Zawgyiျဖင့္ဖတ္ရန္

 

(၁၉) ရာစုႏွစ္ပတ္ဝန္းက်င္နဲ႔ အေစာပိုင္းကာလေတြတုန္းက စိတၱဇေဆးရံုေတြဟာ မေကာင္းသတင္းေတြနဲ႔ ေက်ာ္ၾကားခဲ့တဲ့ ေနရေတြျဖစ္ခဲ့ပါတယ္။ အလံုပိတ္သံုတိုင္ေတြၾကားက အလံုပိတ္အခန္းေတြထဲ ရူးသြပ္သူအျဖစ္ ေရာက္လာသူ မည္သူမဆို ထိုေခတ္ထိုအခါတုန္းက ႀကီးစြာေသာ ဒုကၡဆင္းရဲေပါင္းမ်ိဳးစံုကို ေတြ႕ၾကံဳခံစားခဲ့ၾကပါတယ္။ နည္းပညာေတြ၊ သတင္းဖလွယ္တာေတြနဲ႔ အသိပညာသိပ္မတိုးတက္ေသးတဲ့ေခတ္မ်ားျဖစ္တာေၾကာင့္ အလံုပိတ္အခန္းမ်ားထဲက အကူအညီေတာင္းသံေတြကို ျပင္ပမွလူထုမ်ားက မၾကားႏိုင္ခဲ့ၾကပါဘူး။

ဒါေၾကာင့္ပဲ စိတ္ေရာဂါခံစားေနရသူေတြကို စမ္းသပ္တာေတြ၊ ညွင္းပန္းႏွိပ္စက္တာေတြ၊ အႏိုင္က်င့္ေစာ္ကားတာေတြအျပင္ အစုလိုက္အျပံဳလိုက္သတ္ျဖတ္မႈေတြပါ စိတၱဇေဆးရံုေတြထဲ ျဖစ္ပြားခဲ့ၾကတာပဲျဖစပ္ပါတယ္။ ဒီကိစၥေတြကို ရိပ္မိသူေတြတခ်ိဳ႕ရွိေနေပမယ့္လည္း ေဆးရံုပိုင္ရွင္အမ်ားစုဟာ ေဒသခံတာဝန္ရွိသူေတြကိုပါ ေရငံုႏႈတ္ပိတ္ထားတာေၾကာင့္ အထက္မွအရာရွိမ်ားမသိဘဲ ရွိခဲ့ရပါတယ္။ သို႔ေလာသို႔ေလာသတင္းေတြၾကားတဲ့အတြက္ အေရးယူခ်င္ပါေသာ္လည္း သက္ေသမ်ားမရွိတဲ့အတြက္ ဘယ္လိုမွ မတတ္ႏိုင္ခဲ့ၾကပါဘူး။

ဒီကိစၥကို ေဖာ္ထုတ္ဖို႔အတြက္ သတင္းစာတုိက္တစ္ခုမွ တိတ္တဆိတ္တာဝန္ေပးခံခဲ့ရသူတစ္ဦးရွိခဲ့ပါတယ္။ သူမနာမည္ကေတာ့ Nellie Bly လို႔ေခၚၿပီး ထိုေခတ္တုန္းက ရွားရွားပါးပါးအမ်ိဳးသမီးသတင္းေထာက္မ်ားထဲမွ တစ္ဦးအပါအဝင္ျဖစ္ပါတယ္။

H. J. Myers
၁၈၈၇ ခုႏွစ္အေရာက္မွာေတာ့ သူမဟာ ဆံုးျဖတ္ခ်က္ႀကီးႀကီးမားမားတစ္ခုကို ခ်ခဲ့ပါတယ္။ ဒါကေတာ့ စိတၱဇေဆးရံုမ်ားရဲ႕ ညစ္ေထးတဲ့အတြင္းေရးမ်ားကို ေဖာ္ထုတ္ဖို႔ပါပဲ။ ဒီအျပင္ New York World သတင္းစာမွလည္း ဒီကိစၥမ်ားနဲ႔စပ္လ်ဥ္းၿပီး သတင္းတစ္ပုဒ္ဖန္တီးဖို႔ အားစိုက္လ်က္ရွိေနတဲ့အခ်ိန္ပါ။ ဒါေၾကာင့္ NY World သတင္းစာရဲ႕ အစီအစဥ္ျဖင့္ သတင္းေထာက္ Nellie ဟာ Blackwell ကၽြန္းမွာတည္ရွိတဲ့ Lunatic အမ်ိဳးသမီးသီးသန္႔ စိတၱဇေဆးရံုထဲသို႔ ဝင္ဖို႔အတြက္စတင္ဖန္တီးပါေတာ့တယ္။

ေဆးရံုတည္ရွိတာ ေဒသသို႔သြားေရာက္ၿပီး အခ်ိိန္တစ္ခုၾကာတဲ့အထိ ေနထိုင္ကာ ရူးခ်င္ဟန္ေဆာင္ခဲ့ရပါတယ္။ သူမရဲ႕လွည့္ကြက္ကို လူေတြရိပ္မိသြားမွာလည္းစိုးရတာေၾကာင့္ တစ္ခါတစ္ေလ သရုပ္ေဆာင္ဖို႔ မွန္ၾကည့္ၿပီးအစမ္းေလ့က်င့္ခဲ့ရပါေသးတယ္။ ဒါေပမဲ့ အေသးစိတ္ဂရုတစိုက္နဲ႔ ရူူးခ်င္ဟန္ေဆာင္ၿပီးေနာက္မွာေတာ့ တကယ္ပဲ Lunatic စိတၱဇေဆးရံုသို႔ စိတ္ေဝဒနာသည္အျဖစ္ ပို႔ျခင္းခံခဲ့ရပါတယ္။

ေဆးရံုထဲ ျဖတ္သန္းခဲ့ရတဲ့ (၁၀) ရက္တာအတြင္းဆိုးရြားစြာေနထိုင္ခဲ့ပံုမ်ားကို အလုပ္ကမ္းလွမ္းခဲ့တဲ့ သတင္းစာမွာ ေဆာင္းပါးေရးခဲ့ရံုတင္မကဘဲ သီးသန္႔အေနနဲ႔ “10 Days in Mad-House” ဆိုတဲ့ နာမည္နဲ႔ စာအုပ္ထုတ္ေဝခဲ့ပါေသးတယ္။ စာအုပ္ထဲ သူမနဲ႔ New York World သတင္းစာမွ အယ္ဒီတာတို႔ အလုပ္ကမ္းလွမ္းတုန္းက ေျပာစကားေတြကိုပါ ထည့္သြင္းေရးသားခဲ့ပါတယ္။ ရူးခ်င္ေယာင္ေဆာင္ၿပီး ေထာင္ထဲအပို႔ခံရမွာ လြယ္ကူေပမယ့္ ေထာင္ထဲကေန ျပန္ထြက္ဖို႔က်ေတာ့ လံုးဝမျဖစ္ႏိုင္သေလာက္ရွိေနခဲ့တာပါ။ ဒါေၾကာင့္ Nellie အေနနဲ႔ အယ္ဒီတာကို “ကၽြန္မကို ဘယ္လိုျပန္ေခၚထုတ္မွာလဲ” ဆိုၿပီး ေမးခဲ့ပါတယ္။ အယ္ဒီတာဆီမွ မေရရာတဲ့ “မသိဘူး” ဆိုတဲ့အေျဖအရင္ဆံုးထြက္လာခဲ့ၿပီးမွ “မရရတဲ့နည္းလမ္းနဲ႔ျပန္ထုတ္မယ္၊ မင္းဟာဘယ္သူျဖစ္တယ္၊ ဘာေၾကာင့္ဒီအထဲဝင္သြားရတယ္ဆိုတာေတြကိုပါ ထုတ္ေျပာသင့္ေျပာၿပီး ထုတ္ေပးမယ္၊ ဒီေတာ့ အထဲကိုသာေရာက္ေအာင္ဝင္” ဆိုၿပီး အယ္ဒီတာရဲ႕ ကတိစကားေၾကာင့္ ဒီကိစၥကိုစံုစမ္းဖို႔ ျပတ္ျပတ္သားသားဆံုးျဖတ္ခဲ့တယ္လို႔ ဆိုပါတယ္။

စာအုပ္ထဲ Nellie ေရးသားခဲ့တဲ့ ညွင္းဆဲနည္းမ်ားကေတာ့

www.theruin.org
(၁) ေအးခဲေနတဲ့ေဆးရံုခန္းေတြအတြင္း ေႏြးေထြးတဲ့အဝတ္ေတြ အလံုအေလာက္မေပးခဲ့လို႔ ခိုက္ခိုက္တုန္ေအာင္ခ်မ္းေနေပမယ့္ ပစ္ထားခံခဲ့ရတာေတြ၊

(၂) ေဆးရံုမွဝန္ထမ္းေတြရဲ႕အမိန္႔မနာခံတဲ့ အမ်ိဳးသမီးေတြဆို ရိုက္ႏွက္ခံတာတာေတြ၊

(၃) မီးေဘးသို႔မဟုတ္ သဘာဝေဘးတစ္ခုခုၾကံဳလာတဲ့အခါ လူနာေတြကိုကယ္ထုတ္ဖို႔ စနစ္တက်မရွိဘဲ ဂရုမစုိက္မႈေတြနဲ႔

(၄) ေသာင္းက်န္းလြန္းတဲ့စိတ္ေဝဒနာရွင္မ်ားကို ေသေသခ်ာခ်ာထိန္းသိမ္းေစာင့္ေရွာက္ရမယ့္အစား ျဖစ္ကလက္စမ္း ႀကိဳးနဲ႔တုပ္ထားတာေတြ စတာေတြပဲျဖစ္ပါတယ္။

ဒီအျပင္ ေဆးရံုမွ ေကၽြးတဲ့အစားေသာက္ေတြဟာလည္း တကယ့္ကိုဆိုးရြားလြန္းတယ္လို႔ဆိုပါတယ္။ ေအးစက္ေနတဲ့ လက္ဘက္ရည္နဲ႔ မိႈတက္ေနတဲ့ ေပါင္မုန္႔နဲ႔ေထာပတ္တို႔ဟာ စားလို႔မရသည့္တိုင္ေအာင္ ေန႔တိုင္းေကၽြးေမြးေနခဲ့တာပါ။ တစ္ခါ Nellie စားမယ့္ ေပါင္မုန္႔ထဲက ပင့္ကူပါလာခဲ့ပါေသးတယ္။ အကယ္၍ ေကၽြးတဲ့အစားေတြကိုကုန္ေအာင္မစားဘူးဆိုရင္လည္း ေဆးရံုဝန္ထမ္းေတြရဲ႕ရိုက္ႏွက္ျခင္းကို ခံရပါေသးတယ္လို႔ Nellie က စာအုပ္ထဲမွာ ေရးသားထားခဲ့ပါတယ္။

အဆိုးရြားဆံုးအခ်ိန္ကေတာ့ ေရခိ်ိဳးတဲ့အခ်ိန္ပဲျဖစ္ပါတယ္။ မိန္းမတိုင္းကို ကိုယ္တံုးလံုးခၽြတ္ကာ ေဆးရံုဝန္ထမ္းေတြမွ ေရခ်ိဳးေပးတယ္လို႔ ဆိုပါတယ္။ Nellie ကိုယ္တိုင္လည္း ေရခဲေရတမွ်ေအးစက္ေနတဲ့ေရနဲ႔ ေရခ်ိဳးေပးတာခံခဲ့ရၿပီး ဒူးေတြတစ္ဖက္နဲ႔တစ္ဖက္အခ်င္းခ်င္းရိုက္တဲ့အထိ ခိုက္ခိုက္တုန္ေအာင္ခ်မ္းေအးေနေပမယ့္ ေခါင္းေပၚကေရျတစ္ပံုးၿပီးတစ္ပံုးေလာင္းခ်ိဳးေပးတာ ေရနစ္ေနသလိုပဲ၊ သူမေတာင္ ခဏတာ ရူးသြပ္သြားခဲ့တယ္ဆိုၿပီး ေရးသားထားခဲ့ပါေသးတယ္။

မနက္ (၆) နာရီမွ (၈) နာရီၾကာေအာင္ ခုံတန္းလ်ားေတြေပၚမွာ တုပ္တုပ္မွ်မလႈပ္ေအာင္ထိုင္ခိုင္းခဲ့တဲ့အတြက္ သူမကို အျမန္ဆံုးလာမေခၚရင္ တကယ္ရူးသြားႏိုင္တယ္လို႔ Nellie ကေရးခဲ့ပါေသးတယ္။

စိတၱဇေဆးရံုထဲေရာက္သြားတဲ့ (၁၀) ရက္အတြင္း သူမအေရွ႕မွာ လူနာေတြကိုဆက္ဆံပံုေတြ၊ သူမကိုယ္တိုင္အဆက္ဆံခံခဲ့ရတဲ့ပံုစံေတြေၾကာင့္ Nellie ဟာ လံုးဝ အံ့ၾသနပမ္းျဖစ္ခဲ့ရပါတယ္။ အေကာင္းအတုိင္း ရွိေနတဲ့လူကိုေတာင္ ဒီေဆးရံုထဲ သြားပို႔ထားလိုက္ရင္ တကယ္ရူးသြားႏိုင္တယ္ဆိုၿပီး စာအုပ္ထဲ ထည့္ေရးထားပါေသးတယ္။ စာအုပ္ထဲပါတဲ့ အေၾကာင္းအရာအမ်ားအရ လူနာမ်ားကို ညွင္းဆဲပံုေတြ၊ ႏွိပ္စက္ပံုေတြ၊ လူမဆန္စြာဆက္ဆံပံုေတြအေၾကာင္း ျပည္သူလူထုမ်ားမွ ခေရေစ့တြင္းက်သိခြင့္ရရွိခဲ့ပါတယ္။ ဒါေၾကာင့္လည္း Nellie ကို သက္ေသထားၿပီး အာဏာပိုင္ေတြမွ ဝရမ္းထုတ္ကာ ေဆးရံုတြင္း စံုစမ္းစစ္ေဆးမႈေတြကို ေသေသခ်ာခ်ာျပဳလုပ္ခဲ့တာပဲျဖစ္ပါတယ္။ အဲဒီေနာက္ပိုင္းမွာေတာ့ တခ်ိဳ႕စိတၱဇေဆးရံုေတြဟာ အၿပီးအပိုင္ပိတ္လိုက္ရသလို အျခားေသာ ေဆးရံုမ်ားဟာလည္း တစနဲ႔တစ ျပဳျပင္ေျပာင္းလဲခဲ့ၾကပါေတာ့တယ္။ ထို႔ေနာက္အစိုးရႏွင့္ျပည္သူတို႔ပူးေပါင္းၿပီး ေဒၚလာ (၈၅၀,၀၀၀) ေထာက္ပံ့ကာ စိတ္ေရာဂါသည္မ်ားအတြက္ ေကာင္းမြန္မွန္ကန္တဲ့ နည္းလမ္းမ်ားျဖင့္ ျပဳစုေစာင့္ေရွာင္ေစခဲ့ပါတယ္။

“ကၽြန္မေၾကာင့္ကံဆိုးျခင္းေတြၾကံဳႀကိဳက္ေနၾကရတဲ့ လူတစ္စုကို ေသခ်ာေစာင့္ေရွာက္ေပးမယ့္ အေျခအေနေျပာင္းလဲသြားမယ္ဆိုရင္ ေက်နပ္ရပါၿပီ” လို႔ Nellie ဟာ သူမခံစားခ်က္ကို စာအုပ္ထဲမွာ ခ်ျပသြားခဲ့ပါတယ္။

Library of Congress
Source: Boredpanda

Credit: shwemom.com Penny

 

Unicodeဖြင့်ဖတ်ရန်

 

အရူးထောင်ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ ရူးဟန်ဆောင်ခဲ့တဲ့ သတင်းထောက်

 

(၁၉) ရာစုနှစ်ပတ်ဝန်းကျင်နဲ့ အစောပိုင်းကာလတွေတုန်းက စိတ္တဇဆေးရုံတွေဟာ မကောင်းသတင်းတွေနဲ့ ကျော်ကြားခဲ့တဲ့ နေရတွေဖြစ်ခဲ့ပါတယ်။ အလုံပိတ်သုံတိုင်တွေကြားက အလုံပိတ်အခန်းတွေထဲ ရူးသွပ်သူအဖြစ် ရောက်လာသူ မည်သူမဆို ထိုခေတ်ထိုအခါတုန်းက ကြီးစွာသော ဒုက္ခဆင်းရဲပေါင်းမျိုးစုံကို တွေ့ကြုံခံစားခဲ့ကြပါတယ်။ နည်းပညာတွေ၊ သတင်းဖလှယ်တာတွေနဲ့ အသိပညာသိပ်မတိုးတက်သေးတဲ့ခေတ်များဖြစ်တာကြောင့် အလုံပိတ်အခန်းများထဲက အကူအညီတောင်းသံတွေကို ပြင်ပမှလူထုများက မကြားနိုင်ခဲ့ကြပါဘူး။

ဒါကြောင့်ပဲ စိတ်ရောဂါခံစားနေရသူတွေကို စမ်းသပ်တာတွေ၊ ညှင်းပန်းနှိပ်စက်တာတွေ၊ အနိုင်ကျင့်စော်ကားတာတွေအပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေပါ စိတ္တဇဆေးရုံတွေထဲ ဖြစ်ပွားခဲ့ကြတာပဲဖြစပ်ပါတယ်။ ဒီကိစ္စတွေကို ရိပ်မိသူတွေတချို့ရှိနေပေမယ့်လည်း ဆေးရုံပိုင်ရှင်အများစုဟာ ဒေသခံတာဝန်ရှိသူတွေကိုပါ ရေငုံနှုတ်ပိတ်ထားတာကြောင့် အထက်မှအရာရှိများမသိဘဲ ရှိခဲ့ရပါတယ်။ သို့လောသို့လောသတင်းတွေကြားတဲ့အတွက် အရေးယူချင်ပါသော်လည်း သက်သေများမရှိတဲ့အတွက် ဘယ်လိုမှ မတတ်နိုင်ခဲ့ကြပါဘူး။

ဒီကိစ္စကို ဖော်ထုတ်ဖို့အတွက် သတင်းစာတိုက်တစ်ခုမှ တိတ်တဆိတ်တာဝန်ပေးခံခဲ့ရသူတစ်ဦးရှိခဲ့ပါတယ်။ သူမနာမည်ကတော့ Nellie Bly လို့ခေါ်ပြီး ထိုခေတ်တုန်းက ရှားရှားပါးပါးအမျိုးသမီးသတင်းထောက်များထဲမှ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

 

၁၈၈၇ ခုနှစ်အရောက်မှာတော့ သူမဟာ ဆုံးဖြတ်ချက်ကြီးကြီးမားမားတစ်ခုကို ချခဲ့ပါတယ်။ ဒါကတော့ စိတ္တဇဆေးရုံများရဲ့ ညစ်ထေးတဲ့အတွင်းရေးများကို ဖော်ထုတ်ဖို့ပါပဲ။ ဒီအပြင် New York World သတင်းစာမှလည်း ဒီကိစ္စများနဲ့စပ်လျဉ်းပြီး သတင်းတစ်ပုဒ်ဖန်တီးဖို့ အားစိုက်လျက်ရှိနေတဲ့အချိန်ပါ။ ဒါကြောင့် NY World သတင်းစာရဲ့ အစီအစဉ်ဖြင့် သတင်းထောက် Nellie ဟာ Blackwell ကျွန်းမှာတည်ရှိတဲ့ Lunatic အမျိုးသမီးသီးသန့် စိတ္တဇဆေးရုံထဲသို့ ဝင်ဖို့အတွက်စတင်ဖန်တီးပါတော့တယ်။

ဆေးရုံတည်ရှိတာ ဒေသသို့သွားရောက်ပြီး အချိန်တစ်ခုကြာတဲ့အထိ နေထိုင်ကာ ရူးချင်ဟန်ဆောင်ခဲ့ရပါတယ်။ သူမရဲ့လှည့်ကွက်ကို လူတွေရိပ်မိသွားမှာလည်းစိုးရတာကြောင့် တစ်ခါတစ်လေ သရုပ်ဆောင်ဖို့ မှန်ကြည့်ပြီးအစမ်းလေ့ကျင့်ခဲ့ရပါသေးတယ်။ ဒါပေမဲ့ အသေးစိတ်ဂရုတစိုက်နဲ့ ရူူးချင်ဟန်ဆောင်ပြီးနောက်မှာတော့ တကယ်ပဲ Lunatic စိတ္တဇဆေးရုံသို့ စိတ်ဝေဒနာသည်အဖြစ် ပို့ခြင်းခံခဲ့ရပါတယ်။

ဆေးရုံထဲ ဖြတ်သန်းခဲ့ရတဲ့ (၁၀) ရက်တာအတွင်းဆိုးရွားစွာနေထိုင်ခဲ့ပုံများကို အလုပ်ကမ်းလှမ်းခဲ့တဲ့ သတင်းစာမှာ ဆောင်းပါးရေးခဲ့ရုံတင်မကဘဲ သီးသန့်အနေနဲ့ “10 Days in Mad-House” ဆိုတဲ့ နာမည်နဲ့ စာအုပ်ထုတ်ဝေခဲ့ပါသေးတယ်။ စာအုပ်ထဲ သူမနဲ့ New York World သတင်းစာမှ အယ်ဒီတာတို့ အလုပ်ကမ်းလှမ်းတုန်းက ပြောစကားတွေကိုပါ ထည့်သွင်းရေးသားခဲ့ပါတယ်။ ရူးချင်ယောင်ဆောင်ပြီး ထောင်ထဲအပို့ခံရမှာ လွယ်ကူပေမယ့် ထောင်ထဲကနေ ပြန်ထွက်ဖို့ကျတော့ လုံးဝမဖြစ်နိုင်သလောက်ရှိနေခဲ့တာပါ။ ဒါကြောင့် Nellie အနေနဲ့ အယ်ဒီတာကို “ကျွန်မကို ဘယ်လိုပြန်ခေါ်ထုတ်မှာလဲ” ဆိုပြီး မေးခဲ့ပါတယ်။ အယ်ဒီတာဆီမှ မရေရာတဲ့ “မသိဘူး” ဆိုတဲ့အဖြေအရင်ဆုံးထွက်လာခဲ့ပြီးမှ “မရရတဲ့နည်းလမ်းနဲ့ပြန်ထုတ်မယ်၊ မင်းဟာဘယ်သူဖြစ်တယ်၊ ဘာကြောင့်ဒီအထဲဝင်သွားရတယ်ဆိုတာတွေကိုပါ ထုတ်ပြောသင့်ပြောပြီး ထုတ်ပေးမယ်၊ ဒီတော့ အထဲကိုသာရောက်အောင်ဝင်” ဆိုပြီး အယ်ဒီတာရဲ့ ကတိစကားကြောင့် ဒီကိစ္စကိုစုံစမ်းဖို့ ပြတ်ပြတ်သားသားဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

စာအုပ်ထဲ Nellie ရေးသားခဲ့တဲ့ ညှင်းဆဲနည်းများကတော့

(၁) အေးခဲနေတဲ့ဆေးရုံခန်းတွေအတွင်း နွေးထွေးတဲ့အဝတ်တွေ အလုံအလောက်မပေးခဲ့လို့ ခိုက်ခိုက်တုန်အောင်ချမ်းနေပေမယ့် ပစ်ထားခံခဲ့ရတာတွေ၊

(၂) ဆေးရုံမှဝန်ထမ်းတွေရဲ့အမိန့်မနာခံတဲ့ အမျိုးသမီးတွေဆို ရိုက်နှက်ခံတာတာတွေ၊

(၃) မီးဘေးသို့မဟုတ် သဘာဝဘေးတစ်ခုခုကြုံလာတဲ့အခါ လူနာတွေကိုကယ်ထုတ်ဖို့ စနစ်တကျမရှိဘဲ ဂရုမစိုက်မှုတွေနဲ့

(၄) သောင်းကျန်းလွန်းတဲ့စိတ်ဝေဒနာရှင်များကို သေသေချာချာထိန်းသိမ်းစောင့်ရှောက်ရမယ့်အစား ဖြစ်ကလက်စမ်း ကြိုးနဲ့တုပ်ထားတာတွေ စတာတွေပဲဖြစ်ပါတယ်။

ဒီအပြင် ဆေးရုံမှ ကျွေးတဲ့အစားသောက်တွေဟာလည်း တကယ့်ကိုဆိုးရွားလွန်းတယ်လို့ဆိုပါတယ်။ အေးစက်နေတဲ့ လက်ဘက်ရည်နဲ့ မှိုတက်နေတဲ့ ပေါင်မုန့်နဲ့ထောပတ်တို့ဟာ စားလို့မရသည့်တိုင်အောင် နေ့တိုင်းကျွေးမွေးနေခဲ့တာပါ။ တစ်ခါ Nellie စားမယ့် ပေါင်မုန့်ထဲက ပင့်ကူပါလာခဲ့ပါသေးတယ်။ အကယ်၍ ကျွေးတဲ့အစားတွေကိုကုန်အောင်မစားဘူးဆိုရင်လည်း ဆေးရုံဝန်ထမ်းတွေရဲ့ရိုက်နှက်ခြင်းကို ခံရပါသေးတယ်လို့ Nellie က စာအုပ်ထဲမှာ ရေးသားထားခဲ့ပါတယ်။

အဆိုးရွားဆုံးအချိန်ကတော့ ရေချိုးတဲ့အချိန်ပဲဖြစ်ပါတယ်။ မိန်းမတိုင်းကို ကိုယ်တုံးလုံးချွတ်ကာ ဆေးရုံဝန်ထမ်းတွေမှ ရေချိုးပေးတယ်လို့ ဆိုပါတယ်။ Nellie ကိုယ်တိုင်လည်း ရေခဲရေတမျှအေးစက်နေတဲ့ရေနဲ့ ရေချိုးပေးတာခံခဲ့ရပြီး ဒူးတွေတစ်ဖက်နဲ့တစ်ဖက်အချင်းချင်းရိုက်တဲ့အထိ ခိုက်ခိုက်တုန်အောင်ချမ်းအေးနေပေမယ့် ခေါင်းပေါ်ကရေတြစ်ပုံးပြီးတစ်ပုံးလောင်းချိုးပေးတာ ရေနစ်နေသလိုပဲ၊ သူမတောင် ခဏတာ ရူးသွပ်သွားခဲ့တယ်ဆိုပြီး ရေးသားထားခဲ့ပါသေးတယ်။

မနက် (၆) နာရီမှ (၈) နာရီကြာအောင် ခုံတန်းလျားတွေပေါ်မှာ တုပ်တုပ်မျှမလှုပ်အောင်ထိုင်ခိုင်းခဲ့တဲ့အတွက် သူမကို အမြန်ဆုံးလာမခေါ်ရင် တကယ်ရူးသွားနိုင်တယ်လို့ Nellie ကရေးခဲ့ပါသေးတယ်။

စိတ္တဇဆေးရုံထဲရောက်သွားတဲ့ (၁၀) ရက်အတွင်း သူမအရှေ့မှာ လူနာတွေကိုဆက်ဆံပုံတွေ၊ သူမကိုယ်တိုင်အဆက်ဆံခံခဲ့ရတဲ့ပုံစံတွေကြောင့် Nellie ဟာ လုံးဝ အံ့သြနပမ်းဖြစ်ခဲ့ရပါတယ်။ အကောင်းအတိုင်း ရှိနေတဲ့လူကိုတောင် ဒီဆေးရုံထဲ သွားပို့ထားလိုက်ရင် တကယ်ရူးသွားနိုင်တယ်ဆိုပြီး စာအုပ်ထဲ ထည့်ရေးထားပါသေးတယ်။ စာအုပ်ထဲပါတဲ့ အကြောင်းအရာအများအရ လူနာများကို ညှင်းဆဲပုံတွေ၊ နှိပ်စက်ပုံတွေ၊ လူမဆန်စွာဆက်ဆံပုံတွေအကြောင်း ပြည်သူလူထုများမှ ခရေစေ့တွင်းကျသိခွင့်ရရှိခဲ့ပါတယ်။ ဒါကြောင့်လည်း Nellie ကို သက်သေထားပြီး အာဏာပိုင်တွေမှ ဝရမ်းထုတ်ကာ ဆေးရုံတွင်း စုံစမ်းစစ်ဆေးမှုတွေကို သေသေချာချာပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ တချို့စိတ္တဇဆေးရုံတွေဟာ အပြီးအပိုင်ပိတ်လိုက်ရသလို အခြားသော ဆေးရုံများဟာလည်း တစနဲ့တစ ပြုပြင်ပြောင်းလဲခဲ့ကြပါတော့တယ်။ ထို့နောက်အစိုးရနှင့်ပြည်သူတို့ပူးပေါင်းပြီး ဒေါ်လာ (၈၅၀,၀၀၀) ထောက်ပံ့ကာ စိတ်ရောဂါသည်များအတွက် ကောင်းမွန်မှန်ကန်တဲ့ နည်းလမ်းများဖြင့် ပြုစုစောင့်ရှောင်စေခဲ့ပါတယ်။

“ကျွန်မကြောင့်ကံဆိုးခြင်းတွေကြုံကြိုက်နေကြရတဲ့ လူတစ်စုကို သေချာစောင့်ရှောက်ပေးမယ့် အခြေအနေပြောင်းလဲသွားမယ်ဆိုရင် ကျေနပ်ရပါပြီ” လို့ Nellie ဟာ သူမခံစားချက်ကို စာအုပ်ထဲမှာ ချပြသွားခဲ့ပါတယ်။

Library of Congress
Source: Boredpanda

Credit: shwemom.com Penny

LEAVE A REPLY