Zawgyi ျဖင့္ဖတ္ရန္

 

ယေန႔နံနက္ အေစာပိုင္းက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဂ်ဴဗင္တပ္အသင္းနဲ႔ အင္တာမီလန္ အသင္းတို႔ရဲ႕ ပြဲစဥ္မွာ ဂ်ဴဗင္တပ္ အသင္းက ၁-ဝနဲ႔အႏိုင္ယူကာ ဒီ ရာသီ စီးရီးေအမွာ ရႈံးပြဲမရွိေသးတဲ့ စံခ်ိန္ေကာင္းကို ဆက္လက္ထိန္းထား ႏိုင္ခဲ့ပါတယ္။ ဒီ ပြဲစဥ္ ဟာ အေတာ္ေလး အႀကိတ္အနယ္ ရွိခဲ့ေပမယ့္ ႏွစ္ဖက္အသင္း ကစားသမားေတြရဲ႕ အဆုံးသတ္ မေသခ်ာမႈေတြေၾကာင့္ ပရိသတ္ေတြအေနနဲ႔ သြင္းဂိုးေတြ အမ်ားႀကီး မျမင္ေတြ႕ခဲ့ရတာပါ။

 

အထူးသျဖင့္ ဂ်ဴဗင္တပ္ တိုက္စစ္မႉး ေရာ္နယ္ဒိုနဲ႔ အင္တာမီလန္ တိုက္စစ္မႉး အိုင္ကာဒီတို႔ဟာ ပုံမွန္ေျခစြမ္းေအာက္ကို ေရာက္ရွိေနခဲ့ၿပီး ၂သင္းလုံးဟာ ဂိုးရဖို႔အတြက္ ႐ုန္းကန္ခဲ့ရပါတယ္။ ဂ်ဴဗင္တပ္ အသင္းအတြက္ တစ္လုံးတည္းေသာ အႏိုင္ဂိုးကိုေတာ့ ပြဲကစားခ်ိန္ ၆၆မိနစ္မွာ တိုက္စစ္မႉး မန္ဇူကစ္က သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။

ဒီပြဲစဥ္မွာ အႏိုင္ရခဲ့တဲ့ ဂ်ဴဗင္တပ္အသင္းဟာ ၁၅ပြဲကစားၿပီးခ်ိန္မွာ ရႈံးပြဲလုံး၀ မရွိေသးဘဲ ၁၄ပြဲႏိုင္၊၁ပြဲသေရ ရမွတ္၄၃မွတ္နဲ႔ ဒုတိယေနရာက နာပိုလီအသင္းကို ၁၁မွတ္ထိျဖတ္ကာ အမွတ္ေပးဇယားကို လြတ္လြတ္ကြၽတ္ကြၽတ္ ဦးေဆာင္လ်က္ ရွိပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

အင်တာ ကိုအနိုင်ယူပြီး ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းနိုင်ခဲ့တဲ့ ဂျူဗင်တပ် အသင်း

ယနေ့နံနက် အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျူဗင်တပ်အသင်းနဲ့ အင်တာမီလန် အသင်းတို့ရဲ့ ပွဲစဉ်မှာ ဂျူဗင်တပ် အသင်းက ၁-ဝနဲ့အနိုင်ယူကာ ဒီ ရာသီ စီးရီးအေမှာ ရှုံးပွဲမရှိသေးတဲ့ စံချိန်ကောင်းကို ဆက်လက်ထိန်းထား နိုင်ခဲ့ပါတယ်။ ဒီ ပွဲစဉ် ဟာ အတော်လေး အကြိတ်အနယ် ရှိခဲ့ပေမယ့် နှစ်ဖက်အသင်း ကစားသမားတွေရဲ့ အဆုံးသတ် မသေချာမှုတွေကြောင့် ပရိသတ်တွေအနေနဲ့ သွင်းဂိုးတွေ အများကြီး မမြင်တွေ့ခဲ့ရတာပါ။

အထူးသဖြင့် ဂျူဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ အင်တာမီလန် တိုက်စစ်မှူး အိုင်ကာဒီတို့ဟာ ပုံမှန်ခြေစွမ်းအောက်ကို ရောက်ရှိနေခဲ့ပြီး ၂သင်းလုံးဟာ ဂိုးရဖို့အတွက် ရုန်းကန်ခဲ့ရပါတယ်။ ဂျူဗင်တပ် အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲကစားချိန် ၆၆မိနစ်မှာ တိုက်စစ်မှူး မန်ဇူကစ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ အနိုင်ရခဲ့တဲ့ ဂျူဗင်တပ်အသင်းဟာ ၁၅ပွဲကစားပြီးချိန်မှာ ရှုံးပွဲလုံး၀ မရှိသေးဘဲ ၁၄ပွဲနိုင်၊၁ပွဲသရေ ရမှတ်၄၃မှတ်နဲ့ ဒုတိယနေရာက နာပိုလီအသင်းကို ၁၁မှတ်ထိဖြတ်ကာ အမှတ်ပေးဇယားကို လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်လျက် ရှိပါတယ်။

share from : burmese.asia