Zawgyiျဖင့္ဖတ္ရန္

 

မိုးကုတ္ျမိဳ႕ ရြာသာယာေက်းရြာ ( ဘားနပ္စ္ ) တြင္ ရြာတစ္ရြာလံုးနီးပါးခန္႔ ေရခဲေနမွဳ ေၾကာင့္ ေဒသခံမ်ားႏွင့္ ျပည္တြင္းခရီးသြားဧည့္သည္မ်ား လာေရာက္လည္ပတ္ သူမ်ားျပားလာေၾကာင္းသိရသည္ ။

အဆိုပါ ေက်းရြာတြင္ ေနလမ္းေၾကာင္းႏွင့္ အေဝးဆံုး ေနရာတစ္ေနရာျဖစ္သည့္အတြက္ ပ်ွမ္းမွ်အပူခ်ိန္တို႔ထက္ 0 ဒီဂရီစင္တီဂရိတ္ ႏွင့္ အႏွွဳတ္ 1 ဒီဂရီစင္တီဂရိတ္ ေအာက္ကို ေလ်ာ့ခဲ႔သည့္အတြက္ ေရခဲျခင္းျဖစ္ေၾကာင္း သိရသည္

ေရစခဲတာကေတာ့ မေန႔ကစခဲတယ္ ။ ေရခဲတာကို လာၾကည့္ခ်င္ အလွဓါတ္ပံုလာရိုက္ခ်င္ သူေတြကေတာ့ တစ္ေန႔နဲ႔တစ္ေန႔ ေတာ္ေတာ္မ်ားမ်ားလာလည္ၾကတယ္ ။ ဒါေပမယ့္ ဒီႏွစ္က အရင္ ႏွစ္ေတြတုန္းကေလာက္ေတာ့ ေရသိပ္မခဲေသးဘူး ” ဟု ရြာသာယာေက်းရြာ ( ဘားနပ္စ္ ) ေဒသခံကိုမ်ိဳးဝင္းက ေျပာသည္ ။

ယင္းေက်းရြာသည္ မိုးကုတ္ျမိဳ႕၏ အေနာက္ေတာင္ဘက္တြင္တည္ရွိျပီး ျမိဳ႕ႏွင့္ ရွစ္မိုင္ခန္႔ အကြာတြင္တည္ရွိသည့္ ရြာတစ္ရြာျဖစ္သည္ ။ ေက်းရြာတြင္ ႏွစ္ေပါင္း ၁၂၀ ေက်ာ္သက္တမ္းရွိ ဘားနပ္စ္ စစ္သခ်ိ ၤဴင္းဟုေခၚသည့္ အဂၤလိပ္ စစ္သခ်ိ ၤဴင္း တစ္ခုလည္း တည္ရွိသည္ ။

မိုးကုတ္ျမိဳ႕သည္ ေတာေတာင္မ်ား ပတ္လည္ဝိုင္းကာ တစ္ဆယ့္ႏွစ္ရာသီ ပတ္လံုး ေအးျမေသာရာသီဥတုႏွင့္ သမိုင္းဝင္ေစတီပုထိုးေျမာက္မ်ားစြာ တည္ရွိေသာျမိဳ႕တစ္ျမိဳ႕ျဖစ္သည္ ။

မိုးကုတ္ျမိဳ႕တြင္ တိုင္းရင္းသားလူမ်ိဳးေပါင္းစံု ေနျပီး ကမာၻေက်ာ္ေက်ာက္ပတၱျမားအပါအဝင္ အဖိုးတန္ေက်ာက္မ်က္ရတနာမ်ား မ်ိဳးစံု ထြက္ရွိေသာ ျမိဳ႕တစ္ျမိဳ႕ျဖစ္သည္ ။

သတင္း – ေနထက္ ( Mogok Views )

ဓါတ္ပံု – ေဘာ္ဘီေဒါက္တာ ၊ ေက်ာ္ထြန္း (မိုးကုတ္)

Credit-Lovelymyanmar

Unicodeဖြင့်ဖတ်ရန်

 

မိုးကုတ်မြို့ ဘားနပ်စ်တွင် တစ်ရွာလုံး ရေခဲနေမှုကြောင့် လာရောက် လည်ပတ်သူ များပြားနေ

 

မိုးကုတ်မြို့ ရွာသာယာကျေးရွာ ( ဘားနပ်စ် ) တွင် ရွာတစ်ရွာလုံးနီးပါးခန့် ရေခဲနေမှု ကြောင့် ဒေသခံများနှင့် ပြည်တွင်းခရီးသွားဧည့်သည်များ လာရောက်လည်ပတ် သူများပြားလာကြောင်းသိရသည် ။

အဆိုပါ ကျေးရွာတွင် နေလမ်းကြောင်းနှင့် အဝေးဆုံး နေရာတစ်နေရာဖြစ်သည့်အတွက် ပျှမ်းမျှအပူချိန်တို့ထက် 0 ဒီဂရီစင်တီဂရိတ် နှင့် အနှုတ် 1 ဒီဂရီစင်တီဂရိတ် အောက်ကို လျော့ခဲ့သည့်အတွက် ရေခဲခြင်းဖြစ်ကြောင်း သိရသည်

ရေစခဲတာကတော့ မနေ့ကစခဲတယ် ။ ရေခဲတာကို လာကြည့်ချင် အလှဓါတ်ပုံလာရိုက်ချင် သူတွေကတော့ တစ်နေ့နဲ့တစ်နေ့ တော်တော်များများလာလည်ကြတယ် ။ ဒါပေမယ့် ဒီနှစ်က အရင် နှစ်တွေတုန်းကလောက်တော့ ရေသိပ်မခဲသေးဘူး ” ဟု ရွာသာယာကျေးရွာ ( ဘားနပ်စ် ) ဒေသခံကိုမျိုးဝင်းက ပြောသည် ။

ယင်းကျေးရွာသည် မိုးကုတ်မြို့၏ အနောက်တောင်ဘက်တွင်တည်ရှိပြီး မြို့နှင့် ရှစ်မိုင်ခန့် အကွာတွင်တည်ရှိသည့် ရွာတစ်ရွာဖြစ်သည် ။ ကျေးရွာတွင် နှစ်ပေါင်း ၁၂၀ ကျော်သက်တမ်းရှိ ဘားနပ်စ် စစ်သချိ ၤူင်းဟုခေါ်သည့် အင်္ဂလိပ် စစ်သချိ ၤူင်း တစ်ခုလည်း တည်ရှိသည် ။

မိုးကုတ်မြို့သည် တောတောင်များ ပတ်လည်ဝိုင်းကာ တစ်ဆယ့်နှစ်ရာသီ ပတ်လုံး အေးမြသောရာသီဥတုနှင့် သမိုင်းဝင်စေတီပုထိုးမြောက်များစွာ တည်ရှိသောမြို့တစ်မြို့ဖြစ်သည် ။

မိုးကုတ်မြို့တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ နေပြီး ကမ္ဘာကျော်ကျောက်ပတ္တမြားအပါအဝင် အဖိုးတန်ကျောက်မျက်ရတနာများ မျိုးစုံ ထွက်ရှိသော မြို့တစ်မြို့ဖြစ်သည် ။

သတင်း – နေထက် ( Mogok Views )

ဓါတ်ပုံ – ဘော်ဘီဒေါက်တာ ၊ ကျော်ထွန်း (မိုးကုတ်)

Credit-Lovelymyanmar