Zawgyiျဖင့္ဖတ္ရန္

 

ၾကယ္မိုးေတြ ေစြရြာေတာ့မည္..

ၾကယ္မိုးဘုရင္ (King of Meteor Shower) လို႔ တင္စားရေလာက္တဲ့ ေမထုန္ရာသီ ၾကယ္တာရာမွ ၾကယ္မိုးမ်ားစြာ ေႂကြက်တဲ့ျဖစ္စဥ္ဟာ ႏွစ္စဥ္ ဒီဇင္ဘာလ ၇ ရက္နဲ႔ ၁၆ ရက္အၾကားမွာ ျဖစ္ေပၚေလ့ရွိၿပီး.. ၂၀၁၈ ခုႏွစ္ မွာေတာ့ ဒီဇင္ဘာလ ၁၃ ရက္ည (၁၄ မနက္) မွာ အမ်ားဆံုး ေႂကြက်ေတာ့မွာပဲ ျဖစ္ပါတယ္ ၾကယ္ေႂကြတယ္ဆိုတာ တကယ္ေတာ့ ေကာင္းကင္မွာ မွိတ္တုပ္ မွိတ္တုပ္ လင္းလက္ေနတဲ့ ၾကယ္ေတြ ေႂကြသြားျခင္းမဟုတ္ပါ။

ကမာၻ ပတ္လမ္းေၾကာင္းကို ျဖတ္သန္းသြားတဲ့ ၾကယ္တံခြန္၊ ဥကၠာပ်ံမ်ားမွ က်က်န္ေနခဲ့တဲ့ ေက်ာက္ခဲ (ဥကၠာခဲ) မႈန္ေလးမ်ားဟာ အဲ့ဒီ့လမ္းေၾကာင္းကို ျပန္လည္ေရာက္ရွိလာတဲ့ ကမာၻ ရဲ႕ ေလထုနဲ႔ ပြတ္တိုက္မိျခင္းေၾကာင့္ ထြက္ေပၚလာတဲ့ အလင္းတန္းမ်ားျဖစ္ပါတယ္။ ဥကၠာခဲေတြ မ်ားမ်ားက်န္ေနခဲ့ေတာ့.. ၾကယ္ေတြအမ်ားႀကီးေႂကြသလို အလင္းတန္းေတြ အမ်ားႀကီး ေတြ႕ရမယ့္သေဘာ ျဖစ္ပါတယ္။

ဒီတေခါက္ ကမာၻ ေလထုထဲ ေရာက္လာမယ့္ ဥကၠာခဲမွဳန္မ်ားကေတာ့. 3200 Phaethon လို႔ အမည္ရတဲ့ ဥကၠာပ်ံရဲ႕ အပိုင္းအစမ်ား ျဖစ္ပါတယ္။ (ပံု) ဒီ ဥကၠာပ်ံဟာ အရာဝထၳဳတစ္ခုခုနဲ႔ တိုက္မိရာကေန လြင့္စင္လာတာျဖစ္ၿပီး.. ေနကို ၁.၄ ႏွစ္လွ်င္ တစ္ပတ္ႏွဳန္းနဲ႔ လွည့္ပတ္ေနတာျဖစ္ပါတယ္။ ကမာၻ အနီးကိုလည္း မၾကာခဏဆိုသလို ေရာက္ရွိလာတတ္ေပမယ့္ ကမာၻ နဲ႔ တိုက္မိႏိုင္ေခ် အေနအထားေတာ့ မရွိေသးပါဘူး။

ၾကယ္ေတြ ေႂကြက်တာကေတာ့ အခုရက္ပိုင္းကတည္းက စၿပီးျမင္ေနရပါၿပီ။ ၁၄ ရက္ေန႔ မနက္ ၂ နာရီေလာက္မွာေတာ့ ၁ နာရီကို ၾကယ္အလံုး ၈၀ မွ ၁၀၀ ေလာက္အထိ ေႂကြက်တာကို သာမန္မ်က္စိနဲ႔ ျမင္ေတြ႕ရမွာပါ။

ၾကယ္ေတြဟာ အမွတ္တစ္ခုကေနျဖာထြက္လာသလို ျမင္ေတြ႕ရမွာျဖစ္ၿပီး.. အဲ့ဒီ့အမွတ္ကေတာ့ ေမထုန္ရာသီ တာရာထဲမွာပဲ ျဖစ္ပါတယ္။ေမထုန္ဟာ ၿပိႆ ရာသီ နဲ႔ ေမာင္ရွင္ဆိုင္းထမ္း (ခ) လိပ္ၾကယ္စု တို႔အနီးမွာ ရွိလို႔ ရွာေဖြရ လြယ္ကူပါတယ္။ သူတို႔အနီးမွာ လင္းလက္ေနတဲ့ ၾကယ္ကေတာ့.. ညေကာင္းကင္မွာ အလင္းလက္ဆံုးျဖစ္တဲ့ စီးရီးယပ္ (Sirius) လို႔ အမည္ရတဲ့ သေဘၤာပဲ့ ၾကယ္ေျပာင္ပဲ ျဖစ္ပါေတာ့တယ္..။

အနာဂတ္ ပညာေရးအတြက္..

သန္႔ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)

Credit-realthadin.com

 

Unicodeဖြင့်ဖတ်ရန်

 

ဒီဇင်ဘာလ ၁၃ ရက်ည (၁၄ မနက်) မှာ ကြယ်မိုးများ စွေရွာတော့မည်

 

ကြယ်မိုးတွေ စွေရွာတော့မည်..

ကြယ်မိုးဘုရင် (King of Meteor Shower) လို့ တင်စားရလောက်တဲ့ မေထုန်ရာသီ ကြယ်တာရာမှ ကြယ်မိုးများစွာ ကြွေကျတဲ့ဖြစ်စဉ်ဟာ နှစ်စဉ် ဒီဇင်ဘာလ ၇ ရက်နဲ့ ၁၆ ရက်အကြားမှာ ဖြစ်ပေါ်လေ့ရှိပြီး.. ၂၀၁၈ ခုနှစ် မှာတော့ ဒီဇင်ဘာလ ၁၃ ရက်ည (၁၄ မနက်) မှာ အများဆုံး ကြွေကျတော့မှာပဲ ဖြစ်ပါတယ် ကြယ်ကြွေတယ်ဆိုတာ တကယ်တော့ ကောင်းကင်မှာ မှိတ်တုပ် မှိတ်တုပ် လင်းလက်နေတဲ့ ကြယ်တွေ ကြွေသွားခြင်းမဟုတ်ပါ။

ကမ္ဘာ ပတ်လမ်းကြောင်းကို ဖြတ်သန်းသွားတဲ့ ကြယ်တံခွန်၊ ဥက္ကာပျံများမှ ကျကျန်နေခဲ့တဲ့ ကျောက်ခဲ (ဥက္ကာခဲ) မှုန်လေးများဟာ အဲ့ဒီ့လမ်းကြောင်းကို ပြန်လည်ရောက်ရှိလာတဲ့ ကမ္ဘာ ရဲ့ လေထုနဲ့ ပွတ်တိုက်မိခြင်းကြောင့် ထွက်ပေါ်လာတဲ့ အလင်းတန်းများဖြစ်ပါတယ်။ ဥက္ကာခဲတွေ များများကျန်နေခဲ့တော့.. ကြယ်တွေအများကြီးကြွေသလို အလင်းတန်းတွေ အများကြီး တွေ့ရမယ့်သဘော ဖြစ်ပါတယ်။

ဒီတခေါက် ကမ္ဘာ လေထုထဲ ရောက်လာမယ့် ဥက္ကာခဲမှုန်များကတော့. 3200 Phaethon လို့ အမည်ရတဲ့ ဥက္ကာပျံရဲ့ အပိုင်းအစများ ဖြစ်ပါတယ်။ (ပုံ) ဒီ ဥက္ကာပျံဟာ အရာဝထ္ထုတစ်ခုခုနဲ့ တိုက်မိရာကနေ လွင့်စင်လာတာဖြစ်ပြီး.. နေကို ၁.၄ နှစ်လျှင် တစ်ပတ်နှုန်းနဲ့ လှည့်ပတ်နေတာဖြစ်ပါတယ်။ ကမ္ဘာ အနီးကိုလည်း မကြာခဏဆိုသလို ရောက်ရှိလာတတ်ပေမယ့် ကမ္ဘာ နဲ့ တိုက်မိနိုင်ချေ အနေအထားတော့ မရှိသေးပါဘူး။

ကြယ်တွေ ကြွေကျတာကတော့ အခုရက်ပိုင်းကတည်းက စပြီးမြင်နေရပါပြီ။ ၁၄ ရက်နေ့ မနက် ၂ နာရီလောက်မှာတော့ ၁ နာရီကို ကြယ်အလုံး ၈၀ မှ ၁၀၀ လောက်အထိ ကြွေကျတာကို သာမန်မျက်စိနဲ့ မြင်တွေ့ရမှာပါ။

ကြယ်တွေဟာ အမှတ်တစ်ခုကနေဖြာထွက်လာသလို မြင်တွေ့ရမှာဖြစ်ပြီး.. အဲ့ဒီ့အမှတ်ကတော့ မေထုန်ရာသီ တာရာထဲမှာပဲ ဖြစ်ပါတယ်။မေထုန်ဟာ ပြိဿ ရာသီ နဲ့ မောင်ရှင်ဆိုင်းထမ်း (ခ) လိပ်ကြယ်စု တို့အနီးမှာ ရှိလို့ ရှာဖွေရ လွယ်ကူပါတယ်။ သူတို့အနီးမှာ လင်းလက်နေတဲ့ ကြယ်ကတော့.. ညကောင်းကင်မှာ အလင်းလက်ဆုံးဖြစ်တဲ့ စီးရီးယပ် (Sirius) လို့ အမည်ရတဲ့ သင်္ဘောပဲ့ ကြယ်ပြောင်ပဲ ဖြစ်ပါတော့တယ်..။

အနာဂတ် ပညာရေးအတွက်..

သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

Credit-realthadin.com