Zawgyiျဖင့္ဖတ္ရန္

 

ဂ်ပန္တြင္ လူမေနေတာ့ေသာအိမ္မ်ား ၈.၂ သန္းခန႔္ရွိေနရာ ႏိုင္ငံသားမ်ားအား ၎အိမ္မ်ားကို အလကား သို႔မဟုတ္ ေဈးခ်ိဳခ်ိဳျဖင့္ ျပန္ေရာင္းေပးေနသည္ဟု သိရသည္။ ေက်းလက္ေဒသရွိ ၎အိမ္မ်ားကို ဘဝတစ္ခု စတင္ထူေထာင္မည့္ မိသားစုမ်ားအား “အကီယာ” စီမံကိန္းျဖင့္ ေပးေနေလရာ အိမ္ႀကီးအိမ္ေကာင္းမ်ားကိုပင္ ေဈးသက္သက္သာသာႏွင့္ ဝယ္ယူေနထိုင္ႏိုင္ၾကသည္။ ၎အျပင္ ထိုသို႔ေ႐ႊ႕ေျပာင္းေနထိုင္ျခင္းကို အားေပးသည့္အေနျဖင့္ အိမ္မ်ား ႏွစ္ရွည္လမ်ား စြန႔္ပစ္ခံထားရသျဖင့္ ယိုယြင္းညစ္ေပေနပါက ျပန္လည္မြန္းမံရန္ အကူအညီအေထာက္အပံ့မ်ားပင္ ေပးၾကသည္ဟု ဆိုသည္။

အကီယာအိမ္ အမ်ားစုမွာ ေက်းလက္ေဒသတြင္ရွိၾကၿပီး ယခင္ေနထိုင္သူမ်ားတြင္ အေမြခံမရွိျခင္း သို႔မဟုတ္ ၎တို႔၏ သားသမီးေျမးျမစ္မ်ား ၿမိဳ႕ႀကီးျပႀကီးသို႔ ေျပာင္းေ႐ႊ႕အေျခခ်သြားသျဖင့္ ယခုတြင္ ဆက္ခံေနထိုင္မည့္သူ မရွိေတာ့ျခင္းျဖစ္သည္။ စီမံကိန္းအရ ၎အိမ္မ်ားကို ေဈးခ်ိဳခ်ိဳျဖင့္ဝယ္လိုပါက ေနထိုင္မည့္ မိသားစုဝင္အားလုံး အသက္ ၄၃ ႏွစ္ေအာက္ရွိရမည္ျဖစ္ၿပီး မူလတန္းအ႐ြယ္ ကေလးငယ္မ်ား ရွိရမည္ျဖစ္သည္။ ထို႔အျပင္ ထပ္မေျပာင္းမေ႐ႊ႕ပဲအၿမဲေနထိုင္ပါ့မည္ဟု ကတိျပဳရသည္။

ဂ်ပန္ႏိုင္ငံ၏ လူဦးေရမွာ တိုးမလာသည့္အျပင္ ေလ်ာ့ေနေလရာ ဆယ္စုႏွစ္တစ္ခုအတြင္း တစ္သိန္းခန႔္ ေလ်ာ့က်သြားခဲ့သည္။ ယခုတြင္ စုစုေပါင္းလူဦးေရ ၁၂၇ သန္းရွိေသာ္လည္း ၂၀၆၅ ခုႏွစ္တြင္ ၈၈ သန္းသာ ရွိေတာ့မည္ဟု ခန႔္မွန္းထားၾကသည္။ အိမ္မ်ားအတြက္မူ ၂၀၃၃ ခုႏွစ္တြင္ လူမေနေတာ့သည့္အိမ္ သန္း ၂၀ ရွိၿပီး ၂၀၄၀ တြင္ ေက်း႐ြာႏွင့္ၿမိဳ႕ေလးေပါင္း ၉၀၀ ခန႔္ ေပ်ာက္ကြယ္သြားမည္ဟုလည္း ခန႔္မွန္းၾကသည္။

အခ်ိဳ႕က ေဈးအလြန္သက္သာေသာ အိမ္မ်ားျဖစ္သျဖင့္ ဝယ္ယူေနထိုင္လွ်င္ မ်က္ႏွာမြဲအျဖစ္ သတ္မွတ္ခံရမည့္အျပင္ ေနာင္တစ္ခ်ိန္တြင္ အိမ္ပိုင္ရွင္အစစ္မ်ားေပၚလာၿပီး တရားဆိုင္ရမည့္ ျပႆနာေတာ့ ရွိႏိုင္သည္ဟု ဆိုၾကသည္။ ထို႔အျပင္ ယခင္အိမ္ရွင္မ်ား သတ္ေသသြားျခင္း၊ အသတ္ခံရျခင္း၊ အိမ္ရွင္အိုမ်ား အထီးက်န္စြာ ေသဆုံးသြားျခင္းတို႔ေၾကာင့္ ေနသူမရွိေတာ့သည္ျဖစ္ရာ ခိုက္တတ္ေသာအိမ္မ်ားအျဖစ္လည္း ယူဆၾကသည္။

သို႔ေသာ္ ဂ်ပန္တြင္ အိမ္အသစ္စက္စက္တစ္လုံးကို ဝယ္မည္ဆိုပါက ပ်မ္းမွ်ေဒၚလာ ၈ သိန္းခန႔္ ကုန္က်ႏိုင္မည့္အခ်ိန္တြင္ ၎၏ ဆယ္ရာခိုင္ႏႈန္းခန႔္သာရွိေသာေဈးျဖင့္ အကီယာအိမ္ အေကာင္းမ်ားကို ဝယ္ယူႏိုင္ေသာေၾကာင့္ ဘဝသစ္ထူေထာင္စ မိသားစုမ်ားအတြက္ အျခားေ႐ြးစရာ မရွိေပ။

Credit:ZHO ( Akonthi )

 

Unicodeဖြင့်ဖတ်ရန်

 

ဂျပန်တွင် လူမနေတော့သော အိမ်များ များလွန်းသဖြင့် အလကားနီးနီးဈေးဖြင့် ရောင်းချနေ

 

ဂျပန်တွင် လူမနေတော့သောအိမ်များ ၈.၂ သန်းခန့်ရှိနေရာ နိုင်ငံသားများအား ၎င်းအိမ်များကို အလကား သို့မဟုတ် ဈေးချိုချိုဖြင့် ပြန်ရောင်းပေးနေသည်ဟု သိရသည်။ ကျေးလက်ဒေသရှိ ၎င်းအိမ်များကို ဘဝတစ်ခု စတင်ထူထောင်မည့် မိသားစုများအား “အကီယာ” စီမံကိန်းဖြင့် ပေးနေလေရာ အိမ်ကြီးအိမ်ကောင်းများကိုပင် ဈေးသက်သက်သာသာနှင့် ဝယ်ယူနေထိုင်နိုင်ကြသည်။ ၎င်းအပြင် ထိုသို့ရွှေ့ပြောင်းနေထိုင်ခြင်းကို အားပေးသည့်အနေဖြင့် အိမ်များ နှစ်ရှည်လများ စွန့်ပစ်ခံထားရသဖြင့် ယိုယွင်းညစ်ပေနေပါက ပြန်လည်မွန်းမံရန် အကူအညီအထောက်အပံ့များပင် ပေးကြသည်ဟု ဆိုသည်။

အကီယာအိမ် အများစုမှာ ကျေးလက်ဒေသတွင်ရှိကြပြီး ယခင်နေထိုင်သူများတွင် အမွေခံမရှိခြင်း သို့မဟုတ် ၎င်းတို့၏ သားသမီးမြေးမြစ်များ မြို့ကြီးပြကြီးသို့ ပြောင်းရွှေ့အခြေချသွားသဖြင့် ယခုတွင် ဆက်ခံနေထိုင်မည့်သူ မရှိတော့ခြင်းဖြစ်သည်။ စီမံကိန်းအရ ၎င်းအိမ်များကို ဈေးချိုချိုဖြင့်ဝယ်လိုပါက နေထိုင်မည့် မိသားစုဝင်အားလုံး အသက် ၄၃ နှစ်အောက်ရှိရမည်ဖြစ်ပြီး မူလတန်းအရွယ် ကလေးငယ်များ ရှိရမည်ဖြစ်သည်။ ထို့အပြင် ထပ်မပြောင်းမရွှေ့ပဲအမြဲနေထိုင်ပါ့မည်ဟု ကတိပြုရသည်။

ဂျပန်နိုင်ငံ၏ လူဦးရေမှာ တိုးမလာသည့်အပြင် လျော့နေလေရာ ဆယ်စုနှစ်တစ်ခုအတွင်း တစ်သိန်းခန့် လျော့ကျသွားခဲ့သည်။ ယခုတွင် စုစုပေါင်းလူဦးရေ ၁၂၇ သန်းရှိသော်လည်း ၂၀၆၅ ခုနှစ်တွင် ၈၈ သန်းသာ ရှိတော့မည်ဟု ခန့်မှန်းထားကြသည်။ အိမ်များအတွက်မူ ၂၀၃၃ ခုနှစ်တွင် လူမနေတော့သည့်အိမ် သန်း ၂၀ ရှိပြီး ၂၀၄၀ တွင် ကျေးရွာနှင့်မြို့လေးပေါင်း ၉၀၀ ခန့် ပျောက်ကွယ်သွားမည်ဟုလည်း ခန့်မှန်းကြသည်။

အချို့က ဈေးအလွန်သက်သာသော အိမ်များဖြစ်သဖြင့် ဝယ်ယူနေထိုင်လျှင် မျက်နှာမွဲအဖြစ် သတ်မှတ်ခံရမည့်အပြင် နောင်တစ်ချိန်တွင် အိမ်ပိုင်ရှင်အစစ်များပေါ်လာပြီး တရားဆိုင်ရမည့် ပြဿနာတော့ ရှိနိုင်သည်ဟု ဆိုကြသည်။ ထို့အပြင် ယခင်အိမ်ရှင်များ သတ်သေသွားခြင်း၊ အသတ်ခံရခြင်း၊ အိမ်ရှင်အိုများ အထီးကျန်စွာ သေဆုံးသွားခြင်းတို့ကြောင့် နေသူမရှိတော့သည်ဖြစ်ရာ ခိုက်တတ်သောအိမ်များအဖြစ်လည်း ယူဆကြသည်။

သို့သော် ဂျပန်တွင် အိမ်အသစ်စက်စက်တစ်လုံးကို ဝယ်မည်ဆိုပါက ပျမ်းမျှဒေါ်လာ ၈ သိန်းခန့် ကုန်ကျနိုင်မည့်အချိန်တွင် ၎င်း၏ ဆယ်ရာခိုင်နှုန်းခန့်သာရှိသောဈေးဖြင့် အကီယာအိမ် အကောင်းများကို ဝယ်ယူနိုင်သောကြောင့် ဘဝသစ်ထူထောင်စ မိသားစုများအတွက် အခြားရွေးစရာ မရှိပေ။

Credit:ZHO ( Akonthi )