Zawgyiျဖင့္ဖတ္ရန္

 

ပလက္စတစ္ဆာဂ်ရီဆရာဝန္ဆုိသူတစ္ဦးဟာ ဆုိးရြားတဲ့ ကုသမႈရလဒ္ေတြေၾကာင့္ သူ႔ဆီကေန ကုသမႈခံယူခဲ့တဲ့ လူနာေပါင္း (၄၀)ေက်ာ္ရဲ႕ တရားစြဲဆုိျခင္း ခံေနရပါတယ္။ သူဟာ ကုသမႈလုိင္စင္ပါ အပိတ္သိမ္းခံရဖုိ႔ရွိေနၿပီး၊ ဥပေဒအရလည္း ျပင္းထန္တဲ့ အေရးယူမႈေတြကုိ ရင္ဆုိင္ရမွာပါ။

ေဒါက္တာရဲ႕နာမည္မွာ Wesley Murakami ျဖစ္ၿပီး သူဟာ ႐ုပ္ပုိင္ဆုိင္းရာျပင္ဆင္လုိတဲ့ လူနာေတြကုိ ခြင့္ျပဳခ်က္မရွိတဲ့ Filler ေတြ ထုိးသြင္းၿပီး၊ ကုသမႈေတြ ေပးခဲ့ရာ၊ အက်ိဳးဆက္ကေတာ့ နဂုိရွိၿပီးသား႐ုပ္သြင္ေတြထက္ ပုိဆုိးရြားတဲ့ အေျဖကိုသာ ရခဲ့ပါတယ္။

ဒါေၾကာင့္ ကုသဖူးခဲ့တဲ့ လူနာေတြက လွခ်င္လြန္းလုိ႔ သူ႕ဆီကုိ ကုသရာမွ ပုိမုိးဆုိးရြာတဲ့ရလဒ္ကိုသာ လက္ခံခဲ့ရတာပါ။ ကုသမႈတစ္ႀကိမ္တုိင္းမွာ လူနာေတြဘက္က ေဒၚလာေထာင္ခ်ီ အသုံးျပဳခဲ့ရေပမယ့္၊ လက္မခံႏုိင္စရာ ဆုိးရြားတဲ့ အေျဖကိုသာ ရရွိခဲ့ျခင္းေၾကာင့္ အခုလုိ တရားစြဲဆုိခံခဲ့ရတာပါ။

ေဒါက္တာ Wesley က လာေရာက္ကုသသူေတြကုိ နဂုိထက္ ပုိလွသြားေစမယ္၊ ဝက္ၿခံနဲ႔ အမာရြက္ေတြ ေပ်ာက္သြားေစမယ္၊ အသားျဖဴသြားေစမယ္ဆုိၿပီး လြယ္လြယ္နဲ႔ အာမခံေလ့ရွိပါတယ္။ သူဟာ ဘရားဇီးႏုိင္ငံ အလယ္ပုိင္း Goiania ၿမိဳ႕မွာ Metacryl အမည္ရ ေဆးခန္းကို ဖြင့္လွစ္ထားပါတယ္။

Alexandre Garzon အမည္ရ သူရဲ႕ လူနာတစ္ဦးကေတာ့ ကုသမႈေတြအတြက္ ေပါင္ (၁၅၀၀)အထိ၊ ကုန္က်ခဲ့တယ္လုိ႔ သိရၿပီး၊ သူလည္း တရားစြဲတဲ့သူေတြအထဲမွာ တစ္ဦးအပါအဝင္ပါ။ ဘရားဇီးေဆးေကာင္စီကလည္း သူ႕ကို လိုအပ္တဲ့ စစ္ေဆးမႈေတြ ျပဳလုပ္ေနပါတယ္။

source : metro.co.uk

Credit:လင္းေဇာ္ကို (MyanmarNote)

Unicodeဖြင့်ဖတ်ရန်

 

လူနာပေါင်း (၄၀)ရဲ့ တရားစွဲဆိုခြင်း ခံခဲ့ရတဲ့ ပလက်စတစ်ဆာဂျရီ ဆရာဝန်ရဲ့အဖြစ်

 

ပလက်စတစ်ဆာဂျရီဆရာဝန်ဆိုသူတစ်ဦးဟာ ဆိုးရွားတဲ့ ကုသမှုရလဒ်တွေကြောင့် သူ့ဆီကနေ ကုသမှုခံယူခဲ့တဲ့ လူနာပေါင်း (၄၀)ကျော်ရဲ့ တရားစွဲဆိုခြင်း ခံနေရပါတယ်။ သူဟာ ကုသမှုလိုင်စင်ပါ အပိတ်သိမ်းခံရဖို့ရှိနေပြီး၊ ဥပဒေအရလည်း ပြင်းထန်တဲ့ အရေးယူမှုတွေကို ရင်ဆိုင်ရမှာပါ။

ဒေါက်တာရဲ့နာမည်မှာ Wesley Murakami ဖြစ်ပြီး သူဟာ ရုပ်ပိုင်ဆိုင်းရာပြင်ဆင်လိုတဲ့ လူနာတွေကို ခွင့်ပြုချက်မရှိတဲ့ Filler တွေ ထိုးသွင်းပြီး၊ ကုသမှုတွေ ပေးခဲ့ရာ၊ အကျိုးဆက်ကတော့ နဂိုရှိပြီးသားရုပ်သွင်တွေထက် ပိုဆိုးရွားတဲ့ အဖြေကိုသာ ရခဲ့ပါတယ်။

ဒါကြောင့် ကုသဖူးခဲ့တဲ့ လူနာတွေက လှချင်လွန်းလို့ သူ့ဆီကို ကုသရာမှ ပိုမိုးဆိုးရွာတဲ့ရလဒ်ကိုသာ လက်ခံခဲ့ရတာပါ။ ကုသမှုတစ်ကြိမ်တိုင်းမှာ လူနာတွေဘက်က ဒေါ်လာထောင်ချီ အသုံးပြုခဲ့ရပေမယ့်၊ လက်မခံနိုင်စရာ ဆိုးရွားတဲ့ အဖြေကိုသာ ရရှိခဲ့ခြင်းကြောင့် အခုလို တရားစွဲဆိုခံခဲ့ရတာပါ။

ဒေါက်တာ Wesley က လာရောက်ကုသသူတွေကို နဂိုထက် ပိုလှသွားစေမယ်၊ ဝက်ခြံနဲ့ အမာရွက်တွေ ပျောက်သွားစေမယ်၊ အသားဖြူသွားစေမယ်ဆိုပြီး လွယ်လွယ်နဲ့ အာမခံလေ့ရှိပါတယ်။ သူဟာ ဘရားဇီးနိုင်ငံ အလယ်ပိုင်း Goiania မြို့မှာ Metacryl အမည်ရ ဆေးခန်းကို ဖွင့်လှစ်ထားပါတယ်။

Alexandre Garzon အမည်ရ သူရဲ့ လူနာတစ်ဦးကတော့ ကုသမှုတွေအတွက် ပေါင် (၁၅၀၀)အထိ၊ ကုန်ကျခဲ့တယ်လို့ သိရပြီး၊ သူလည်း တရားစွဲတဲ့သူတွေအထဲမှာ တစ်ဦးအပါအဝင်ပါ။ ဘရားဇီးဆေးကောင်စီကလည်း သူ့ကို လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

source : metro.co.uk

Credit:လင်းဇော်ကို (MyanmarNote)