Zawgyi ျဖင့္ဖတ္ရန္

လူငယ္ေတြ မိဘ နဲ႔ အတိုက္အခံျဖစ္ဆုံး အသက္႐ြယ္က ဆယ္ေက်ာ္သက္ အ႐ြယ္ေတြျဖစ္တယ္လို႔ သုေတသနပညာရွင္ေတြက သုံးသပ္ဖူးပါတယ္။ ဆယ္ေက်ာ္သက္ေတြသာ ခႏၶာကိုယ္ဖြဲ႕စည္းပုံေတြအျပင္ စိတ္ခံစားေျပာင္းလဲမႈေတြပါ သိသိသာသာေျပာင္းလဲလာလို႔ မိဘေတြနဲ႔ အဆင္မေျပတာ၊ ျပသာနာျဖစ္လြယ္တာေတြ ျဖစ္တတ္ၾကပါတယ္။ မိဘေတြ ျဖစ္ေစခ်င္တာက တစ္မ်ိဳး၊ လူငယ္ေတြျဖစ္ခ်င္တာက တမ်ိဳးဆိုေတာ့ ဘယ္လိုမွကို အဆင္ေျပမွာမဟုတ္ပါဘူး။ မိဘေတြက အျပင္သြားရင္ သြားလို႔၊ စာမလုပ္ရင္ စာ မလုပ္လို႔ အခ်ိန္တိုင္း ခ်ဳပ္ခ်ယ္တတ္ၾကေတာ့ ၾကာလာေတာ့ ခ်ဳပ္ခ်ယ္တာခံရလြန္းတဲ့ လူငယ္ေတြဟာ ထြက္ေပါက္ရွာလာတတ္ၾကပါတယ္။

သာမာန္လူငယ္ေတြက မိဘ ခ်ဳပ္ခ်ယ္ရင္ အိမ္ကထြက္ေျပးတာ၊ ေသေၾကာင္းႀကံတာ၊ မူးယစ္ေဆးစြဲလာတာေတြ ျဖစ္တတ္ေပမယ့္ အခု ေျပာမယ့္ ဗီယက္နမ္ႏိုင္ငံက ေကာင္မေလးကေတာ့ တမူထူးျခားတာလား ႐ူးတာလားေတာ့ မသိဘူး သူမဟာ ေမြးေပးတဲ့အေမနဲ႔ ေကြၽးေမြးေစာင့္ေရွာက္တဲ့ အေဖကိုေတာင္ သတ္ပစ္ဖို႔ ႀကံစည္ခဲ့ပါတယ္။ ဒီ အဇာတသတ္လို မိန္းကေလး နာမည္ကေတာ့ Jennifer Pan လို႔ေခၚပါတယ္။

ျဖစ္စဥ္အက်ဥ္းခ်ဳပ္ကေတာ့ Jennifer ဟာ ငယ္စဥ္ကေလးဘဝထဲက မိဘေတြ ဖိအားေပးမႈေတြကို ခံခဲ့ရၿပီး မိဘေတြ ျဖစ္ေစခ်င္တဲ့အတိုင္း စာေမးပြဲတိုင္းမွာ (A)အဆင့္ရေအာင္ ႀကိဳးစားခဲ့ရပါတယ္။ တခါတစ္ေလ အေၾကာင္းေၾကာင္းေၾကာင့္ (B+) (B-) ျဖစ္သြားခဲ့ရင္ ၎မိဘေတြရဲ႕ ဆူပူႀကိမ္းေမာင္းတာအျပင္ အ႐ိုက္ပါခံခဲ့ရပါတယ္။ Jennifer တျဖည္းျဖည္းနဲ႔ အထက္တန္းေက်ာင္းသူ ဘဝေရာက္သြားခ်ိန္မွာေတာ့ အရင္လို ရမွတ္ေတြမေကာင္းေတာ့ဘဲ အမွတ္ေတြနည္းလာခဲ့ပါတယ္။ ေနာက္ေတာ့ သူမဟာ ေအာင္စာရင္း အတုေတြ၊ ဘြဲ႕လက္မွတ္ အတုေတြအထိ လုပ္ၿပီး မိဘကို လိမ္လည္ခဲ့တဲ့အျပင္ သူမရဲ႕အေဖက ေဆး႐ုံႀကီးက ေဆးဝါးပညာရွင္လို႔ပါ လိမ္ညာခဲ့ပါေသးတယ္

 

တေန႔ေတာ့ Jennifer မွာ ခ်စ္သူရည္းစားရသြားၿပီလို႔ မိဘျဖစ္သူေတြသိသြားၿပီးတဲ့ေနာက္မွာ မိဘေတြက အရမ္းကို စိတ္ဆိုးၿပီး ရည္းစားကို လမ္းခြဲမလား … ? မိဘကို လမ္းခြဲမလားလို႔ … ? ေမးခြန္းထုတ္လိုက္ပါတယ္။

Jennifer က စိတ္ထဲမပါေပမယ့္ မိသားစုကို ေ႐ြးခ်ယ္လိုက္ပါတယ္။ Jennifer ဟာ ဘယ္လိုမွကို မေပ်ာ္ေတာ့တဲ့ေနာက္ဆုံးမွာ သူမရဲ႕ ခ်စ္သူနဲ႔ေပါင္းၿပီး ေၾကးစားလူသတ္သမား တစ္ေယာက္ကို ဌားရမ္းကာ အေဖနဲ႔ အေမကို သတ္ဖို႔ႀကိဳးစားခဲ့ပါတယ္။

သူမ အစီအစဥ္ကေတာ့ ေၾကးစားလူသတ္သမားနဲ႔ ေပါင္းၿပီး အိမ္ကိုေဖာက္ထြင္းခံရတဲ့ ပုံစံမ်ိဳးဖမ္းကာ မိဘေတြကို သတ္ပစ္ဖို႔ျဖစ္ပါတယ္။ သူမရဲ႕ ႀကံစည္ခဲ့တဲ့အစီအစဥ္အတိုင္း သူမရဲ႕ အေမေသဆုံးခဲ့ၿပီး အေဖျဖစ္သူကေတာ့ ဝမ္းဗိုက္ထိုးသြင္းဒဏ္ရာ ႀကီးႀကီးမားမားရရွိခဲ့ပါတယ္။ ဒီကိစၥေတြျဖစ္ၿပီးတဲ့ေနာက္မွာေတာ့ Jennifer ဟာ ေနာင္တရလာၿပီး ေနာက္ဆုံးေတာ့ သူမဟာ သူမ အေမေသဆုံးၿပီး (၂)ပတ္အၾကာမွာ ရဲစခန္းကို ကိုယ္တိုင္သြားၿပီး ဝန္ခံခဲ့ပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ချုပ်ချယ်လွန်းတဲ့ မိဘ ကို ကြေးစားလူသတ်သမားဌားပြီး သတ်ဖို့ကြိုးစားတဲ့ သမီး

လူငယ်တွေ မိဘ နဲ့ အတိုက်အခံဖြစ်ဆုံး အသက်ရွယ်က ဆယ်ကျော်သက် အရွယ်တွေဖြစ်တယ်လို့ သုတေသနပညာရှင်တွေက သုံးသပ်ဖူးပါတယ်။ ဆယ်ကျော်သက်တွေသာ ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေအပြင် စိတ်ခံစားပြောင်းလဲမှုတွေပါ သိသိသာသာပြောင်းလဲလာလို့ မိဘတွေနဲ့ အဆင်မပြေတာ၊ ပြသာနာဖြစ်လွယ်တာတွေ ဖြစ်တတ်ကြပါတယ်။ မိဘတွေ ဖြစ်စေချင်တာက တစ်မျိုး၊ လူငယ်တွေဖြစ်ချင်တာက တမျိုးဆိုတော့ ဘယ်လိုမှကို အဆင်ပြေမှာမဟုတ်ပါဘူး။ မိဘတွေက အပြင်သွားရင် သွားလို့၊ စာမလုပ်ရင် စာ မလုပ်လို့ အချိန်တိုင်း ချုပ်ချယ်တတ်ကြတော့ ကြာလာတော့ ချုပ်ချယ်တာခံရလွန်းတဲ့ လူငယ်တွေဟာ ထွက်ပေါက်ရှာလာတတ်ကြပါတယ်။

သာမာန်လူငယ်တွေက မိဘ ချုပ်ချယ်ရင် အိမ်ကထွက်ပြေးတာ၊ သေကြောင်းကြံတာ၊ မူးယစ်ဆေးစွဲလာတာတွေ ဖြစ်တတ်ပေမယ့် အခု ပြောမယ့် ဗီယက်နမ်နိုင်ငံက ကောင်မလေးကတော့ တမူထူးခြားတာလား ရူးတာလားတော့ မသိဘူး သူမဟာ မွေးပေးတဲ့အမေနဲ့ ကျွေးမွေးစောင့်ရှောက်တဲ့ အဖေကိုတောင် သတ်ပစ်ဖို့ ကြံစည်ခဲ့ပါတယ်။ ဒီ အဇာတသတ်လို မိန်းကလေး နာမည်ကတော့ Jennifer Pan လို့ခေါ်ပါတယ်။

ဖြစ်စဉ်အကျဉ်းချုပ်ကတော့ Jennifer ဟာ ငယ်စဉ်ကလေးဘဝထဲက မိဘတွေ ဖိအားပေးမှုတွေကို ခံခဲ့ရပြီး မိဘတွေ ဖြစ်စေချင်တဲ့အတိုင်း စာမေးပွဲတိုင်းမှာ (A)အဆင့်ရအောင် ကြိုးစားခဲ့ရပါတယ်။ တခါတစ်လေ အကြောင်းကြောင်းကြောင့် (B+) (B-) ဖြစ်သွားခဲ့ရင် ၎င်းမိဘတွေရဲ့ ဆူပူကြိမ်းမောင်းတာအပြင် အရိုက်ပါခံခဲ့ရပါတယ်။ Jennifer တဖြည်းဖြည်းနဲ့ အထက်တန်းကျောင်းသူ ဘဝရောက်သွားချိန်မှာတော့ အရင်လို ရမှတ်တွေမကောင်းတော့ဘဲ အမှတ်တွေနည်းလာခဲ့ပါတယ်။ နောက်တော့ သူမဟာ အောင်စာရင်း အတုတွေ၊ ဘွဲ့လက်မှတ် အတုတွေအထိ လုပ်ပြီး မိဘကို လိမ်လည်ခဲ့တဲ့အပြင် သူမရဲ့အဖေက ဆေးရုံကြီးက ဆေးဝါးပညာရှင်လို့ပါ လိမ်ညာခဲ့ပါသေးတယ်

တနေ့တော့ Jennifer မှာ ချစ်သူရည်းစားရသွားပြီလို့ မိဘဖြစ်သူတွေသိသွားပြီးတဲ့နောက်မှာ မိဘတွေက အရမ်းကို စိတ်ဆိုးပြီး ရည်းစားကို လမ်းခွဲမလား … ? မိဘကို လမ်းခွဲမလားလို့ … ? မေးခွန်းထုတ်လိုက်ပါတယ်။

Jennifer က စိတ်ထဲမပါပေမယ့် မိသားစုကို ရွေးချယ်လိုက်ပါတယ်။ Jennifer ဟာ ဘယ်လိုမှကို မပျော်တော့တဲ့နောက်ဆုံးမှာ သူမရဲ့ ချစ်သူနဲ့ပေါင်းပြီး ကြေးစားလူသတ်သမား တစ်ယောက်ကို ဌားရမ်းကာ အဖေနဲ့ အမေကို သတ်ဖို့ကြိုးစားခဲ့ပါတယ်။

သူမ အစီအစဉ်ကတော့ ကြေးစားလူသတ်သမားနဲ့ ပေါင်းပြီး အိမ်ကိုဖောက်ထွင်းခံရတဲ့ ပုံစံမျိုးဖမ်းကာ မိဘတွေကို သတ်ပစ်ဖို့ဖြစ်ပါတယ်။ သူမရဲ့ ကြံစည်ခဲ့တဲ့အစီအစဉ်အတိုင်း သူမရဲ့ အမေသေဆုံးခဲ့ပြီး အဖေဖြစ်သူကတော့ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ ကြီးကြီးမားမားရရှိခဲ့ပါတယ်။ ဒီကိစ္စတွေဖြစ်ပြီးတဲ့နောက်မှာတော့ Jennifer ဟာ နောင်တရလာပြီး နောက်ဆုံးတော့ သူမဟာ သူမ အမေသေဆုံးပြီး (၂)ပတ်အကြာမှာ ရဲစခန်းကို ကိုယ်တိုင်သွားပြီး ဝန်ခံခဲ့ပါတယ်။

share from : burmese.asia