Zawgyiျဖင့္ဖတ္ရန္

 

အဆိုေတာ္ ထြန္းထြန္းက သူ႔ရဲ႕ ေမြးေန႔မွာ ပရိသတ္ေတြ မထင္မွတ္ထားတဲ့ သတင္းတစ္ခုကို ေျပာျပလိုက္ပါတယ္။ အဲ့ဒါကေတာ့ သူနဲ႔ သူ႔ေကာင္မေလး သေဘာထားခ်င္း မတိုက္ဆိုင္လို႔ လမ္းခြဲလိုက္ၿပီဆိုတဲ့အေၾကာင္းပါ။

“ကြၽန္ေတာ့္ ေမြးေန႔မွာ အခုလိုေတြေျပာျပရေတာ့ စိတ္မေကာင္းပါဘူးဗ်ာ။

ကြၽန္ေတာ္နဲ႔ကြၽန္ေတာ့္ေကာင္မေလး သေဘာထားခ်င္းမတိုက္ဆိုင္ေတာ့လမ္းခြဲလိုက္ၾကပါၿပီ။” ဆိုၿပီး ဒီဇင္ဘာ(၂၄) ရက္ေန႔ မနက္(၁၀)နာရီခြဲဝန္းက်င္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားတာ ျဖစ္ပါတယ္။

သူ႔ရဲ႕ အခ်စ္ေရး ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့လည္း မီဒီယာေတြ ဘာမွ မေမးဖို႔ကိုလည္း ေတာင္းဆိုထားပါေသးတယ္။

“အင္တာဗ်ဴးဆရာ/ဆရာမမ်ားလည္း ကြၽန္ေတာ့္အခ်စ္ေရးကို ဘာမွ မေမးဖို႔ ေတာင္းဆိုပါတယ္ဗ်ာ” ဆိုၿပီး ဆက္လက္ေရးသားထားပါတယ္။

သူ႔ရဲ႕ အခ်စ္ေရးက သာသာယာယာရွိလွတာေၾကာင့္ ပရိသတ္ေတြက ဒီကိစၥကို မယုံၾကပါဘူး။

ဒါေပမယ့္ ထြန္းထြန္းရဲ႕ ေကာင္မေလး ဆုစႏၵီဦးရဲ႕ ေဖ့စ္ဘြတ္မွာလည္း ထြန္းထြန္းနဲ႔ လမ္းခြဲလိုက္ၿပီဆိုတဲ့ အေၾကာင္းကို ဒီဇင္ဘာ(၂၃) ရက္ေန႔ ညက ေရးသားထားတာေတြ႕ရပါတယ္။

“သေဘာထားမတိုက္ဆိုင္လို႔ လမ္းခြဲလိုက္ပါၿပီ.. နစ္နာသူအားလုံးကိုေတာင္းပန္ပါတယ္..” ဆိုၿပီး ေျပာထားတာပါ။ ပရိသတ္ေတြကေတာ့ အရမ္းခ်စ္ၾကတဲ့ သူတို႔ႏွစ္ဦး လမ္းခြဲလိုက္တာနဲ႔ ပတ္သက္ၿပီး စိတ္မေကာင္းျဖစ္လို႔ေနပါတယ္။သူတို႔ႏွစ္ေယာက္ဟာ ခ်စ္သူသက္တမ္း (၁)ႏွစ္နဲ႔ ေလးလအေက်ာ္မွာ လမ္းခြဲလိုက္ၾကတာပါ။

ထြန္းထြန္းကေတာ့ လက္ရွိမွာ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ ဆက္တိုက္႐ိုက္ေနတာကို ေတြ႕ရပါတယ္။ သူပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ႐ုပ္ရွင္ဇာတ္ ကားႀကီး ေတြကလည္း ႐ုံတင္ခဲ့ၿပီးတာေတြရွိသလို ႐ုံမတင္ရေသးတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြလည္း ရွိတယ္လို႔ သိရပါတယ္။ ဂီတေလာကမွာ Examplez အဖြဲ႕ဆိုတဲ့ နာမည္နဲ႔ မိန္းကေလး ပရိသတ္ေတြရဲ႕ သည္းသည္းလႈပ္ အားေပးျခင္းကို ခံခဲ့ရပါေသးတယ္။

Credit:Duwun

Unicodeဖြင့်ဖတ်ရန်

 

မွေးနေ့မှာ ကောင်မလေးနဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့ ထွန်းထွန်း

 

အဆိုတော် ထွန်းထွန်းက သူ့ရဲ့ မွေးနေ့မှာ ပရိသတ်တွေ မထင်မှတ်ထားတဲ့ သတင်းတစ်ခုကို ပြောပြလိုက်ပါတယ်။ အဲ့ဒါကတော့ သူနဲ့ သူ့ကောင်မလေး သဘောထားချင်း မတိုက်ဆိုင်လို့ လမ်းခွဲလိုက်ပြီဆိုတဲ့အကြောင်းပါ။

“ကျွန်တော့် မွေးနေ့မှာ အခုလိုတွေပြောပြရတော့ စိတ်မကောင်းပါဘူးဗျာ။

ကျွန်တော်နဲ့ကျွန်တော့်ကောင်မလေး သဘောထားချင်းမတိုက်ဆိုင်တော့လမ်းခွဲလိုက်ကြပါပြီ။” ဆိုပြီး ဒီဇင်ဘာ(၂၄) ရက်နေ့ မနက်(၁၀)နာရီခွဲဝန်းကျင်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

သူ့ရဲ့ အချစ်ရေး ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း မီဒီယာတွေ ဘာမှ မမေးဖို့ကိုလည်း တောင်းဆိုထားပါသေးတယ်။

“အင်တာဗျူးဆရာ/ဆရာမများလည်း ကျွန်တော့်အချစ်ရေးကို ဘာမှ မမေးဖို့ တောင်းဆိုပါတယ်ဗျာ” ဆိုပြီး ဆက်လက်ရေးသားထားပါတယ်။

သူ့ရဲ့ အချစ်ရေးက သာသာယာယာရှိလှတာကြောင့် ပရိသတ်တွေက ဒီကိစ္စကို မယုံကြပါဘူး။

ဒါပေမယ့် ထွန်းထွန်းရဲ့ ကောင်မလေး ဆုစန္ဒီဦးရဲ့ ဖေ့စ်ဘွတ်မှာလည်း ထွန်းထွန်းနဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့ အကြောင်းကို ဒီဇင်ဘာ(၂၃) ရက်နေ့ ညက ရေးသားထားတာတွေ့ရပါတယ်။

“သဘောထားမတိုက်ဆိုင်လို့ လမ်းခွဲလိုက်ပါပြီ.. နစ်နာသူအားလုံးကိုတောင်းပန်ပါတယ်..” ဆိုပြီး ပြောထားတာပါ။ ပရိသတ်တွေကတော့ အရမ်းချစ်ကြတဲ့ သူတို့နှစ်ဦး လမ်းခွဲလိုက်တာနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်လို့နေပါတယ်။သူတို့နှစ်ယောက်ဟာ ချစ်သူသက်တမ်း (၁)နှစ်နဲ့ လေးလအကျော်မှာ လမ်းခွဲလိုက်ကြတာပါ။

ထွန်းထွန်းကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်နေတာကို တွေ့ရပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ် ကားကြီး တွေကလည်း ရုံတင်ခဲ့ပြီးတာတွေရှိသလို ရုံမတင်ရသေးတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဂီတလောကမှာ Examplez အဖွဲ့ဆိုတဲ့ နာမည်နဲ့ မိန်းကလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းကို ခံခဲ့ရပါသေးတယ်။

Credit:Duwun