က နေ ၃၀၀ နီးနီးထိရှိလာနိုင်တယ်လို့သိရပါတယ်။

များပြားတဲ့ဌက်တွေသေဆုံးမှုကို ဒေသခံတွေစတင်သတိထားမိလာကြပြီး အကြောင်းရင်းကိုရှာဖွေကြတဲ့အခါမှာ ကျယ်ပြန့်တဲ့ 5G အင်တာနက်ကွန်ယက်ကိုစမ်းသပ်မှုကြောင့်ဖြစ်တယ်လို့တွေ့ရှိခဲ့ကြပါတယ်။ 5G ကွန်ယက်စမ်းသပ်ရာ မြို့လယ်ကနေ ဒတ်ချ်ဘူတာရုံအထိ ဌက်အသေရာနဲ့ချီတွေ့ရှိခဲ့ရပြီး အနီးအနားရေအိုင်ထဲက ငန်းတွေဟာ သူတို့ရဲ့ခေါင်းတွေကို ရေထဲမှာအချိန်တော်တော်ကြာမြှုပ်ထားတာ၊ ဆောက်တည်ရာမရပဲ အော်ဟစ်နေကြတာ စတဲ့ ထူးထူးဆန်းဆန်းအပြုအမူတွေကို တွေ့ခဲ့ရတယ်လို့ လက်တွေ့စမ်းသပ်မှုမှာပါဝင်တဲ့ အမည်မဖော်သူတစ်ယောက်က ဆိုပါတယ်။

5G ကွန်ယက်စမ်းသပ်ရာကနေ ထွက်ရှိလာတဲ့ ရေဒီယိုလှိုင်းအလျားတိုတွေ၊ ဒက်ဆီဘယ်လ်ပမာဏလောက်သာရှိတဲ့ အသံလှိုင်းတွေဟာ လေထဲမှာရှိနေတဲ့ သတ္တဝါတွေကို ဆိုးဆိုးဝါးဝါးထိခိုက်မှုဖြစ်ပေါ်စေပြီး၊ သူတို့ရဲ့အမြင်အာရုံ နဲ့ ပျံသန်းမှုမှာ ဇဝေဇဝါတွေဖြစ်စေပါတယ်။ အနီးစပ်ဆုံးနားလည်အောင်ပြောရမယ်ဆိုရင် အမြင့်ပေသုံးသောင်းလောက်မှာ လူတစ်ယောက်ကို အောက်ဆီဂျင်ဘူးမပါပဲ လေယာဉ်မောင်းခန်းထဲထိုင်ခိုင်းထားသလို၊ အဆက်မပြတ်အထက်အောက်လူးလှိမ့်နေတဲ့ ( Do a barrel roll ) လေယာဉ်မောင်းခန်းထဲမှာ ဝင်ထိုင်နေရသလိုမျိုးပါပဲ။

သေဆုံးနေတဲ့ဌက်တွေကို စစ်ဆေးတဲ့အခါမှာ ပြင်ပရောဂါတွေဖြစ်တဲ့ အအေးမိတာ၊ ဗိုင်းရပ်စ် နဲ့ ဘက်တီးရီးယားတွယ်ကပ်တဲ့လက္ခဏာတွေကိုမတွေ့ရပါဘူး။ ခန္ဓာကိုယ်အတွင်းအစိတ်အပိုင်းတွေလည်းအကောင်းပကတိရှိနေတာကိုတွေ့ရတယ်လို့ဆိုပါတယ်။ ဒါပေမယ့်ဖြစ်နိုင်ချေရှိတဲ့ သာဓကတစ်ခုကတော့ 5G မိုက်ခရိုဝေ့ဗ်လှိုင်းတွေဟာ ဌက်တွေရဲ့ နှလုံး၊ ဦးနှောက်၊ အမြင်အာရုံ နဲ့ နားစည်တွေကို ပြင်းပြင်းထန်ထန်သက်ရောက်မှုရှိခဲ့တယ်လို့သိရပါတယ်။

တစ်ချို့လူတွေကတော့ မိုက်ခရိုဝေ့ဗ်လှိုင်းတွေနဲ့ထိတွေ့ရတာက ဘာသက်ရောက်မှုမှမဖြစ်စေဘူးလို့ဆိုကြတယ်။ ဒါပေမယ့် အဲဒီမိုက်ခရိုဝေ့ဗ်လှိုင်းတွေနဲ့ နာရီတိုင်း၊ နေ့တိုင်း အဆက်မပြတ်ထိတွေ့မှုတွေဖြစ်လာတဲ့အခါမှာ ခန္ဓာကိုယ်ပေါ်သက်ရောက်မှုကြီးကြီးမားမားတစ်ခုတော့ဖြစ်လာမှာပါပဲ။ ဥပမာတစ်ခုပြောရမယ်ဆိုရင် ဖုန်းကိုနာရီနဲ့ချီပြီးကြည့်နေတာ၊ နာရီနဲ့ချီပြီးဖုန်းပြောတာတွေလုပ်ရင် လူရဲ့မျက်လုံး၊ ဦးနှောက်တွေကိုဆိုးဆိုးရွားရွားထိခိုက်တယ်ဆိုတာ ငြင်းမရသလိုပေါ့။

သေဆုံးရတဲ့ဌက်ကလေးတွေထဲမှာ ကျီးကန်း၊ ရေစစ္စလီ၊ စာကလေး၊ ခိုတွေအပြင် Raven ( သပိတ်လွယ် ) နဲ့ Kingfisher ( ပိန်ညင်း ) လို ရေစပ်၊ မြစ်ကမ်းနားဘေးမှာ နေထိုင်တဲ့ဌက်မျိုးစိတ်တွေပါ ပါဝင်ခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သည်ဟေ့ဂ် ရဲ့ သဘာဝပတ်ဝန်းကျင်စောင့်ရှောက်ရေးနဲ့တိရစ္ဆာန်အခွင့်အရေးကာကွယ်သူအဖွဲ့အစည်းတွေစုပေါင်းပြီး နယ်သာလန်ရဲ့ ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ FCC ကိုတရားစွဲဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။

Source : captain-planet.net