Zawgyiဖြင့်ဖတ်ရန်
ပထမဆုံးရက်
ပထမအပတ်
ဒုတိယပတ်
တတိယပတ်
စတုတပတ်
-အိပ်ရေးမ၀ခြင်း
-ကျန်းမာရေးပြဿနာများ
Writer_ Dr Jue
Credit: Daily Hot News
Unicodeဖြင့်ဖတ်ရန်
ဘီယာကို ရက် (၃၀ ) တိတိ နေ့စဉ်သောက်ပါက သင်ကြုံတွေ့ရမယ့်အရာများ
လူတစ်ယောက်ကို ရက်၃၀ကြာ တစ်နေ့လျှင်ဘီယာ၂ဗူးသောက်စေပြီးနောက် ဘာတွေပြောင်းလဲလာမလဲဆိုတာ စမ်းသပ်ခဲ့ပါတယ်။ အစမ်းသပ်ခံသော လူငယ်ရဲ့ပြောစကားတွေကို အောက်ပါအတိုင်းတွေ့ရပါတယ်။
ပထမဆုံးရက်
-ကျွန်တော့မှာ အကျင့်ဆိုးတွေ မရှိပါဘူး။ မနက်တိုင်း ရွရွပြေးတဲ့လေ့ကျင့်ခန်းကိုလုပ်လေ့ရှိပြီး တခါတလေမှသာ အယ်ကိုဟောသောက်လေ့ရှိသူပါ။ဒီစမ်းသပ်မှုမစခင်မှာ ဆရာဝန်နဲ့ကျန်းမာရေးစစ်ဆေးမှုခံယူခဲ့ပြီး အဖြေအားလုံးကောင်းမွန်ပါတယ်။
-တစ်နေ့ကို ဘီယာ၂ဘူးသောက်ဖို့ဆုံးဖြတ်ခဲ့ပြီး တစ်လကြာသောအခါ ထပ်မံကျန်းမာရေးစစ်ဆေးမှုခံယူရမှာ ဖြစ်ပါတယ်။
ပထမအပတ်
-ရက်အနည်းငယ်ကြာသောအခါ မကြာခဏခေါင်းကိုက်မှုကိုခံစားလာရပါတယ်။အရင်ကဒီလိုမဖြစ်ဖူးပါဘူး။တစ်နေ့ပြီးတစ်နေ့ ကိုယ့်ပုံစံကို ဓာတ်ပုံရိုက်မှတ်တမ်းတင်သောအခါမှာ ကျွန်တော့မျက်နှာ ဖောင်းလာပြီး မျက်ကွင်းတွေညိုလာတာတွေ့ရပါတယ်။
ဒုတိယပတ်
-တစ်ချိန်တည်းမှာပဲ အိပ်ပျော်ဖို့ခက်ခဲလာသလို အိပ်ရာထဖို့လဲ နှေးကွေးလာပါတယ်။ အိပ်ပျော်ဖို့ မိနစ်၄၀ခန့်အချိန်ယူရတာကိုတွေ့လာရပါတယ်။ထို့ပြင် အိပ်ရာထနောက်ကျလို့ အလုပ်တောင်နောက်ကျခဲ့ပါတယ်
အလုပ်မှာ ကောင်းကောင်းနိုးကြားဖို့အတွက် ကော်ဖီပြင်းတစ်ခွက်သောက်ရလေ့ရှိပါတယ်။
တတိယပတ်
-ကျွန်တော် တစ်နေ့ထက်တစ်နေ့ပိုပိုစိတ်တိုလာတာကို လုပ်ဖော်ကိုင်ဖက်တွေသတိထားမိလာပါတယ်။အလုပ်မှာအာရုံမစုစည်းနိုင်ပဲ တခါတလေ ကွန်ပျူတာကို ကြောင်ကြည့်နေတတ်တာကိုယ့်ဘာသာ သတိထားမိပါတယ်။
အရင်ကဆို အနားမယူပဲ ၄နာရီဆက်တိုက်အလုပ်လုပ်နိုင်ပေမယ့် အခုဆိုတစ်နာရီတစ်ခါအနားယူရပါတယ်။တစ်နေ့တစ်နေ့ ဘယ်ချိန်အလုပ်ဆင်းမလဲပဲစောင့်နေမိပါတယ်။
စတုတပတ်
-နေ့စဉ်ရွရွပြေးတဲ့ အကျင့်ကိုတော့ စမ်းသပ်မှုကာလတစ်လျှောက်လုံး ဆက်လုပ်ခဲ့ပါတယ်။ဒါပေမယ့် တစ်နေ့တစ်နေ့ အဝတ်လဲဖို့နဲ့အိမ်ကထွက်ဖို့ မနည်းကြိုးစားရပါတယ်။အရင်ကဆို ရာသီဥတုဆိုးလျှင်တောင်မှ တစ်နေ့ကို၇မိုင်လောက်ပြေးလေ့ရှိပါတယ်။အခုကတော့ တစ်ဝက်တောင်မနည်းပြေးရပါတယ်။တစ်လကြာပြီးနောက် ရွရွပြေးခြင်း၅ကြိမ်သာလုပ်နိုင်ခဲ့ပါတယ်။အရင်က တစ်လကို၁၄ကြိမ်ပြုလုပ်တာပါ။
ကျွန်တော့ကိုအံ့အားသင့်စေဆုံးအရာကတော့ အချိန်တိုအတွင်းကိုယ်အလေးချိန်တိုးလာခြင်းဖြစ်ပါတယ်။ တစ်လအကြာမှာတောင် ဘီယာဗိုက်ထွက်လာတာကိုပုံမှာမြင်နိုင်ပါတယ်။
စမ်းသပ်မှုအပြီး ဆရာဝန်ထံပြသတဲ့အခါ ကျွန်တော့ရဲ့အသက်ရှူမဝမှုနဲ့ မျက်နှာဖောလာမှုဟာ သွေးကြောထဲသွေးစီးဆင်းမှုများခြင်းကြောင့်ဖြစ်တယ်လို့သိရပါတယ်။ညအိပ်မပျော်ခြင်းဟာလဲ ကျောက်ကပ်ဆိုင်ရာ လက္ခဏာတစ်ခုဖြစ်တယ်လို့သိရပါတယ်။
စမ်းသပ်မှုအပြီး ကိုယ်တိုင်သတိထားမိသောပြောင်းလဲမှုများ –
-ကျွန်တော်ရုပ်ဆိုးလာတယ်
မျက်ကွင်းညိုလာပြီး မျက်နှာဖောယောင်လာသလို ဗိုက်ပါပူလာတာပါ
-အိပ်ရေးမဝခြင်း
တစ်နေ့ကို ၉နာရီအိပ်တာတောင်အိပ်ရေးမဝတဲ့အပြင် အိပ်ပျော်ဖို့မနည်းကြိုးစားရပါတယ်။
-အလုပ်မှာစွမ်းဆောင်ရည်ကျဆင်းခြင်း
အလုပ်ကိုအာရုံစိုက်မှုအားနည်းလာခြင်း၊မောပန်းနွမ်းနယ်ခြင်းနဲ့အလွယ်တကူစိတ်တိုခြင်းတို့ကို ရင်ဆိုင်လာရပါတယ်။
-ကျန်းမာရေးပြဿနာများ
သွေးပေါင်တက်ခြင်းအပြင် နှလုံးတုန်ခြင်းနဲ့အသက်ရှုမဝခြင်းကို ခံစားရပါတယ်။
စမ်းသပ်မှုမတိုင်မီကတော့ တစ်နေ့ကိုဘီယာအနည်းငယ်သောက်ရုံနဲ့ဘာမှမဖြစ်လောက်ဘူးလို့ထင်ခဲ့ပါတယ်။ဒါပေမယ့်အခုတော့သိသွားပါပြီ။နောက်တခါ ဒီလိုစမ်းသပ်မှုမျိူးထပ်မလုပ်ဖို့ဆုံးဖြတ်ထားတယ်လို့ဆိုပါတယ်။
Writer_ Dr Jue
Credit: Daily Hot News