Zawgyiျဖင့္ဖတ္ရန္

 

၁၈၇၉ ခုႏွစ္တုန္းက အဂၤလန္က Amelia Dyer ဆိုသူအမ်ိဳးသမီးမွာ ကေလးေတြကိုပစ္ထားလို႔ ေသသြားတာေတြမ်ားလာတာေၾကာင့္ဆိုတဲ့ျပစ္မႈနဲ႔ အလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္ (၆) လက်ခဲ့ပါတယ္။ ဒါေပမဲ့ သူမရဲ႕ ရာနဲ႔ခ်ီတဲ့ကေလးေတြသတ္ျဖတ္ထားမႈကိုေတာ့ အဲဒီအခ်ိန္အထိ ဘယ္သူကမွ မရိပ္မိခဲ့ေသးပါဘူး။

Bristol မွ Amelia Dyer ဟာ ကေလးေတြကို ၾကင္နာစြာနဲ႔ ထိန္းသိမ္းေစာင့္ေလွ်ာက္ေပးတဲ့ သူနာျပဳဆရာမႀကီးအျဖစ္ အဲဒီေခတ္အခါတုန္းက ထင္ရွားေက်ာ္ၾကားခဲ့ပါတယ္။ သူမဟာ အဂၤလန္အနီးတစ္ဝိုက္ၿမိဳ႕ေတြကို လွည့္ပတ္သြားလာၿပီး ေမြးခင္းစကေလးမ်ားကို လိုက္လံထိန္းေပးေနတဲ့ သူနာျပဳဆရာမတစ္ဦးျဖစ္ခဲ့ပါတယ္။

Plymouth မွစလို႔ အျခားၿမိဳ႕ေတြအထိသြားကာ ခ်မ္းသာတဲ့မိသားစုမွကေလးမ်ားကို ေန႔ကေလးထိန္းအျဖစ္ ယူရိုေငြ (၁၀) မွ (၈၀) အတြင္းယူကာ ထိန္းေက်ာင္းေပးခဲ့ပါတယ္။ ဒီေငြပမာဏဟာ ယခုေခတ္ေငြေၾကးနဲ႔ႏိႈင္းယွဥ္ၾကည့္မယ္ဆိုရင္ေတာ့ ကေလးထိန္းခအျဖစ္ တစ္လကို ယူရိုေငြ (၁၀၀၀) မွ (၈၀၀၀) အတြင္း ရရွိေနမွာပါ။

ဒီလိုအရပ္တကာလွည့္ၿပီး သူမ်ားအိမ္မွာကေလးထိန္းေနမယ့္အစား တစ္ေနရာမွာ ေဇာက္ခ်လုပ္ကိုင္ကာ လနဲ႔ႏွစ္နဲ႔ခ်ီကေလးေတြကိုထိန္းသိမ္းေပးတဲ့ ကေလးထိန္းေဘာ္ဒါေဆာင္လိုမ်ိဳး ဖြင့္ဖို႔ သူမစီစဥ္ခဲ့ပါတယ္။ ၁၈၆၉ ခုႏွစ္အေရာက္မွာေတာ့ အၿမိဳ႕ၿမိဳ႕အနယ္နယ္ကသတင္းစာေတြထဲ သူမရဲ႕ ကေလးထိန္းေက်ာင္းေဘာ္ဒါအေၾကာင္း ေၾကာ္ျငာစာေတြထည့္ခဲ့ပါတယ္။

မိဘပိုက္ဆံမရွိလို႔ မေစာင့္ေရွာက္ႏိုင္ေတာ့တဲ့ က်န္းက်န္းမာမာ ကေလးေတြကို ေမြးစားဖို႔ေခၚယူေနတယ္ဆိုၿပီး ေၾကာ္ျငာစာမွ ပူးတြဲေဖာ္ျပခဲ့ပါတယ္။ မိဘေတြကိုေတာ့ သူမဟာကေလးထိန္းအလုပ္မွာ ကၽြမ္းက်င္တဲ့သူနာျပဳဆရာမဆိုတဲ့အေၾကာင္း အရင္ထိန္းခဲ့ဖူးတဲ့အေတြ႕အေၾကံဳေတြနဲ႔ အပိုင္ခ်ဳပ္ခဲ့ပါတယ္။ ေယာက္်ားမရွိတဲ့သူ႔ကိုယ္သူလည္း သူမေယာက္်ားသာ ေသဆံုးသြားၿပီျဖစ္တာေၾကာင့္ အထီးက်န္လြန္းလွတဲ့အတြက္ အခုလိုေစတနာေမတၱာထားကာ ကေလးေတြကို ျပဳစုေစာင့္ေရွာက္လိုေၾကာင္း လူသိေအာင္ေျပာေနခဲ့ပါတယ္။

သူမရဲ႕ေဘာ္ဒါေဆာင္ကို “baby farming” လို႔ လူသိမ်ားၿပီး မိမိကေလးေတြကို ေသေသခ်ာခ်ာမစံုစမ္း္ဘဲ Amelia Dyer လို သူစိမ္းမ်ိဳးလက္ထဲ ဝါးကြပ္အပ္ခဲ့တဲ့ မိဘေတြကိုေတာ့ “baby farmers” လို႔ ေခၚခဲ့ပါတယ္။ သူမဆီကိုလာအပ္ထားတဲဲ့ကေလးမ်ားဟာ မ်ားေသာအားျဖင့္ အထည္ႀကီးပ်က္မိသားစုမ်ားမွျဖစ္ၿပီး အကယ္၍တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္ မိဘေတြပိုက္ဆံအဆင္ေျပတဲ့အခ်ိန္က်ရင္လည္း လာျပန္ေခၚႏိုင္တယ္လို႔ Amelia Dyer မွ ေျပာထားတဲ့အတြက္ ပိုက္ဆံအဆင္မေျပတဲ့အိမ္ေတြက ေမြးကင္းစကေလးေတြကို လာေရာက္အပ္ႏွံမႈ အရမ္းမ်ားျပားခဲ့ပါတယ္။

ဒါေပမဲ့ ေနာက္ကြယ္မွာေတာ့ သူမဆီေရာက္လာတဲ့ ကေလးေလးေတြကို သတ္ပစ္ေနခဲ့တာပါ။ အေၾကာင္းအရင္း မရွိဘဲ သတ္ပစ္ေနခဲ့တာပါ။ ေႏြးေထြးမႈေပးလိုက္ ႏွိပ္စက္လိုက္နဲ႔ ကေလးေတြကိုသတ္ပစ္ရင္း ႏွစ္ေပါင္း (၃၀) ၾကာေအာင္ေနလာခဲ့တာပါ။ အကယ္၍ တကယ္ပိုက္ဆံအဆင္ေျပသြားလို႔ မိဘမွလာေရာက္ျပန္ေခၚတဲ့အခါမ်ိဳးက်ေတာ့ သူမမသတ္ရေသးတဲ့ကေလးေတြထဲက တစ္ေယာက္ေယာက္ကို လူစားထိုးကာ ျပန္ေပးလိုက္ခဲ့ရင္း သံသရာလည္ေနခဲ့ပါတယ္။

ပ်မ္းမွ်ျခင္း သူမသတ္ခဲ့တဲ့ ကေလးဦးေရဟာ အနည္းဆံုး (၃၀၀) ေလာက္ေတာ့ရွိမယ္လို႔ ခန္႔မွန္းရေပမယ့္ အတိအက်ကိုေတာ့ ဘယ္သူမွေသခ်ာမသိခဲ့ပါဘူး။

အထက္မွေဖာ္ျပထားခဲ့သလို ေထာင္ဒဏ္ (၆) လခ်မွတ္ခံခဲ့ရတာဟာလည္း ကေလးေသဆံုးမႈကို သူမကိုယ္တုိင္ တရားဝင္ျဖစ္ေအာင္ သက္ဆိုင္ရာသို႔အေၾကာင္းၾကားတာ မ်ားလာတဲ့အတြက္ အေလာင္းခြဲစိတ္စစ္ေဆးတဲ့ဆရာဝန္မွ သကၤာမကင္းျဖစ္ခဲ့တဲ့အတြက္ လူသတ္မႈအေနနဲ႔မဟုတ္ဘဲ ဂရုမစိုက္မႈအျဖစ္နဲ႔သာ ေထာင္က်ခဲ့ရတာပါ။

ေထာင္မွထြက္လာၿပီး အေနအထုိင္ဆင္ျခင္တဲအေနနဲ႔ ကေလးေတြမသတ္ရေတာ့မယ့္အစား ဆက္သတ္ေနၿပီးအရင္လိုသက္ဆိုင္ရာကိုအေၾကာင္းမၾကားဘဲ အေလာငး္ေတြကို စတင္ေဖ်ာက္ပစ္ခဲ့ပါတယ္။ ေျမျမႈပ္ကာအေလာင္းေဖ်ာက္တာေတြရွိသလို Avon နဲ႔ Thames ျမစ္ထဲသို႔ ေမ်ာၿပီးပစ္တဲ့အခါေတြလည္း ရွိပါတယ္။

တခ်ိဳ႕လူေတြကေတာ့ လင္ေကာင္မေပၚဘဲ ကေလးေမြးတဲ့အတြက္ သူတို႔ကေလးကိုယ္ကိုယ္တိုင္လက္စေဖ်ာက္ခို္င္းတာေတြအထိပါ Amelia Dyer ဆီကုိ လာအပ္ၾကတာပါ။ ဒီလိုနဲ႔ေနလာခဲ့ရာ ၁၈၉၆ မွာပဲ ကေလးအေလာင္း (၂) ေလာင္းကို ေသတၱာထဲထည့္ကာ ေရထဲျမဳပ္သြားႏိုင္တဲ့အေလးခ်ိန္အထိ ပစၥည္းေတြထည့္ၿပီး Thames ျမစ္ထဲ ပစ္ခ်ခဲ့ပါတယ္။ ဒါေပမဲ့ေရထဲကို အၿပီးအပိုင္ျမဳပ္သြားနိုင္တဲ့အေလးခ်ိန္မရွိတာေၾကာင့္ အေလာင္းေတြထည့္ထားတဲ့ေသတၱာဟာ ေရေပၚျပန္ေပၚလာခဲ့ရာမွတစ္ဆင့္ Amelia Dyer ရဲ႕ လုပ္ရပ္ေတြကို စတင္သိရွိခဲ့ပါတယ္။ အေၾကာင္းကေတာ့ သူမျမဳပ္ပစ္လိုက္တဲ့ေသတၱာမွာ သူမရဲ႕အိမ္အကူရဲ႕အိမ္လိပ္စာကပ္ထားကို သတိမမူမိဘဲ ေရထဲပစ္ခ်လိုက္တဲ့အတြက္ တစ္ေနရာမွာ ကကမ္းတင္သြားတဲ့အခါမွာေတာ့ အိမ္အကူရဲ႕လိပ္စာကေနတစ္ဆင့္ ေျခရာခံမိခဲ့တာပါ။ ေမလ (၂၂) ေန႔၊ ၁၈၉၆ ခုႏွစ္မွာ Amelia Dyer ကို သက္ေသနဲ႔တကြ ဖမ္းမိခဲ့ပါတယ္။

Source: Mirror

Penny

Credit: shwemom

 

Unicodeဖြင့်ဖတ်ရန်

 

ကလေးပေါင်း ရာနဲ့ချီပြီး ရက်ရက်စက်စက် အဆုံးစီရင်ခဲ့တဲ့ အကြင်နာမဲ့အမျိုးသမီး

 

၁၈၇၉ ခုနှစ်တုန်းက အင်္ဂလန်က Amelia Dyer ဆိုသူအမျိုးသမီးမှာ ကလေးတွေကိုပစ်ထားလို့ သေသွားတာတွေများလာတာကြောင့်ဆိုတဲ့ပြစ်မှုနဲ့ အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၆) လကျခဲ့ပါတယ်။ ဒါပေမဲ့ သူမရဲ့ ရာနဲ့ချီတဲ့ကလေးတွေသတ်ဖြတ်ထားမှုကိုတော့ အဲဒီအချိန်အထိ ဘယ်သူကမှ မရိပ်မိခဲ့သေးပါဘူး။

Bristol မှ Amelia Dyer ဟာ ကလေးတွေကို ကြင်နာစွာနဲ့ ထိန်းသိမ်းစောင့်လျှောက်ပေးတဲ့ သူနာပြုဆရာမကြီးအဖြစ် အဲဒီခေတ်အခါတုန်းက ထင်ရှားကျော်ကြားခဲ့ပါတယ်။ သူမဟာ အင်္ဂလန်အနီးတစ်ဝိုက်မြို့တွေကို လှည့်ပတ်သွားလာပြီး မွေးခင်းစကလေးများကို လိုက်လံထိန်းပေးနေတဲ့ သူနာပြုဆရာမတစ်ဦးဖြစ်ခဲ့ပါတယ်။

Plymouth မှစလို့ အခြားမြို့တွေအထိသွားကာ ချမ်းသာတဲ့မိသားစုမှကလေးများကို နေ့ကလေးထိန်းအဖြစ် ယူရိုငွေ (၁၀) မှ (၈၀) အတွင်းယူကာ ထိန်းကျောင်းပေးခဲ့ပါတယ်။ ဒီငွေပမာဏဟာ ယခုခေတ်ငွေကြေးနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ကလေးထိန်းခအဖြစ် တစ်လကို ယူရိုငွေ (၁၀၀၀) မှ (၈၀၀၀) အတွင်း ရရှိနေမှာပါ။

ဒီလိုအရပ်တကာလှည့်ပြီး သူများအိမ်မှာကလေးထိန်းနေမယ့်အစား တစ်နေရာမှာ ဇောက်ချလုပ်ကိုင်ကာ လနဲ့နှစ်နဲ့ချီကလေးတွေကိုထိန်းသိမ်းပေးတဲ့ ကလေးထိန်းဘော်ဒါဆောင်လိုမျိုး ဖွင့်ဖို့ သူမစီစဉ်ခဲ့ပါတယ်။ ၁၈၆၉ ခုနှစ်အရောက်မှာတော့ အမြို့မြို့အနယ်နယ်ကသတင်းစာတွေထဲ သူမရဲ့ ကလေးထိန်းကျောင်းဘော်ဒါအကြောင်း ကြော်ငြာစာတွေထည့်ခဲ့ပါတယ်။

မိဘပိုက်ဆံမရှိလို့ မစောင့်ရှောက်နိုင်တော့တဲ့ ကျန်းကျန်းမာမာ ကလေးတွေကို မွေးစားဖို့ခေါ်ယူနေတယ်ဆိုပြီး ကြော်ငြာစာမှ ပူးတွဲဖော်ပြခဲ့ပါတယ်။ မိဘတွေကိုတော့ သူမဟာကလေးထိန်းအလုပ်မှာ ကျွမ်းကျင်တဲ့သူနာပြုဆရာမဆိုတဲ့အကြောင်း အရင်ထိန်းခဲ့ဖူးတဲ့အတွေ့အကြေုံတွေနဲ့ အပိုင်ချုပ်ခဲ့ပါတယ်။ ယောက်ျားမရှိတဲ့သူ့ကိုယ်သူလည်း သူမယောက်ျားသာ သေဆုံးသွားပြီဖြစ်တာကြောင့် အထီးကျန်လွန်းလှတဲ့အတွက် အခုလိုစေတနာမေတ္တာထားကာ ကလေးတွေကို ပြုစုစောင့်ရှောက်လိုကြောင်း လူသိအောင်ပြောနေခဲ့ပါတယ်။

သူမရဲ့ဘော်ဒါဆောင်ကို “baby farming” လို့ လူသိများပြီး မိမိကလေးတွေကို သေသေချာချာမစုံစမ်းဘဲ Amelia Dyer လို သူစိမ်းမျိုးလက်ထဲ ဝါးကွပ်အပ်ခဲ့တဲ့ မိဘတွေကိုတော့ “baby farmers” လို့ ခေါ်ခဲ့ပါတယ်။ သူမဆီကိုလာအပ်ထားတဲ့ကလေးများဟာ များသောအားဖြင့် အထည်ကြီးပျက်မိသားစုများမှဖြစ်ပြီး အကယ်၍တစ်နေ့နေ့တစ်ချိန်ချိန် မိဘတွေပိုက်ဆံအဆင်ပြေတဲ့အချိန်ကျရင်လည်း လာပြန်ခေါ်နိုင်တယ်လို့ Amelia Dyer မှ ပြောထားတဲ့အတွက် ပိုက်ဆံအဆင်မပြေတဲ့အိမ်တွေက မွေးကင်းစကလေးတွေကို လာရောက်အပ်နှံမှု အရမ်းများပြားခဲ့ပါတယ်။

ဒါပေမဲ့ နောက်ကွယ်မှာတော့ သူမဆီရောက်လာတဲ့ ကလေးလေးတွေကို သတ်ပစ်နေခဲ့တာပါ။ အကြောင်းအရင်း မရှိဘဲ သတ်ပစ်နေခဲ့တာပါ။ နွေးထွေးမှုပေးလိုက် နှိပ်စက်လိုက်နဲ့ ကလေးတွေကိုသတ်ပစ်ရင်း နှစ်ပေါင်း (၃၀) ကြာအောင်နေလာခဲ့တာပါ။ အကယ်၍ တကယ်ပိုက်ဆံအဆင်ပြေသွားလို့ မိဘမှလာရောက်ပြန်ခေါ်တဲ့အခါမျိုးကျတော့ သူမမသတ်ရသေးတဲ့ကလေးတွေထဲက တစ်ယောက်ယောက်ကို လူစားထိုးကာ ပြန်ပေးလိုက်ခဲ့ရင်း သံသရာလည်နေခဲ့ပါတယ်။

ပျမ်းမျှခြင်း သူမသတ်ခဲ့တဲ့ ကလေးဦးရေဟာ အနည်းဆုံး (၃၀၀) လောက်တော့ရှိမယ်လို့ ခန့်မှန်းရပေမယ့် အတိအကျကိုတော့ ဘယ်သူမှသေချာမသိခဲ့ပါဘူး။

အထက်မှဖော်ပြထားခဲ့သလို ထောင်ဒဏ် (၆) လချမှတ်ခံခဲ့ရတာဟာလည်း ကလေးသေဆုံးမှုကို သူမကိုယ်တိုင် တရားဝင်ဖြစ်အောင် သက်ဆိုင်ရာသို့အကြောင်းကြားတာ များလာတဲ့အတွက် အလောင်းခွဲစိတ်စစ်ဆေးတဲ့ဆရာဝန်မှ သင်္ကာမကင်းဖြစ်ခဲ့တဲ့အတွက် လူသတ်မှုအနေနဲ့မဟုတ်ဘဲ ဂရုမစိုက်မှုအဖြစ်နဲ့သာ ထောင်ကျခဲ့ရတာပါ။

ထောင်မှထွက်လာပြီး အနေအထိုင်ဆင်ခြင်တဲအနေနဲ့ ကလေးတွေမသတ်ရတော့မယ့်အစား ဆက်သတ်နေပြီးအရင်လိုသက်ဆိုင်ရာကိုအကြောင်းမကြားဘဲ အလောင်းတွေကို စတင်ဖျောက်ပစ်ခဲ့ပါတယ်။ မြေမြှုပ်ကာအလောင်းဖျောက်တာတွေရှိသလို Avon နဲ့ Thames မြစ်ထဲသို့ မျောပြီးပစ်တဲ့အခါတွေလည်း ရှိပါတယ်။

တချို့လူတွေကတော့ လင်ကောင်မပေါ်ဘဲ ကလေးမွေးတဲ့အတွက် သူတို့ကလေးကိုယ်ကိုယ်တိုင်လက်စဖျောက်ခိုင်းတာတွေအထိပါ Amelia Dyer ဆီကို လာအပ်ကြတာပါ။ ဒီလိုနဲ့နေလာခဲ့ရာ ၁၈၉၆ မှာပဲ ကလေးအလောင်း (၂) လောင်းကို သေတ္တာထဲထည့်ကာ ရေထဲမြုပ်သွားနိုင်တဲ့အလေးချိန်အထိ ပစ္စည်းတွေထည့်ပြီး Thames မြစ်ထဲ ပစ်ချခဲ့ပါတယ်။ ဒါပေမဲ့ရေထဲကို အပြီးအပိုင်မြုပ်သွားနိုင်တဲ့အလေးချိန်မရှိတာကြောင့် အလောင်းတွေထည့်ထားတဲ့သေတ္တာဟာ ရေပေါ်ပြန်ပေါ်လာခဲ့ရာမှတစ်ဆင့် Amelia Dyer ရဲ့ လုပ်ရပ်တွေကို စတင်သိရှိခဲ့ပါတယ်။ အကြောင်းကတော့ သူမမြုပ်ပစ်လိုက်တဲ့သေတ္တာမှာ သူမရဲ့အိမ်အကူရဲ့အိမ်လိပ်စာကပ်ထားကို သတိမမူမိဘဲ ရေထဲပစ်ချလိုက်တဲ့အတွက် တစ်နေရာမှာ ကကမ်းတင်သွားတဲ့အခါမှာတော့ အိမ်အကူရဲ့လိပ်စာကနေတစ်ဆင့် ခြေရာခံမိခဲ့တာပါ။ မေလ (၂၂) နေ့၊ ၁၈၉၆ ခုနှစ်မှာ Amelia Dyer ကို သက်သေနဲ့တကွ ဖမ်းမိခဲ့ပါတယ်။

Source: Mirror

Penny

Credit: shwemom

LEAVE A REPLY