Zawgyiျဖင့္ဖတ္ရန္

 

အေမရိကန္ႏိုင္ငံ၊ ပန္ဆယ္လ္ေဗးနီးယားမွာေနထိုင္တဲ့ ဝင္ဒီေသာမတ္စ္ဟာ အသက္ (၄၄)ႏွစ္ရွိၿပီျဖစ္ၿပီး သူမရဲ႕ ခႏၶာကိုယ္အေလးခ်ိန္က ေပါင္ (၃၀၀) ရွိပါတယ္။ သူမရဲ႕ ခ်စ္သူကေတာ့ ကီႏိုဘတ္တလာ လို႔ေခၚတဲ့ အမ်ိဳးသားျဖစ္ၿပီး ေပါင္ (၁၃၀)သာရွိတဲ့ ဘတ္တလာ ေၾကာင့္ သူမတို႔ႏွစ္ေယာက္ဟာ လိုက္ဖက္ညီတဲ့ စုံတြဲေတာ့မျဖစ္ခဲ့ပါဘူး။

ၿပီးခဲ့တဲ့ တနလၤာေန႔ညမွာေတာ့ ဝင္ဒီနဲ႔ ကီႏို တို႔ဟာ ဝင္ဒီရဲ႕ေနအိမ္မွာ အရက္အတူေသာက္ခဲ့ၾကၿပီး ႏွစ္ေယာက္စလုံးအမူးလြန္ခဲ့ၿပီးတဲ့ေနာက္ စကားမ်ားခဲ့ၾကပါတယ္။

အဲဒီေနာက္မွာေတာ့ ကိုယ္ထိလက္ေရာက္ေတြပါ ျဖစ္ကုန္ၾကၿပီး ဝင္ဒီဟာ သူမရဲ႕ ခ်စ္သူကို စားပြဲခုံက ေထာက္တိုင္နဲ႔ ႐ိုက္ႏွက္ခဲ့သလို ကီႏိုရဲ႕ ခႏၶာကိုယ္ကိုလည္း သူမရဲ႕လက္ေတြနဲ႔ ဖ်စ္ညႇစ္ခဲ့ပါတယ္။

အဲဒီအခ််ိန္အထိ ကီႏိုက သူ႔ခ်စ္သူရဲ႕တိုက္ခိုက္မႈေတြကို ေရွာင္တိမ္းေနခဲ့ေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ ဝင္ဒီက သူမရဲ႕ ခႏၶာကိုယ္နဲ႔ ကီႏိုအေပၚ တက္ထိုင္လိုက္ခ်ိန္မွာေတာ့ အားလုံး အဆုံးသတ္သြား ခဲ့ပါေတာ့တယ္။

ကီႏိုဟာ သူ႔ခႏၶာကိုယ္ရဲ႕ (၂)ဆေလာက္ အေလးခ်ိန္နဲ႔ တက္ဖိခံလိုက္ရတာျဖစ္ၿပီး အသက္ရွဴမဝျဖစ္ကာ ေသဆုံးသြားခဲ့ပါေတာ့တယ္။ ဝင္ဒီလည္း အဲဒီေတာ့မွ ရဲတပ္ဖြဲ႕ကို ဖုန္းဆက္ခဲ့ၿပီး သူမရဲ႕ခ်စ္သူကိုသတ္လိုက္မိေၾကာင္း အသိေပးခဲ့ပါတယ္။

ရဲေတြလည္း ဝင္ဒီရဲ႕ အိမ္ကိုေရာက္ရွိလာခဲ့ၿပီး စစ္ေဆးမႈေတြ ျပဳလုပ္ခ်ိန္မွာေတာ့ ဝင္ဒီတစ္ေယာက္ အမူးလြန္ေနမွန္း သိခဲ့ရၿပီး ကီႏိုကေတာ့ ေသြးအိုင္ထဲမွာ လဲေနတာကို ေတြ႕ခဲ့ရပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ဝင္ဒီတစ္ေယာက္ ရဲစခန္းမွာ အဖမ္းဆီးခံထားရၿပီး ေထာင္ဒဏ္ (၁၈)ႏွစ္ကေန (၃၆)ႏွစ္အထိ က်ခံရမယ့္ ျပစ္ဒဏ္မ်ိဳးနဲ႔ ရင္ဆိုင္ေနရပါၿပီ။

Credit: Linn

Source : Metro

 

Unicodeဖြင့်ဖတ်ရန်

 

ချစ်သူပေါ် ပေါင်(၃၀၀)လေးတဲ့ခန္ဓာကိုယ်နဲ့ ထိုင်ချမိရင်း လူသတ်မှုဖြစ်ခဲ့ရတဲ့ အမျိုးသမီး

 

အမေရိကန်နိုင်ငံ၊ ပန်ဆယ်လ်ဗေးနီးယားမှာနေထိုင်တဲ့ ဝင်ဒီသောမတ်စ်ဟာ အသက် (၄၄)နှစ်ရှိပြီဖြစ်ပြီး သူမရဲ့ ခန္ဓာကိုယ်အလေးချိန်က ပေါင် (၃၀၀) ရှိပါတယ်။ သူမရဲ့ ချစ်သူကတော့ ကီနိုဘတ်တလာ လို့ခေါ်တဲ့ အမျိုးသားဖြစ်ပြီး ပေါင် (၁၃၀)သာရှိတဲ့ ဘတ်တလာ ကြောင့် သူမတို့နှစ်ယောက်ဟာ လိုက်ဖက်ညီတဲ့ စုံတွဲတော့မဖြစ်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ တနင်္လာနေ့ညမှာတော့ ဝင်ဒီနဲ့ ကီနို တို့ဟာ ဝင်ဒီရဲ့နေအိမ်မှာ အရက်အတူသောက်ခဲ့ကြပြီး နှစ်ယောက်စလုံးအမူးလွန်ခဲ့ပြီးတဲ့နောက် စကားများခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ ကိုယ်ထိလက်ရောက်တွေပါ ဖြစ်ကုန်ကြပြီး ဝင်ဒီဟာ သူမရဲ့ ချစ်သူကို စားပွဲခုံက ထောက်တိုင်နဲ့ ရိုက်နှက်ခဲ့သလို ကီနိုရဲ့ ခန္ဓာကိုယ်ကိုလည်း သူမရဲ့လက်တွေနဲ့ ဖျစ်ညှစ်ခဲ့ပါတယ်။

အဲဒီအချျိန်အထိ ကီနိုက သူ့ချစ်သူရဲ့တိုက်ခိုက်မှုတွေကို ရှောင်တိမ်းနေခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ဝင်ဒီက သူမရဲ့ ခန္ဓာကိုယ်နဲ့ ကီနိုအပေါ် တက်ထိုင်လိုက်ချိန်မှာတော့ အားလုံး အဆုံးသတ်သွား ခဲ့ပါတော့တယ်။

ကီနိုဟာ သူ့ခန္ဓာကိုယ်ရဲ့ (၂)ဆလောက် အလေးချိန်နဲ့ တက်ဖိခံလိုက်ရတာဖြစ်ပြီး အသက်ရှူမဝဖြစ်ကာ သေဆုံးသွားခဲ့ပါတော့တယ်။ ဝင်ဒီလည်း အဲဒီတော့မှ ရဲတပ်ဖွဲ့ကို ဖုန်းဆက်ခဲ့ပြီး သူမရဲ့ချစ်သူကိုသတ်လိုက်မိကြောင်း အသိပေးခဲ့ပါတယ်။

ရဲတွေလည်း ဝင်ဒီရဲ့ အိမ်ကိုရောက်ရှိလာခဲ့ပြီး စစ်ဆေးမှုတွေ ပြုလုပ်ချိန်မှာတော့ ဝင်ဒီတစ်ယောက် အမူးလွန်နေမှန်း သိခဲ့ရပြီး ကီနိုကတော့ သွေးအိုင်ထဲမှာ လဲနေတာကို တွေ့ခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ ဝင်ဒီတစ်ယောက် ရဲစခန်းမှာ အဖမ်းဆီးခံထားရပြီး ထောင်ဒဏ် (၁၈)နှစ်ကနေ (၃၆)နှစ်အထိ ကျခံရမယ့် ပြစ်ဒဏ်မျိုးနဲ့ ရင်ဆိုင်နေရပါပြီ။

Credit: Linn

Source : Metro

LEAVE A REPLY