Zawgyi ျဖင့္ဖတ္ရန္

တ႐ုတ္ ရဲ႕ နည္းပညာ ကုမၸဏီႀကီး ဟြာေဝးကို တည္ေထာင္သူရဲ႕ သမီးျဖစ္ၿပီး ဘ႑ာေရးအရာရွိခ်ဳပ္လည္း ျဖစ္တဲ့ မန္ဝန္က်ိဳ႕ကို ကေနဒါမွာ ဖမ္းဆီးထားၿပီး အေမရိကန္ဆီ လက္လႊဲေပးဖို႔ ရွိေနတယ္လို႔ ကေနဒါ တရားေရးဝန္ႀကီးဌာန ေျပာခြင့္ရသူ အန္းမတ္ေလာ့ဒ္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ စေနေန႔မွာ မန္ဝန္က်ိဳ႕ကို ဗန္ေကာ့ဗာမွာ ဖမ္းဆီးခဲ့တာျဖစ္ၿပီး ၎အေနနဲ႔ အာမခံရဖို႔ ႀကိဳးစားေနေၾကာင္း အန္းမတ္ေလာ့က ေျပာပါတယ္။ ဒါေပမယ့္ မန္ဝန္က်ိဳ႕ရဲ႕ ေတာင္းဆိုခ်က္နဲ႔ တရား႐ုံး အမိန႔္ေတြေၾကာင္း အမႈနဲ႔ ပတ္သက္ၿပီး ဒီထက္ ေျပာလို႔ မရေၾကာင္း ၎က ဆိုပါတယ္။ မေရရာတဲ့ စြပ္စြဲခ်က္ေတြနဲ႔ အေမရိကန္ရဲ႕ ကိုယ္စား ကေနဒါက ခုလို ဖမ္းဆီးလိုက္တာေၾကာင့္ တ႐ုတ္ႏိုင္ငံတြင္းမွာ မေက်မလည္မႈေတြ ျဖစ္ေပၚၿပီး စိတ္ဆိုးေဒါသထြက္စရာလည္း ျဖစ္ေနပါတယ္။

ဟြာေဝးကုမၸဏီကေတာ့ ကေနဒါမွာ ေလယာဥ္ေျပာင္းစီးခ်ိန္ မန္ဝန္က်ိဳ႕ဟာ အဖမ္းခံရတာလို႔ ထုတ္ျပန္ပါတယ္။ “ကုမၸဏီအေနနဲ႔ ဒါနဲ႔ပတ္သက္ၿပီး သတင္းအနည္းငယ္ပဲ သိရွိရပါတယ္။ မန္ဝန္က်ိဳ႕အေနနဲ႔ ဘာအမွားမွ မက်ဴးလြန္ဘူးဆိုတာေတာ့ သိထားပါတယ္။”လို႔ ကုမၸဏီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဟြာေဝးကုမၸဏီဟာ ကုလသမဂၢ၊ အေမရိကန္နဲ႔ ဥေရာပတို႔က ပို႔ကုန္ထိန္းခ်ဳပ္မႈေတြနဲ႔ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ အပါအဝင္ အားလုံးေသာ ဥပေဒစည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာၿပီး ေဆာင္႐ြက္ေနတာျဖစ္ေၾကာင္းလည္း ေျပာပါတယ္။ေအာ့တဝါက တ႐ုတ္သံ႐ုံးကေတာ့ မန္ဝန္က်ိဳ႕ကို လူ႔အခြင့္အေရး ခ်ိဳးေဖာက္ၿပီး ခုလို ဖမ္းဆီးတာျဖစ္တယ္ေျပာဆိုကာ ခ်က္ခ်င္း ျပန္လႊတ္ဖို႔ ေတာင္းဆိုထားပါတယ္။

“အေမရိကန္ဖက္က ေတာင္းဆိုခ်က္နဲ႔ ကေနဒါဟာ တ႐ုတ္ႏိုင္ငံသားတစ္ဦးကို ဖမ္းဆီးတယ္ဆိုတာကေတာ့ အေမရိကန္နဲ႔ ကေနဒါ ဥပေဒေတြကို တစ္ခုမွ မခ်ိဳးေဖာက္ဘူးေပါ့။ ဒါေပမယ့္ တ႐ုတ္ဖက္ကေတာ့ ခိုင္ခိုင္မာမာ ဆန႔္က်င္ၿပီး ျပင္းျပင္းထန္ထန္ ကန႔္ကြက္ပါတယ္။ ခု လုပ္ရပ္ဟာ ခံရသူအတြက္ ေတာ္ေတာ္ေလး ထိခိုက္ၿပီး လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရတာျဖစ္တယ္။”လို႔ တ႐ုတ္သံ႐ုံးက ေျပာပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး အေမရိကန္တရားေရးဝန္ႀကီးဌာန ေျပာခြင့္ရသူက ထင္ျမင္ခ်က္ေပးဖို႔ ျငင္းဆန္ပါတယ္။ တ႐ုတ္နည္းပညာကုမၸဏီႀကီး ဟြာေဝးဟာ အီရန္အေပၚ ခ်မွတ္ထားတဲ့ ဆန္ရွင္ေတြကို ခ်ိဳးေဖာက္ေနလားဆိုၿပီး အေမရိကန္အာဏာပိုင္ေတြက စုံစမ္းစစ္ေဆးလ်က္ ရွိေနတယ္လို႔ ဒီႏွစ္အေစာပိုင္းမွာ The Wall Street Journal က ေရးသားထားပါတယ္။

Credit : ေမာင္သံဆင့္ ( Daily Hot News )

Unicode ဖြင့်ဖတ်ရန်

ဟွာဝေး တည်ထောင်သူရဲ့ သမီးကို အမေရိကန် တောင်းဆိုမှုနဲ့ ကနေဒါဖမ်းဆီးတာကြောင့် တရုတ်မှာ ယမ်းပုံမီးကျဖြစ်

တရုတ် ရဲ့ နည်းပညာ ကုမ္ပဏီကြီး ဟွာဝေးကို တည်ထောင်သူရဲ့ သမီးဖြစ်ပြီး ဘဏ္ဍာရေးအရာရှိချုပ်လည်း ဖြစ်တဲ့ မန်ဝန်ကျို့ကို ကနေဒါမှာ ဖမ်းဆီးထားပြီး အမေရိကန်ဆီ လက်လွှဲပေးဖို့ ရှိနေတယ်လို့ ကနေဒါ တရားရေးဝန်ကြီးဌာန ပြောခွင့်ရသူ အန်းမတ်လော့ဒ်က ပြောပါတယ်။

ပြီးခဲ့တဲ့ စနေနေ့မှာ မန်ဝန်ကျို့ကို ဗန်ကော့ဗာမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ၎င်းအနေနဲ့ အာမခံရဖို့ ကြိုးစားနေကြောင်း အန်းမတ်လော့က ပြောပါတယ်။ ဒါပေမယ့် မန်ဝန်ကျို့ရဲ့ တောင်းဆိုချက်နဲ့ တရားရုံး အမိန့်တွေကြောင်း အမှုနဲ့ ပတ်သက်ပြီး ဒီထက် ပြောလို့ မရကြောင်း ၎င်းက ဆိုပါတယ်။ မရေရာတဲ့ စွပ်စွဲချက်တွေနဲ့ အမေရိကန်ရဲ့ ကိုယ်စား ကနေဒါက ခုလို ဖမ်းဆီးလိုက်တာကြောင့် တရုတ်နိုင်ငံတွင်းမှာ မကျေမလည်မှုတွေ ဖြစ်ပေါ်ပြီး စိတ်ဆိုးဒေါသထွက်စရာလည်း ဖြစ်နေပါတယ်။

ဟွာဝေးကုမ္ပဏီကတော့ ကနေဒါမှာ လေယာဉ်ပြောင်းစီးချိန် မန်ဝန်ကျို့ဟာ အဖမ်းခံရတာလို့ ထုတ်ပြန်ပါတယ်။ “ကုမ္ပဏီအနေနဲ့ ဒါနဲ့ပတ်သက်ပြီး သတင်းအနည်းငယ်ပဲ သိရှိရပါတယ်။ မန်ဝန်ကျို့အနေနဲ့ ဘာအမှားမှ မကျူးလွန်ဘူးဆိုတာတော့ သိထားပါတယ်။”လို့ ကုမ္ပဏီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဟွာဝေးကုမ္ပဏီဟာ ကုလသမဂ္ဂ၊ အမေရိကန်နဲ့ ဥရောပတို့က ပို့ကုန်ထိန်းချုပ်မှုတွေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အပါအဝင် အားလုံးသော ဥပဒေစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး ဆောင်ရွက်နေတာဖြစ်ကြောင်းလည်း ပြောပါတယ်။အော့တဝါက တရုတ်သံရုံးကတော့ မန်ဝန်ကျို့ကို လူ့အခွင့်အရေး ချိုးဖောက်ပြီး ခုလို ဖမ်းဆီးတာဖြစ်တယ်ပြောဆိုကာ ချက်ချင်း ပြန်လွှတ်ဖို့ တောင်းဆိုထားပါတယ်။

“အမေရိကန်ဖက်က တောင်းဆိုချက်နဲ့ ကနေဒါဟာ တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးတယ်ဆိုတာကတော့ အမေရိကန်နဲ့ ကနေဒါ ဥပဒေတွေကို တစ်ခုမှ မချိုးဖောက်ဘူးပေါ့။ ဒါပေမယ့် တရုတ်ဖက်ကတော့ ခိုင်ခိုင်မာမာ ဆန့်ကျင်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ခု လုပ်ရပ်ဟာ ခံရသူအတွက် တော်တော်လေး ထိခိုက်ပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရတာဖြစ်တယ်။”လို့ တရုတ်သံရုံးက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်တရားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ထင်မြင်ချက်ပေးဖို့ ငြင်းဆန်ပါတယ်။ တရုတ်နည်းပညာကုမ္ပဏီကြီး ဟွာဝေးဟာ အီရန်အပေါ် ချမှတ်ထားတဲ့ ဆန်ရှင်တွေကို ချိုးဖောက်နေလားဆိုပြီး အမေရိကန်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးလျက် ရှိနေတယ်လို့ ဒီနှစ်အစောပိုင်းမှာ The Wall Street Journal က ရေးသားထားပါတယ်။

Credit : မောင်သံဆင့် ( Daily Hot News )

 

LEAVE A REPLY