Zawgyi ျဖင့္ဖတ္ရန္

ေအာင္ျမင့္ျမတ္က လက္ရွိ႐ိုက္ကူးေနတဲ့ နာရီ ၁၁၀ ဆိုတဲ့ ဇာတ္ကားနဲ႔ ပတ္သက္ၿပီး ၾကည့္တဲ့ ပရိသတ္ေတြအတြက္ ေကာင္းခ်င္မွ ေကာင္းလိမ့္မယ္ သူတို႔ကေတာ့ ေသေလာက္ေအာင္ ႀကိဳးစားေနတယ္လို႔ ဆိုပါတယ္. ႐ိုက္ကြင္းေပၚက သူတို႔ရဲ႕ အေတြ႕အႀကဳံေတြကိုလည္း အခုလို ေျပာျပလာပါတယ္.

သ႐ုပ္ေဆာင္ ေအာင္ျမင့္ျမတ္ က နာရီ ၁၁၀ ဆိုတဲ့ ဇာတ္ကား ႐ိုက္ကူးေနတာျဖစ္ပါတယ္. ဒီဇာတ္ကားထဲမွာ ႀကိဳးႀကိဳးစားစား ႐ိုက္ကူးခဲ့ရတဲ့ သူတို႔ရဲ႕ အေၾကာင္းကိုလည္း အခုလို ေျပာျပလာပါတယ္.

” နာရီ တစ္ရာ့တစ္ဆယ္နဲ႔ပတ္သက္ရင္ .. ေျပာစရာေတြအမ်ားႀကီးေပါ့. အေရးႀကီးဆုံးကေတာ့ ဒီကားထြက္လာတဲ့အခါ ခင္ဗ်ားတို႔အတြက္ေတာ့ ေသေလာက္ေအာင္ေကာင္းခ်င္မွေကာင္းလိမ့္မယ္ .ဒါေပမယ့္ ကြၽန္ေတာ္တို႔တစ္ေတြ ေသေလာက္ေအာင္ႀကိဳးစားခဲ့ၾကတယ္လို႔ေျပာရင္ေတာ့ ယုံေပးေစခ်င္တယ္ဗ်ာ. ငရဲပတ္ကိုျဖတ္ဖို႔အတြက္ ကြၽန္ေတာ္တို႔ကိုယ္တိုင္ ငရဲသားတစ္ပိုင္းျဖစ္ေအာင္ ႀကိဳးစားခဲ့ၾကရတယ္. ႐ိုက္ကူးခ်ိန္ေတြၾကာလာတာနဲ႔အမွ် ႐ိုက္ကြင္းေပၚက လူတစ္ေယာက္စီတိုင္းဟာ အခ်ိန္လုၿပီး နားၾကရတယ္” ဆိုၿပီးေတာ့ ဒီဇင္ဘာလ ၁၉ ရက္ေန႔ ည ၁၀ နာရီ ၂၂ မိနစ္ အခ်ိန္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ပါတယ္

နာရီ ၁၁၀ ႐ုပ္ရွင္ ဇာတ္ကားႀကီးကို ေနျပည္ေတာ္မွာ ႐ိုက္ကူးေနတာျဖစ္ပါတယ္. ဇာတ္ကား ႐ိုက္ကူးတဲ့ ရက္ကတည္း ရက္ ၂၀ ေက်ာ္ေနၿပီလို႔ ေအာင္ျမင့္ျမတ္ကေျပာျပထားပါတယ္.

 

”တစ္ေယာက္ကို တစ္ေယာက္အားေပးရင္း ႏွစ္သိမ့္ရင္း ထူပိုးရင္းနဲ႔ပဲျဖတ္သန္းလာၾကတာ ႐ုပ္ရွင္ရဲ႕တစ္ဝက္ေလာက္ကို ေက်ာ္ျဖတ္လာႏိုင္ပါၿပီ. ခုဆိုရင္ ႐ိုက္ကူးရက္ႀကီးပဲသပ္သပ္ဟာ ရက္ေပါင္း၂၀ေက်ာ္လာၿပီဆိုတာကို သတိမထားမိႏိုင္ေလာက္ေအာင္လုံးပန္းေနၾကရတာပါ .ေျပာခ်င္ တာ ကေတာ့ တစ္ခုထဲပါ ကြၽန္ေတာ္တို႔တစ္ကယ့္ကို ေသေလာက္ေအာင္ ႀကိဳးစားထားၾကတာပါလို႔ ယုံ” ဆိုၿပီးေတာ့ ဆက္လက္ေရးသားထားပါတယ္.

သ႐ုပ္ေဆာင္ေအာင္ျမင့္ျမတ္ကို ဥပါယ္တံမ်ဥ္႐ုပ္ရွင္ဇာတ္ကားႀကီးကေနတဆင့္ ပရိသတ္ေတြအားေပးခဲ့တာပါ။ မိဘမဲ့ကေလး တစ္ ေယာက္ ဂ်စ္ကန္ကန္လူငယ္တစ္ေယာက္ကာ႐ိုက္တာနဲ႔ သိန္းစိုး ဆိုတဲ့ ဇာတ္ေကာင္ေနရာက ပါဝင္ခဲ့တာျဖစ္ပါတယ္။ ဥပါတံမ်ဥ္႐ုပ္ရွင္ဇာတ္ကား ႐ုံတင္ၿပီးတဲ့ေနာက္မွာေတာ့ ေအာင္ျမင့္ျမတ္ကို ခ်စ္တဲ့ ပရိသတ္ေတြ ပိုမိုမ်ားျပားလာတာကို ေတြ႕ရပါတယ္။

လက္ရွိမွာေတာ့ ႐ုပ္ရွင္ဇာတ္ကား နဲ႔ ဇာတ္လမ္းတြဲ ေတာ္ေတာ္မ်ားမ်ားမွာလည္း ေအာင္ျမင့္ျမတ္ကို ေတြ႕ရေတာ့မွာျဖစ္ပါတယ္. သူ႔မွာေတာ့ ၄ ႏွစ္အၾကာလက္တြဲလာခဲ့တဲ့ ခ်စ္ရသူေလး အိမီမီကို ရွိပါတယ္. ခ်စ္သူလို သူငယ္ခ်င္းလို ေနလာခဲ့ၿပီး တစ္ေယာက္အားနည္းခ်က္ကို တစ္ေယာက္က ျဖည့္ဆည္းေပးရင္းနဲ႔ ျဖတ္သန္းလာခဲ့ၾကတယ္လို႔လည္း Duwun Media အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ဖူးပါတယ္.

share from : phothutaw

Unicode ဖြင့်ဖတ်ရန်

အောင်မြင့်မြတ်က လက်ရှိရိုက်ကူးနေတဲ့ နာရီ ၁၁၀ ဆိုတဲ့ ဇာတ်ကားနဲ့ ပတ်သက်ပြီး ကြည့်တဲ့ ပရိသတ်တွေအတွက် ကောင်းချင်မှ ကောင်းလိမ့်မယ် သူတို့ကတော့ သေလောက်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်. ရိုက်ကွင်းပေါ်က သူတို့ရဲ့ အတွေ့အကြုံတွေကိုလည်း အခုလို ပြောပြလာပါတယ်.

သရုပ်ဆောင် အောင်မြင့်မြတ်က နာရီ ၁၁၀ ဆိုတဲ့ ဇာတ်ကား ရိုက်ကူးနေတာဖြစ်ပါတယ်. ဒီဇာတ်ကားထဲမှာ ကြိုးကြိုးစားစား ရိုက်ကူးခဲ့ရတဲ့ သူတို့ရဲ့ အကြောင်းကိုလည်း အခုလို ပြောပြလာပါတယ်.

” နာရီတစ်ရာ့တစ်ဆယ်နဲ့ပတ်သက်ရင် .. ပြောစရာတွေအများကြီးပေါ့. အရေးကြီးဆုံးကတော့ ဒီကားထွက်လာတဲ့အခါ ခင်ဗျားတို့အတွက်တော့ သေလောက်အောင်ကောင်းချင်မှကောင်းလိမ့်မယ် .ဒါပေမယ့် ကျွန်တော်တို့တစ်တွေ သေလောက်အောင်ကြိုးစားခဲ့ကြတယ်လို့ပြောရင်တော့ ယုံပေးစေချင်တယ်ဗျာ. ငရဲပတ်ကိုဖြတ်ဖို့အတွက် ကျွန်တော်တို့ကိုယ်တိုင် ငရဲသားတစ်ပိုင်းဖြစ်အောင် ကြိုးစားခဲ့ကြရတယ်. ရိုက်ကူးချိန်တွေကြာလာတာနဲ့အမျှ ရိုက်ကွင်းပေါ်က လူတစ်ယောက်စီတိုင်းဟာ အချိန်လုပြီး နားကြရတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၁၀ နာရီ ၂၂ မိနစ် အချိန်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်

နာရီ ၁၁၀ ရုပ်ရှင်ဇာတ်ကားကြီးကို နေပြည်တော်မှာ ရိုက်ကူးနေတာဖြစ်ပါတယ်. ဇာတ်ကား ရိုက်ကူးတဲ့ ရက်ကတည်း ရက် ၂၀ ကျော်နေပြီလို့ အောင်မြင့်မြတ်ကပြောပြထားပါတယ်.

”တစ်ယောက်ကို တစ်ယောက်အားပေးရင်း နှစ်သိမ့်ရင်း ထူပိုးရင်းနဲ့ပဲဖြတ်သန်းလာကြတာ ရုပ်ရှင်ရဲ့တစ်ဝက်လောက်ကို ကျော်ဖြတ်လာနိုင်ပါပြီ. ခုဆိုရင် ရိုက်ကူးရက်ကြီးပဲသပ်သပ်ဟာ ရက်ပေါင်း၂၀ကျော်လာပြီဆိုတာကို သတိမထားမိနိုင်လောက်အောင်လုံးပန်းနေကြရတာပါ .ပြောချင် တာ ကတော့ တစ်ခုထဲပါ ကျွန်တော်တို့တစ်ကယ့်ကို သေလောက်အောင် ကြိုးစားထားကြတာပါလို့ ယုံ” ဆိုပြီးတော့ ဆက်လက်ရေးသားထားပါတယ်.

သရုပ်ဆောင်အောင်မြင့်မြတ်ကို ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေအားပေးခဲ့တာပါ။ မိဘမဲ့ကလေး တစ် ယောက် ဂျစ်ကန်ကန်လူငယ်တစ်ယောက်ကာရိုက်တာနဲ့ သိန်းစိုး ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဥပါတံမျဉ်ရုပ်ရှင်ဇာတ်ကား ရုံတင်ပြီးတဲ့နောက်မှာတော့ အောင်မြင့်မြတ်ကို ချစ်တဲ့ ပရိသတ်တွေ ပိုမိုများပြားလာတာကို တွေ့ရပါတယ်။

လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကား နဲ့ ဇာတ်လမ်းတွဲ တော်တော်များများမှာလည်း အောင်မြင့်မြတ်ကို တွေ့ရတော့မှာဖြစ်ပါတယ်. သူ့မှာတော့ ၄ နှစ်အကြာလက်တွဲလာခဲ့တဲ့ ချစ်ရသူလေး အိမီမီကို ရှိပါတယ်. ချစ်သူလို သူငယ်ချင်းလို နေလာခဲ့ပြီး တစ်ယောက်အားနည်းချက်ကို တစ်ယောက်က ဖြည့်ဆည်းပေးရင်းနဲ့ ဖြတ်သန်းလာခဲ့ကြတယ်လို့လည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်.

share from : phothutaw