Zawgyiျဖင့္ဖတ္ရန္

 

ထိုင္းနိုင္ငံ၏ ရိုးရာလက္ေဝွ႕(ေမြထိုင္း) ကမၻာ့အမ်ိဳးသမီးခ်ံပီယံ “နီတီရာပြန္ သီရီဆေလ” အသက္ ၂၂ ႏွစ္ ကို သူမေနထိုင္ရာ အေဆာင္၏ အိပ္ခန္းအတြင္း ႀကိဳးဆြဲခ်လၽွက္ ေသဆုံးေနေၾကာင္း ဒီဇင္ဘာ ၁၈ ရက္ (အဂၤါေန႔)က ေတြ႕ရွိခဲ့တယ္လို႔ ထိုင္းရဲအဖြဲ႕က ေျပာဆိုခဲ့ပါတယ္။

သူမဟာ ရာဂ်ာဘတ္ တကၠသိုလ္မွာ ႐ိုးရာလက္ေဝွ႔(ေမြထိုင္း)ဘာသာရပ္ကို တက္ေရာက္ေနတဲ့ စတုတၱႏွစ္ေက်ာင္းသူျဖစ္ၿပီး တကၠသိုလ္အနီးနားက အေဆာင္မွာ ေနထိုင္ေနသူျဖစ္ပါတယ္။

သူမေနတိုင္ရာ အခန္းရဲ႕ အေနာက္ဖက္ တံခါးမႀကီးမွာ ႏိုင္လြန္ႀကိဳးမ်ားနဲ႔ ႀကိဳးဆြဲခ်ၿပီး ေသးဆုံးလွ်က္ရွိပါတယ္။ ရဲေတြက အျခားမသကၤာစရာမ်ား မေတြ႕ရွိခဲ့ရေပမယ့္ အခန္းထဲမွာ တစ္ဝက္ေလာက္ ေသာက္ထားတဲ့ ဝီစကီပုလင္းကို ေတြ႕ရွိခဲ့ပါတယ္။

“နီတီရာပြန္” ဟာ ကမာၻ႔ေမြထိုင္းအဖြဲ႕အစည္းရဲ႕ ၅၁ ကီလိုတန္းမွာ ခ်ံပီယံျဖစ္ခဲ့ၿပီး ၅၂ ကီလိုတန္းမွာလည္း အႏိုင္ရဖို႔ ႀကိဳးစားေနသူလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ညက သူငယ္ခ်င္းေတြနဲ႔ ေသာက္စားခဲ့ၾကၿပီး ည ၈ နာရီေလာက္မွာ သူမရဲ႕ အခန္းကို ျပန္သြားခဲ့တယ္လို႔ သူငယ္ခ်င္းေတြက ရဲကို ထြက္ဆိုခဲ့ၾကပါတယ္။ ေနာက္တစ္ေန႔ မနက္မွာ သူငယ္ခ်င္းတစ္ေယာက္က သူ႔ကို ဖုန္းဆက္ခဲ့ေပမယ့္ ဖုန္းမကိုင္တာေၾကာင့္ အခန္းတံခါးသြားေခါက္ခဲ့ရာမွာလည္း ဘာမွတုံျပန္မႈ မရွိခဲ့တာေၾကာင့္ အေဆာင္ရွင္ကို ခြင့္ေတာင္းၿပီး ေသာ့အပိုနဲ႔ ဖြင့္ကာ အထဲဝင္ခဲ့ၾကရာမွ သူမကို ႀကိဳးဆြဲခ်လ်က္ ေသဆုံးေနတာ ေတြ႕ခဲ့ရပါတယ္။

ႏိုင္ငံတစ္ကာေမြထိုင္းပညာေလ့လာေရးအဖြဲ႕အစည္းရဲ႕ ဥကၠ႒ျဖစ္သူ Charnchai Yommadit က “နီတီရာပြန္” ေသဆုံးခဲ့ရတာဟာ ေမြထိုင္းေလာကအတြက္ အႀကီးမားဆုံးဆုံးရႈံးမႈျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“နီတီရာပြန္” ရဲ႕ မိဘေတြဟာ အိမ္ေထာင္ကြဲေနၾကသူေတြျဖစ္ၿပီး ေက်ာင္းစရိတ္ကိစၥအဝဝကို သူမကိုယ္တိုင္ ႀကိဳးစား႐ုန္းကန္ေနရသူလည္းျဖစ္ေၾကာင္း သိရွိရသည္။

credit – popolay

 

Unicodeဖြင့်ဖတ်ရန်

 

အမျိုးသမီး ကမ္ဘာ့မွေထိုင်းချံပီယံ အဆောင်အတွင်း ကြိုးဆွဲချလျှက် သေဆုံး

 

ထိုင်းနိုင်ငံ၏ ရိုးရာလက်ဝှေ့(မွေထိုင်း) ကမ္ဘာ့အမျိုးသမီးချံပီယံ “နီတီရာပွန် သီရီဆလေ” အသက် ၂၂ နှစ် ကို သူမနေထိုင်ရာ အဆောင်၏ အိပ်ခန်းအတွင်း ကြိုးဆွဲချလျှက် သေဆုံးနေကြောင်း ဒီဇင်ဘာ ၁၈ ရက် (အင်္ဂါနေ့)က တွေ့ရှိခဲ့တယ်လို့ ထိုင်းရဲအဖွဲ့က ပြောဆိုခဲ့ပါတယ်။

သူမဟာ ရာဂျာဘတ် တက္ကသိုလ်မှာ ရိုးရာလက်ဝှေ့(မွေထိုင်း)ဘာသာရပ်ကို တက်ရောက်နေတဲ့ စတုတ္တနှစ်ကျောင်းသူဖြစ်ပြီး တက္ကသိုလ်အနီးနားက အဆောင်မှာ နေထိုင်နေသူဖြစ်ပါတယ်။

သူမနေတိုင်ရာ အခန်းရဲ့ အနောက်ဖက် တံခါးမကြီးမှာ နိုင်လွန်ကြိုးများနဲ့ ကြိုးဆွဲချပြီး သေးဆုံးလျှက်ရှိပါတယ်။ ရဲတွေက အခြားမသင်္ကာစရာများ မတွေ့ရှိခဲ့ရပေမယ့် အခန်းထဲမှာ တစ်ဝက်လောက် သောက်ထားတဲ့ ဝီစကီပုလင်းကို တွေ့ရှိခဲ့ပါတယ်။

“နီတီရာပွန်” ဟာ ကမ္ဘာ့မွေထိုင်းအဖွဲ့အစည်းရဲ့ ၅၁ ကီလိုတန်းမှာ ချံပီယံဖြစ်ခဲ့ပြီး ၅၂ ကီလိုတန်းမှာလည်း အနိုင်ရဖို့ ကြိုးစားနေသူလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက သူငယ်ချင်းတွေနဲ့ သောက်စားခဲ့ကြပြီး ည ၈ နာရီလောက်မှာ သူမရဲ့ အခန်းကို ပြန်သွားခဲ့တယ်လို့ သူငယ်ချင်းတွေက ရဲကို ထွက်ဆိုခဲ့ကြပါတယ်။ နောက်တစ်နေ့ မနက်မှာ သူငယ်ချင်းတစ်ယောက်က သူ့ကို ဖုန်းဆက်ခဲ့ပေမယ့် ဖုန်းမကိုင်တာကြောင့် အခန်းတံခါးသွားခေါက်ခဲ့ရာမှာလည်း ဘာမှတုံပြန်မှု မရှိခဲ့တာကြောင့် အဆောင်ရှင်ကို ခွင့်တောင်းပြီး သော့အပိုနဲ့ ဖွင့်ကာ အထဲဝင်ခဲ့ကြရာမှ သူမကို ကြိုးဆွဲချလျက် သေဆုံးနေတာ တွေ့ခဲ့ရပါတယ်။

နိုင်ငံတစ်ကာမွေထိုင်းပညာလေ့လာရေးအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌဖြစ်သူ Charnchai Yommadit က “နီတီရာပွန်” သေဆုံးခဲ့ရတာဟာ မွေထိုင်းလောကအတွက် အကြီးမားဆုံးဆုံးရှုံးမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“နီတီရာပွန်” ရဲ့ မိဘတွေဟာ အိမ်ထောင်ကွဲနေကြသူတွေဖြစ်ပြီး ကျောင်းစရိတ်ကိစ္စအဝဝကို သူမကိုယ်တိုင် ကြိုးစားရုန်းကန်နေရသူလည်းဖြစ်ကြောင်း သိရှိရသည်။

credit – popolay