Zawgyiျဖင့္ဖတ္ရန္

 

အသက္(၂၂)ႏွစ္အရြယ္ ဗီယက္နမ္ႏုိင္ငံသူ Kuok အမည္ရ အမ်ိဳးသမီးဟာ ေရွးကုသုိလ္ မေကာင္းလုိ႔ အလြန္ၾကည့္ရဆုိးတဲ့႐ုပ္ရည္ကုိ ပိုင္ဆုိင္ခဲ့ပါတယ္။ သြားေလရာ အႏွိမ္ခံဘဝ၊ အဖိခံဘဝနဲ႔ မ်က္ႏွာမပြင့္ခဲ့ရွာပါဘူး။ ေက်ာင္းမွာဆုိ မိန္းကေလးခ်င္းေတာင္ အေပါင္းအသင္း မလုပ္ခ်င္ၾကပါဘူးတဲ့။

ေကာင္ေလးေတြအခ်င္းခ်င္း စေနာက္ရင္း သူမနဲ႔အေပ်ာ္သေဘာ ေပးစားခံရတုိင္း ” ငါသာ ဒီေကာင္မေလးနဲ႔ ရရင္၊ အလုိလုိေနရင္း ဝိတ္က်ေနမွာ”လုိ႔ နစ္နစ္နာနာ အေျပာခံရဖူးပါတယ္။ ခ်စ္သူဆုိတာ ေဝလာေဝး၊ သူမကို မ်က္လုံးခ်င္းဆုံဖုိ႔ေတာင္ မႀကိဳးစားၾကပါဘူးတဲ့။

အတန္းတူေက်ာင္းသူေတြ ေက်ာင္းထဲမွာ event တစ္ခုခုရွိၿပီဆုိရင္ သူမ ပါဝင္ပူးေပါင္းမွာကို မလုိလားၾကပါဘူး။ ဒီလုိပဲ ပြဲေတြလမ္းေတြရွိရင္လည္း ခြဲျခားခြဲျခား ဆက္ဆံခံခဲ့ရပါတယ္။ သူမရဲ႕ နာမည္ေျပာင္ကေတာ့ ႏႈတ္ခမ္းထူမ၊ ႐ုပ္ဆုိးမ ျဖစ္ပါတယ္။ သူမ စိတ္သိပ္နာခဲ့မွာေပါ့။

မိန္းကေလးေတြဘဝမွာ ႐ုပ္ရည္အဆင္း လွပျခင္းဟာ ဘဝမွာ လုိအပ္တဲ့ အရည္အခ်င္းပါ။ ဒါေပမယ့္ တစ္ခ်ိဳ႕ကေတာ့ ဘဝကံနည္းရွာလုိ႔ ႐ုပ္ရည္အဆင္း ခ်ိဳ႕တဲ့ျခင္းနဲ႔၊ ဘဝမွာ လုိအင္မျပည့္ၾက ရွာပါဘူး။ ဒါေပမယ့္ အခုလုိ ေခတ္ေပၚနည္းပညာေတြနဲ႔ဆုိ လုိခ်င္တာကို လုပ္လုိ႔ရသေလာက္ ျဖစ္ေနပါၿပီ။

Kuok ဟာ တကၠသုိလ္ၿပီးသြားတဲ့အခါမွာ သူမ မ်က္ႏွာကို ခြဲစိတ္ျပဳျပင္ခဲ့ပါတယ္။ ခြဲစိတ္မႈ ကုန္က်စာရိတ္ဟာ အေမရိကန္ေဒၚလာ (၁၅၀၀၀)ဝန္းက်င္အထိ ရွိခဲ့ၿပီး၊ မိန္းမခ်င္းက လည္ျပန္ေငးရသည္အထိ ျဖစ္ခဲ့ပါတယ္။ အခုဆုိ သူမမွာ တကယ္ခ်စ္ရတဲ့ ခင္ပြန္းကိုလည္း ပုိင္ဆုိင္ထားပါၿပီ။

သူမရဲ႕ ခင္ပြန္းက နယ္နယ္ရရမဟုတ္ဘဲ က်ိက်ိတက္ ခ်မ္းသာသူတစ္ဦးပါ။ လူငယ္စီးပြားေရးလုပ္ငန္းရွင္ျဖစ္သလုိ၊ မိဘေတြဘက္က ပါလာတဲ့အေမြကုိက Kuok နဲ႔ သူမရဲ႕မိသားစု ဆယ္သက္စားမကုန္ပါဘူးတဲ့။ ႐ုပ္ဆုိးမလုိ႔ ေခၚခဲ့တဲ့ သူမရဲ႕ ေပါင္းေဟာင္းသင္းေဟာင္းေတြ ပါးစပ္ေဟာင္းေလာင္း ျဖစ္သြားရတဲ့ အခုိက္အတန္႔ပါ။

Credit:လင္းသုတ (MyanmarNote)

source : worldofbuzz.com

Unicodeဖြင့်ဖတ်ရန်

 

ရုပ်ဆိုးမလေးလို့ လှောင်ပြောင်ခဲ့သူတွေကို၊ အနိုင်ပြန်ယူလိုက်တဲ့ ကောင်မလေး

 

အသက်(၂၂)နှစ်အရွယ် ဗီယက်နမ်နိုင်ငံသူ Kuok အမည်ရ အမျိုးသမီးဟာ ရှေးကုသိုလ် မကောင်းလို့ အလွန်ကြည့်ရဆိုးတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ သွားလေရာ အနှိမ်ခံဘဝ၊ အဖိခံဘဝနဲ့ မျက်နှာမပွင့်ခဲ့ရှာပါဘူး။ ကျောင်းမှာဆို မိန်းကလေးချင်းတောင် အပေါင်းအသင်း မလုပ်ချင်ကြပါဘူးတဲ့။

ကောင်လေးတွေအချင်းချင်း စနောက်ရင်း သူမနဲ့အပျော်သဘော ပေးစားခံရတိုင်း ” ငါသာ ဒီကောင်မလေးနဲ့ ရရင်၊ အလိုလိုနေရင်း ဝိတ်ကျနေမှာ”လို့ နစ်နစ်နာနာ အပြောခံရဖူးပါတယ်။ ချစ်သူဆိုတာ ဝေလာဝေး၊ သူမကို မျက်လုံးချင်းဆုံဖို့တောင် မကြိုးစားကြပါဘူးတဲ့။

အတန်းတူကျောင်းသူတွေ ကျောင်းထဲမှာ event တစ်ခုခုရှိပြီဆိုရင် သူမ ပါဝင်ပူးပေါင်းမှာကို မလိုလားကြပါဘူး။ ဒီလိုပဲ ပွဲတွေလမ်းတွေရှိရင်လည်း ခွဲခြားခွဲခြား ဆက်ဆံခံခဲ့ရပါတယ်။ သူမရဲ့ နာမည်ပြောင်ကတော့ နှုတ်ခမ်းထူမ၊ ရုပ်ဆိုးမ ဖြစ်ပါတယ်။ သူမ စိတ်သိပ်နာခဲ့မှာပေါ့။

မိန်းကလေးတွေဘဝမှာ ရုပ်ရည်အဆင်း လှပခြင်းဟာ ဘဝမှာ လိုအပ်တဲ့ အရည်အချင်းပါ။ ဒါပေမယ့် တစ်ချို့ကတော့ ဘဝကံနည်းရှာလို့ ရုပ်ရည်အဆင်း ချို့တဲ့ခြင်းနဲ့၊ ဘဝမှာ လိုအင်မပြည့်ကြ ရှာပါဘူး။ ဒါပေမယ့် အခုလို ခေတ်ပေါ်နည်းပညာတွေနဲ့ဆို လိုချင်တာကို လုပ်လို့ရသလောက် ဖြစ်နေပါပြီ။

Kuok ဟာ တက္ကသိုလ်ပြီးသွားတဲ့အခါမှာ သူမ မျက်နှာကို ခွဲစိတ်ပြုပြင်ခဲ့ပါတယ်။ ခွဲစိတ်မှု ကုန်ကျစာရိတ်ဟာ အမေရိကန်ဒေါ်လာ (၁၅၀၀၀)ဝန်းကျင်အထိ ရှိခဲ့ပြီး၊ မိန်းမချင်းက လည်ပြန်ငေးရသည်အထိ ဖြစ်ခဲ့ပါတယ်။ အခုဆို သူမမှာ တကယ်ချစ်ရတဲ့ ခင်ပွန်းကိုလည်း ပိုင်ဆိုင်ထားပါပြီ။

သူမရဲ့ ခင်ပွန်းက နယ်နယ်ရရမဟုတ်ဘဲ ကျိကျိတက် ချမ်းသာသူတစ်ဦးပါ။ လူငယ်စီးပွားရေးလုပ်ငန်းရှင်ဖြစ်သလို၊ မိဘတွေဘက်က ပါလာတဲ့အမွေကိုက Kuok နဲ့ သူမရဲ့မိသားစု ဆယ်သက်စားမကုန်ပါဘူးတဲ့။ ရုပ်ဆိုးမလို့ ခေါ်ခဲ့တဲ့ သူမရဲ့ ပေါင်းဟောင်းသင်းဟောင်းတွေ ပါးစပ်ဟောင်းလောင်း ဖြစ်သွားရတဲ့ အခိုက်အတန့်ပါ။

Credit:လင်းသုတ (MyanmarNote)

source : worldofbuzz.com