Zawgyiျဖင့္ဖတ္ရန္

 

သင့္အေနနဲ႕ ေက်ာငး္မွာ သင္ယူလို႕ရတဲ့ပညာရပ္ေတြအမ်ားၾကီးရွိသလို၊ အလုပ္ခြင္မွာသင္ယူရတဲ့ပညာေတြလည္းအမ်ားၾကီးရွိပါတယ္။ ပညာေတြအမ်ားၾကီးတတ္ရင္ေတာင္ ဘ၀လမ္းကိုကိုယ္တိုင္မေလွ်ာက္ရင္ တခ်ိဳ႕အရာေတြကိုမတတ္ေျမာက္နိုင္ပါဘူး။ ဒါေပမယ့္ ေက်ာင္းကသင္ေပးဖို႕မလိုဘဲ လူတိုင္းတတ္ေျမာက္ၾကတဲ့ ပညာရပ္ေတြလည္း ရွိပါတယ္။ အဲ့ဒါေတြကေတာ့ ဒီအခ်က္ေတြပါပဲ။

(၁) ျပိဳင္ဆိုင္တိုုက္ခိုက္မႈေတြကိုတံု႕ျပန္ဖို႕

နယ္ပယ္တစ္ခုခုမွာ အျပိဳင္အဆိုင္ အတုိက္အခိုက္ေတြ ေတြ႕လာျပီဆိုရင္ နည္းလမ္းတစ္မ်ိဳးတည္းကို အေသမွတ္ထားျပီး အဲ့ဒီနည္းလမ္းတစ္ခုတည္းနဲ႕ေျဖရွင္းလို႕မရပါဘူး။ ကိုယ့္နည္းကိုယ့္ဟန္္ကို သံုးျပီး အေျခအေနအရ ေျဖရွင္းၾကတာခ်ည္းပါပဲ။

(၂) ကိုယ့္ေပ်ာ္ရႊင္မႈအတြက္ကိုယ့္မွာပဲတာ၀န္ရွိတယ္

ဒီအခ်က္ကိုေတာ့ အသက္ငယ္တုန္္းမွာ မသိၾကပါဘူး။ လူငယ္ေတြေတာ္ေတာ္မ်ားမ်ားဟာ ကိုယ္ေပ်ာ္ရႊင္ဖို႕အတြက္ မိသားစု၊သူငယ္ခ်င္းနဲ႕ကိုယ့္ရည္းစားမွာတာ၀န္ရွိတယ္လို႕ထင္တတ္ၾကပါတယ္။ ကိုယ္မေပ်ာ္ရႊင္ရတာ ပတ္၀န္းက်င္ေၾကာင့္လို႕ထင္တတ္ၾကပါတယ္။ အသက္အရြယ္တစ္ခုေရာက္လာျပီး ရင့္က်က္လာတဲ့အခါမွာေတာ့ ကိုယ္ေပ်ာ္ရႊင္ဖို႕အတြက္ တာ၀န္အရွိဆံုးက ကိုယ္ကိုယ္တိုင္ပဲဆိုိတာကိုသိလာပါတယ္။ ဒါကလည္း ေက်ာင္းကသင္ဖို႕မလိုဘဲ အေတြ႕အၾကံဳနဲ႕ အေတြးအေခၚကရတဲ့ပညာပါပဲ။

(၃) ေအာင္ျမင္မႈေတြ၊က်ရံႈးမႈေတြကိုလက္ခံနိုင္ဖို႕

ေအာင္ျမင္မႈက ဘ၀ရဲ႕အဆံုးသတ္မဟုတ္သလို၊ က်ရႈံးမႈကလည္း ဘ၀ရဲ႕အဆံုးသတ္မဟုတ္ပါဘူး။ ဒီအရာေတြကိုလက္ခံတတ္ဖို႕အတြက္ ေန႕ရက္ေတြအမ်ားၾကီးသင္ယူၾကရတာမ်ိဳးပါ။ ျပီးေတာ့ ဒါကိုသင္ယူဖို႕အတြက္ ပံုေသနည္းရယ္လို႕အတိအက်မရွိပါဘူး။ အေတြ႕အၾကံဳေတြအမ်ားၾကီး ျဖတ္သန္းျပီးသြားတဲ့အခါ ဒီပညာကိုအလိုလိုတတ္လာတာပါ။

(၄) ခ်စ္တယ္လို႕ဖြင့္ေျပာဖို႕

ကိုယ္ခ်စ္တဲ့သူတစ္ေယာက္ကို ခ်စ္တဲ့အေၾကာင္းဖြင့္ေျပာဖို႕ ဘယ္ေက်ာင္းမွာမွ မသင္ဘူးထင္ပါတယ္။ အထူးသျဖင့္ ေကာင္မေလးတစ္ေယာက္ကိုခ်စ္တဲ့အေၾကာင္းဖြင့္ေျပာဖို႕ေပါ့။ ဒါကလည္း သူ႕အလိုလိုတတ္ေနတဲ့ပညာရပ္ေတြထဲကတစ္ခုပပါပဲ။

(၅) ခြင့္လႊတ္တတ္ဖို႕
စာေတြထဲမွာေတာ့ ခြင့္လႊတ္တဲ့အေၾကာင္းေတြ တေထာၾကီးဖတ္ဖူးၾကမွာပါ။ ဒါေပမယ့္ ကိုယ္တိုင္ဘယ္လိုခြင့္လႊတ္ရမယ္ဆိုတာကိုေတာ့ ဘယ္သူမွလာသင္ေပးမွာမဟုတ္ပါဘူး။ ကိုယ္ၾကံဳေတြ႕ရတဲ့အျဖစ္အပ်က္ေတြ၊ အေၾကာင္းအရာေတြထဲကပဲ တစ္ပါးသူကိုခြင့္လႊတ္ဖို႕သင္ယူရင္း ဘယ္လိုခြင့္လႊတ္ရမလဲသိလာတာမ်ိဳးပါ။

(၆) စိတ္ဓာတ္မက်ဖို႕

စိတ္ဓာတ္မက်ေအာင္ဘယ္လိုေနရမလဲဆိုတာကို ေက်ာင္းကမသင္ေပးပါဘူး။ သင္ကိုယ္တိုင္လည္း စိတ္ဓာတ္မက်ေအာင္ဘယ္လိုေနရမလဲဆိုတာ သိခ်င္မွသိမွာပါ။ တကယ္ေတာ့ ဒီေန႕ေတြဟာ ဘ၀ရဲ႕အဆံုးသတ္မဟုတ္ဘူး၊ မနနက္ျဖန္ေတြအမ်ားၾကီးရွိေသးတယ္ဆိုတာကို နားလည္လက္ခံဖို႕အတြက္ ေန႕စဥ္ဘ၀အေတြ႕အၾကံဳေတြကတဆင့္ သင္ယူတတ္ေျမာက္လာတာပါ။

Credit-Em Em

 

Unicodeဖြင့်ဖတ်ရန်

 

ကျောင်းမှ ာမသင်ခဲ့ရပေမယ့် လူတိုင်းတတ်မြောက်ကြတဲ့ ပညာရပ်(၆)ခု

 

သင့်အနေနဲ့ ကျောင်းမှာ သင်ယူလို့ရတဲ့ပညာရပ်တွေအများကြီးရှိသလို၊ အလုပ်ခွင်မှာသင်ယူရတဲ့ပညာတွေလည်းအများကြီးရှိပါတယ်။ ပညာတွေအများကြီးတတ်ရင်တောင် ဘဝလမ်းကိုကိုယ်တိုင်မလျှောက်ရင် တချို့အရာတွေကိုမတတ်မြောက်နိုင်ပါဘူး။ ဒါပေမယ့် ကျောင်းကသင်ပေးဖို့မလိုဘဲ လူတိုင်းတတ်မြောက်ကြတဲ့ ပညာရပ်တွေလည်း ရှိပါတယ်။ အဲ့ဒါတွေကတော့ ဒီအချက်တွေပါပဲ။

(၁) ပြိုင်ဆိုင်တိုက်ခိုက်မှုတွေကိုတုံ့ပြန်ဖို့

နယ်ပယ်တစ်ခုခုမှာ အပြိုင်အဆိုင် အတိုက်အခိုက်တွေ တွေ့လာပြီဆိုရင် နည်းလမ်းတစ်မျိုးတည်းကို အသေမှတ်ထားပြီး အဲ့ဒီနည်းလမ်းတစ်ခုတည်းနဲ့ဖြေရှင်းလို့မရပါဘူး။ ကိုယ့်နည်းကိုယ့်ဟန်ကို သုံးပြီး အခြေအနေအရ ဖြေရှင်းကြတာချည်းပါပဲ။

(၂) ကိုယ့်ပျော်ရွှင်မှုအတွက်ကိုယ့်မှာပဲတာဝန်ရှိတယ်

ဒီအချက်ကိုတော့ အသက်ငယ်တုန်းမှာ မသိကြပါဘူး။ လူငယ်တွေတော်တော်များများဟာ ကိုယ်ပျော်ရွှင်ဖို့အတွက် မိသားစု၊သူငယ်ချင်းနဲ့ကိုယ့်ရည်းစားမှာတာဝန်ရှိတယ်လို့ထင်တတ်ကြပါတယ်။ ကိုယ်မပျော်ရွှင်ရတာ ပတ်ဝန်းကျင်ကြောင့်လို့ထင်တတ်ကြပါတယ်။ အသက်အရွယ်တစ်ခုရောက်လာပြီး ရင့်ကျက်လာတဲ့အခါမှာတော့ ကိုယ်ပျော်ရွှင်ဖို့အတွက် တာဝန်အရှိဆုံးက ကိုယ်ကိုယ်တိုင်ပဲဆိုတာကိုသိလာပါတယ်။ ဒါကလည်း ကျောင်းကသင်ဖို့မလိုဘဲ အတွေ့အကြုံနဲ့ အတွေးအခေါ်ကရတဲ့ပညာပါပဲ။

(၃) အောင်မြင်မှုတွေ၊ကျရှုံးမှုတွေကိုလက်ခံနိုင်ဖို့

အောင်မြင်မှုက ဘဝရဲ့အဆုံးသတ်မဟုတ်သလို၊ ကျရှုံးမှုကလည်း ဘဝရဲ့အဆုံးသတ်မဟုတ်ပါဘူး။ ဒီအရာတွေကိုလက်ခံတတ်ဖို့အတွက် နေ့ရက်တွေအများကြီးသင်ယူကြရတာမျိုးပါ။ ပြီးတော့ ဒါကိုသင်ယူဖို့အတွက် ပုံသေနည်းရယ်လို့အတိအကျမရှိပါဘူး။ အတွေ့အကြုံတွေအများကြီး ဖြတ်သန်းပြီးသွားတဲ့အခါ ဒီပညာကိုအလိုလိုတတ်လာတာပါ။

(၄) ချစ်တယ်လို့ဖွင့်ပြောဖို့

ကိုယ်ချစ်တဲ့သူတစ်ယောက်ကို ချစ်တဲ့အကြောင်းဖွင့်ပြောဖို့ ဘယ်ကျောင်းမှာမှ မသင်ဘူးထင်ပါတယ်။ အထူးသဖြင့် ကောင်မလေးတစ်ယောက်ကိုချစ်တဲ့အကြောင်းဖွင့်ပြောဖို့ပေါ့။ ဒါကလည်း သူ့အလိုလိုတတ်နေတဲ့ပညာရပ်တွေထဲကတစ်ခုပပါပဲ။

(၅) ခွင့်လွှတ်တတ်ဖို့
စာတွေထဲမှာတော့ ခွင့်လွှတ်တဲ့အကြောင်းတွေ တထောကြီးဖတ်ဖူးကြမှာပါ။ ဒါပေမယ့် ကိုယ်တိုင်ဘယ်လိုခွင့်လွှတ်ရမယ်ဆိုတာကိုတော့ ဘယ်သူမှလာသင်ပေးမှာမဟုတ်ပါဘူး။ ကိုယ်ကြုံတွေ့ရတဲ့အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေထဲကပဲ တစ်ပါးသူကိုခွင့်လွှတ်ဖို့သင်ယူရင်း ဘယ်လိုခွင့်လွှတ်ရမလဲသိလာတာမျိုးပါ။

(၆) စိတ်ဓာတ်မကျဖို့

စိတ်ဓာတ်မကျအောင်ဘယ်လိုနေရမလဲဆိုတာကို ကျောင်းကမသင်ပေးပါဘူး။ သင်ကိုယ်တိုင်လည်း စိတ်ဓာတ်မကျအောင်ဘယ်လိုနေရမလဲဆိုတာ သိချင်မှသိမှာပါ။ တကယ်တော့ ဒီနေ့တွေဟာ ဘဝရဲ့အဆုံးသတ်မဟုတ်ဘူး၊ မနနက်ဖြန်တွေအများကြီးရှိသေးတယ်ဆိုတာကို နားလည်လက်ခံဖို့အတွက် နေ့စဉ်ဘဝအတွေ့အကြုံတွေကတဆင့် သင်ယူတတ်မြောက်လာတာပါ။

Credit-Em Em

LEAVE A REPLY